Premier League

တစ္လတာအေကာင္းဆုံးဆုကို ထပ္မံဆြတ္ခူးၿပီး စံခ်ိန္ေကာင္းေတြ ထပ္ရခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဇြန္လအတြက္ ဆြတ္ခူးလိုက္ျပန္ၿပီျဖစ္ၿပီး ႏွစ္လဆက္တုိက္ရယူႏုိင္မွဳနဲ႔အတူ အသင္းရဲ႕ အေကာင္းဆုံးေခၚယူမွဳတစ္ခုအျဖစ္ စံခ်ိန္ေကာင္းတစ္ခုကိုလည္း လုိက္မီသြားႏုိင္ခဲ့ပါတယ္။

ဖာနန္ဒက္စ္ဟာ ပရီးမီယားလိဂ္ရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ႏွစ္လဆက္တုိက္ ရယူႏုိင္ခဲ့တဲ့ ကစားသမားအျဖစ္ သူ႕ရဲ႕ စံျပကစားသမား ခရစၥတီယာႏို ေရာ္နယ္လ္ဒိုေနာက္ပုိင္း ဒုတိယေျမာက္ မန္ခ်က္စတာယူႏုိက္တက္ကစားသမားလည္းျဖစ္လာခဲ့ၿပီး ပရီးမီးယားလိဂ္မွာေတာ့ ဒီလိုမ်ဳိး ရယူႏုိင္တဲ့ ၇ ေယာက္ေျမာက္လည္းျဖစ္လာခဲ့တာပါ။

ဒီလိုမ်ဳိး ႏွစ္လဆက္တုိက္ရယူႏုိင္ခဲ့ၾကတဲ့သူေတြထဲမွာေတာ့ မိုဟာမက္ ဆာလားက ၂၀၁၇-၁၈ ရာသီမွာ ေနာက္ဆုံး ရယူထားခဲ့ၿပီး သူ႕ေရွ႕ မွာေတာ့ ေဂ်မီ ဗာဒီ၊ ဟာရီကိန္း၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ဒင္းနစၥ ဘားကမ့္ပ္နဲ႔ ေရာ္ဘီ ေဖာင္လာတုိ႔က ဒီလိုမ်ဳိး စြမ္းေဆာင္ထားႏိုင္ခဲ့ဖူးပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ေပၚတူဂီကြင္းလယ္လူဟာ ဇြန္လအတြင္းမွာ သြင္းဂိုး ၃ ဂိုးနဲ႔အတူ သူနဲ႔ ပဏာမေရြးခ်ယ္ခံခဲ့ရတဲ့သူေတြျဖစ္ၾကတဲ့ ကြန္နာ ကိုဒီ (ဝုလ္ဗ္စ္)၊ ရာအူးလ္ ဟီမီနက္ဇ္ (ဝုလ္ဗ္စ္)၊ ဒန္နီ အင္းစ္ (ေဆာက္သမ္တန္)၊ အလန္ စန္မက္ဇီမန္ (နယူးကာဆယ္လ္)နဲ႔ အသင္းေဖာ္ အန္တိုနီ မာစီယယ္လ္တုိ႔ကို ေက်ာ္ျဖတ္ၿပီး ဒီဆုကို ဆြတ္ခူးႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ၇ ဂိုးသြင္း ၆ ဂိုး ဖန္တီးေပးထားၿပီး ဇူလိုင္လအတြင္းမွာလည္း ကစားထားခဲ့တဲ့ပြဲေတြမွာ ၂ ဂိုးသြင္း၊ ၃ ဂိုး ဖန္တီးထားၿပီးျဖစ္တဲ့အတြက္ လက္က်န္ ၄ ပြဲမွာေရာ ထပ္မံေျခစြမ္းျပၿပီး သုံးလဆက္တုိက္ ရယူႏုိင္တဲ့ ပထမဆုံး ကစားသမားျဖစ္လာမလားဆုိတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: PREMIER LEAGUE
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကတော့ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဇွန်လအတွက် ဆွတ်ခူးလိုက်ပြန်ပြီဖြစ်ပြီး နှစ်လဆက်တိုက်ရယူနိုင်မှုနဲ့အတူ အသင်းရဲ့ အကောင်းဆုံးခေါ်ယူမှုတစ်ခုအဖြစ် စံချိန်ကောင်းတစ်ခုကိုလည်း လိုက်မီသွားနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ပရီးမီယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို နှစ်လဆက်တိုက် ရယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် သူ့ရဲ့ စံပြကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုနောက်ပိုင်း ဒုတိယမြောက် မန်ချက်စတာယူနိုက်တက်ကစားသမားလည်းဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ဒီလိုမျိုး ရယူနိုင်တဲ့ ၇ ယောက်မြောက်လည်းဖြစ်လာခဲ့တာပါ။

ဒီလိုမျိုး နှစ်လဆက်တိုက်ရယူနိုင်ခဲ့ကြတဲ့သူတွေထဲမှာတော့ မိုဟာမက် ဆာလားက ၂၀၁၇-၁၈ ရာသီမှာ နောက်ဆုံး ရယူထားခဲ့ပြီး သူ့ရှေ့ မှာတော့ ဂျေမီ ဗာဒီ၊ ဟာရီကိန်း၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဒင်းနစ္စ ဘားကမ့်ပ်နဲ့ ရော်ဘီ ဖောင်လာတို့က ဒီလိုမျိုး စွမ်းဆောင်ထားနိုင်ခဲ့ဖူးပါတယ်။

အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီကွင်းလယ်လူဟာ ဇွန်လအတွင်းမှာ သွင်းဂိုး ၃ ဂိုးနဲ့အတူ သူနဲ့ ပဏာမရွေးချယ်ခံခဲ့ရတဲ့သူတွေဖြစ်ကြတဲ့ ကွန်နာ ကိုဒီ (ဝုလ်ဗ်စ်)၊ ရာအူးလ် ဟီမီနက်ဇ် (ဝုလ်ဗ်စ်)၊ ဒန်နီ အင်းစ် (ဆောက်သမ်တန်)၊ အလန် စန်မက်ဇီမန် (နယူးကာဆယ်လ်)နဲ့ အသင်းဖော် အန်တိုနီ မာစီယယ်လ်တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၇ ဂိုးသွင်း ၆ ဂိုး ဖန်တီးပေးထားပြီး ဇူလိုင်လအတွင်းမှာလည်း ကစားထားခဲ့တဲ့ပွဲတွေမှာ ၂ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးထားပြီးဖြစ်တဲ့အတွက် လက်ကျန် ၄ ပွဲမှာရော ထပ်မံခြေစွမ်းပြပြီး သုံးလဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: PREMIER LEAGUE
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.