Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၁၁.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၇ ရက်၊ စနေနေ့၊ သမားညို၊ ဝါရမိတ္တုကြီး။
တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၄:၃၂ အထိ တိထီ ၆ လုံး။ ကျော်လျှင် ၇ လုံး။ ၆ လုံးတွင် အမြိတ္တယုဂ်နှင့် လွှသွားယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသည့်အလုပ်များနှင့် သိသာထင်ရှား ထိရှစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၇ လုံးတွင် အဆိပ်ယုဂ်၊ အဖျက်သဘောလုပ်ဆောင်ရန်ကောင်း၊ စေတနာမှ ဝေဒနာ ဖြစ်တတ်၍ ဆင်ခြင်ပါ။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၆:၃၁ အထိ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်။ ကျော်လျှင် ဥတ္တရာဘဒြပိုဒ်နက္ခတ်။ ည ၂၁:၅၆ အထိ သောဘဏယုဂ်၊ လှပမှု၊ ကျက်သရေတင့်တယ်ခြင်း၊ စိတ်ပျော်မွေ့ခြင်း၊ သက်ဆိုင်ရာ နေရာများအား အလှဆင်ခြင်း၊ သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်းဖြင့် ကံဖွင့် လာဘ်ဖွင့်ပါ။ ကျော်လျှင် အတိဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီးနှင့် ကြုံရခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးများအား လိမ္မာပါးနပ်စွာ ကျော်လွှားပါ။
တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၄:၃၂ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ နံနက် ၃:၃၈ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ကျော်လျှင် ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာ အမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ညနေ ၁၄:၃၂ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)