Match Report Premier League

တစ္မွတ္စီ ခြဲယူခဲ့ၾကၿပီး အဲဗာတန္တို႔ နစ္နာခဲ့တဲ့ ဂြတ္ဒီဆန္ပါ့ခ္က သေရပြဲ

အဲဗာတန္တို႔အေနနဲ႔ ဒီေန႔ပြဲကိုသာ အႏုိင္ရရွိခဲ့ရင္ အဆင့္ ၁၀ အတြင္း ဝင္ေရာက္ႏိုင္မွာျဖစ္သလို ယူ႐ိုပါလိဂ္ဝင္ခြင့္ လမ္းေၾကာင္းေပၚကိုလည္း ေရာက္လာႏုိင္ခဲ့ေပမယ့္ အေဝးကြင္းေကာင္းတဲ့ ေဆာက္သမ္တန္ရဲ႕ ကစားပုံေၾကာင့္ အခက္ေတြ႕ခဲ့ရၿပီး ေနာက္က လုိက္ကစားၿပီးမွ သေရတစ္မွတ္ ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာ အဲဗာတန္တို႔ ထိုးေဖာက္လာခဲ့ၿပီး ဘယ္ေတာင္ပံက ဒီညီရဲ႕ ျဖတ္တင္ေဘာကို အီဝိုဘီ ကန္သြင္းရာမွာ ဂိုးသမား အဲလက္စ္ မကၠာသီ ကာကြယ္သြားခဲ့လို႔ အဖြင့္ဂိုးနဲ႔ ေဝးခဲ့ရၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ အစကတည္းက လဲခ်င္ခ်င္ျဖစ္ေနတဲ့ ဝါ့ဒ္ပေရာက္စ္ကို အန္ဒရီ ဂိုမက္စ္က ဝင္တုိက္မိခဲ့လို႔ ေဆာက္သမ္တန္တုိ႔ ပင္နယ္တီ ရရွိခဲ့ပါတယ္။

ဒီပင္နယ္တီကို ေဆာက္သမ္တန္အသင္းေခါင္းေဆာင္သစ္အျဖစ္ တာဝန္ယူေနတဲ့ ဝါ့ဒ္ပေရာက္စ္ကိုယ္တုိင္ပဲ ကန္သြင္းယူခဲ့ရာမွာ ကန္ခ်က္က ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို လွည့္စားႏုိင္ခဲ့ေပမယ့္ ဂိုးဘားတန္းကို ထိၿပီး ထြက္သြားခဲ့လို႔ ဧည့္သည္ေတြ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ အဲဗာတန္ဘက္က ဒီညီ ေဘာလုံးဆြဲယူလာတာကို ေဆာက္သမ္တန္ကြင္းလယ္က ဝိုင္းဖ်က္ၿပီး ေဘာလုံးျပန္ရခဲ့တဲ့ အမ္းစထေရာင္းက ခ်ေပးတာကတစ္ဆင့္ အသင္းရဲ႕ ဂုိးသြင္းဘုရင္ ဒန္နီအင္းစ္က ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို လိမ္ၿပီး သူ႕ရဲ႕ ဒီရာသီ ၁၉ ဂိုးေျမာက္ ပရီးမီးယားလိဂ္ဂိုးကို သြင္းယူသြားႏုိင္ခဲ့ပါတယ္။

ဒီဂိုးအတြက္ အဲဗာတန္တို႔ လူကၽြံေဘာအျဖစ္ ဝိုင္းဝန္းေစာဒကတက္ခဲ့ၾကေပမယ့္ အသင္းရဲ႕ လူကၽြံေဘာဖမ္းမွဳမွာ ညာေနာက္ခံလူ ေရွးမတ္စ္ ကိုးလ္မန္းတစ္ေယာက္ ေရွ႕တက္ေနရာယူတာ ေနာက္က်ေနခဲ့ၿပီး ဒန္နီအင္းစ္နဲ႔ တစ္တန္းတည္းမွာ ရွိေနလို႔ ဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အဲဗာတန္ခံစစ္က ေဘာလုံးအေပးအယူလုပ္လာခဲ့ၿပီး ဘယ္ေနာက္ခံလူ ဒီညီရဲ႕ တိက်တဲ့ အေဝးေဘာ ေပးပုိ႔မွဳကို ရရွိသြားခဲ့တဲ့ ဘရာဇီးလ္ေတာင္ပံတုိက္စစ္မွဴး ရစ္ခ်ာလစ္ဆန္က ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ေဘာလုံးကို တစ္ခ်က္ထိန္းၿပီး အျပင္းကန္သြင္းခဲ့ရာမွာ မကၠာသီ မတားဆီးႏုိင္ခဲ့ဘဲ အိမ္ရွင္ေတြ ေခ်ပဂိုး ျပန္ရယူႏုိင္ခဲ့ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၾကၿပီး ဒုတိယပုိင္းမွာေတာ့ ႏွစ္သင္းစလုံး အျပန္အလွန္ တုိက္စစ္ဆင္ခဲ့ၾကေပမယ့္ ႏွစ္သင္းစလုံးရဲ႕ အဆုံးသတ္ပုိင္းက မတိက်ခဲ့ၾကလို႔ အႏုိင္ဂိုးကိုေတာ့ ထပ္မံရွာေဖြႏုိင္ျခင္းမရွိခဲ့ၾကဘဲ ဂြတ္ဒီဆန္ပါ့ခ္မွာ သေရတစ္မွတ္စီကိုပဲ ခြဲယူခဲ့ၾကရပါတယ္။

ဒီေန႔ပြဲမွာ ေဆာက္သမ္တန္အသင္းရဲ႕ ကစားအားကို အသိအမွတ္ျပဳရမွာျဖစ္ၿပီး ေဘာလုံးကိုင္ကစားႏုိင္ခဲ့သလို ပြဲကို ထိန္းခ်ဳပ္သြားႏုိင္ခဲ့ၿပီး အိမ္ရွင္ေတြထက္ ပုိမိုေကာင္းမြန္တဲ့ ကစားဟန္ကို ျပသသြားႏုိင္ခဲ့သလို အခြင့္အေရးေတြကိုလည္း ဖန္တီးႏုိင္ခဲ့ၿပီး အန္ဆယ္ေလာ့တီကို စိတ္ရွဳပ္ေစခဲ့တာလည္းျဖစ္ပါတယ္။ သေရရလဒ္ကေတာ့ ႏွစ္သင္းစလုံးအတြက္ နစ္နာစရာျဖစ္ခဲ့ၿပီး ဥေရာပဝင္ခြင့္နဲ႔ေတာ့ ဒီႏွစ္သင္းနဲ႔ သိပ္မဆုိင္ေတာ့သလို ေငြသုံးထားခဲ့တဲ့ အဲဗာတန္တုိ႔ကေတာ့ ပုိၿပီးနစ္နာခဲ့တယ္လုိ႔ သုံးသပ္လုိက္ရပါတယ္။

REF: GUARDIAN
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အဲဗာတန်တို့အနေနဲ့ ဒီနေ့ပွဲကိုသာ အနိုင်ရရှိခဲ့ရင် အဆင့် ၁၀ အတွင်း ဝင်ရောက်နိုင်မှာဖြစ်သလို ယူရိုပါလိဂ်ဝင်ခွင့် လမ်းကြောင်းပေါ်ကိုလည်း ရောက်လာနိုင်ခဲ့ပေမယ့် အဝေးကွင်းကောင်းတဲ့ ဆောက်သမ်တန်ရဲ့ ကစားပုံကြောင့် အခက်တွေ့ခဲ့ရပြီး နောက်က လိုက်ကစားပြီးမှ သရေတစ်မှတ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ အဲဗာတန်တို့ ထိုးဖောက်လာခဲ့ပြီး ဘယ်တောင်ပံက ဒီညီရဲ့ ဖြတ်တင်ဘောကို အီဝိုဘီ ကန်သွင်းရာမှာ ဂိုးသမား အဲလက်စ် မက္ကာသီ ကာကွယ်သွားခဲ့လို့ အဖွင့်ဂိုးနဲ့ ဝေးခဲ့ရပြီး ပွဲချိန် ၂၇ မိနစ်မှာတော့ အစကတည်းက လဲချင်ချင်ဖြစ်နေတဲ့ ဝါ့ဒ်ပရောက်စ်ကို အန်ဒရီ ဂိုမက်စ်က ဝင်တိုက်မိခဲ့လို့ ဆောက်သမ်တန်တို့ ပင်နယ်တီ ရရှိခဲ့ပါတယ်။

ဒီပင်နယ်တီကို ဆောက်သမ်တန်အသင်းခေါင်းဆောင်သစ်အဖြစ် တာဝန်ယူနေတဲ့ ဝါ့ဒ်ပရောက်စ်ကိုယ်တိုင်ပဲ ကန်သွင်းယူခဲ့ရာမှာ ကန်ချက်က ဂိုးသမား ပစ်ခ်ဖို့ဒ်ကို လှည့်စားနိုင်ခဲ့ပေမယ့် ဂိုးဘားတန်းကို ထိပြီး ထွက်သွားခဲ့လို့ ဧည့်သည်တွေ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ အဲဗာတန်ဘက်က ဒီညီ ဘောလုံးဆွဲယူလာတာကို ဆောက်သမ်တန်ကွင်းလယ်က ဝိုင်းဖျက်ပြီး ဘောလုံးပြန်ရခဲ့တဲ့ အမ်းစထရောင်းက ချပေးတာကတစ်ဆင့် အသင်းရဲ့ ဂိုးသွင်းဘုရင် ဒန်နီအင်းစ်က ဂိုးသမား ပစ်ခ်ဖို့ဒ်ကို လိမ်ပြီး သူ့ရဲ့ ဒီရာသီ ၁၉ ဂိုးမြောက် ပရီးမီးယားလိဂ်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။

ဒီဂိုးအတွက် အဲဗာတန်တို့ လူကျွံဘောအဖြစ် ဝိုင်းဝန်းစောဒကတက်ခဲ့ကြပေမယ့် အသင်းရဲ့ လူကျွံဘောဖမ်းမှုမှာ ညာနောက်ခံလူ ရှေးမတ်စ် ကိုးလ်မန်းတစ်ယောက် ရှေ့တက်နေရာယူတာ နောက်ကျနေခဲ့ပြီး ဒန်နီအင်းစ်နဲ့ တစ်တန်းတည်းမှာ ရှိနေလို့ ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ အဲဗာတန်ခံစစ်က ဘောလုံးအပေးအယူလုပ်လာခဲ့ပြီး ဘယ်နောက်ခံလူ ဒီညီရဲ့ တိကျတဲ့ အဝေးဘော ပေးပို့မှုကို ရရှိသွားခဲ့တဲ့ ဘရာဇီးလ်တောင်ပံတိုက်စစ်မှူး ရစ်ချာလစ်ဆန်က နောက်ခံလူနှစ်ယောက်ကြားကနေ ဘောလုံးကို တစ်ချက်ထိန်းပြီး အပြင်းကန်သွင်းခဲ့ရာမှာ မက္ကာသီ မတားဆီးနိုင်ခဲ့ဘဲ အိမ်ရှင်တွေ ချေပဂိုး ပြန်ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပေမယ့် နှစ်သင်းစလုံးရဲ့ အဆုံးသတ်ပိုင်းက မတိကျခဲ့ကြလို့ အနိုင်ဂိုးကိုတော့ ထပ်မံရှာဖွေနိုင်ခြင်းမရှိခဲ့ကြဘဲ ဂွတ်ဒီဆန်ပါ့ခ်မှာ သရေတစ်မှတ်စီကိုပဲ ခွဲယူခဲ့ကြရပါတယ်။

ဒီနေ့ပွဲမှာ ဆောက်သမ်တန်အသင်းရဲ့ ကစားအားကို အသိအမှတ်ပြုရမှာဖြစ်ပြီး ဘောလုံးကိုင်ကစားနိုင်ခဲ့သလို ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့ပြီး အိမ်ရှင်တွေထက် ပိုမိုကောင်းမွန်တဲ့ ကစားဟန်ကို ပြသသွားနိုင်ခဲ့သလို အခွင့်အရေးတွေကိုလည်း ဖန်တီးနိုင်ခဲ့ပြီး အန်ဆယ်လော့တီကို စိတ်ရှုပ်စေခဲ့တာလည်းဖြစ်ပါတယ်။ သရေရလဒ်ကတော့ နှစ်သင်းစလုံးအတွက် နစ်နာစရာဖြစ်ခဲ့ပြီး ဥရောပဝင်ခွင့်နဲ့တော့ ဒီနှစ်သင်းနဲ့ သိပ်မဆိုင်တော့သလို ငွေသုံးထားခဲ့တဲ့ အဲဗာတန်တို့ကတော့ ပိုပြီးနစ်နာခဲ့တယ်လို့ သုံးသပ်လိုက်ရပါတယ်။

REF: GUARDIAN
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.