Match Report Premier League

ပြဲခ်ိန္ ၁၁၃ မိနစ္အထိ ယွဥ္ၿပဳိင္ခဲ့ၾကေပမယ့္ ဂိုးမသြင္းဘဲ တစ္မွတ္စီခြဲယူတဲ့ ဘုန္းေမာက္နဲ႔ စပါးစ္

တန္းဆင္းဇုန္က ႐ုန္းထြက္ဖုိ႔ ႀကဳိးစားေနခဲ့တဲ့ ဘုန္းေမာက္နဲ႔ ဥေရာပဝင္ခြင့္အတြက္ ႐ုန္းကန္ေနခဲ့တဲ့ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းတို႔ရဲ႕ ပြဲမွာေတာ့ နာက်င္အခ်ိန္ပို ၁၂ မိနစ္အထိ သတ္မွတ္ေပးခဲ့ၿပီး စုစုေပါင္း ၁၁၃ မိနစ္မွ ပြဲသိမ္းခရာမွဳတ္ခဲ့ေပမယ့္ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးမသြင္းႏုိင္ဘဲ သေရပြဲနဲ႔သာ ၿပီးဆုံးခဲ့ရပါတယ္။

လူအင္အားပိုမိုသာလြန္ခဲ့တဲ့ စပါးစ္အသင္းကေတာ့ ဆြန္ေဟာင္မင္ကို အရန္ခုံမွာ ထားခဲ့တာကလြဲရင္ လူစုံပါဝင္ခဲ့ေပမယ့္ အေဝးကြင္း ဗိုက္တယ္လတီ စေတဒီယမ္မွာ ခက္ခဲခဲ့ရၿပီး ဘုန္းေမာက္တုိ႔ရဲ႕ ကစားအားမွာ ႐ုန္းကန္ခဲ့ရသလို နည္းျပ ေမာ္ရင္ညဳိအတြက္ေတာ့ စိတ္ပ်က္စရာလည္း ျဖစ္ခဲ့တာပါ။

ေဘာလုံးပုိင္ဆုိင္မွဳ အမ်ားစုကို စပါးစ္အသင္းက ရယူသြားႏုိင္ခဲ့ၿပီး ၆၀ ရာခိုင္ႏွဳန္းအထိ ပုိင္ဆုိင္ခဲ့တဲ့ ဒီပြဲမွာ ႏွစ္ဖက္တုိက္စစ္ေတြကေတာ့ ညံ့ဖ်င္းခဲ့ၿပီး ဘုန္းေမာက္တုိ႔ ၄ ႀကိမ္ကန္ခြင့္မွာ ၂ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ေပမယ့္ စပါးစ္ဘက္ကေတာ့ ၇ ႀကိမ္မွာ တစ္ႀကိမ္မွ ဂိုးေပါက္တည့္ျခင္းမရွိခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ဘုန္းေမာက္တုိ႔ တုိက္စစ္ဆင္လာခဲ့ၿပီး တုိက္စစ္မွဴး ကယ္လမ္ ဝီလ္ဆန္ရဲ႕ ေနာက္ျပန္ကန္ခ်က္က ဂ်ဳိရွဴအာ ကင္းနဲ႔ ထိၿပီး ဂိုးဝင္သြားခဲ့ေပမယ့္ ဒိုင္လူႀကီးကေတာ့ VAR ျပန္ၾကည့္ၿပီး ကင္းရဲ႕ လက္နဲ႔ ထိသြားခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရလို႔ ဘုန္းေမာက္တုိ႔ နစ္နာခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ သေရက်ခဲ့တာေၾကာင့္ ဘုန္းေမာက္တုိ႔ ရမွတ္ ၂၈ မွတ္နဲ႔ အက္စတန္ဗီလာရဲ႕အထက္ အဆင့္ ၁၈ ေနရာကို တက္လွမ္းႏုိင္ခဲ့ေပမယ့္ ဝတ္ဖို႔ဒ္နဲ႔ ဝက္စ္ဟမ္းအသင္းေတြကို လိုက္မီဖို႔ မလုံေလာက္ေသးတာေၾကာင့္ အေျခအေနဆုိးရြားဆဲျဖစ္သလို စပါးစ္အသင္းအေနနဲ႔လည္း ဒီပြဲကို အႏုိင္ ရရွိခဲ့မယ္ဆုိရင္ အဆင့္ ၇ ေနရာကို တက္လွမ္းႏုိင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရၿပီး ႏွစ္သင္းစလုံးအတြက္ နစ္နာခဲ့ရေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေခဲ့တဲ့ ဘုန်းမောက်နဲ့ ဥရောပဝင်ခွင့်အတွက် ရုန်းကန်နေခဲ့တဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းတို့ရဲ့ ပွဲမှာတော့ နာကျင်အချိန်ပို ၁၂ မိနစ်အထိ သတ်မှတ်ပေးခဲ့ပြီး စုစုပေါင်း ၁၁၃ မိနစ်မှ ပွဲသိမ်းခရာမှုတ်ခဲ့ပေမယ့် တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ သရေပွဲနဲ့သာ ပြီးဆုံးခဲ့ရပါတယ်။

လူအင်အားပိုမိုသာလွန်ခဲ့တဲ့ စပါးစ်အသင်းကတော့ ဆွန်ဟောင်မင်ကို အရန်ခုံမှာ ထားခဲ့တာကလွဲရင် လူစုံပါဝင်ခဲ့ပေမယ့် အဝေးကွင်း ဗိုက်တယ်လတီ စတေဒီယမ်မှာ ခက်ခဲခဲ့ရပြီး ဘုန်းမောက်တို့ရဲ့ ကစားအားမှာ ရုန်းကန်ခဲ့ရသလို နည်းပြ မော်ရင်ညိုအတွက်တော့ စိတ်ပျက်စရာလည်း ဖြစ်ခဲ့တာပါ။

ဘောလုံးပိုင်ဆိုင်မှု အများစုကို စပါးစ်အသင်းက ရယူသွားနိုင်ခဲ့ပြီး ၆၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့တဲ့ ဒီပွဲမှာ နှစ်ဖက်တိုက်စစ်တွေကတော့ ညံ့ဖျင်းခဲ့ပြီး ဘုန်းမောက်တို့ ၄ ကြိမ်ကန်ခွင့်မှာ ၂ ကြိမ် ဂိုးပေါက်တည့်ခဲ့ပေမယ့် စပါးစ်ဘက်ကတော့ ၇ ကြိမ်မှာ တစ်ကြိမ်မှ ဂိုးပေါက်တည့်ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ဘုန်းမောက်တို့ တိုက်စစ်ဆင်လာခဲ့ပြီး တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆန်ရဲ့ နောက်ပြန်ကန်ချက်က ဂျိုရှူအာ ကင်းနဲ့ ထိပြီး ဂိုးဝင်သွားခဲ့ပေမယ့် ဒိုင်လူကြီးကတော့ VAR ပြန်ကြည့်ပြီး ကင်းရဲ့ လက်နဲ့ ထိသွားခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရလို့ ဘုန်းမောက်တို့ နစ်နာခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ သရေကျခဲ့တာကြောင့် ဘုန်းမောက်တို့ ရမှတ် ၂၈ မှတ်နဲ့ အက်စတန်ဗီလာရဲ့အထက် အဆင့် ၁၈ နေရာကို တက်လှမ်းနိုင်ခဲ့ပေမယ့် ဝတ်ဖို့ဒ်နဲ့ ဝက်စ်ဟမ်းအသင်းတွေကို လိုက်မီဖို့ မလုံလောက်သေးတာကြောင့် အခြေအနေဆိုးရွားဆဲဖြစ်သလို စပါးစ်အသင်းအနေနဲ့လည်း ဒီပွဲကို အနိုင် ရရှိခဲ့မယ်ဆိုရင် အဆင့် ၇ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး နှစ်သင်းစလုံးအတွက် နစ်နာခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.