Match Report Premier League

ေလးပြဲဆက္တုိက္ႏုိင္ပြဲနဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အမွတ္ျဖတ္လိုက္တဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ ဒီေန႔ပြဲမွာ ေနာ့ဝစ္ခ်္ၿပီးရင္ ရလဒ္မတည္ၿငိမ္ဆုံးျဖစ္ခဲ့တဲ့ အက္စတန္ဗီလာကို သူတုိ႔ေတြရဲ႕ ဗီလာပါ့ခ္မွာ သုံးဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္းႏုိင္ပြဲယူႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာတုန္းက ႏွစ္ဂိုးစီ သေရက်ထားမွဳကို အေကာင္းဆုံးတုံ႔ျပန္ခဲ့သလို ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ခ်ဲလ္ဆီး၊ လက္စတာတုိ႔နဲ႔အတူ တန္းစီႏုိင္ခဲ့ပါတယ္။

ပထမပုိင္းစစခ်င္းမွာ အယ္လ္ဂါဇီ၊ ဂရီးလစ္ရွ္၊ ထရီဇီေဂးတုိ႔ရဲ႕ ထိုးေဖာက္မွဳေတြက မန္ခ်က္စတာယူႏုိက္တက္အတြက္ေတာ့ အနည္းငယ္ စိတ္အေႏွာင့္အယွက္ျဖစ္စရာျဖစ္ခဲ့ၿပီး ခံစစ္ပုိင္း ကစားသမားေတြရဲ႕ ေျခအႏုတ္အသိမ္းေလးသလိုျဖစ္ေနမွဳကို ဗီလာတုိ႔ အခြင့္ေကာင္းယူခဲ့ေပမယ့္ ကံက သူတုိ႔ဘက္မွာ မရွိခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ယူႏုိက္တက္တုိ႔ရဲ႕ ႏုိင္ပြဲကို အေျပာခံရေစမယ့္ အခ်က္ျဖစ္ေပၚခဲ့ၿပီး ဂိုးစည္းနဲ႔ မလွမ္းမကမ္းမွာ ဘ႐ူႏို ဖာနန္ဒက္စ္ကို ဗီလာေနာက္ခံလူ ကြန္ဆာ ဖ်က္ထုတ္ခဲ့ရာမွာ အခ်ိန္နဲ႔ ဂိုးဧရိယာထဲ ဝင္သြားခဲ့တဲ့ ေပၚတူဂီသားရဲ႕ အက်ကို ဒိုင္လူႀကီး ဂၽြန္ေမာ့စ္နဲ႔ VAR က ပင္နယ္တီ သတ္မွတ္ေပးခဲ့တာပါ။

ေဘာလုံးကို ဖ်က္ထုတ္ခဲ့တဲ့ ကြန္ဆာရဲ႕ ထိခ်က္က စည္းအျပင္မွာ ျဖစ္ခဲ့ေပမယ့္ VAR ရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ ရယ္စရာျဖစ္ခဲ့သလို ဒီပင္နယ္တီအတြက္ ႏွစ္သင္းစလုံးမွာ ကစားခဲ့တဲ့ ဂိုးသမားေဟာင္းႀကီး ပီတာ ရွမုိက္ကယ္ကေတာင္ ျပစ္တင္ေဝဖန္သြားခဲ့ၿပီး တကယ္တမ္းမွာေတာ့ ဒီေဘာလုံးဟာ ကြန္ဆာရဲ႕ ေျခေထာက္ေပၚ တက္ခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ေတာင္ ယူဆႏုိင္ခဲ့ပါတယ္။

ဒီအခြင့္အေရးကိုေတာ့ ယူႏိုက္တက္ရဲ႕ အဓိက ပင္နယ္တီကန္သြင္းသူျဖစ္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကပဲ ကိုယ္တုိင္ကန္သြင္းခဲ့ၿပီး ဒီေန႔ပြဲမွာမွ ျပန္လည္ပါဝင္ကစားခြင့္ရခဲ့တဲ့ စပိန္သားဂိုးသမားႀကီး ေရးနားရဲ႕ ဆန္႔က်င္ဘက္ကို ကန္သြင္းရင္း ဂိုးအျဖစ္ ေျပာင္းလဲသြားႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန လူငယ္တုိက္စစ္မွဴး ဂရင္းဝုဒ္က ဆြဲယူလာခဲ့ၿပီး မာစီယယ္လ္ကို ခ်ဳိးေပးခဲ့တာကို ျပင္သစ္သားက ကန္မလိုလုပ္ၿပီးမွ ျပန္ပို႔ေပးတာကို ဂရင္းဝုဒ္ကပဲ ကန္ခ်က္ျပင္းျပင္းနဲ႔ ဂိုးဧရိယာအျပင္ကေန ကန္သြင္းခဲ့ရာမွာ ဒုတိယဂိုး ထပ္မံရရွိခဲ့ၿပီး ဒီဂိုးကို ေပးလုိက္ရတဲ့အတြက္ေတာ့ ဗီလာဂိုးသမား ေရးနားအေနနဲ႔ ခံစစ္သမားေတြရဲ႕ ေပါ့ေလ်ာ့မွဳအတြက္ ေဒါသထြက္ခဲ့တာကို ျမင္ခဲ့ရပါတယ္။

ပထမပုိင္းမွာ ယူႏိုက္တက္တုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏုိင္ခဲ့ၿပီး ဒုတိယပုိင္းအစမွာေတာ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ျဖတ္တင္ေဘာကို ဝန္ဆစ္ဆာကာ ေခါင္းတုိက္တာ လြဲေခ်ာ္သြားခဲ့လို႔ တတိယဂိုးအတြက္ နစ္နာခဲ့ရၿပီး ပြဲခ်ိန္ ၅၆ မိနစ္က်မွ ကြင္းလယ္လူ ေပါ့ဘာက တတိယဂိုးကို ရွာေဖြႏုိင္ခဲ့ပါတယ္။

ဒီဂိုးကေတာ့ ဘ႐ူႏုိ ဖာနန္ဒက္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ပင္နယ္တီဧရိယာအျပင္ဘက္မွာ မာကင္လြတ္ေနတဲ့ ေပါ့ဘာဆီကို ေပးပုိ႔ခဲ့တာျဖစ္ၿပီး ေပါ့ဘာက လူၾကားထဲကေန ညာဘက္တုိင္ေထာင့္ကို ကန္သြင္းတာမွာ သူ႕လူႏွစ္ေယာက္တိတိ ကြယ္ေနခဲ့တဲ့ ဗီလာဂိုးသမား ေရးနား အတြက္ေတာ့ တားဆီးဖို႔ အခြင့္အေရးမရွိခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ မာစီယယ္လ္ရဲ႕ ဘယ္ျခမ္းကေန ဘယ္နဲ႔ ကန္သြင္းခ်က္ ဂိုးဘားထိၿပီး ျပန္ထြက္လာခဲ့လို႔ ျပင္သစ္တုိက္စစ္မွဴးအေနနဲ႔ သူ႕ရဲ႕ ဂိုးသြင္းမွတ္တမ္းမွာ ေနာက္တစ္ဂိုးထည့္သြင္းႏိုင္ဖို႔ လြဲေခ်ာ္ခဲ့ရၿပီး ဂိုးကန္သြင္းခြင့္ ၁၃ ႀကိမ္မွာ ၆ ႀကိမ္ ဂိုးေပါက္တည့္ခဲ့တဲ့ ယူႏုိက္တက္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ဒီေန႔ပြဲကို အဆုံးသတ္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့တဲ့ ယူႏုိက္တက္တို႔အေနနဲ႔ အဆင့္ ၅ မွာ ဆက္လက္ရပ္တည္ခဲ့ၿပီး အဆင့္ ၆ က ဝုလ္ဗ္စ္နဲ႔ သူ႕ေအာက္က အသင္းေတြကို ၆ မွတ္ အနည္းဆုံးျဖတ္ထားႏုိင္ခဲ့လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စိတ္ခ်ရတဲ့ အေနအထားမွာ ရွိသြားၿပီျဖစ္ၿပီး လက္က်န္ပြဲစဥ္ဇယားအရ လက္စတာကိုပါ ေက်ာ္ျဖတ္ႏုိင္ဖို႔ မ်ားေနၿပီး မန္စီးတီးတုိ႔ ျပစ္ဒဏ္ကေန လြတ္ခဲ့ရင္ေတာင္မွ အဆင့္ ၄ ေနရာမွာ အနည္းဆုံး ရပ္တည္ႏုိင္ဖို႔ ေမွ်ာ္လင့္ႏုိင္ၿပီ ျဖစ္ေၾကာင္း သုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနေ့ပွဲမှာ နော့ဝစ်ချ်ပြီးရင် ရလဒ်မတည်ငြိမ်ဆုံးဖြစ်ခဲ့တဲ့ အက်စတန်ဗီလာကို သူတို့တွေရဲ့ ဗီလာပါ့ခ်မှာ သုံးဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းနိုင်ပွဲယူနိုင်ခဲ့ပြီး အိမ်ကွင်းမှာတုန်းက နှစ်ဂိုးစီ သရေကျထားမှုကို အကောင်းဆုံးတုံ့ပြန်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချဲလ်ဆီး၊ လက်စတာတို့နဲ့အတူ တန်းစီနိုင်ခဲ့ပါတယ်။

ပထမပိုင်းစစချင်းမှာ အယ်လ်ဂါဇီ၊ ဂရီးလစ်ရှ်၊ ထရီဇီဂေးတို့ရဲ့ ထိုးဖောက်မှုတွေက မန်ချက်စတာယူနိုက်တက်အတွက်တော့ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ခဲ့ပြီး ခံစစ်ပိုင်း ကစားသမားတွေရဲ့ ခြေအနုတ်အသိမ်းလေးသလိုဖြစ်နေမှုကို ဗီလာတို့ အခွင့်ကောင်းယူခဲ့ပေမယ့် ကံက သူတို့ဘက်မှာ မရှိခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ ယူနိုက်တက်တို့ရဲ့ နိုင်ပွဲကို အပြောခံရစေမယ့် အချက်ဖြစ်ပေါ်ခဲ့ပြီး ဂိုးစည်းနဲ့ မလှမ်းမကမ်းမှာ ဘရူနို ဖာနန်ဒက်စ်ကို ဗီလာနောက်ခံလူ ကွန်ဆာ ဖျက်ထုတ်ခဲ့ရာမှာ အချိန်နဲ့ ဂိုးဧရိယာထဲ ဝင်သွားခဲ့တဲ့ ပေါ်တူဂီသားရဲ့ အကျကို ဒိုင်လူကြီး ဂျွန်မော့စ်နဲ့ VAR က ပင်နယ်တီ သတ်မှတ်ပေးခဲ့တာပါ။

ဘောလုံးကို ဖျက်ထုတ်ခဲ့တဲ့ ကွန်ဆာရဲ့ ထိချက်က စည်းအပြင်မှာ ဖြစ်ခဲ့ပေမယ့် VAR ရဲ့ ဆုံးဖြတ်ချက်ကတော့ ရယ်စရာဖြစ်ခဲ့သလို ဒီပင်နယ်တီအတွက် နှစ်သင်းစလုံးမှာ ကစားခဲ့တဲ့ ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်ကတောင် ပြစ်တင်ဝေဖန်သွားခဲ့ပြီး တကယ်တမ်းမှာတော့ ဒီဘောလုံးဟာ ကွန်ဆာရဲ့ ခြေထောက်ပေါ် တက်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့တောင် ယူဆနိုင်ခဲ့ပါတယ်။

ဒီအခွင့်အရေးကိုတော့ ယူနိုက်တက်ရဲ့ အဓိက ပင်နယ်တီကန်သွင်းသူဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ကပဲ ကိုယ်တိုင်ကန်သွင်းခဲ့ပြီး ဒီနေ့ပွဲမှာမှ ပြန်လည်ပါဝင်ကစားခွင့်ရခဲ့တဲ့ စပိန်သားဂိုးသမားကြီး ရေးနားရဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းရင်း ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က ဆွဲယူလာခဲ့ပြီး မာစီယယ်လ်ကို ချိုးပေးခဲ့တာကို ပြင်သစ်သားက ကန်မလိုလုပ်ပြီးမှ ပြန်ပို့ပေးတာကို ဂရင်းဝုဒ်ကပဲ ကန်ချက်ပြင်းပြင်းနဲ့ ဂိုးဧရိယာအပြင်ကနေ ကန်သွင်းခဲ့ရာမှာ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး ဒီဂိုးကို ပေးလိုက်ရတဲ့အတွက်တော့ ဗီလာဂိုးသမား ရေးနားအနေနဲ့ ခံစစ်သမားတွေရဲ့ ပေါ့လျော့မှုအတွက် ဒေါသထွက်ခဲ့တာကို မြင်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ဘောကို ဝန်ဆစ်ဆာကာ ခေါင်းတိုက်တာ လွဲချော်သွားခဲ့လို့ တတိယဂိုးအတွက် နစ်နာခဲ့ရပြီး ပွဲချိန် ၅၆ မိနစ်ကျမှ ကွင်းလယ်လူ ပေါ့ဘာက တတိယဂိုးကို ရှာဖွေနိုင်ခဲ့ပါတယ်။

ဒီဂိုးကတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေ ပင်နယ်တီဧရိယာအပြင်ဘက်မှာ မာကင်လွတ်နေတဲ့ ပေါ့ဘာဆီကို ပေးပို့ခဲ့တာဖြစ်ပြီး ပေါ့ဘာက လူကြားထဲကနေ ညာဘက်တိုင်ထောင့်ကို ကန်သွင်းတာမှာ သူ့လူနှစ်ယောက်တိတိ ကွယ်နေခဲ့တဲ့ ဗီလာဂိုးသမား ရေးနား အတွက်တော့ တားဆီးဖို့ အခွင့်အရေးမရှိခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ မာစီယယ်လ်ရဲ့ ဘယ်ခြမ်းကနေ ဘယ်နဲ့ ကန်သွင်းချက် ဂိုးဘားထိပြီး ပြန်ထွက်လာခဲ့လို့ ပြင်သစ်တိုက်စစ်မှူးအနေနဲ့ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းမှာ နောက်တစ်ဂိုးထည့်သွင်းနိုင်ဖို့ လွဲချော်ခဲ့ရပြီး ဂိုးကန်သွင်းခွင့် ၁၃ ကြိမ်မှာ ၆ ကြိမ် ဂိုးပေါက်တည့်ခဲ့တဲ့ ယူနိုက်တက်တို့ သုံးဂိုး-ဂိုးမရှိနဲ့ပဲ ဒီနေ့ပွဲကို အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်တို့အနေနဲ့ အဆင့် ၅ မှာ ဆက်လက်ရပ်တည်ခဲ့ပြီး အဆင့် ၆ က ဝုလ်ဗ်စ်နဲ့ သူ့အောက်က အသင်းတွေကို ၆ မှတ် အနည်းဆုံးဖြတ်ထားနိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ချရတဲ့ အနေအထားမှာ ရှိသွားပြီဖြစ်ပြီး လက်ကျန်ပွဲစဉ်ဇယားအရ လက်စတာကိုပါ ကျော်ဖြတ်နိုင်ဖို့ များနေပြီး မန်စီးတီးတို့ ပြစ်ဒဏ်ကနေ လွတ်ခဲ့ရင်တောင်မှ အဆင့် ၄ နေရာမှာ အနည်းဆုံး ရပ်တည်နိုင်ဖို့ မျှော်လင့်နိုင်ပြီ ဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.