Premier League

အီဂါလိုကို ေဆးမစစ္ဘဲ မန္ခ်က္စတာယူႏုိက္တက္ ေခၚယူခဲ့ျခင္းျဖစ္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတုိ႔ရဲ႕ အေျပာင္းအေရႊ႕ပိတ္ရက္မွာ အငွားနဲ႔ ေခၚယူခဲ့ရတဲ့ တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုကို ေခၚယူရာမွာ အခ်ိန္ကပ္ေနတာေၾကာင့္ ေဆးမစစ္ဘဲ ေခၚယူသြားခဲ့ရေၾကာင္း သိရပါတယ္။

ဒီကစားသမားကို သူတုိ႔အေနနဲ႔ ေျခာက္လအငွားစာခ်ဳပ္နဲဲ႔ တ႐ုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္း ရွင္ဟြာကေန ေခၚယူခဲ့တာျဖစ္ၿပီး ထိပ္တန္းတုိက္စစ္မွဴးေတြကို မရရွိႏုိင္ခ်ိန္မွာ အလ်င္အျမန္ ဆြဲေခၚခဲ့ရတဲ့ Panic Buy တစ္ခုလည္း ျဖစ္ခဲ့တာပါ။

ဒီအေျပာင္းအေရႊ႕အေစာပိုင္းက ဆာ့လ္ဇ္ဘတ္က အာလင္း ဟားလန္းနဲ႔ ပီအက္စ္ဂ်ီက အက္ဒင္ဆန္ ကာဗာနီတုိ႔ကို ခ်ိတ္ဆက္ခဲ့ေပမယ့္ ေအာင္ျမင္မွဳမရရွိတာေၾကာင့္ အေျပာင္းအေရႊ႕ပိတ္သိမ္းခါနီးမွာ မန္ယူဘက္က ခ်ိတ္ဆက္ခဲ့သူေတြဟာ မယုံႏိုင္စရာေတြျဖစ္တဲ့ ဂ်ဳိရွဴအာကင္း၊ တီမူး ပူကီနဲ႔ အီဂါလိုတုိ႔လည္း ျဖစ္ေနခဲ့တာပါ။

မန္ယူနည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ အဓိကတုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ဒဏ္ရာရွိေနတဲ့ အေနအထားမွာ ဘယ္ေတာင္ပံက အန္တိုနီ မာစီယယ္လ္နဲ႔ လူငယ္တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္ႏွစ္ဦးတည္းကို ယုံစားလုိ႔ မရတာေၾကာင့္ အီဂါလိုကို ေခၚယူခဲ့တာျဖစ္ၿပီး သူ႕အေနနဲ႔ ဝတ္ဆင္မယ့္ ေက်ာနံပါတ္ကိုေတာ့ မေၾကျငာေသးဘူးလို႔လည္း သိရပါတယ္။

အီဂါလိုအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ရွားရွားပါးပါးေတြ႕ျမင္ရတဲ့ ႏိုင္ငံသားတစ္ေယာက္လည္းျဖစ္လာခဲ့ၿပီး မွတ္တမ္းေတြအရေတာ့ အသင္းႀကီးမွာ ပထမဆုံးကစားဖူးတဲ့ ႏုိင္ဂ်ီးရီးယားသား ျဖစ္လာဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY STAR
PHOTOS CREDIT
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အပြောင်းအရွှေ့ပိတ်ရက်မှာ အငှားနဲ့ ခေါ်ယူခဲ့ရတဲ့ တိုက်စစ်မှူး အိုဒီယွန် အီဂါလိုကို ခေါ်ယူရာမှာ အချိန်ကပ်နေတာကြောင့် ဆေးမစစ်ဘဲ ခေါ်ယူသွားခဲ့ရကြောင်း သိရပါတယ်။

ဒီကစားသမားကို သူတို့အနေနဲ့ ခြောက်လအငှားစာချုပ်နဲ့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း ရှင်ဟွာကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ထိပ်တန်းတိုက်စစ်မှူးတွေကို မရရှိနိုင်ချိန်မှာ အလျင်အမြန် ဆွဲခေါ်ခဲ့ရတဲ့ Panic Buy တစ်ခုလည်း ဖြစ်ခဲ့တာပါ။

ဒီအပြောင်းအရွှေ့အစောပိုင်းက ဆာ့လ်ဇ်ဘတ်က အာလင်း ဟားလန်းနဲ့ ပီအက်စ်ဂျီက အက်ဒင်ဆန် ကာဗာနီတို့ကို ချိတ်ဆက်ခဲ့ပေမယ့် အောင်မြင်မှုမရရှိတာကြောင့် အပြောင်းအရွှေ့ပိတ်သိမ်းခါနီးမှာ မန်ယူဘက်က ချိတ်ဆက်ခဲ့သူတွေဟာ မယုံနိုင်စရာတွေဖြစ်တဲ့ ဂျိုရှူအာကင်း၊ တီမူး ပူကီနဲ့ အီဂါလိုတို့လည်း ဖြစ်နေခဲ့တာပါ။

မန်ယူနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အဓိကတိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ဒဏ်ရာရှိနေတဲ့ အနေအထားမှာ ဘယ်တောင်ပံက အန်တိုနီ မာစီယယ်လ်နဲ့ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်နှစ်ဦးတည်းကို ယုံစားလို့ မရတာကြောင့် အီဂါလိုကို ခေါ်ယူခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဝတ်ဆင်မယ့် ကျောနံပါတ်ကိုတော့ မကြေငြာသေးဘူးလို့လည်း သိရပါတယ်။

အီဂါလိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှားရှားပါးပါးတွေ့မြင်ရတဲ့ နိုင်ငံသားတစ်ယောက်လည်းဖြစ်လာခဲ့ပြီး မှတ်တမ်းတွေအရတော့ အသင်းကြီးမှာ ပထမဆုံးကစားဖူးတဲ့ နိုင်ဂျီးရီးယားသား ဖြစ်လာဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY STAR
PHOTOS CREDIT
KIZARNO
SPORTS A2Z.