Premier League

ခ်န္ပီယံလိဂ္ကစားခြင့္က ေကာင္းမယ္လို႔ ေျပာလိုက္တဲ့ ယူႏုိက္တက္ပစ္မွတ္ ဂရီးလစ္ရွ္ရဲ႕ ေအးဂ်င့္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ လာမယ့္အေျပာင္းအေရႊ႕ကာလမွာ ၂၀၂၀-၂၁ ရာသီအတြက္ ေဂ်ဒန္ ဆန္ခ်ဳိကို ေခၚယူေတာ့မွာ မဟုတ္ဘဲ ပိုမိုအသုံးဝင္ႏုိင္တဲ့ အက္စတန္ဗီလာရဲ႕ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေခၚယူဖို႔ အသံထြက္ေနတဲ့ ကိစၥကို ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူက အရွိန္ျမႇင့္ေပးလုိက္ပါတယ္။

အက္စတန္ဗီလာအသင္းရဲ႕ ရလဒ္ေတြ ဆုိးရြားေနေပမယ့္ ပြဲကစားေနစဥ္မွာ ဘယ္ေတာ့မွ ေျခစြမ္းဆုိးရြားေလ့မရွိတဲ့ အသင္းရဲ႕ ငယ္ေမြးၿခံေပါက္ ကပၸတိန္ဟာ အသက္ ၂၄ ႏွစ္အရြယ္မွာ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ အလိုခ်င္ဆုံးကစားသမားတစ္ဦးျဖစ္ေနၿပီး ၿပီးခဲ့တဲ့ လူငယ္ေျခတက္ဘဝတုန္းကထက္ ေလးစားမွဳေတြကိုလည္း ရရွိေနသူျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းကို ရာသီကုန္မွာ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၅၀ နဲ႔ ေရာက္ရွိေတာ့မယ္လုိ႔ ခန္႔မွန္းမွဳေတြရွိေနတဲ့ အဂၤလန္ကြင္းလယ္လူရဲ႕ ေအးဂ်င့္ျဖစ္သူကေတာ့ သူ႕ရဲ႕ကစားသမားဟာ ခ်န္ပီယံလိဂ္မွာ ဝင္ေရာက္ကစားခြင့္ရရင္ ဒီထက္ပုိၿပီး အက်ဳိးရွိႏိုင္သလို ေျခစြမ္းလည္း ျပသႏုိင္လိမ့္မယ္လို႔ ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။

“ဗီလာအသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ဆက္ရွိဖို႔ ႀကဳိးစားေနၾကသလို ဂ်က္ခ္ကလည္း သူတတ္ႏုိင္သေလာက္ တန္းမဆင္းရဖို႔ တားဆီးသြားမွာပါ။ ေလာေလာဆယ္ေတာ့ သူ႕ေခါင္းထဲမွာ ဒီကိစၥပဲ ရွိၿပီး က်န္တဲ့ ကိစၥေတြကို စိတ္မဝင္စားႏုိင္ေသးပါဘူး”လို႔ ဂ်ဳိနသန္ ဘန္းနက္လို႔ အမည္ရွိတဲ့ သူ႕ရဲ႕ ေအးဂ်င့္က ေျပာၾကားခဲ့ေပမယ့္ ဂရီးလစ္ရွ္ရဲ႕ ကစားသမားဘဝကိုေတာ့ သူက စိုးရိမ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ဘန္းနက္က တျခားတစ္ဖက္မွာေတာ့ သူ႕ရဲ႕ကစားသမားဘဝအတြက္ စိုးရိမ္မွဳေတြ ရွိေနတယ္လုိ႔ဆုိခဲ့ၿပီး ဂရီးလစ္ရွ္ဟာ ခ်န္ပီယံလိဂ္ ကစားခြင့္နဲ႔ ထိုက္တန္သလို ဒီၿပဳိင္ပြဲမွာ ယွဥ္ၿပဳိင္ကစားၿပီး သူ႕ရဲ႕အရည္အေသြးက တုိးတက္လာဦးမွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ၿပီး မန္ခ်က္စတာယူႏုိက္တက္လုိ႔ေတာ့ မေျပာခဲ့ဘဲ ဘယ္ႏုိင္ငံက ဘယ္အသင္းနဲ႔ျဖစ္မယ္လုိ႔ေတာ့ မဆိုႏုိင္ေသးဘူးလို႔ပဲ ေျပာသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလမှာ ၂၀၂၀-၂၁ ရာသီအတွက် ဂျေဒန် ဆန်ချိုကို ခေါ်ယူတော့မှာ မဟုတ်ဘဲ ပိုမိုအသုံးဝင်နိုင်တဲ့ အက်စတန်ဗီလာရဲ့ ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ အသံထွက်နေတဲ့ ကိစ္စကို ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက အရှိန်မြှင့်ပေးလိုက်ပါတယ်။

အက်စတန်ဗီလာအသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေပေမယ့် ပွဲကစားနေစဉ်မှာ ဘယ်တော့မှ ခြေစွမ်းဆိုးရွားလေ့မရှိတဲ့ အသင်းရဲ့ ငယ်မွေးခြံပေါက် ကပ္ပတိန်ဟာ အသက် ၂၄ နှစ်အရွယ်မှာ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ အလိုချင်ဆုံးကစားသမားတစ်ဦးဖြစ်နေပြီး ပြီးခဲ့တဲ့ လူငယ်ခြေတက်ဘဝတုန်းကထက် လေးစားမှုတွေကိုလည်း ရရှိနေသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ ရောက်ရှိတော့မယ်လို့ ခန့်မှန်းမှုတွေရှိနေတဲ့ အင်္ဂလန်ကွင်းလယ်လူရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ရဲ့ကစားသမားဟာ ချန်ပီယံလိဂ်မှာ ဝင်ရောက်ကစားခွင့်ရရင် ဒီထက်ပိုပြီး အကျိုးရှိနိုင်သလို ခြေစွမ်းလည်း ပြသနိုင်လိမ့်မယ်လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

“ဗီလာအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ ကြိုးစားနေကြသလို ဂျက်ခ်ကလည်း သူတတ်နိုင်သလောက် တန်းမဆင်းရဖို့ တားဆီးသွားမှာပါ။ လောလောဆယ်တော့ သူ့ခေါင်းထဲမှာ ဒီကိစ္စပဲ ရှိပြီး ကျန်တဲ့ ကိစ္စတွေကို စိတ်မဝင်စားနိုင်သေးပါဘူး”လို့ ဂျိုနသန် ဘန်းနက်လို့ အမည်ရှိတဲ့ သူ့ရဲ့ အေးဂျင့်က ပြောကြားခဲ့ပေမယ့် ဂရီးလစ်ရှ်ရဲ့ ကစားသမားဘဝကိုတော့ သူက စိုးရိမ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဘန်းနက်က တခြားတစ်ဖက်မှာတော့ သူ့ရဲ့ကစားသမားဘဝအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ဆိုခဲ့ပြီး ဂရီးလစ်ရှ်ဟာ ချန်ပီယံလိဂ် ကစားခွင့်နဲ့ ထိုက်တန်သလို ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားပြီး သူ့ရဲ့အရည်အသွေးက တိုးတက်လာဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်လို့တော့ မပြောခဲ့ဘဲ ဘယ်နိုင်ငံက ဘယ်အသင်းနဲ့ဖြစ်မယ်လို့တော့ မဆိုနိုင်သေးဘူးလို့ပဲ ပြောသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.