Premier League

လာမယ့္ ကြန္ျမဴနတီဒိုင္းက လီဗာပူးလ္နဲ႔ လိဒ္စ္တုိ႔ ယွဥ္ၿပဳိင္ရမယ့္ပြဲျဖစ္လာႏုိင္

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ အက္ဖ္ေအရဲ႕ အဆင္ေျပသလို စီစဥ္ရႏိုင္တဲ့ အေျခအေနအရ လာမယ့္ ၂၀၂၀ ကြန္ျမဴနတီဒိုင္း ၿပဳိင္ပြဲကို ဝင္ဘလီ ကြင္းႀကီးမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးလ္တုိ႔ ယွဥ္ၿပဳိင္ရမယ့္အသင္းဟာ လိဂ္ခ်န္ပီယံရွစ္ရဲ႕ ခ်န္ပီယံအျဖစ္ တန္းတက္လာႏုိင္တဲ့ လိဒ္စ္ယူႏုိက္တက္ အသင္းျဖစ္လာႏုိင္တယ္လုိ႔ သိရပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ေတာ့ ေရွ႕ရာသီေတြက ခ်န္ပီယံေတြလိုမ်ဳိး ဂုဏ္သိကၡာခ်င္း မကြာတဲ့ အသင္းေတြနဲ႔ ကစားရဖို႔ အခြင့္အလမ္းနည္းေနၿပီး ေရွ႕က အသင္းေတြအေနနဲ႔ အက္ဖ္ေအဖလားခ်န္ပီယံ၊ ဒါမွမဟုတ္ ပရီးမီးယားလိဂ္ ဒုတိယအသင္းေတြနဲ႔ ယွဥ္ၿပဳိင္ကစားခဲ့ရေပမယ့္ ဒီႏွစ္မွာေတာ့ ဒီလိုျဖစ္လာဖို႔ထက္ မတူညီတဲ့ အေျခအေနကို ရင္ဆုိင္ရဖို႔ ရွိေနတာပါ။

ပရီးမီးယားလိဂ္ခ်န္ပီယံကို ယွဥ္ၿပဳိင္သူေတြ ျဖစ္လာႏုိင္တဲ့ အက္ဖ္ေအဖလားမွာ ဗိုလ္စြဲႏုိင္ေျခရွိတဲ့ အသင္းေတြနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဒုတိယအသင္းေတြဟာ မၿပီးျပတ္ေသးတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြေၾကာင့္ ၾသဂုတ္လကုန္ေလာက္အထိ ၿပဳိင္ပြဲေတြက ရပ္နားရႏုိင္ျခင္း မရွိေသးတာေၾကာင့္ အက္ဖ္ေအအေနနဲ႔ ဒီလိုမ်ဳိး အစားထိုးစီစဥ္ဖို႔ စဥ္းစားထားတယ္လုိ႔ဆိုပါတယ္။

ႀကဳိတင္သတ္မွတ္ထားခ်က္ေတြအရေတာ့ ကြန္ျမဴနတီဒိုင္းၿပဳိင္ပြဲကို လန္ဒန္ၿမဳိ႕က ဝင္ဘလီကြင္းႀကီးမွာ ၾသဂုတ္လ ၂၃ ရက္ေန႔၊ တနဂၤေႏြေန႔မွာ ကစားဖို႔ လ်ာထားခဲ့ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံအေနနဲ႔ ၁၉၉၂ ကြန္ျမဴနတီဒိုင္း(အဲ့ဒီအခ်ိန္က ခ်ာရတီဒိုင္း)မွာ အဲရစ္ ကန္တုိနာရဲ႕ ဟက္ထရစ္ေၾကာင့္ ရွဳံးနိမ့္ခဲ့ရဖူးတဲ့ လိဒ္စ္ယူႏုိက္တက္နဲ႔ ေတြ႕ဆုံရဖို႔ မ်ားေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ လိဂ္ခ်န္ပီယံရွစ္ရဲ႕ ဗိုလ္စြဲသူကေတာ့ ထြက္ေပၚေသးျခင္းမရွိဘဲ ၄၂ ပြဲ ယွဥ္ၿပဳိင္ကစားၿပီးခ်ိန္မွာ တစ္ပြဲကန္ဖို႔ လိုေသးတဲ့ လိစ္ဒ္ထက္ ဝက္စ္ဘရြန္းက ႏွစ္မွတ္အသာနဲ႔ အႀကိတ္အနယ္ျဖစ္ေနခဲ့သလို ဂိုးကြာျခားခ်က္မွာ ၄ ဂိုးအသာရရွိေနတဲ့ ဘက္ဂီေတြအေနနဲ႔ ခ်န္ပီယံဆုအတြက္ ေမွ်ာ္လင့္ႏုိင္ဆဲျဖစ္ၿပီး ေနာက္ဆုံးပြဲစဥ္ ၄၆ အထိ ေစာင့္ၾကည့္သြားရဖို႔လည္း ျဖစ္လာႏုိင္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေရဲ့ အဆင်ပြေသလို စီစဉ်ရနိုင်တဲ့ အခြေအနေအရ လာမယ့် ၂၀၂၀ ကွန်မြူနတီဒိုင်း ပြိုင်ပွဲကို ဝင်ဘလီ ကွင်းကြီးမှာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်တို့ ယှဉ်ပြိုင်ရမယ့်အသင်းဟာ လိဂ်ချန်ပီယံရှစ်ရဲ့ ချန်ပီယံအဖြစ် တန်းတက်လာနိုင်တဲ့ လိဒ်စ်ယူနိုက်တက် အသင်းဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့တော့ ရှေ့ရာသီတွေက ချန်ပီယံတွေလိုမျိုး ဂုဏ်သိက္ခာချင်း မကွာတဲ့ အသင်းတွေနဲ့ ကစားရဖို့ အခွင့်အလမ်းနည်းနေပြီး ရှေ့က အသင်းတွေအနေနဲ့ အက်ဖ်အေဖလားချန်ပီယံ၊ ဒါမှမဟုတ် ပရီးမီးယားလိဂ် ဒုတိယအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဒီနှစ်မှာတော့ ဒီလိုဖြစ်လာဖို့ထက် မတူညီတဲ့ အခြေအနေကို ရင်ဆိုင်ရဖို့ ရှိနေတာပါ။

ပရီးမီးယားလိဂ်ချန်ပီယံကို ယှဉ်ပြိုင်သူတွေ ဖြစ်လာနိုင်တဲ့ အက်ဖ်အေဖလားမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့ အသင်းတွေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဒုတိယအသင်းတွေဟာ မပြီးပြတ်သေးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကြောင့် သြဂုတ်လကုန်လောက်အထိ ပြိုင်ပွဲတွေက ရပ်နားရနိုင်ခြင်း မရှိသေးတာကြောင့် အက်ဖ်အေအနေနဲ့ ဒီလိုမျိုး အစားထိုးစီစဉ်ဖို့ စဉ်းစားထားတယ်လို့ဆိုပါတယ်။

ကြိုတင်သတ်မှတ်ထားချက်တွေအရတော့ ကွန်မြူနတီဒိုင်းပြိုင်ပွဲကို လန်ဒန်မြို့က ဝင်ဘလီကွင်းကြီးမှာ သြဂုတ်လ ၂၃ ရက်နေ့၊ တနင်္ဂနွေနေ့မှာ ကစားဖို့ လျာထားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံအနေနဲ့ ၁၉၉၂ ကွန်မြူနတီဒိုင်း(အဲ့ဒီအချိန်က ချာရတီဒိုင်း)မှာ အဲရစ် ကန်တိုနာရဲ့ ဟက်ထရစ်ကြောင့် ရှုံးနိမ့်ခဲ့ရဖူးတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ တွေ့ဆုံရဖို့ များနေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ လိဂ်ချန်ပီယံရှစ်ရဲ့ ဗိုလ်စွဲသူကတော့ ထွက်ပေါ်သေးခြင်းမရှိဘဲ ၄၂ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ တစ်ပွဲကန်ဖို့ လိုသေးတဲ့ လိစ်ဒ်ထက် ဝက်စ်ဘရွန်းက နှစ်မှတ်အသာနဲ့ အကြိတ်အနယ်ဖြစ်နေခဲ့သလို ဂိုးကွာခြားချက်မှာ ၄ ဂိုးအသာရရှိနေတဲ့ ဘက်ဂီတွေအနေနဲ့ ချန်ပီယံဆုအတွက် မျှော်လင့်နိုင်ဆဲဖြစ်ပြီး နောက်ဆုံးပွဲစဉ် ၄၆ အထိ စောင့်ကြည့်သွားရဖို့လည်း ဖြစ်လာနိုင်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.