International Premier League

ဆာလားနဲ့ မာနေးကြားက ပင်နယ်တီတိုက်ပွဲအကြောင်း ထုတ်ဖော်လိုက်တဲ့ အီဂျစ်ဂိုးသမား

အာဖရိကဖလား ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ကြရတဲ့ ဆီနီဂေါနဲ့ ပွဲစဉ်မှာ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ အီဂျစ်ဂိုးသမား ဂါဘာလ်စကီးက သူ့အနေနဲ့ ပွဲတွင်းက ဆာဒီယို မာနေးရဲ့ ကန်ချက်ကို မကာကွယ်ခင်မှာ အသင်းဖော် မိုဟာမက် ဆာလားနဲ့အတူ ဘယ်လိုမျိုး ကြုံတွေ့ခဲ့ရတယ်ဆိုတာကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲကို စောင့်ကြည့်ခဲ့ကြသူတွေကတော့ အက်ဘ်ဒဲလ်မိုနင်မ်ကြောင့် ပင်နယ်တီ ပေးခဲ့ရအပြီးမှာ ဆာလားရဲ့ ပါးစပ်ကို လက်နဲ့ ကွယ်ပြီး သူ့နိုင်ငံအသင်းဖော် ဂိုးသမားကို ကလပ်အသင်းဖော်ထက်ပိုပြီး သစ္စာရှိနေတဲ့ အကြံပေးမှုကို တွေ့ခဲ့ရတာဖြစ်ပြီး ဒီဖြစ်ရပ်ရဲ့ အသေးစိတ်ကို ဂါဘာလ်စကီးက ပွဲအပြီးမှာ အသေးစိတ် ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။

“ဆာလားက ပြောတယ်ဗျ… မာနေးက မင်းရဲ့ ညာဘက်ကို ကန်မှာတဲ့။ ဟာ… သူလာနေပြီ၊ ငါလစ်တော့မယ်။ သူက ငါဘာပြောတယ်ဆိုတာ သိမှာပဲ”လို့ အီဂျစ်ဂိုးသမားက ပြောလိုက်ပြီး ဆီနီဂေါတိုက်စစ်မှူး ရောက်အလာမှာတော့ ဘာပြောထားတယ်ဆိုတာကို သိနေတဲ့အတွက် “ငါက မင်းဘယ်ဘက်ကို ကန်မှာ”လို့ လာပြောခဲ့ကြောင်း ဆိုပါတယ်။

ဆာလားကတော့ “ကြည့်ကြသေးတာပေါ့၊ မင်းကန်တာ သူက ဖမ်းပြပြီး အပြစ်ပေးလိမ့်မယ်”လို့ မာနေးကို ပြောသွားခဲ့ပြီး သူ့တိုက်စစ်မှူးရဲ့ ပါးနပ်တဲ့ ဆိုက်ကိုထည့်မှုကို ချီးကျူးသွားခဲ့သလို ဒီပင်နယ်တီကိုတော့ ဂါဘာလ်စကီးက ဆီနီဂေါတိုက်စစ်မှူးကန်တဲ့ ညာဘက်ကိုပဲ လှဲအိပ်ပြီး ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်နဲ့ အချိန်ပိုအတွင်း ဂိုးမရှိသရေကျနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာမှာတော့ ပွဲချိန် ၇ မိနစ်မှာ လွဲချော်ထားခဲ့တဲ့ တိုက်စစ်မှူး မာနေးအနေနဲ့ ဂိုးသမား ဂါဘာလ်စကီးရဲ့ ညာဘက်ကိုပဲ ထပ်ကန်ခဲ့ပြန်ပြီး ဒီတစ်ကြိမ်မှာတော့ ပထမအကြိမ်ကထက် ပြင်းပြင်းနဲ့ မြန်မြန်ကန်သွင်းနိုင်ခဲ့လို့ သူတို့အတွက် ၄ ဂိုးမြောက်နဲ့ အောင်ပွဲခံနိုင်ခဲ့ကြလို့ Zero ကနေ Hero ပြန်ဖြစ်ပြီး နာမည်မပျက်ခဲ့တာပါ။

တကယ်တမ်းမှာတော့ ချန်ပီယံနဲ့ ထိုက်တန်သူတွေက ရှုံးထွက်အဆင့်ကစလို့ ဗိုလ်လုပွဲ ပင်နယ်တီအထိ ၄ ပွဲစလုံးကို မိနစ် ၁၂၀ စီ ကစားခဲ့ရပြီး သုံးပွဲမှာ ဂိုးပေါက်ရှာမတွေ့ခဲ့တဲ့ အီဂျစ်အသင်း မဟုတ်ခဲ့ဘူးလို့ ပရိသတ်တွေကလည်း ဝေဖန်ခဲ့ကြပြီး ဆီနီဂေါတို့က ထိုက်ထိုက်တန်တန်ပဲ သူတို့အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အာဖရိကဖလားကို ဗိုလ်စွဲခဲ့တာလို့လည်း ထင်မြင်ချက်ပေးခဲ့ကြပါတယ်။

ဖိုင်နယ်မှာ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ လီဗာပူးလ်ကစားသမားနှစ်ဦးဖြစ်ကြတဲ့ ဆာဒီယို မာနေးနဲ့ မိုဟာမက် ဆာလားတို့ကတော့ အသင်းနဲ့ ပူးပေါင်းဖို့ နိုင်ငံကနေ ပြန်လာခဲ့ကြပြီဖြစ်ပေမယ့် ကြာသပတေးနေ့မှာ ကစားမယ့် လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်ကိုတော့ ပါဝင်နိုင်ခြေ နည်းပါးနေပြီး လာမယ့် ဘန်လေနဲ့ တနင်္ဂနွေနေ့ပွဲစဉ်ကိုမှ သေချာနိုင်လိမ့်မယ်လို့လည်း ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဖရိကဖလား ဗိုလ္လုပြဲမွာ ရင္ဆိုင္ခဲ့ၾကရတဲ့ ဆီနီေဂါနဲ႔ ပြဲစဥ္မွာ ပင္နယ္တီကို ကာကြယ္ႏိုင္ခဲ့တဲ့ အီဂ်စ္ဂိုးသမား ဂါဘာလ္စကီးက သူ႔အေနနဲ႔ ပြဲတြင္းက ဆာဒီယို မာေနးရဲ႕ ကန္ခ်က္ကို မကာကြယ္ခင္မွာ အသင္းေဖာ္ မိုဟာမက္ ဆာလားနဲ႔အတူ ဘယ္လိုမ်ိဳး ႀကဳံေတြ႕ခဲ့ရတယ္ဆိုတာကို ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

ဒီပြဲကို ေစာင့္ၾကည့္ခဲ့ၾကသူေတြကေတာ့ အက္ဘ္ဒဲလ္မိုနင္မ္ေၾကာင့္ ပင္နယ္တီ ေပးခဲ့ရအၿပီးမွာ ဆာလားရဲ႕ ပါးစပ္ကို လက္နဲ႔ ကြယ္ၿပီး သူ႔ႏိုင္ငံအသင္းေဖာ္ ဂိုးသမားကို ကလပ္အသင္းေဖာ္ထက္ပိုၿပီး သစၥာရွိေနတဲ့ အႀကံေပးမႈကို ေတြ႕ခဲ့ရတာျဖစ္ၿပီး ဒီျဖစ္ရပ္ရဲ႕ အေသးစိတ္ကို ဂါဘာလ္စကီးက ပြဲအၿပီးမွာ အေသးစိတ္ ျပန္ေျပာင္းေျပာျပသြားခဲ့ပါတယ္။

“ဆာလားက ေျပာတယ္ဗ်… မာေနးက မင္းရဲ႕ ညာဘက္ကို ကန္မွာတဲ့။ ဟာ… သူလာေနၿပီ၊ ငါလစ္ေတာ့မယ္။ သူက ငါဘာေျပာတယ္ဆိုတာ သိမွာပဲ”လို႔ အီဂ်စ္ဂိုးသမားက ေျပာလိုက္ၿပီး ဆီနီေဂါတိုက္စစ္မႉး ေရာက္အလာမွာေတာ့ ဘာေျပာထားတယ္ဆိုတာကို သိေနတဲ့အတြက္ “ငါက မင္းဘယ္ဘက္ကို ကန္မွာ”လို႔ လာေျပာခဲ့ေၾကာင္း ဆိုပါတယ္။

ဆာလားကေတာ့ “ၾကည့္ၾကေသးတာေပါ့၊ မင္းကန္တာ သူက ဖမ္းျပၿပီး အျပစ္ေပးလိမ့္မယ္”လို႔ မာေနးကို ေျပာသြားခဲ့ၿပီး သူ႔တိုက္စစ္မႉးရဲ႕ ပါးနပ္တဲ့ ဆိုက္ကိုထည့္မႈကို ခ်ီးက်ဴးသြားခဲ့သလို ဒီပင္နယ္တီကိုေတာ့ ဂါဘာလ္စကီးက ဆီနီေဂါတိုက္စစ္မႉးကန္တဲ့ ညာဘက္ကိုပဲ လွဲအိပ္ၿပီး ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္နဲ႔ အခ်ိန္ပိုအတြင္း ဂိုးမရွိသေရက်ေနခဲ့လို႔ ပင္နယ္တီ အဆုံးအျဖတ္ ကန္သြင္းရာမွာေတာ့ ပြဲခ်ိန္ ၇ မိနစ္မွာ လြဲေခ်ာ္ထားခဲ့တဲ့ တိုက္စစ္မႉး မာေနးအေနနဲ႔ ဂိုးသမား ဂါဘာလ္စကီးရဲ႕ ညာဘက္ကိုပဲ ထပ္ကန္ခဲ့ျပန္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ပထမအႀကိမ္ကထက္ ျပင္းျပင္းနဲ႔ ျမန္ျမန္ကန္သြင္းႏိုင္ခဲ့လို႔ သူတို႔အတြက္ ၄ ဂိုးေျမာက္နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကလို႔ Zero ကေန Hero ျပန္ျဖစ္ၿပီး နာမည္မပ်က္ခဲ့တာပါ။

တကယ္တမ္းမွာေတာ့ ခ်န္ပီယံနဲ႔ ထိုက္တန္သူေတြက ရႈံးထြက္အဆင့္ကစလို႔ ဗိုလ္လုပြဲ ပင္နယ္တီအထိ ၄ ပြဲစလုံးကို မိနစ္ ၁၂၀ စီ ကစားခဲ့ရၿပီး သုံးပြဲမွာ ဂိုးေပါက္ရွာမေတြ႕ခဲ့တဲ့ အီဂ်စ္အသင္း မဟုတ္ခဲ့ဘူးလို႔ ပရိသတ္ေတြကလည္း ေဝဖန္ခဲ့ၾကၿပီး ဆီနီေဂါတို႔က ထိုက္ထိုက္တန္တန္ပဲ သူတို႔အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံး အာဖရိကဖလားကို ဗိုလ္စြဲခဲ့တာလို႔လည္း ထင္ျမင္ခ်က္ေပးခဲ့ၾကပါတယ္။

ဖိုင္နယ္မွာ ထိပ္တိုက္ေတြ႕ခဲ့ၾကတဲ့ လီဗာပူးလ္ကစားသမားႏွစ္ဦးျဖစ္ၾကတဲ့ ဆာဒီယို မာေနးနဲ႔ မိုဟာမက္ ဆာလားတို႔ကေတာ့ အသင္းနဲ႔ ပူးေပါင္းဖို႔ ႏိုင္ငံကေန ျပန္လာခဲ့ၾကၿပီျဖစ္ေပမယ့္ ၾကာသပေတးေန႔မွာ ကစားမယ့္ လက္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္ကိုေတာ့ ပါဝင္ႏိုင္ေျခ နည္းပါးေနၿပီး လာမယ့္ ဘန္ေလနဲ႔ တနဂၤေႏြေန႔ပြဲစဥ္ကိုမွ ေသခ်ာႏိုင္လိမ့္မယ္လို႔လည္း ခန႔္မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.