Match Report Premier League

ပရီးမီးယားလိဂ္မွာ ၾကမ္းေနခဲ့တဲ့ တန္းတက္အသင္းေတြရဲ႕ ဥေရာပတုိက္ပြဲမွာ ဓားသြားတုိ႔ထက္ရွ

ဒီႏွစ္မွ တန္းတက္လာခဲ့တဲ့ ေဆာ္ဒီပုိင္ ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းနဲ႔ ၿပီးခဲ့တဲ့ႏွစ္က တန္းတက္လာခဲ့တဲ့ တ႐ုတ္ပုိင္ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းတုိ႔ ဥေရာပဝင္ခြင့္အတြက္ တုိက္ပြဲဝင္ခဲ့ၾကရာမွာေတာ့ အိမ္ရွင္ ဘလိတ္ဓားေတြက ထက္ျမက္မွဳကို ျပသႏုိင္ခဲ့ၿပီး တစ္လုံးတည္းေသာ အႏုိင္ဂိုးနဲ႔ သုံးမွတ္ရယူသြားႏုိင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ပြဲစဥ္မွာ အာဆင္နယ္ကို အိမ္ကြင္းမွာ ရွဳံးခဲ့တဲ့ ဝုလ္ဗ္စ္တုိ႔အတြက္ေတာ့ ဒီေန႔ပြဲဟာ ႏွစ္ပြဲဆက္တုိက္ အရွဳံးနဲ႔ ရင္ဆုိင္ခဲ့ရတာျဖစ္ၿပီး တုိက္စစ္က ဂိုးမသြင္းႏုိင္ခဲ့တဲ့ ဒုတိယေျမာက္ပြဲလည္းျဖစ္ခဲ့သလို သူတုိ႔အေနနဲ႔ လူစုံထုတ္ၿပီး တုိက္စစ္ကစားခဲ့ေပမယ့္လည္း ေနာက္က်ဂိုးနဲ႔ အရွဳံးေပးခဲ့ရတာျဖစ္ပါတယ္။

ရွက္ဖီးလ္ဒ္ကေတာ့ ခံစစ္မွာ အိုကြန္နဲလ္ ျပန္ပါလာခဲ့လို႔ အရင္ပြဲေတြလုိပဲ မာေက်ာတဲ့ ပုံစံကို ျပသႏုိင္ခဲ့တဲ့အျပင္ အရပ္အေမာင္းျမင့္မားသူေတြ ေပါမ်ားတဲ့ အသင္းႏွစ္သင္းအေနနဲ႔ အျမင့္ေဘာေတြမွာ သူမသာ ကိုယ္မသာ ယွဥ္ၿပဳိင္ခဲ့ၾကရသလို ခံစစ္ေကာင္းမြန္မွဳေတြေၾကာင့္လည္း တုိက္စစ္မွဴးေတြ ထိထိေရာက္ေရာက္ မၿခိမ္းေျခာက္ႏုိင္ၾကတာကို ေတြ႕ရပါတယ္။

ပထမပုိင္းကို ဂိုးမရွိသေရနဲ႔ ျဖတ္သန္းခဲ့ၾကတဲ့ အသင္းေတြအေနနဲ႔ ဒုတိယပိုင္းမွာလည္း မ်ားမ်ားစားစား ဗ်ဴဟာေျပာင္းလဲခဲ့ၾကျခင္းမရွိဘဲ ခရစၥ ဝိုင္လ္ဒါနဲ႔ ႏူႏိုဆန္တိုတို႔အေနနဲ႔ နည္းစနစ္ပုိင္းထက္ ႀကံ့ခုိင္မွဳပုိင္းခ်င္းပဲ ယွဥ္ခဲ့ၾကသလို ပထမပုိင္းမွာ ဝုလ္ဗ္စ္တုိ႔ ပုိၿပီးတုိက္စစ္ဆင္ႏုိင္ခဲ့သလို ဒုတိယပုိင္း မွာေတာ့ ရွက္ဖီးလ္တုိ႔ ပုိၿပီးၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။

ႀကံ့ခုိင္မွဳေကာင္းၿပီး ခံစစ္ကစားခ်ိန္ေတြမွာ ေဘာင္ထဲကေန လွလွပပ ပညာျပတတ္တဲ့ အသင္းႏွစ္သင္းအေနနဲ႔ ဒီေန႔ပြဲမွာ တန္ျပန္တုိက္စစ္ေတြကို ဒိုင္လူႀကီးရဲ႕ မ်က္စိေအာက္မွာပဲ Tactical Foul ေတြနဲ႔ ႐ိုက္ခ်ဳိးခဲ့ၾကၿပီး အဒါမာ ထရာအုိေရးကို ထိန္းရတဲ့ ရွက္ဖီးလ္ဒ္ဘက္ကေတာ့ အိုကြန္နဲလ္နဲ႔ စတီဗင္စ္တုိ႔ အဝါထိခဲ့ၾကပါတယ္။

ပြဲကေတာ့ ပရီးမီးယားလိဂ္ပြဲတစ္ပြဲထက္ ခ်န္ပီယံရွစ္ၿပဳိင္ဘက္ေဟာင္းခ်င္း ေတြ႕ဆုံေနတာမို႔ ခ်န္ပီယံရွစ္နဲ႔ေတာင္ ပိုတူေနခဲ့ၿပီး အိမ္ရွင္တုိ႔ ပြဲၿပီးခါနီးမွာ ပုိအားထည့္လာခဲ့သလို ဧည့္သည္ေတြကေတာ့ ထရာအုိေရးကို ထုတ္ၿပီး ကြင္းလယ္လူ ဒန္ဒြန္႔ကာကို ထည့္သြင္းၿပီး ခံစစ္ကို ပုိမိုအားျပဳခဲ့ပါတယ္။

ပြဲခ်ိန္ ၉၃ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ကံေကာင္းခဲ့ၿပီး ေထာင့္ကန္ေဘာကို ကြင္းလယ္လူ ေနာ္ဝုဒ္ကန္တင္ေပးတာကို ေနာက္က ေျပးဝင္လာတဲ့ ရွက္ဖီးလ္ဒ္ေနာက္ခံလူ အီဂန္က သူ႕ထက္ အရပ္ရွည္တဲ့ ဧည့္သည္ေနာက္ခံလူ ဘုိလီထက္ ပုိခုန္ၿပီး ေခါင္းတုိက္သြင္းႏုိင္ခဲ့လုိ႔ ေနာက္ဆုံးအခ်ိန္မွာ ဘလိတ္ဓားေတြ ထက္ရွခဲ့ၿပီး အဆင့္ ၆ မွာ ရပ္တည္ေနတဲ့ ဝုလ္ဗ္စ္တုိ႔ထက္ တစ္မွတ္သာ ေလ်ာ့နည္းတဲ့ အေနအထားနဲ႔ အဆင့္ ၇ ကို တက္လွမ္းႏုိင္ခဲ့ပါတယ္။

ဒီပြဲရဲ႕ ရလဒ္ေၾကာင့္ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္ကို ယွဥ္ၿပဳိင္ေနၾကတဲ့ အုပ္စုႏွစ္စု ကြဲထြက္သြားခဲ့ၿပီး အဆင့္ ၃ ကေန အဆင့္ ၅ အထိ အသီးသီးရပ္တည္ေနခဲ့တဲ့ ခ်ဲလ္ဆီး၊ လက္စတာနဲ႔ မန္ယူတုိ႔က မန္စီးတီးရဲ႕ ျပစ္ဒဏ္ေရာက္လာရင္ အခြင့္ေကာင္းယူႏုိင္မယ့္ ပုံစံေတြမွာ ရွိေနခဲ့သလို အဆင့္ ၆ ကေန အဆင့္ ၁၀ အထိ ရပ္တည္ေနၾကတဲ့ ဝုလ္ဗ္စ္၊ ရွက္ဖီးလ္ဒ္၊ အာဆင္နယ္၊ ဘန္ေလ၊ စပါးစ္တုိ႔က ယူ႐ိုပါလိဂ္ အတြက္ ယွဥ္ၿပဳိင္ရမယ့္ အေနအထားကို ေရာက္ရွိသြားခဲ့ၿပီျဖစ္ေၾကာင္း သုံးသပ္တင္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနှစ်မှ တန်းတက်လာခဲ့တဲ့ ဆော်ဒီပိုင် ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းနဲ့ ပြီးခဲ့တဲ့နှစ်က တန်းတက်လာခဲ့တဲ့ တရုတ်ပိုင် ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းတို့ ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြရာမှာတော့ အိမ်ရှင် ဘလိတ်ဓားတွေက ထက်မြက်မှုကို ပြသနိုင်ခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ သုံးမှတ်ရယူသွားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ ဝုလ်ဗ်စ်တို့အတွက်တော့ ဒီနေ့ပွဲဟာ နှစ်ပွဲဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး တိုက်စစ်က ဂိုးမသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက်ပွဲလည်းဖြစ်ခဲ့သလို သူတို့အနေနဲ့ လူစုံထုတ်ပြီး တိုက်စစ်ကစားခဲ့ပေမယ့်လည်း နောက်ကျဂိုးနဲ့ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ရှက်ဖီးလ်ဒ်ကတော့ ခံစစ်မှာ အိုကွန်နဲလ် ပြန်ပါလာခဲ့လို့ အရင်ပွဲတွေလိုပဲ မာကျောတဲ့ ပုံစံကို ပြသနိုင်ခဲ့တဲ့အပြင် အရပ်အမောင်းမြင့်မားသူတွေ ပေါများတဲ့ အသင်းနှစ်သင်းအနေနဲ့ အမြင့်ဘောတွေမှာ သူမသာ ကိုယ်မသာ ယှဉ်ပြိုင်ခဲ့ကြရသလို ခံစစ်ကောင်းမွန်မှုတွေကြောင့်လည်း တိုက်စစ်မှူးတွေ ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ကြတာကို တွေ့ရပါတယ်။

ပထမပိုင်းကို ဂိုးမရှိသရေနဲ့ ဖြတ်သန်းခဲ့ကြတဲ့ အသင်းတွေအနေနဲ့ ဒုတိယပိုင်းမှာလည်း များများစားစား ဗျူဟာပြောင်းလဲခဲ့ကြခြင်းမရှိဘဲ ခရစ္စ ဝိုင်လ်ဒါနဲ့ နူနိုဆန်တိုတို့အနေနဲ့ နည်းစနစ်ပိုင်းထက် ကြံ့ခိုင်မှုပိုင်းချင်းပဲ ယှဉ်ခဲ့ကြသလို ပထမပိုင်းမှာ ဝုလ်ဗ်စ်တို့ ပိုပြီးတိုက်စစ်ဆင်နိုင်ခဲ့သလို ဒုတိယပိုင်း မှာတော့ ရှက်ဖီးလ်တို့ ပိုပြီးခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ကြံ့ခိုင်မှုကောင်းပြီး ခံစစ်ကစားချိန်တွေမှာ ဘောင်ထဲကနေ လှလှပပ ပညာပြတတ်တဲ့ အသင်းနှစ်သင်းအနေနဲ့ ဒီနေ့ပွဲမှာ တန်ပြန်တိုက်စစ်တွေကို ဒိုင်လူကြီးရဲ့ မျက်စိအောက်မှာပဲ Tactical Foul တွေနဲ့ ရိုက်ချိုးခဲ့ကြပြီး အဒါမာ ထရာအိုရေးကို ထိန်းရတဲ့ ရှက်ဖီးလ်ဒ်ဘက်ကတော့ အိုကွန်နဲလ်နဲ့ စတီဗင်စ်တို့ အဝါထိခဲ့ကြပါတယ်။

ပွဲကတော့ ပရီးမီးယားလိဂ်ပွဲတစ်ပွဲထက် ချန်ပီယံရှစ်ပြိုင်ဘက်ဟောင်းချင်း တွေ့ဆုံနေတာမို့ ချန်ပီယံရှစ်နဲ့တောင် ပိုတူနေခဲ့ပြီး အိမ်ရှင်တို့ ပွဲပြီးခါနီးမှာ ပိုအားထည့်လာခဲ့သလို ဧည့်သည်တွေကတော့ ထရာအိုရေးကို ထုတ်ပြီး ကွင်းလယ်လူ ဒန်ဒွန့်ကာကို ထည့်သွင်းပြီး ခံစစ်ကို ပိုမိုအားပြုခဲ့ပါတယ်။

ပွဲချိန် ၉၃ မိနစ်မှာတော့ အိမ်ရှင်တွေ ကံကောင်းခဲ့ပြီး ထောင့်ကန်ဘောကို ကွင်းလယ်လူ နော်ဝုဒ်ကန်တင်ပေးတာကို နောက်က ပြေးဝင်လာတဲ့ ရှက်ဖီးလ်ဒ်နောက်ခံလူ အီဂန်က သူ့ထက် အရပ်ရှည်တဲ့ ဧည့်သည်နောက်ခံလူ ဘိုလီထက် ပိုခုန်ပြီး ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ နောက်ဆုံးအချိန်မှာ ဘလိတ်ဓားတွေ ထက်ရှခဲ့ပြီး အဆင့် ၆ မှာ ရပ်တည်နေတဲ့ ဝုလ်ဗ်စ်တို့ထက် တစ်မှတ်သာ လျော့နည်းတဲ့ အနေအထားနဲ့ အဆင့် ၇ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ ရလဒ်ကြောင့် ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကို ယှဉ်ပြိုင်နေကြတဲ့ အုပ်စုနှစ်စု ကွဲထွက်သွားခဲ့ပြီး အဆင့် ၃ ကနေ အဆင့် ၅ အထိ အသီးသီးရပ်တည်နေခဲ့တဲ့ ချဲလ်ဆီး၊ လက်စတာနဲ့ မန်ယူတို့က မန်စီးတီးရဲ့ ပြစ်ဒဏ်ရောက်လာရင် အခွင့်ကောင်းယူနိုင်မယ့် ပုံစံတွေမှာ ရှိနေခဲ့သလို အဆင့် ၆ ကနေ အဆင့် ၁၀ အထိ ရပ်တည်နေကြတဲ့ ဝုလ်ဗ်စ်၊ ရှက်ဖီးလ်ဒ်၊ အာဆင်နယ်၊ ဘန်လေ၊ စပါးစ်တို့က ယူရိုပါလိဂ် အတွက် ယှဉ်ပြိုင်ရမယ့် အနေအထားကို ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.