Match Report Premier League

အိမ္ကြင္းမွာ တန္းဆင္းဇုန္က လြတ္ဖို႔ အခြင့္အေရး မယူႏုိင္တဲ့ ဟမ္းမားတို႔ ဘန္ေလကို ရွဳံးနိမ့္

ခ်န္ပီယံရွစ္ကို သြားဖို႔ အနီးစပ္ဆုံး တန္းဆင္းဇုန္အသင္းသုံးသင္းအျဖစ္ အက္စ္တန္ဗီလာ၊ ဘုန္းေမာက္နဲ႔ ေနာ့ဝစ္ခ်္တုိ႔ သုံးသင္းက ေနရာေဟာင္းဆီ ျပန္ဖို႔ တာစူေနခ်ိန္မွာ သူတုိ႔ေတြနဲ႔ ျပတ္ျပတ္သားသား ခြဲျခားထားႏုိင္မယ့္ အခြင့္အေရးကို ဒီတစ္ပတ္မွာ ဝက္စ္ဟမ္းတုိ႔ မဆုပ္ကိုင္ႏိုင္ခဲ့ဘဲ အိမ္ကြင္းမွာ ယူ႐ိုပါလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ရွိေနတဲ့ ဘန္ေလကို အရွဳံးေပးခဲ့ရပါတယ္။

ဒဏ္ရာကေန တုိက္စစ္မွဴး ဟဲလား ျပန္လည္သက္သာလာေပမယ့္ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြဳိက္စ္အေနနဲ႔ အန္တိုနီယိုကိုပဲ အေထာင္မွာ ဆက္သုံးခဲ့ၿပီး ကြင္းလယ္စုဖြဲ႕မွဳနဲ႔ ကစားလာခဲ့ေပမယ့္ ဘယ္သန္ေတာင္ပံကစားသမားႏွစ္ေယာက္ျဖစ္တဲ့ ယာမိုလန္ကိုနဲ႔ ဘုိဝင္တုိ႔ကို တစ္ၿပဳိင္တည္း ထည့္သုံးခဲ့တဲ့ ဆုံးျဖတ္ခ်က္ မွားယြင္းခဲ့တာေၾကာင့္ ထိုးေဖာက္မွဳေတြက ထင္သေလာက္ အဆင္မေျပခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ေနာက္ဆုံးႏွစ္ပြဲဆက္တုိက္ ဂိုးသြင္းယူထားခဲ့တဲ့ ခ်က္ကြင္းလယ္လူ ဆူးခ်က္ရဲ႕ အပိုင္အခြင့္အေရးကို နစ္ခ္ ပုပ္ ကာကြယ္သြားႏုိင္ခဲ့လို႔ အိမ္ရွင္ ဟမ္းမားေတြ နစ္နာခဲ့ရၿပီး တည္ကန္ေဘာေတြမွာေတာ့ အျမင့္ေဘာေကာင္းတဲ့ ဘန္ေလတုိ႔ကို အလြယ္တကူ မထိုးေဖာက္ႏုိင္ဘဲလည္းရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ဘယ္ေတာင္ပံက ခ်ာလီ ေတလာရဲ႕ အျမင့္ေဘာ ျဖတ္တင္မွဳကို အရပ္အေမာင္းနိမ့္တဲ့ ခရက္စ္ဝဲလ္ ေခါင္းခုန္တုိက္ဖို႔ ေနာက္က်ေနခဲ့တာကို အခြင့္ေကာင္းယူၿပီး ဘန္ေလတုိက္စစ္မွဴး ေဂ်း ႐ိုဒရီဂြက္ဇ္က ေျပးဝင္ေခါင္းတုိက္ခဲ့ရာမွာ ဘားတန္းကို ထိၿပီး ဝင္သြားခဲ့လို႔ ဝက္စ္ဟမ္းဂိုးသမား ဖာဘီယန္စကီး မကာကြယ္ႏုိင္ခဲ့ဘဲ ဂိုးေပးခဲ့ရပါတယ္။

ဒီဂုိးေနာက္ပုိင္း ပြဲခ်ိန္တစ္ေလွ်ာက္လုံးမွာေတာ့ ဝက္စ္ဟမ္းတုိ႔ ဖိကစားခဲ့ေပမယ့္ အန္တုိနီယို၊ ယာမိုလန္ကို၊ ဟဲလားတုိ႔ရဲ႕ အပုိင္အခြင့္အေရးေတြကို နစ္ခ္ ပုပ္ ကာကြယ္သြားႏုိင္ခဲ့သလို ခရစၥ ဝုဒ္ရဲ႕ အခြင့္အေရးေတြကိုလည္း ဖာဘီယန္စကီးကာကြယ္သြားႏုိင္ခဲ့လုိ႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး ဝက္စ္ဟမ္းတုိ႔ အဆင့္ ၁၆ မွာ တန္းဆင္းဇုန္က စိတ္မခ်ရေသးခ်ိန္မွာ ဘန္ေလကေတာ့ အဆင့္ ၉ မွာ ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ ႀကဳိးစားႏုိင္ခြင့္ ရွိေနၿပီျဖစ္ေၾကာင္း ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချန်ပီယံရှစ်ကို သွားဖို့ အနီးစပ်ဆုံး တန်းဆင်းဇုန်အသင်းသုံးသင်းအဖြစ် အက်စ်တန်ဗီလာ၊ ဘုန်းမောက်နဲ့ နော့ဝစ်ချ်တို့ သုံးသင်းက နေရာဟောင်းဆီ ပြန်ဖို့ တာစူနေချိန်မှာ သူတို့တွေနဲ့ ပြတ်ပြတ်သားသား ခွဲခြားထားနိုင်မယ့် အခွင့်အရေးကို ဒီတစ်ပတ်မှာ ဝက်စ်ဟမ်းတို့ မဆုပ်ကိုင်နိုင်ခဲ့ဘဲ အိမ်ကွင်းမှာ ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ ဘန်လေကို အရှုံးပေးခဲ့ရပါတယ်။

ဒဏ်ရာကနေ တိုက်စစ်မှူး ဟဲလား ပြန်လည်သက်သာလာပေမယ့် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်အနေနဲ့ အန်တိုနီယိုကိုပဲ အထောင်မှာ ဆက်သုံးခဲ့ပြီး ကွင်းလယ်စုဖွဲ့မှုနဲ့ ကစားလာခဲ့ပေမယ့် ဘယ်သန်တောင်ပံကစားသမားနှစ်ယောက်ဖြစ်တဲ့ ယာမိုလန်ကိုနဲ့ ဘိုဝင်တို့ကို တစ်ပြိုင်တည်း ထည့်သုံးခဲ့တဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့တာကြောင့် ထိုးဖောက်မှုတွေက ထင်သလောက် အဆင်မပြေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

နောက်ဆုံးနှစ်ပွဲဆက်တိုက် ဂိုးသွင်းယူထားခဲ့တဲ့ ချက်ကွင်းလယ်လူ ဆူးချက်ရဲ့ အပိုင်အခွင့်အရေးကို နစ်ခ် ပုပ် ကာကွယ်သွားနိုင်ခဲ့လို့ အိမ်ရှင် ဟမ်းမားတွေ နစ်နာခဲ့ရပြီး တည်ကန်ဘောတွေမှာတော့ အမြင့်ဘောကောင်းတဲ့ ဘန်လေတို့ကို အလွယ်တကူ မထိုးဖောက်နိုင်ဘဲလည်းရှိခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ဘယ်တောင်ပံက ချာလီ တေလာရဲ့ အမြင့်ဘော ဖြတ်တင်မှုကို အရပ်အမောင်းနိမ့်တဲ့ ခရက်စ်ဝဲလ် ခေါင်းခုန်တိုက်ဖို့ နောက်ကျနေခဲ့တာကို အခွင့်ကောင်းယူပြီး ဘန်လေတိုက်စစ်မှူး ဂျေး ရိုဒရီဂွက်ဇ်က ပြေးဝင်ခေါင်းတိုက်ခဲ့ရာမှာ ဘားတန်းကို ထိပြီး ဝင်သွားခဲ့လို့ ဝက်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီး မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပါတယ်။

ဒီဂိုးနောက်ပိုင်း ပွဲချိန်တစ်လျှောက်လုံးမှာတော့ ဝက်စ်ဟမ်းတို့ ဖိကစားခဲ့ပေမယ့် အန်တိုနီယို၊ ယာမိုလန်ကို၊ ဟဲလားတို့ရဲ့ အပိုင်အခွင့်အရေးတွေကို နစ်ခ် ပုပ် ကာကွယ်သွားနိုင်ခဲ့သလို ခရစ္စ ဝုဒ်ရဲ့ အခွင့်အရေးတွေကိုလည်း ဖာဘီယန်စကီးကာကွယ်သွားနိုင်ခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဝက်စ်ဟမ်းတို့ အဆင့် ၁၆ မှာ တန်းဆင်းဇုန်က စိတ်မချရသေးချိန်မှာ ဘန်လေကတော့ အဆင့် ၉ မှာ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ကြိုးစားနိုင်ခွင့် ရှိနေပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.