Match Report Premier League

အရင္ေလာက္ မေကာင္းေပမယ့္လည္း အေဝးကြင္းႏုိင္ပြဲတစ္ပြဲကို ထပ္ေပါင္းထည့္ခဲ့တဲ့ လီဗာပူးလ္

ဒီေန႔ပြဲမွာေတာ့ လီဗာပူးလ္အသင္းဟာ တုိက္စစ္မွာ ဆာဒီယို မာေနးကို ခ်န္လွပ္ထားခဲ့သလို ဘယ္ေတာင္ပံခံစစ္မွာလည္း နီကို ဝီလီယမ္စ္ကို သုံးစြဲသြားခဲ့ၿပီး ေရာဘတ္ဆန္ကို အနားေပးခဲ့ေပမယ့္ က်န္တဲ့ ကစားသမား အစုံအလင္နဲ႔ ပြဲထြက္လာခဲ့ၿပီး ဘ႐ိုက္တန္ကြင္းမွာ ႏုိင္ပြဲတစ္ပြဲကို ထပ္ၿပီး စာရင္းထဲ ထည့္ႏုိင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာပဲ ခ်န္ပီယံသစ္အသင္းအေနနဲ႔ ေစာေစာစီးစီး ဂိုးစရခဲ့ၿပီး ဘ႐ိုက္တန္ေနာက္တန္းနဲ႔ ဂိုးသမားတုိ႔ရဲ႕ ပုံစံသိပ္မက်တဲ့ Build-up Play ကေန ဂိုးသမား ႐ိုင္ယန္ ေပးလုိက္တဲ့ ေဘာလုံးကို လီဗာပူးလ္ရဲ႕ ကီတာက ျဖတ္ယူသြားခဲ့ၿပီး ညာျခမ္းကို ျပန္ထည့္ေပးခဲ့တာကို ဖာမီႏိုက ေရွာင္ေပးခဲ့တာကေန တုိက္စစ္မွဴး မိုဟာမက္ ဆာလားက ကန္သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ဘ႐ိုက္တန္တုိ႔ကေတာ့ ကိုယ္မကၽြမ္းက်င္တဲ့ ေဘာလုံးကိုင္ေဆာင္မွဳေတြကို ဆက္လက္ျပဳလုပ္ခဲ့ၿပီး ႏွစ္မိနစ္အၾကာမွာပဲ ဂိုးထပ္မံေပးခဲ့ရသလို ဒီတစ္ခါမွာလည္း ကြင္းလယ္ကေန ကီတာျပန္ဖ်က္ပုိ႔ခဲ့တာကို ဖာမီႏိုက ဆာလားဆီ ခ်ေပးခဲ့တာမွာ ဆာလားက ေနာက္က ေျပးတက္လာခဲ့တဲ့ ဟန္ဒါဆန္ဆီ ပုိ႔ေပးတာကို အသင္းေခါင္းေဆာင္က အမွားအယြင္းမရွိဘဲ ဂိုးသမားရဲ႕ ညာဘက္ေထာင့္ကို ကန္သြင္းၿပီး ဒုတိယဂိုးရယူႏုိင္ခဲ့တာပါ။

ဒီေန႔ပြဲမွာ လီဗာပူးလ္တုိ႔အေနနဲ႔ ပရီးမီးယားလိဂ္ေရႊဖိနပ္ကို သုံးရာသီဆက္တုိက္ရယူဖို႔ ႀကဳိးစားေနတဲ့ ဆာလားအတြက္ အဓိက ဖန္တီးေပးခဲ့ၾကၿပီး ပံ့ပိုးမွဳ ေကာင္းခဲ့ၾကေပမယ့္ ခံစစ္ပုိင္းကေတာ့ အရင္လို မဟုတ္ေတာ့ဘဲ ဗန္ဒိုက္နဲ႔ ဂ်ဳိးဂိုမက္ဇ္တို႔ၾကားမွာ နားလည္မွဳ လြဲမွားေနၿပီး ဘ႐ိုက္တန္ရဲ႕ လ်င္ျမန္တဲ့ ေရွ႕တန္းေတြက ဖိအားေပးမွဳကို မၾကာခဏ ခံခဲ့ရပါတယ္။

ဆာလား၊ ဖာမီႏိုနဲ႔ ခ်ိမ္ဘာလိန္တို႔ ထိုးေဖာက္မွဳေတြ ဂိုးမျဖစ္ခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ဘ႐ိုက္တန္ရဲ႕ လူငယ္ေနာက္ခံလူ လမ့္ပ္ေတရဲ႕ ျဖတ္တင္ေပးပုိ႔မွဳကို လီဗာပူးလ္ခံစစ္ ေနရာယူပုံ က်ဳိးတုိးက်ဲတဲျဖစ္ေနတာကေန ဘယ္ေတာင္ပံတိုက္စစ္မွဴး ထေရာ့ဆတ္က သူ႕ရဲ႕ ႏွစ္ပြဲဆက္တုိက္ ပရီးမီးယားလိဂ္ဂိုးအျဖစ္သြင္းယူၿပီး ေခ်ပႏိုင္ခဲ့လုိ႔ ပထမပုိင္းမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဘ႐ိုက္တန္တုိ႔အေနနဲ႔ က်စ္လ်စ္မာေက်ာမွဳ အရင္လိုမရွိတဲ့ လီဗာပူးလ္ခံစစ္ကို ျဖတ္တင္ေဘာေတြနဲ႔ ေခါင္းတိုက္ခ်က္ေတြကေန အႀကိမ္ႀကိမ္ ဖိအားေပးေနခဲ့ၿပီး ပြဲခ်ိန္ ၅၉ မိနစ္မွာ ပရီးမီးယားလိဂ္ရဲ႕ အရပ္အရွည္ဆုံး ဘယ္ေနာက္ခံလူ အရပ္ ၆ ေပ ၇ လက္မ ျမင့္မားတဲ့ ဒန္ဘန္းစ္ရဲ႕ အပိုင္ေခါင္းတုိက္ခ်က္ ဂိုးတိုင္ေဘးက ထြက္သြားခဲ့လုိ႔သာ ခံသာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ညာေထာင့္ကန္ေဘာကို လူစားဝင္ေနာက္ခံလူ ေရာဘတ္ဆန္ ကန္ပုိ႔ေပးတာကေန ဆာလားကပဲ လမ့္ပ္ေတရဲ႕ မပီျပင္တဲ့ လူကပ္ပုံကေန ေျပးထြက္ၿပီး ေခါင္းတုိက္ယူသြားခဲ့လုိ႔ လီဗာပူးလ္တုိ႔ တတိယဂိုးရရွိခဲ့ၿပီး သုံးဂိုး-တစ္ဂိုးနဲ႔ အေမရိကန္ အိတ္စ္ပရက္စ္ကြင္းမွာ ႏုိင္ပြဲရယူသြားႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ႏုိင္ပြဲနဲ႔အတူ သြင္းဂိုးႏွစ္ဂိုးရရွိသြားခဲ့တဲ့ ဆာလားကေတာ့ ပရီးမီးယားလိဂ္မွာ ဒီရာသီအတြက္ သြင္းဂိုး ၁၉ ဂိုး ပုိင္ဆုိင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဂိုးသြင္းဘုရင္ဆုအတြက္ေတာ့ ၂၂ ဂိုးသြင္းယူထားခဲ့တဲ့ ဗာဒီနဲ႔ ဂိုး ၂၀ ရရွိထားခဲ့တဲ့ အူဘာမီယန္းတုိ႔နဲ႔ ယွဥ္ၿပဳိင္ႏုိင္မယ့္ လမ္းေၾကာင္းေပၚကို ေရာက္ရွိ လာခဲ့ၿပီး ဒီဆုကို သုံးႏွစ္ဆက္ရယူႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာတော့ လီဗာပူးလ်အသင်းဟာ တိုက်စစ်မှာ ဆာဒီယို မာနေးကို ချန်လှပ်ထားခဲ့သလို ဘယ်တောင်ပံခံစစ်မှာလည်း နီကို ဝီလီယမ်စ်ကို သုံးစွဲသွားခဲ့ပြီး ရောဘတ်ဆန်ကို အနားပေးခဲ့ပေမယ့် ကျန်တဲ့ ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဘရိုက်တန်ကွင်းမှာ နိုင်ပွဲတစ်ပွဲကို ထပ်ပြီး စာရင်းထဲ ထည့်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅ မိနစ်မှာပဲ ချန်ပီယံသစ်အသင်းအနေနဲ့ စောစောစီးစီး ဂိုးစရခဲ့ပြီး ဘရိုက်တန်နောက်တန်းနဲ့ ဂိုးသမားတို့ရဲ့ ပုံစံသိပ်မကျတဲ့ Build-up Play ကနေ ဂိုးသမား ရိုင်ယန် ပေးလိုက်တဲ့ ဘောလုံးကို လီဗာပူးလ်ရဲ့ ကီတာက ဖြတ်ယူသွားခဲ့ပြီး ညာခြမ်းကို ပြန်ထည့်ပေးခဲ့တာကို ဖာမီနိုက ရှောင်ပေးခဲ့တာကနေ တိုက်စစ်မှူး မိုဟာမက် ဆာလားက ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဘရိုက်တန်တို့ကတော့ ကိုယ်မကျွမ်းကျင်တဲ့ ဘောလုံးကိုင်ဆောင်မှုတွေကို ဆက်လက်ပြုလုပ်ခဲ့ပြီး နှစ်မိနစ်အကြာမှာပဲ ဂိုးထပ်မံပေးခဲ့ရသလို ဒီတစ်ခါမှာလည်း ကွင်းလယ်ကနေ ကီတာပြန်ဖျက်ပို့ခဲ့တာကို ဖာမီနိုက ဆာလားဆီ ချပေးခဲ့တာမှာ ဆာလားက နောက်က ပြေးတက်လာခဲ့တဲ့ ဟန်ဒါဆန်ဆီ ပို့ပေးတာကို အသင်းခေါင်းဆောင်က အမှားအယွင်းမရှိဘဲ ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းပြီး ဒုတိယဂိုးရယူနိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ လီဗာပူးလ်တို့အနေနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ကို သုံးရာသီဆက်တိုက်ရယူဖို့ ကြိုးစားနေတဲ့ ဆာလားအတွက် အဓိက ဖန်တီးပေးခဲ့ကြပြီး ပံ့ပိုးမှု ကောင်းခဲ့ကြပေမယ့် ခံစစ်ပိုင်းကတော့ အရင်လို မဟုတ်တော့ဘဲ ဗန်ဒိုက်နဲ့ ဂျိုးဂိုမက်ဇ်တို့ကြားမှာ နားလည်မှု လွဲမှားနေပြီး ဘရိုက်တန်ရဲ့ လျင်မြန်တဲ့ ရှေ့တန်းတွေက ဖိအားပေးမှုကို မကြာခဏ ခံခဲ့ရပါတယ်။

ဆာလား၊ ဖာမီနိုနဲ့ ချိမ်ဘာလိန်တို့ ထိုးဖောက်မှုတွေ ဂိုးမဖြစ်ခဲ့ချိန်မှာ ပွဲချိန် ၄၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘရိုက်တန်ရဲ့ လူငယ်နောက်ခံလူ လမ့်ပ်တေရဲ့ ဖြတ်တင်ပေးပို့မှုကို လီဗာပူးလ်ခံစစ် နေရာယူပုံ ကျိုးတိုးကျဲတဲဖြစ်နေတာကနေ ဘယ်တောင်ပံတိုက်စစ်မှူး ထရော့ဆတ်က သူ့ရဲ့ နှစ်ပွဲဆက်တိုက် ပရီးမီးယားလိဂ်ဂိုးအဖြစ်သွင်းယူပြီး ချေပနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဘရိုက်တန်တို့အနေနဲ့ ကျစ်လျစ်မာကျောမှု အရင်လိုမရှိတဲ့ လီဗာပူးလ်ခံစစ်ကို ဖြတ်တင်ဘောတွေနဲ့ ခေါင်းတိုက်ချက်တွေကနေ အကြိမ်ကြိမ် ဖိအားပေးနေခဲ့ပြီး ပွဲချိန် ၅၉ မိနစ်မှာ ပရီးမီးယားလိဂ်ရဲ့ အရပ်အရှည်ဆုံး ဘယ်နောက်ခံလူ အရပ် ၆ ပေ ၇ လက်မ မြင့်မားတဲ့ ဒန်ဘန်းစ်ရဲ့ အပိုင်ခေါင်းတိုက်ချက် ဂိုးတိုင်ဘေးက ထွက်သွားခဲ့လို့သာ ခံသာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ညာထောင့်ကန်ဘောကို လူစားဝင်နောက်ခံလူ ရောဘတ်ဆန် ကန်ပို့ပေးတာကနေ ဆာလားကပဲ လမ့်ပ်တေရဲ့ မပီပြင်တဲ့ လူကပ်ပုံကနေ ပြေးထွက်ပြီး ခေါင်းတိုက်ယူသွားခဲ့လို့ လီဗာပူးလ်တို့ တတိယဂိုးရရှိခဲ့ပြီး သုံးဂိုး-တစ်ဂိုးနဲ့ အမေရိကန် အိတ်စ်ပရက်စ်ကွင်းမှာ နိုင်ပွဲရယူသွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ နိုင်ပွဲနဲ့အတူ သွင်းဂိုးနှစ်ဂိုးရရှိသွားခဲ့တဲ့ ဆာလားကတော့ ပရီးမီးယားလိဂ်မှာ ဒီရာသီအတွက် သွင်းဂိုး ၁၉ ဂိုး ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပြီး ဂိုးသွင်းဘုရင်ဆုအတွက်တော့ ၂၂ ဂိုးသွင်းယူထားခဲ့တဲ့ ဗာဒီနဲ့ ဂိုး ၂၀ ရရှိထားခဲ့တဲ့ အူဘာမီယန်းတို့နဲ့ ယှဉ်ပြိုင်နိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်ရှိ လာခဲ့ပြီး ဒီဆုကို သုံးနှစ်ဆက်ရယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.