Match Report Premier League

ေနာက္ထပ္ဂိုးျပတ္ႏုိင္ပြဲတစ္ပြဲနဲ႔ ဒုတိယေနရာကို ခုိင္မာေစတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအတြက္ကေတာ့ ခ်န္ပီယံဆုကို လက္လႊတ္ခဲ့ရအၿပီးမွာ သူတုိ႔ရဲ႕ ဒုတိယေနရာကို ခိုင္မာေစဖို႔နဲ႔ ဂုဏ္သိကၡာအရ သူတုိ႔ရဲ႕ ကစားဟန္ပုိင္း ေကာင္းမြန္မွဳကို ျပသႏုိင္ဖို႔ ရည္ရြယ္ေနပုံရၿပီး ၿပီးခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲက ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ခဲ့ရမွဳကို ကုစားဖို႔ ဒီေန႔ပြဲမွာ တုိက္စစ္ပုိင္းကို လူစုံထုတ္ ခင္းက်င္းလာခဲ့ၿပီး အသင္းေခါင္းေဆာင္ ေဒးဗစ္ ေဆးလ္ဗားလည္း ပါဝင္လာခဲ့ပါတယ္။

အစ္တီဟတ္မွာ တုိက္စစ္ဖြင့္ကစားခဲ့တဲ့ မန္စီးတီးတို႔ ေစာေစာစီးစီးမွာပဲ ဂိုးစရခဲ့ၿပီး ပြဲခ်ိန္ ၁၀ မိနစ္မွာ ဘယ္ေတာင္ပံကေန ေဒးဗစ္ ေဆးလ္ဗား ဆြဲယူလာၿပီး Cut Back ျပန္ခ်ဳိးေပးတာကို နယူးကာဆယ္လ္ေနာက္ခံလူေတြနဲ႔ ယွဥ္ေျပးၿပီး မသိမသာ ေနာက္ခ်န္ေစာင့္ေနခဲ့တဲ့ ေဂ်ဆူးစ္က အသာအယာပိတ္သြင္းၿပီး အဖြင့္ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ဘယ္ေတာင္ပံကေန ဖိုဒန္ ေမွ်ာေပးလုိက္တဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားက ေျပးထြက္ၿပီး အလယ္ကို ျပန္ခ်ဳိးေပးတာကေန ေဂ်ဆူးစ္ေနာက္ကို ေနာက္ခံလူေတြ ပါသြားလို႔ မာကင္လြတ္ေနတဲ့ မာရက္ဇ္က ကန္သြင္းၿပီး ဒီရာသီမွာ သူ႕အတြက္ ၁၀ ဂိုးေျမာက္ ပရီးမီးယားလိဂ္ဂိုးကို သြင္းယူႏုိင္ခဲ့သလို ဒီဘ႐ိုင္းနားအတြက္လည္း ၁၈ ဂိုးေျမာက္ ဖန္တီးမွဳျဖစ္ခဲ့ပါတယ္။

ပထမပုိင္းမွာေတာ့ မန္စီးတီးတုိ႔ အခြင့္အေရးေတြ ထပ္ရခဲ့ေပမယ့္ ပိုင္ပုိင္ႏုိင္ႏုိင္ အဆုံးသတ္ႏုိင္ျခင္းမရွိတာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ဒုတိယပုိင္းပြဲခ်ိန္ ၆၁ မိနစ္မွာမွ နယူးကာဆယ္လ္ေနာက္ခံလူ ရစ္ခ်ီ ဖ်က္ထုတ္ကို ဖာနန္ဒက္ဇ္နဲ႔ ထိၿပီး ဂိုးထဲ ဝင္သြားခဲ့လုိ႔ မန္စီးတီးတုိ႔ တတိယဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ေဒးဗစ္ ေဆးလ္ဗားက နယူးကာဆယ္လ္ဂိုးဧရိယာထိပ္မွာ ရရွိခဲ့တဲ့ ျပစ္ဒဏ္ေဘာကေန ဖရီးကစ္ကို ဒီဘ႐ိုင္းနား ကန္မလို အေယာင္ျပေနတုန္းမွာ လွ်ပ္တစ္ျပက္ ကန္သြင္းယူခဲ့ၿပီး ဂိုးသမား ဒူဘရက္ဗ္ကာကို မ်က္စိလည္ေစခဲ့သလို အသင္းအတြက္ စတုတၳဂိုးကို ရယူႏုိင္ခဲ့ၿပီး ဒီေန႔ပြဲအတြက္ အေကာင္းဆုံးဆုကိုလည္း ရရွိခဲ့ပါတယ္။

ေလးဂိုး-ဂိုးမရွိရလဒ္နဲ႔ပဲ ပြဲၿပီးေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ ပြဲခ်ိန္ ၉၁ မိနစ္မွာေတာ့ ေဂ်ဆူးစ္ေနရာမွာ လူစားဝင္ကစားတဲ့ စတာလင္က တန္ျပန္တုိက္စစ္ကေန ေဒးဗစ္ ေဆးလ္ဗား ဖန္တီးေပးခဲ့တဲ့ ေဘာလုံးကို ဂိုးသမားနဲ႔ ေနာက္ခံလူေတြၾကားက တည္တည္ၿငိမ္ၿငိမ္နဲ႔ ဟာကြက္ၾကားကို ကန္သြင္းသြားခဲ့လုိ႔ ငါးဂိုး-ဂိုးမရွိနဲ႔ ပြဲက ၿပီးဆုံးခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ အမွတ္အသည္းအသန္ လိုအပ္ျခင္းမရွိတဲ့ အသင္းႏွစ္သင္းအေနနဲ႔ အရမ္းျပင္းျပင္းထန္ထန္ အားထုတ္ကစားပုံမ်ဳိးကိုလည္း မေတြ႕ခဲ့ရဘဲ ပြဲအၿပီးမွာေတာ့ မန္စီးတီးတုိ႔ ဒုတိယေနရာကို ပိုမိုခိုင္မာေစဖို႔ ၄ ပြဲအက်န္မွာ ၉ မွတ္ျဖတ္ထားခဲ့သလို နယူးကာဆယ္ကလည္း ဘာအတြက္မွ ခံစားခ်က္မရွိတဲ့ေနရာအျဖစ္ အဆင့္ ၁၃ မွာ ရမွတ္ ၄၃ မွတ္နဲ႔ တန္းဆင္းဇုန္ကို ၁၆ မွတ္ျဖတ္ၿပီး ေအးေအးေဆးေဆး ရပ္တည္ႏုိင္ခဲ့ပါေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအတွက်ကတော့ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရအပြီးမှာ သူတို့ရဲ့ ဒုတိယနေရာကို ခိုင်မာစေဖို့နဲ့ ဂုဏ်သိက္ခာအရ သူတို့ရဲ့ ကစားဟန်ပိုင်း ကောင်းမွန်မှုကို ပြသနိုင်ဖို့ ရည်ရွယ်နေပုံရပြီး ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲက ခြေချော်လက်ချော်ဖြစ်ခဲ့ရမှုကို ကုစားဖို့ ဒီနေ့ပွဲမှာ တိုက်စစ်ပိုင်းကို လူစုံထုတ် ခင်းကျင်းလာခဲ့ပြီး အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားလည်း ပါဝင်လာခဲ့ပါတယ်။

အစ်တီဟတ်မှာ တိုက်စစ်ဖွင့်ကစားခဲ့တဲ့ မန်စီးတီးတို့ စောစောစီးစီးမှာပဲ ဂိုးစရခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာ ဘယ်တောင်ပံကနေ ဒေးဗစ် ဆေးလ်ဗား ဆွဲယူလာပြီး Cut Back ပြန်ချိုးပေးတာကို နယူးကာဆယ်လ်နောက်ခံလူတွေနဲ့ ယှဉ်ပြေးပြီး မသိမသာ နောက်ချန်စောင့်နေခဲ့တဲ့ ဂျေဆူးစ်က အသာအယာပိတ်သွင်းပြီး အဖွင့်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ ဘယ်တောင်ပံကနေ ဖိုဒန် မျှောပေးလိုက်တဲ့ ဘောလုံးကို ဒီဘရိုင်းနားက ပြေးထွက်ပြီး အလယ်ကို ပြန်ချိုးပေးတာကနေ ဂျေဆူးစ်နောက်ကို နောက်ခံလူတွေ ပါသွားလို့ မာကင်လွတ်နေတဲ့ မာရက်ဇ်က ကန်သွင်းပြီး ဒီရာသီမှာ သူ့အတွက် ၁၀ ဂိုးမြောက် ပရီးမီးယားလိဂ်ဂိုးကို သွင်းယူနိုင်ခဲ့သလို ဒီဘရိုင်းနားအတွက်လည်း ၁၈ ဂိုးမြောက် ဖန်တီးမှုဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာတော့ မန်စီးတီးတို့ အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်နိုင်ခြင်းမရှိတာကြောင့် နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဒုတိယပိုင်းပွဲချိန် ၆၁ မိနစ်မှာမှ နယူးကာဆယ်လ်နောက်ခံလူ ရစ်ချီ ဖျက်ထုတ်ကို ဖာနန်ဒက်ဇ်နဲ့ ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ မန်စီးတီးတို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဒေးဗစ် ဆေးလ်ဗားက နယူးကာဆယ်လ်ဂိုးဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကနေ ဖရီးကစ်ကို ဒီဘရိုင်းနား ကန်မလို အယောင်ပြနေတုန်းမှာ လျှပ်တစ်ပြက် ကန်သွင်းယူခဲ့ပြီး ဂိုးသမား ဒူဘရက်ဗ်ကာကို မျက်စိလည်စေခဲ့သလို အသင်းအတွက် စတုတ္ထဂိုးကို ရယူနိုင်ခဲ့ပြီး ဒီနေ့ပွဲအတွက် အကောင်းဆုံးဆုကိုလည်း ရရှိခဲ့ပါတယ်။

လေးဂိုး-ဂိုးမရှိရလဒ်နဲ့ပဲ ပွဲပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ ပွဲချိန် ၉၁ မိနစ်မှာတော့ ဂျေဆူးစ်နေရာမှာ လူစားဝင်ကစားတဲ့ စတာလင်က တန်ပြန်တိုက်စစ်ကနေ ဒေးဗစ် ဆေးလ်ဗား ဖန်တီးပေးခဲ့တဲ့ ဘောလုံးကို ဂိုးသမားနဲ့ နောက်ခံလူတွေကြားက တည်တည်ငြိမ်ငြိမ်နဲ့ ဟာကွက်ကြားကို ကန်သွင်းသွားခဲ့လို့ ငါးဂိုး-ဂိုးမရှိနဲ့ ပွဲက ပြီးဆုံးခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ အမှတ်အသည်းအသန် လိုအပ်ခြင်းမရှိတဲ့ အသင်းနှစ်သင်းအနေနဲ့ အရမ်းပြင်းပြင်းထန်ထန် အားထုတ်ကစားပုံမျိုးကိုလည်း မတွေ့ခဲ့ရဘဲ ပွဲအပြီးမှာတော့ မန်စီးတီးတို့ ဒုတိယနေရာကို ပိုမိုခိုင်မာစေဖို့ ၄ ပွဲအကျန်မှာ ၉ မှတ်ဖြတ်ထားခဲ့သလို နယူးကာဆယ်ကလည်း ဘာအတွက်မှ ခံစားချက်မရှိတဲ့နေရာအဖြစ် အဆင့် ၁၃ မှာ ရမှတ် ၄၃ မှတ်နဲ့ တန်းဆင်းဇုန်ကို ၁၆ မှတ်ဖြတ်ပြီး အေးအေးဆေးဆေး ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.