Premier League

စာခ်ဳပ္ဖ်က္သိမ္းေၾကးေတြက ပရီးမီးယားလိဂ္ဝယ္လက္ေတြအတြက္ အတန္ဆုံးျဖစ္ေနႏုိင္သူေတြ

လာမယ့္ေႏြရာသီမွာ ရရွိႏုိင္မယ့္ စာခ်ဳပ္ဖ်က္သိမ္းေၾကးေတြအရ ပရီးမီးယားလိဂ္အသင္းႀကီးေတြအတြက္ အတန္ဆုံး ေလ်ာ္ေၾကးေပးၿပီး ေခၚယူႏုိင္တဲ့ ကစားသမားေတြက ေဈးကြက္ထဲမွာ ထြက္ေပၚလာခဲ့ၿပီျဖစ္ၿပီး ဒီထဲက လူသိအမ်ားဆုံးျဖစ္ႏုိင္တဲ့ ၅ ဦးကို ေရြးခ်ယ္ေဖာ္ျပလုိက္ပါတယ္။

၁။ အာလင္း ဟားလန္း (ေပါင္ ၆၃ သန္း)
လူငယ္တုိက္စစ္မွဴး ဟားလန္းရဲ႕ ေဒါ့မြန္အသင္းကို ေျပာင္းေရႊ႕မွဳဟာ ခဏတာလို႔ အားလုံးက သုံးသပ္ခဲ့ၾကၿပီး ေအးဂ်င့္ျဖစ္တဲ့ မီႏို​ ႐ိုင္ယိုလာရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို မန္ယူက ပယ္ခ်ခဲ့တာကလည္း ဒီအတြက္ပဲ ျဖစ္ပါတယ္။ ေဒါ့မြန္အသင္းက ေပါင္ ၁၇ သန္းနဲ႔ ေခၚယူထားခဲ့ေပမယ့္ ၁၉ ႏွစ္သား ကစားသမားရဲ႕ ထြက္ခြာခ်င္တဲ့ ဆႏၵရွိရင္ ေပါင္ ၆၃ သန္း(ယူ႐ို ၇၅ သန္း)နဲ႔ အသင္းေျပာင္းေရႊ႕ႏုိင္ေအာင္ ေအးဂ်င့္ျဖစ္သူက ႀကဳိတင္စီစဥ္ထားခဲ့တာပါ။

၂။ တီမို ဗာနာ (ေပါင္ ၅၁ သန္း)
RB လုိက္ပ္ဇစ္အသင္းကို စတုဂတ္အသင္းကေန ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ပုိင္း တစ္ရာသီကို အနည္းဆုံး ဂိုး ၂၀ သြင္းယူႏုိင္တဲ့ ဂ်ာမန္တုိက္စစ္မွဴးဟာ လက္ရွိအခ်ိန္အထိ ၁၄၃ ပြဲမွာ ၈၆ ဂုိး သြင္းယူထားႏုိင္ၿပီး ဒီမွတ္တမ္းက ဥေရာပအသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမွဳကို ရရွိခဲ့ပါတယ္။ ေႏြရာသီမွာ အသက္ ၂၄ ႏွစ္ရွိေနမယ့္ သူ႕ကို ေပါင္ ၅၁ သန္း(ယူ႐ိုသန္း ၆၀)နဲ႔ ရရွိႏုိင္မယ္လို႔ သတင္းဌာန အေတာ္မ်ားမ်ားက ေဖာ္ျပေနၾကၿပီး ပရီးမီးယားလိဂ္က အသင္းႀကီး ၆ သင္းကေတာ့ အၿပဳိင္လုမွာ အေသအခ်ာပါပဲ။

၃။ ဂ်က္ခ္ ဂရီလစ္ရွ္ (ေပါင္ ၄၅ သန္း)
အက္စတန္ဗီလာအသင္းအေနနဲ႔ တန္းမဆင္းရဖို႔အေရး ႐ုန္းကန္ေနရေပမယ့္ ဂ်က္ခ္ ဂရီလစ္ရွ္ကေတာ့ ေတာက္ပျမဲ ေတာက္ပဆဲျဖစ္ၿပီး အသင္းေခါင္းေဆာင္နဲ႔ ထိုက္တန္တဲ့ ေျခစြမ္းကို ျပသေနတာပါ။ ေဆာင္းရာသီတုန္းက သူ႕ကို ေပါင္သန္း ၈၀ လို႔ ေဈးေခၚခဲ့ေပမယ့္ ဒါကေတာ့ မျဖစ္ႏုိင္ဘဲ လက္ရွိမွာ ဒီ ၂၄ ႏွစ္အရြယ္ အဂၤလန္ကြင္းလယ္လူအတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၄၅ သန္းနဲ႔ ေႏြရာသီမွာ က်ဆင္းသြားႏုိင္တယ္လုိ႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

၄။ အူႏုိင္း ႏူးညက္ဇ္ (ေပါင္ ၂၅.၅ သန္း)
ဘီလ္ဘာအိုအသင္းနဲ႔ အစာမေၾကမွဳေတြ ရွိေနတဲ့ အူႏုိင္း ႏူးညက္ဇ္အတြက္ေတာ့ ေနာက္ပုိင္းႏွစ္ရာသီဟာ အခဲမေက်စရာေတြခ်ည္းပါပဲ။ ပထမရာသီက အသင္းႀကီးမွာ ပုံမွန္ကစားခြင့္ကို ယီေယး အဲလ္ဗာရက္ဇ္နဲ႔ အီညီဂို မာတီနက္ဇ္တုိ႔က သိမ္းယူသြားခဲ့သလို ၂၃ ႏွစ္သားရဲ႕ လစာေငြကလည္း ဒီကစားသမားႏွစ္ဦးထက္ နည္းပါးေနလုိ႔ တုိးေတာင္းတာကို ဘတ္စ္ေကးအသင္းဘက္က မလိုက္ေလ်ာခ်င္ခဲ့ပါဘူး။ သူ႕အတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေႏြမွာ ေပါင္ ၂၅.၅ သန္း(ယူ႐ိုသန္း ၃၀)လို႔ သိရၿပီး ပရီးမီးယားလိဂ္ရဲ႕ စပိန္သားနည္းျပေတြက ပုိစိတ္ဝင္စားၾကမယ္ထင္ပါတယ္။

၅။ ေလာ္ရင္ဇို ပယ္လီဂရီနီ (ေပါင္ ၂၅ သန္း)
အသက္ ၂၃ ႏွစ္အရြယ္နဲ႔ မလိုက္ဖက္ေအာင္ အေတြ႕အႀကဳံေျမာက္ျမားစြာ ရွာေဖြၿပီးျဖစ္တဲ့ ႐ိုးမားကြင္းလယ္လူဟာ အီတလီတစ္ေၾကာမွာေတာ့ အေကာင္းဆုံး ကြင္းလယ္လူေတြထဲမွာ ပါဝင္ပါတယ္။ ၆ ေပ ၂ လက္မဆုိတဲ့ အရပ္အေမာင္းနဲ႔ ႀကံ့ခိုင္ေတာင့္တင္းပုံကလည္း ပရီးမီးယားလိဂ္အတြက္ အဆင္သင့္ျဖစ္ေနသလို ကြင္းလယ္မွာ တုိက္စစ္ခံစစ္ စြယ္စုံရတဲ့သူမ်ဳိးကို ဒီ ၂၅ သန္းဆုိတဲ့ ေဈးႏွဳန္းက နည္းေနဦးမယ္လုိ႔ေတာင္ ယူဆရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လာမယ့်နွေရာသီမှာ ရရှိနိုင်မယ့် စာချုပ်ဖျက်သိမ်းကြေးတွေအရ ပရီးမီးယားလိဂ်အသင်းကြီးတွေအတွက် အတန်ဆုံး လျော်ကြေးပေးပြီး ခေါ်ယူနိုင်တဲ့ ကစားသမားတွေက ဈေးကွက်ထဲမှာ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဒီထဲက လူသိအများဆုံးဖြစ်နိုင်တဲ့ ၅ ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၁။ အာလင်း ဟားလန်း (ပေါင် ၆၃ သန်း)
လူငယ်တိုက်စစ်မှူး ဟားလန်းရဲ့ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့မှုဟာ ခဏတာလို့ အားလုံးက သုံးသပ်ခဲ့ကြပြီး အေးဂျင့်ဖြစ်တဲ့ မီနို ရိုင်ယိုလာရဲ့ စာချုပ်ဖျက်သိမ်းကြေးကို မန်ယူက ပယ်ချခဲ့တာကလည်း ဒီအတွက်ပဲ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက ပေါင် ၁၇ သန်းနဲ့ ခေါ်ယူထားခဲ့ပေမယ့် ၁၉ နှစ်သား ကစားသမားရဲ့ ထွက်ခွာချင်တဲ့ ဆန္ဒရှိရင် ပေါင် ၆၃ သန်း(ယူရို ၇၅ သန်း)နဲ့ အသင်းပြောင်းရွှေ့နိုင်အောင် အေးဂျင့်ဖြစ်သူက ကြိုတင်စီစဉ်ထားခဲ့တာပါ။

၂။ တီမို ဗာနာ (ပေါင် ၅၁ သန်း)
RB လိုက်ပ်ဇစ်အသင်းကို စတုဂတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း တစ်ရာသီကို အနည်းဆုံး ဂိုး ၂၀ သွင်းယူနိုင်တဲ့ ဂျာမန်တိုက်စစ်မှူးဟာ လက်ရှိအချိန်အထိ ၁၄၃ ပွဲမှာ ၈၆ ဂိုး သွင်းယူထားနိုင်ပြီး ဒီမှတ်တမ်းက ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ နွေရာသီမှာ အသက် ၂၄ နှစ်ရှိနေမယ့် သူ့ကို ပေါင် ၅၁ သန်း(ယူရိုသန်း ၆၀)နဲ့ ရရှိနိုင်မယ်လို့ သတင်းဌာန အတော်များများက ဖော်ပြနေကြပြီး ပရီးမီးယားလိဂ်က အသင်းကြီး ၆ သင်းကတော့ အပြိုင်လုမှာ အသေအချာပါပဲ။

၃။ ဂျက်ခ် ဂရီလစ်ရှ် (ပေါင် ၄၅ သန်း)
အက်စတန်ဗီလာအသင်းအနေနဲ့ တန်းမဆင်းရဖို့အရေး ရုန်းကန်နေရပေမယ့် ဂျက်ခ် ဂရီလစ်ရှ်ကတော့ တောက်ပမြဲ တောက်ပဆဲဖြစ်ပြီး အသင်းခေါင်းဆောင်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနေတာပါ။ ဆောင်းရာသီတုန်းက သူ့ကို ပေါင်သန်း ၈၀ လို့ ဈေးခေါ်ခဲ့ပေမယ့် ဒါကတော့ မဖြစ်နိုင်ဘဲ လက်ရှိမှာ ဒီ ၂၄ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူအတွက် စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၅ သန်းနဲ့ နွေရာသီမှာ ကျဆင်းသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

၄။ အူနိုင်း နူးညက်ဇ် (ပေါင် ၂၅.၅ သန်း)
ဘီလ်ဘာအိုအသင်းနဲ့ အစာမကြေမှုတွေ ရှိနေတဲ့ အူနိုင်း နူးညက်ဇ်အတွက်တော့ နောက်ပိုင်းနှစ်ရာသီဟာ အခဲမကျေစရာတွေချည်းပါပဲ။ ပထမရာသီက အသင်းကြီးမှာ ပုံမှန်ကစားခွင့်ကို ယီယေး အဲလ်ဗာရက်ဇ်နဲ့ အီညီဂို မာတီနက်ဇ်တို့က သိမ်းယူသွားခဲ့သလို ၂၃ နှစ်သားရဲ့ လစာငွေကလည်း ဒီကစားသမားနှစ်ဦးထက် နည်းပါးနေလို့ တိုးတောင်းတာကို ဘတ်စ်ကေးအသင်းဘက်က မလိုက်လျောချင်ခဲ့ပါဘူး။ သူ့အတွက် စာချုပ်ဖျက်သိမ်းကြေးက နွေမှာ ပေါင် ၂၅.၅ သန်း(ယူရိုသန်း ၃၀)လို့ သိရပြီး ပရီးမီးယားလိဂ်ရဲ့ စပိန်သားနည်းပြတွေက ပိုစိတ်ဝင်စားကြမယ်ထင်ပါတယ်။

၅။ လော်ရင်ဇို ပယ်လီဂရီနီ (ပေါင် ၂၅ သန်း)
အသက် ၂၃ နှစ်အရွယ်နဲ့ မလိုက်ဖက်အောင် အတွေ့အကြုံမြောက်မြားစွာ ရှာဖွေပြီးဖြစ်တဲ့ ရိုးမားကွင်းလယ်လူဟာ အီတလီတစ်ကြောမှာတော့ အကောင်းဆုံး ကွင်းလယ်လူတွေထဲမှာ ပါဝင်ပါတယ်။ ၆ ပေ ၂ လက်မဆိုတဲ့ အရပ်အမောင်းနဲ့ ကြံ့ခိုင်တောင့်တင်းပုံကလည်း ပရီးမီးယားလိဂ်အတွက် အဆင်သင့်ဖြစ်နေသလို ကွင်းလယ်မှာ တိုက်စစ်ခံစစ် စွယ်စုံရတဲ့သူမျိုးကို ဒီ ၂၅ သန်းဆိုတဲ့ ဈေးနှုန်းက နည်းနေဦးမယ်လို့တောင် ယူဆရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.