Premier League

ရော်နယ်လ်ဒိုနဲ့မက်ဆီ တိုင်ပတ်နေတာကို ထောက်ပြပြီး ရွှေဘောလုံးရခဲ့တဲ့ ဆေးလ်ဗားကို ချီးကျူးနေကြတဲ့ ပရိသတ်များ

သီယေဂို ဆေးလ်ဗားဟာ စနေနေ့ညနေက ဖီဖာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းက ပါးမီးရပ်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ရုံမျှမက ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ဆုကိုလည်း ရရှိခဲ့ပါတယ်။

ဘရာဇီးလ်ဝါရင့်နောက်ခံကစားသမားဟာ ဒုတိယပိုင်းမှာ ပါးမီးရပ်စ်အသင်း ချေပဂိုး ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးခဲ့ရပေမယ့်လည်း ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့အတွက် ရွှေဘောလုံးဆုကို ချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ၆၂ မိနစ်မှာ ဆေးလ်ဗားဟာ ချဲလ်ဆီးနောက်ခံကစားသမားတွေ ရှုပ်ယှက်ခတ်နေတဲ့ကြားထဲ လက်ပစ်ဘော ပစ်ခဲ့ပြီးနောက် ဂူစတာဗို ဂိုးမက်ဇ်ကို ဖျက်ထုတ်ဖို့ ကြိုးခဲ့ရာမှာ ဘောလုံးကို လက်နဲ့ထိမိခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီး စကော့ ဘိသ်က VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့တာဖြစ်ပြီး ဗေဂါက အမှားအယွင်းမရှိ ကန်သွင်းယူပြီး ၇ မိနစ် အစောပိုင်းတုန်းက လူကာကူရဲ့ ဦးဆောင်ဂိုးကို ပြန်လည် ချေပခဲ့တာဖြစ်ပါတယ်။ ဆေးလ်ဗားရဲ့အမှားဟာ နောက်ဆုံးမှာတော့ ချဲလ်ဆီးအသင်းအတွက် ပေးဆပ်မှု မကြီးမားခဲ့ကြောင်းကို ခိုင် ဟာဗတ်ဇ်က အချိန်ပို ၁၁၇ မိနစ်မှာ ပင်နယ်တီကနေဆင့် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် သက်သေပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲကစားချိန် အစောပိုင်းမှာ ပင်နယ်တီ ပေးခဲ့ရပေမယ့်လည်း ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာကြောင့် ပွဲကြည့်ပရိသတ်အချို့ဟာ ပဟေဋ္ဌိဖြစ်ခဲ့တာဖြစ်ပါတယ်။

“သီယေဂို ဆေးလ်ဗားက ဒီဆုကို ပင်နယ်တီ ပေးခဲ့ရတဲ့အတွက် ရရှိခဲ့ပါတယ်။ ဟားဟား တစ်ဦးချင်းဆုတွေက ငါ့ကို ရယ်ချင်လာအောင် လုပ်နေတာပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “သီယေဂို ဆေးလ်ဗားက ပေါပေါပဲပဲ ပင်နယ်တီ ပေးခဲ့ရလို့ အဲဒီဆုရခဲ့တာပါ”လို့ နောက်ထပ်ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ပင်နယ်တီပေးခဲ့ရတဲ့ကိစ္စကို ဖယ်ထားလိုက်ရင် အသက် ၃၇ နှစ်အရွယ် နောက်ခံကစားသမားဟာ စနေနေ့မှာ ချဲလ်ဆီးအတွက် ၎င်းရဲ့ အကောင်းဆုံးပုံစံကို နောက်ထပ်တစ်ကြိမ် ပြသခဲ့တာဖြစ်ပြီး ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ “ကောင်းလိုက်တဲ့ကစားသမား။ ကောင်းလိုက်တဲ့ ကစားသမားဘဝ”လို့ ပွဲနေ့ စီစဉ်တင်ဆက်သူ ဂယ်ရီ လိုင်နီကာက တွစ်တာမှာ ချီးကျူးရေးသားခဲ့ပါတယ်။

အေစီမီလန်၊ ပီအက်စ်ဂျီတို့နဲ့အတူ ဥရောပဘောလုံးလောကမှာ ၁၂ ရာသီအတွင်း ဆုဖလား ၂၅ လုံးအထိ အနိုင်ရရှိခဲ့ပြီးနောက် ဆေးလ်ဗားဟာ ၂၀၂၀ ခုနှစ် နွေရာသီမှာ ချဲလ်ဆီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဘဝသစ်ကို နှေးကွေးစွာ စတင်ခဲ့ပြီးနောက်ပိုင်း အသက် ၃၇ နှစ်အရွယ် ဝါရင့်နောက်ခံကစားသမားဟာ တူဟယ်ရဲ့ခံစစ်အတွက် အဓိကကစားသမားအဖြစ် လျင်လျင်မြန်မြန် သက်သေပြသနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အောင်ပွဲမှာလည်း အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်နောက်ခံကစားသမားဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ၅ လ ပိုမို ကြီးရင့်ပြီး ၎င်းရဲ့ စွမ်းဆောင်ရည်ကို ပေါ်တူဂီကြယ်ပွင့်နဲ့ နှိုင်းယှဉ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ တွစ်တာအသုံးပြုသူအများအပြားဟာ အသင်းအတွက် အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးဖို့ ရုန်းကန်နေရတဲ့ ရော်နယ်လ်ဒို၊ မက်ဆီတို့ကို ထောက်ပြခဲ့ပြီး ဘရာဇီးလ်ဝါရင့်နောက်ခံကစားသမားဟာ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးကစားသမားအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ချီးကျူးခဲ့ကြပါတယ်။

“မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ သူတို့အသင်းတွေကို ကူညီပေးဖို့ ရုန်းကန်နေရတဲ့အချိန်မှာ သီယေဂို ဆေးလ်ဗားက အသက် ၃၇ နှစ်အရွယ်မှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ငါ့ရဲ့ တသက်တာအကောင်းဆုံးကစားသမားပဲ”လို့ ချဲလ်ဆီးပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “အသက် ၃၇ နှစ်အရွယ် ရော်နယ်လ်ဒိုကို ငါ့ကို ပြစမ်းပါဦး။ တစ်ခုခု မြင်ချင်လို့ပါ”ဆိုတဲ့ စာသားနဲ့အတူ ငိုကြွေးနေတဲ့ ရုပ်ပုံတွေနဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးလို့ ယူဆရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

အခြားဘောလုံးပရိသတ်တွေဆိုရင် ရော်နယ်လ်ဒိုနဲ့ နောက်ထပ် နှိုင်းယှဉ်မှုတွေတောင် ပြုလုပ်ခဲ့ပြီး ဆေးလ်ဗားဟာ ပေါ်တူဂီကြယ်ပွင့်ထက် ပိုမိုကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆုဖလားအောင်မြင်မှုနဲ့တိုင်းတာရင် အဲဒါက ငြင်းဖို့ ခက်ပြီး ဘရာဇီးလ်ဝါရင့်နောက်ခံလူဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ပြီးကတည်းက ယူအီးအက်ဖ်အေ စူပါဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ၁၈ လအတွင်း ရရှိထားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာခဲ့ပြီးနောက်ပိုင်း ၁၂ နှစ်အကြာမှာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်သာ ချန်ပီယံလိဂ်ဖလားမရရှိခဲ့ဘူးဆိုရင် ပထမဆုံးရာသီကို ဖလားလက်မဲ့နဲ့ အဆုံးသတ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:သီေယဂို ေဆးလ္ဗားဟာ စေနေန႔ညေနက ဖီဖာ ကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးအသင္းက ပါးမီးရပ္စ္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့႐ုံမွ်မက ဖီဖာ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတဲ့ဆုကိုလည္း ရရွိခဲ့ပါတယ္။

ဘရာဇီးလ္ဝါရင့္ေနာက္ခံကစားသမားဟာ ဒုတိယပိုင္းမွာ ပါးမီးရပ္စ္အသင္း ေခ်ပဂိုး ရရွိခဲ့တဲ့ ပင္နယ္တီ ျပစ္ဒဏ္ေဘာ ေပးခဲ့ရေပမယ့္လည္း ကြင္းထဲမွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့အတြက္ ေရႊေဘာလုံးဆုကို ခ်ီးျမႇင့္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ၆၂ မိနစ္မွာ ေဆးလ္ဗားဟာ ခ်ဲလ္ဆီးေနာက္ခံကစားသမားေတြ ရႈပ္ယွက္ခတ္ေနတဲ့ၾကားထဲ လက္ပစ္ေဘာ ပစ္ခဲ့ၿပီးေနာက္ ဂူစတာဗို ဂိုးမက္ဇ္ကို ဖ်က္ထုတ္ဖို႔ ႀကိဳးခဲ့ရာမွာ ေဘာလုံးကို လက္နဲ႔ထိမိခဲ့တာျဖစ္ပါတယ္။

ဒိုင္လူႀကီး စေကာ့ ဘိသ္က VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ပင္နယ္တီ ျပစ္ဒဏ္ေဘာ သတ္မွတ္ေပးခဲ့တာျဖစ္ၿပီး ေဗဂါက အမွားအယြင္းမရွိ ကန္သြင္းယူၿပီး ၇ မိနစ္ အေစာပိုင္းတုန္းက လူကာကူရဲ့ ဦးေဆာင္ဂိုးကို ျပန္လည္ ေခ်ပခဲ့တာျဖစ္ပါတယ္။ ေဆးလ္ဗားရဲ့အမွားဟာ ေနာက္ဆုံးမွာေတာ့ ခ်ဲလ္ဆီးအသင္းအတြက္ ေပးဆပ္မႈ မႀကီးမားခဲ့ေၾကာင္းကို ခိုင္ ဟာဗတ္ဇ္က အခ်ိန္ပို ၁၁၇ မိနစ္မွာ ပင္နယ္တီကေနဆင့္ အနိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ သက္ေသျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲကစားခ်ိန္ အေစာပိုင္းမွာ ပင္နယ္တီ ေပးခဲ့ရေပမယ့္လည္း ပြဲစဥ္တေလၽွာက္အေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ျခင္းခံခဲ့ရတာေၾကာင့္ ပြဲၾကည့္ပရိသတ္အခ်ိဳ႕ဟာ ပေဟ႒ိျဖစ္ခဲ့တာျဖစ္ပါတယ္။

“သီေယဂို ေဆးလ္ဗားက ဒီဆုကို ပင္နယ္တီ ေပးခဲ့ရတဲ့အတြက္ ရရွိခဲ့ပါတယ္။ ဟားဟား တစ္ဦးခ်င္းဆုေတြက ငါ့ကို ရယ္ခ်င္လာေအာင္ လုပ္ေနတာပဲ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “သီေယဂို ေဆးလ္ဗားက ေပါေပါပဲပဲ ပင္နယ္တီ ေပးခဲ့ရလို႔ အဲဒီဆုရခဲ့တာပါ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒါေပမယ့္လည္း ပင္နယ္တီေပးခဲ့ရတဲ့ကိစၥကို ဖယ္ထားလိုက္ရင္ အသက္ ၃၇ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ စေနေန႔မွာ ခ်ဲလ္ဆီးအတြက္ ၎ရဲ့ အေကာင္းဆုံးပုံစံကို ေနာက္ထပ္တစ္ႀကိမ္ ျပသခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲတေလၽွာက္ အေကာင္းဆုံးကစားသမားအျဖစ္လည္း သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။ “ေကာင္းလိုက္တဲ့ကစားသမား။ ေကာင္းလိုက္တဲ့ ကစားသမားဘဝ”လို႔ ပြဲေန႔ စီစဥ္တင္ဆက္သူ ဂယ္ရီ လိုင္နီကာက တြစ္တာမွာ ခ်ီးက်ဴးေရးသားခဲ့ပါတယ္။

ေအစီမီလန္၊ ပီအက္စ္ဂ်ီတို႔နဲ႔အတူ ဥေရာပေဘာလုံးေလာကမွာ ၁၂ ရာသီအတြင္း ဆုဖလား ၂၅ လုံးအထိ အနိုင္ရရွိခဲ့ၿပီးေနာက္ ေဆးလ္ဗားဟာ ၂၀၂၀ ခုႏွစ္ ေႏြရာသီမွာ ခ်ဲလ္ဆီးကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဘဝသစ္ကို ေႏွးေကြးစြာ စတင္ခဲ့ၿပီးေနာက္ပိုင္း အသက္ ၃၇ ႏွစ္အရြယ္ ဝါရင့္ေနာက္ခံကစားသမားဟာ တူဟယ္ရဲ့ခံစစ္အတြက္ အဓိကကစားသမားအျဖစ္ လ်င္လ်င္ျမန္ျမန္ သက္ေသျပသနိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ေအာင္ပြဲမွာလည္း အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ေနာက္ခံကစားသမားဟာ မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုထက္ ၅ လ ပိုမို ႀကီးရင့္ၿပီး ၎ရဲ့ စြမ္းေဆာင္ရည္ကို ေပၚတူဂီၾကယ္ပြင့္နဲ႔ ႏွိုင္းယွဥ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ တြစ္တာအသုံးျပဳသူအမ်ားအျပားဟာ အသင္းအတြက္ ေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးဖို႔ ႐ုန္းကန္ေနရတဲ့ ေရာ္နယ္လ္ဒို၊ မက္ဆီတို႔ကို ေထာက္ျပခဲ့ၿပီး ဘရာဇီးလ္ဝါရင့္ေနာက္ခံကစားသမားဟာ လႊမ္းမိုးနိုင္စြမ္းအရွိဆုံးကစားသမားအျဖစ္ ရွိေနဆဲျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

“မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ သူတို႔အသင္းေတြကို ကူညီေပးဖို႔ ႐ုန္းကန္ေနရတဲ့အခ်ိန္မွာ သီေယဂို ေဆးလ္ဗားက အသက္ ၃၇ ႏွစ္အရြယ္မွာ ခ်ဲလ္ဆီးအတြက္ ၿပိဳင္ပြဲတေလၽွာက္ အေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးနိုင္ခဲ့ပါတယ္။ ငါ့ရဲ့ တသက္တာအေကာင္းဆုံးကစားသမားပဲ”လို႔ ခ်ဲလ္ဆီးပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “အသက္ ၃၇ ႏွစ္အရြယ္ ေရာ္နယ္လ္ဒိုကို ငါ့ကို ျပစမ္းပါဦး။ တစ္ခုခု ျမင္ခ်င္လို႔ပါ”ဆိုတဲ့ စာသားနဲ႔အတူ ငိုေႂကြးေနတဲ့ ႐ုပ္ပုံေတြနဲ႔ မန္ခ်က္စတာယူနိုက္တက္ပရိသတ္တစ္ဦးလို႔ ယူဆရတဲ့ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

အျခားေဘာလုံးပရိသတ္ေတြဆိုရင္ ေရာ္နယ္လ္ဒိုနဲ႔ ေနာက္ထပ္ ႏွိုင္းယွဥ္မႈေတြေတာင္ ျပဳလုပ္ခဲ့ၿပီး ေဆးလ္ဗားဟာ ေပၚတူဂီၾကယ္ပြင့္ထက္ ပိုမိုေကာင္းမြန္တဲ့ ေခၚယူမႈ ျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဆုဖလားေအာင္ျမင္မႈနဲ႔တိုင္းတာရင္ အဲဒါက ျငင္းဖို႔ ခက္ၿပီး ဘရာဇီးလ္ဝါရင့္ေနာက္ခံလူဟာ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ၿပီးကတည္းက ယူအီးအက္ဖ္ေအ စူပါဖလား၊ ခ်န္ပီယံလိဂ္ဖလားနဲ႔ ကလပ္ကမၻာ့ဖလားတို႔ကို ၁၈ လအတြင္း ရရွိထားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုကေတာ့ မန္ခ်က္စတာယူနိုက္တက္ကို စြန႔္ခြာခဲ့ၿပီးေနာက္ပိုင္း ၁၂ ႏွစ္အၾကာမွာ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေရႊ႕လာၿပီးေနာက္ ယူနိုက္တက္သာ ခ်န္ပီယံလိဂ္ဖလားမရရွိခဲ့ဘူးဆိုရင္ ပထမဆုံးရာသီကို ဖလားလက္မဲ့နဲ႔ အဆုံးသတ္ရဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.