Match Report Premier League

ပရီးမီးယားလိဂ်ပွဲဦးထွက်နိုင်ပွဲအနေနဲ့ လိဒ်စ်ကို ဂိုးပြတ်သိပ်လိုက်တဲ့ ဆရာပတ်

အဲဗာတန်အသင်းဟာ အိမ်ကွင်း ဂွတ်ဒီဆင် ပါ့ခ်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသပြီး မာဆယ်လို ဘီအယ်လ်ဆာရဲ့ လိဒ်စ်ယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ဧည့်သည် လိဒ်စ်ယူနိုက်တက်လိုပဲ ဒဏ်ရာရ ကစားသမားတွေ များပြားနေပေမယ့်လည်း ဂွတ်ဒီဆင်ပါ့ခ်မှာ အားလုံး မထင်မှတ်ထားလောက်အောင် တောက်ပခဲ့ကြတာဖြစ်ပါတယ်။ ဆီးမတ်စ် ကိုးမန်းရဲ့ ပထမပိုင်း ၂၃ မိနစ််မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးနဲ့ အဲဗာတန်အသင်းက ဦးဆောင်နိုင်ခဲ့ပြီး မိုက်ကယ် ကိန်းနဲ့ အန်သိုနီ ဂေါ်ဒွန်တို့က နည်းပြသစ် ဖရန့်ခ် လမ်းပတ်အတွက် ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူပေးခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာတဲ့ ဒွန်နီ ဗန်ဒီဘိခ်ကလည်း ပထမဆုံး ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသခဲ့ပြီး ဘာကြောင့်များ ဒတ်ချ်ကွင်းလယ်ကြယ်ပွင့်ကို အိုးထရက်ဖို့ဒ်က တာဝန်ရှိသူတွေက ထွက်ခွာခွင့်ပေးခဲ့ရတာလဲဆိုတာကိုတောင် ပရိသတ်တွေ ဒွိဟ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ကျမှ လူစားဝင်ကစားခဲ့ရတဲ့ ဆော်လမွန် ရွန်ဒန်တောင်မှ ဂိုးသွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပြီး မက်စ်လီယာရဲ့ သတိရှိတဲ့ ကာကွယ်မှုကြောင့်သာ အဲဗာတန်တို့ နောက်ထပ် ဦးဆောင်ဂိုး ထပ်မံမရရှိခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာနဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ သရေ ၁ မှတ်ယူပြီး ပြန်လာခဲ့တဲ့ လိဒ်စ်ဟာ အဓိကကစားသမားတွေဖြစ်တဲ့ ကယ်လ်ဗင် ဖိလစ်ပ်စ်နဲ့ ပက်ထရစ် ဘန်းဖို့ဒ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ၉ မိနစ်မှာပဲ စတူးအပ် ဒါးလက်စ် ထပ်မံဒဏ်ရာရရှိသွားခဲ့တာကြောင့် နောက်ထပ် ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။

ရိုဒရီဂိုရဲ့ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှုကလည်း ၂ ကြိမ်အထိ တိုင်ထိထွက်ခဲ့တာဖြစ်ပြီး မာဆယ်လို ဘီအယ်လ်ဆာဟာ ပထမပိုင်းအပြီးမှာ ၎င်းရဲ့ကျန်ရှိနေတဲ့ လူစားလဲလှယ်မှု ၂ ခုကို အသုံးပြုခဲ့ပြီး ရာဖင်ညာနဲ့ ကလစ်ချ်ကို အနားပေးပြီး တိုင်လာ ရောဘတ်စ်နဲ့ အဒမ် ဖော်ရှောတို့ကို ထည့်သွင်းခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်ရဲ့ အန္တရာယ်အပေးနိုင်ဆုံးကစားသမားဖြစ်တဲ့ ရာဖင်ညာဟာ အဲဗာတန်ဘယ်နောက်ခံလူ ဂျွန်ဂျိုး ကန်နီကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးကိုပါ လိမ်ခေါက်ပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ လက်ခုပ်သံတွေ ရရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပထမမိနစ်ကတည်းက သူတို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နိုင်ပွဲနဲ့ပတ်သက်ပြီး နည်းနည်း စိတ်သက်သာရာ ရစရာဖြစ်ခဲ့ပါတယ်။ ဒီအသင်းမှာ ပါဝင်ပတ်သက်နေတဲ့အားလုံးအတွက် ဆိုးရွားတဲ့အချိန်တွေ ဖြစ်ခဲ့ပေမယ့် နည်းပြသစ် ရောက်လာကတည်းက အကောင်းမြင်စိတ်တွေ အများကြီး ရှိနေခဲ့ပါတယ်။ ကွင်းထဲကို ဝင်တဲ့အချိန်မှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ကြတာကို မြင်ရတာ ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်”

“လေ့ကျင့်ရေးက ပြင်းထန်မှုက အပြောင်းအလဲဖြစ်စေခဲ့တယ်။ ကျွန်တော်တို့ ဖိအားပေးတဲ့ပုံစံနဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ အရည်အချင်းတွေ ပြောင်းလဲခဲ့တယ်။ သူက ကျွန်တော်တို့ကို ပိုပြီး လွတ်လပ်မှု ပေးနိုင်ခဲ့ပါတယ်”လို့ သွင်းဂိုးရှင် ကိန်းက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ခံစစ် ၄ ဦးပုံစံ ပြန်လည် ပြောင်းလဲကစားခဲ့ပြီး လိဒ်စ်ယူနိုက်တက်ဟာ ဘယ်လိုမှ အဲဗာတန်ရဲ့ ခံစစ်ကစားသမားတွေကို ယှဉ်ပြိုင် ကျော်ဖြတ်နိုင်စွမ်းမရှိခဲ့တာဖြစ်ပါတယ်။

အန်သိုနီ ဂေါ်ဒွန်ဟာ ပွဲစစချင်းမှာ ဒေါမနစ် ကယ်လ်ဗတ်-လူဝင်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ဂိုးသွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပေမယ့် ပရိသတ်တွေအနေနဲ့ သွင်းဂိုးတွေကို ကြာကြာမစောင့်ဆိုင်းခဲ့ရာတာဖြစ်ပါတယ်။ ပထမပိုင်း ၁၀ မိနစ်မှာ ဒါးလက်စ် ဒဏ်ရာကြောင့် ထွက်ခွာသွားခဲ့ပြီးနောက် အဲဗာတန်ဟာ အလိုက်သင့်ရွေ့လျားကစားခဲ့ပြီး ဗန်ဒီဘိခ်က ကယ်လ်ဗတ်-လူဝင်ဆီကို ဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်ခဲ့ရာမှာ လိဒ်စ်နောက်ခံလူက ကြားဝင်ဖျက်ထုတ်ခဲ့ပြီး လေထဲမှာ လည်နေတဲ့ဘောလုံးကို ကိုးမန်းက ပြေးဝင်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

၂၃ မိနစ်မှာ အဲဗာတန်အသင်း ထောင့်ကန်ဘောရရှိခဲ့ရာမှာ အန်သိုနီ ဂေါ်ဒွန်က ကန်တင်လိုက်တဲ့ ဘောလုံးကို မိုက်ကယ် ကိန်းက လိဒ်စ်ယူနိုက်တက် နောက်ခံလူတွေ လူကပ်ထားတဲ့ကြားထဲကနေ ခေါင်းခုန်တိုက်ပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တတိယမြောက်ဦးဆောင်ဂိုးကတော့ ဒုတိယပိုင်း ၇၈ မိနစ်မှာ ရစ်ချာလီဆန်က ကွင်းလယ်ကနေ ဂိုးရှေ့ကို ဆွဲပြေးလာခဲ့ပြီး ပင်နယ်တီဧရိယာထိပ် ဘီးကုပ်စက်ဝိုင်းကနေ အပြင်းကန်သွင်းခဲ့တဲ့ ဘောလုံးဟာ အန်သိုနီ ဂေါ်ဒွန်နဲ့ ထိပြီး လမ်းကြောင်းပြောင်းပြီး ဂိုးဘယ်ဖက်အောက်ထောင့်ကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အဲဗာတန်နည်းပြသစ် ဖရန့်ခ် လမ်းပတ်ရဲ့နာမည်ကို ပရိသတ်တွေက ကြွေးကြော်ခဲ့ကြပြီး ချဲလ်ဆီးဂန္တဝင်ကွင်းလယ်ကစားသမားက ရှေ့မှာ ခက်ခဲတဲ့ပွဲစဉ်တွေ ရှိနေတာကို သတိပြုမိနေပြီး တန်းဆင်းဇုန်နဲ့ ဝေးသည်ထက် ဝေးဝေးနေနိုင်ဖို့ ရမှတ်တွေ လိုအပ်မှာဖြစ်ပါတယ်။

“မယုံနိုင်စရာ ညနေခင်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့လုပ်ခဲ့တာက စွမ်းဆောင်ရည်ပိုင်းအရ အရမ်းကို ထူးခြားခဲ့ပါတယ်။ အဲဒါက ခံယူချက်၊ တိုက်ပွဲဝင်လိုစိတ်နဲ့ လုပ်အားနှုန်းကို ပြသခဲ့တာပါ။ ပရိသတ်တွေက ကစားသမားတွေ ဘယ်လောက်အားထုတ်နေလဲဆိုတာကို မြင်တဲ့အခါမှာ ကျွန်တော်တို့ကို အများကြီး အားပေးခဲ့ပါတယ်။ အခုမှ စရမှာပါ။ ၃ မှတ်က စိတ်သက်သာစရာဖြစ်ပြီး ဒီအပတ် အမှတ်ပေးဇယားက နည်းနည်းလေး ပိုကြည့်ကောင်းသွားတဲ့ပုံပါပဲ”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဲဗာတန္အသင္းဟာ အိမ္ကြင္း ဂြတ္ဒီဆင္ ပါ့ခ္မွာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ ျပသၿပီး မာဆယ္လို ဘီအယ္လ္ဆာရဲ့ လိဒ္စ္ယူနိုက္တက္ကို ၃-၀ နဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။

အဲဗာတန္အသင္းဟာ ဧည့္သည္ လိဒ္စ္ယူနိုက္တက္လိုပဲ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနေပမယ့္လည္း ဂြတ္ဒီဆင္ပါ့ခ္မွာ အားလုံး မထင္မွတ္ထားေလာက္ေအာင္ ေတာက္ပခဲ့ၾကတာျဖစ္ပါတယ္။ ဆီးမတ္စ္ ကိုးမန္းရဲ့ ပထမပိုင္း ၂၃ မိနစ္္မွာ သြင္းယူခဲ့တဲ့ အဖြင့္ဂိုးနဲ႔ အဲဗာတန္အသင္းက ဦးေဆာင္နိုင္ခဲ့ၿပီး မိုက္ကယ္ ကိန္းနဲ႔ အန္သိုနီ ေဂၚဒြန္တို႔က နည္းျပသစ္ ဖရန႔္ခ္ လမ္းပတ္အတြက္ ပထမဆုံး ပရီးမီးယားလိဂ္နိုင္ပြဲကို ရယူေပးခဲ့ၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းကေန အငွားနဲ႔ ေျပာင္းေရႊ႕လာတဲ့ ဒြန္နီ ဗန္ဒီဘိခ္ကလည္း ပထမဆုံး ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့တဲ့ပြဲမွာ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသခဲ့ၿပီး ဘာေၾကာင့္မ်ား ဒတ္ခ်္ကြင္းလယ္ၾကယ္ပြင့္ကို အိုးထရက္ဖို႔ဒ္က တာဝန္ရွိသူေတြက ထြက္ခြာခြင့္ေပးခဲ့ရတာလဲဆိုတာကိုေတာင္ ပရိသတ္ေတြ ဒြိဟ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။ ေနာက္က်မွ လူစားဝင္ကစားခဲ့ရတဲ့ ေဆာ္လမြန္ ရြန္ဒန္ေတာင္မွ ဂိုးသြင္းယူနိုင္လုနီးပါးျဖစ္ခဲ့ၿပီး မက္စ္လီယာရဲ့ သတိရွိတဲ့ ကာကြယ္မႈေၾကာင့္သာ အဲဗာတန္တို႔ ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္မံမရရွိခဲ့တာျဖစ္ပါတယ္။

အက္စတန္ ဗီလာနဲ႔ပြဲမွာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ သေရ ၁ မွတ္ယူၿပီး ျပန္လာခဲ့တဲ့ လိဒ္စ္ဟာ အဓိကကစားသမားေတြျဖစ္တဲ့ ကယ္လ္ဗင္ ဖိလစ္ပ္စ္နဲ႔ ပက္ထရစ္ ဘန္းဖို႔ဒ္တို႔ ဒဏ္ရာေၾကာင့္ မပါဝင္နိုင္ခ်ိန္မွာ ၉ မိနစ္မွာပဲ စတူးအပ္ ဒါးလက္စ္ ထပ္မံဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ ေနာက္ထပ္ ထိုးႏွက္ခ်က္ျဖစ္လာခဲ့ပါတယ္။

ရိုဒရီဂိုရဲ့ ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းမႈကလည္း ၂ ႀကိမ္အထိ တိုင္ထိထြက္ခဲ့တာျဖစ္ၿပီး မာဆယ္လို ဘီအယ္လ္ဆာဟာ ပထမပိုင္းအၿပီးမွာ ၎ရဲ့က်န္ရွိေနတဲ့ လူစားလဲလွယ္မႈ ၂ ခုကို အသုံးျပဳခဲ့ၿပီး ရာဖင္ညာနဲ႔ ကလစ္ခ်္ကို အနားေပးၿပီး တိုင္လာ ေရာဘတ္စ္နဲ႔ အဒမ္ ေဖာ္ေရွာတို႔ကို ထည့္သြင္းခဲ့ပါတယ္။

လိဒ္စ္ယူနိုက္တက္ရဲ့ အႏၲရာယ္အေပးနိုင္ဆုံးကစားသမားျဖစ္တဲ့ ရာဖင္ညာဟာ အဲဗာတန္ဘယ္ေနာက္ခံလူ ဂၽြန္ဂ်ိဳး ကန္နီကို ေက်ာ္ျဖတ္နိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးကိုပါ လိမ္ေခါက္ျပခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ လက္ခုပ္သံေတြ ရရွိခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ပထမမိနစ္ကတည္းက သူတို႔ကို ထိန္းခ်ဳပ္နိုင္ခဲ့ပါတယ္။ နိုင္ပြဲနဲ႔ပတ္သက္ၿပီး နည္းနည္း စိတ္သက္သာရာ ရစရာျဖစ္ခဲ့ပါတယ္။ ဒီအသင္းမွာ ပါဝင္ပတ္သက္ေနတဲ့အားလုံးအတြက္ ဆိုးရြားတဲ့အခ်ိန္ေတြ ျဖစ္ခဲ့ေပမယ့္ နည္းျပသစ္ ေရာက္လာကတည္းက အေကာင္းျမင္စိတ္ေတြ အမ်ားႀကီး ရွိေနခဲ့ပါတယ္။ ကြင္းထဲကို ဝင္တဲ့အခ်ိန္မွာ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ၾကတာကို ျမင္ရတာ ကၽြန္ေတာ္တို႔ ေပ်ာ္ရႊင္မိပါတယ္”

“ေလ့က်င့္ေရးက ျပင္းထန္မႈက အေျပာင္းအလဲျဖစ္ေစခဲ့တယ္။ ကၽြန္ေတာ္တို႔ ဖိအားေပးတဲ့ပုံစံနဲ႔ ေဘာလုံးနဲ႔ပတ္သက္တဲ့ ကၽြန္ေတာ္တို႔ရဲ့ အရည္အခ်င္းေတြ ေျပာင္းလဲခဲ့တယ္။ သူက ကၽြန္ေတာ္တို႔ကို ပိုၿပီး လြတ္လပ္မႈ ေပးနိုင္ခဲ့ပါတယ္”လို႔ သြင္းဂိုးရွင္ ကိန္းက ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။ အဲဗာတန္အသင္းဟာ ခံစစ္ ၄ ဦးပုံစံ ျပန္လည္ ေျပာင္းလဲကစားခဲ့ၿပီး လိဒ္စ္ယူနိုက္တက္ဟာ ဘယ္လိုမွ အဲဗာတန္ရဲ့ ခံစစ္ကစားသမားေတြကို ယွဥ္ၿပိဳင္ ေက်ာ္ျဖတ္နိုင္စြမ္းမရွိခဲ့တာျဖစ္ပါတယ္။

အန္သိုနီ ေဂၚဒြန္ဟာ ပြဲစစခ်င္းမွာ ေဒါမနစ္ ကယ္လ္ဗတ္-လူဝင္ရဲ့ ဖန္တီးေပးပို႔မႈကေနတဆင့္ ဂိုးသြင္းယူနိုင္လုနီးပါးျဖစ္ခဲ့ေပမယ့္ ပရိသတ္ေတြအေနနဲ႔ သြင္းဂိုးေတြကို ၾကာၾကာမေစာင့္ဆိုင္းခဲ့ရာတာျဖစ္ပါတယ္။ ပထမပိုင္း ၁၀ မိနစ္မွာ ဒါးလက္စ္ ဒဏ္ရာေၾကာင့္ ထြက္ခြာသြားခဲ့ၿပီးေနာက္ အဲဗာတန္ဟာ အလိုက္သင့္ေရြ႕လ်ားကစားခဲ့ၿပီး ဗန္ဒီဘိခ္က ကယ္လ္ဗတ္-လူဝင္ဆီကို ျဖတ္တင္ေပးပို႔မႈေတြ ျပဳလုပ္ခဲ့ရာမွာ လိဒ္စ္ေနာက္ခံလူက ၾကားဝင္ဖ်က္ထုတ္ခဲ့ၿပီး ေလထဲမွာ လည္ေနတဲ့ေဘာလုံးကို ကိုးမန္းက ေျပးဝင္ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။

၂၃ မိနစ္မွာ အဲဗာတန္အသင္း ေထာင့္ကန္ေဘာရရွိခဲ့ရာမွာ အန္သိုနီ ေဂၚဒြန္က ကန္တင္လိုက္တဲ့ ေဘာလုံးကို မိုက္ကယ္ ကိန္းက လိဒ္စ္ယူနိုက္တက္ ေနာက္ခံလူေတြ လူကပ္ထားတဲ့ၾကားထဲကေန ေခါင္းခုန္တိုက္ၿပီး ဒုတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

တတိယေျမာက္ဦးေဆာင္ဂိုးကေတာ့ ဒုတိယပိုင္း ၇၈ မိနစ္မွာ ရစ္ခ်ာလီဆန္က ကြင္းလယ္ကေန ဂိုးေရွ႕ကို ဆြဲေျပးလာခဲ့ၿပီး ပင္နယ္တီဧရိယာထိပ္ ဘီးကုပ္စက္ဝိုင္းကေန အျပင္းကန္သြင္းခဲ့တဲ့ ေဘာလုံးဟာ အန္သိုနီ ေဂၚဒြန္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို တန္းတန္းမတ္မတ္ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ အဲဗာတန္နည္းျပသစ္ ဖရန႔္ခ္ လမ္းပတ္ရဲ့နာမည္ကို ပရိသတ္ေတြက ေႂကြးေၾကာ္ခဲ့ၾကၿပီး ခ်ဲလ္ဆီးဂႏၲဝင္ကြင္းလယ္ကစားသမားက ေရွ႕မွာ ခက္ခဲတဲ့ပြဲစဥ္ေတြ ရွိေနတာကို သတိျပဳမိေနၿပီး တန္းဆင္းဇုန္နဲ႔ ေဝးသည္ထက္ ေဝးေဝးေနနိုင္ဖို႔ ရမွတ္ေတြ လိုအပ္မွာျဖစ္ပါတယ္။

“မယုံနိုင္စရာ ညေနခင္း ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ဒီေန႔လုပ္ခဲ့တာက စြမ္းေဆာင္ရည္ပိုင္းအရ အရမ္းကို ထူးျခားခဲ့ပါတယ္။ အဲဒါက ခံယူခ်က္၊ တိုက္ပြဲဝင္လိုစိတ္နဲ႔ လုပ္အားႏႈန္းကို ျပသခဲ့တာပါ။ ပရိသတ္ေတြက ကစားသမားေတြ ဘယ္ေလာက္အားထုတ္ေနလဲဆိုတာကို ျမင္တဲ့အခါမွာ ကၽြန္ေတာ္တို႔ကို အမ်ားႀကီး အားေပးခဲ့ပါတယ္။ အခုမွ စရမွာပါ။ ၃ မွတ္က စိတ္သက္သာစရာျဖစ္ၿပီး ဒီအပတ္ အမွတ္ေပးဇယားက နည္းနည္းေလး ပိုၾကည့္ေကာင္းသြားတဲ့ပုံပါပဲ”လို႔ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.