Premier League

အမ်းမရိတ်စ်မှာ ဒီအနေအထားရောက်လာအောင် ကူညီပေးခဲ့တဲ့ ဆရာ ၂ ဦးကို ပြောပြခဲ့တဲ့ စမစ် ရိုး

အာဆင်နယ်ကြယ်ပွင့် စမစ် ရိုးဟာ အကယ်ဒမီထွက်ကစားသမားအဖြစ်နဲ့ လေ့ကျင့်ရေးဆင်းနေခဲ့တဲ့အချိန်မှာ ခြေစွမ်းတိုးတက်လာအောင် အိုဇေးလ်နဲ့ ဆန်တီ ကာဇိုလာတို့က ကူညီပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ ၁၂ လစလုံး ကောင်းမွန်တဲ့ ခြေစွမ်းပြသနေခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရေရှည်စီမံကိန်းမှာ အဓိကအစိတ်အပိုင်းအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုရာသီ ကွင်းလယ်ကနေ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးအထိ သွင်းယူထားတဲ့ စမစ် ရိုးဟာ အမ်းမရိတ်စ်မှာ အာဆင်နယ်ပရိသတ်တွေရဲ့ အနှစ်သက်ဆုံး ကျောနံပါတ် ၁၀ ဖြစ်နေခဲ့ပြီးဖြစ်ပေမယ့် ၎င်းအနေနဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်းတွေရဲ့ အကူအညီမပါဘဲ ဒီနေရာကို ရောက်နေမှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ရဲ့ FIFA Ultimate Team Future Stars card ကို ပရိုမိုးရှင်း ပြုလုပ်ဖို့အတွက် ဖရက်ဒီ ယွန်းဘတ်က စမစ် ရိုးကို အင်တာဗျူးခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးမှာ ၎င်းကို အိုဇေးလ်နဲ့ ကာဇိုလာတို့ ဘယ်လို ကူညီခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“တစ်ခါတလေ ပထမအသင်းကစားသမားတွေကလာပြီး လေ့ကျင့်ရေးအချိန်အချို့ လာလုပ်ကြတယ်။ အဲဒီအချိန်အတုန်းက အဲဒါက ကောင်းမွန်တဲ့အရာပါ။ သူတို့ လေ့ကျင့်တာကိုလည်း ကြည့်ခဲ့ရပြီး ကျွန်တော် အခု သူ့ရဲ့ နံပါတ် ကျောနံပါတ် ၁၀ ကို ရခဲ့တယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ အိုဇေးလ်က ဘယ်လောက်ကောင်းလဲဆိုတာကို အားလုံးသိကြတယ်ဆိုတာ ခင်ဗျား သိမှာပါ။ ကျွန်တော် သူ့ကို လေ့ကျင့်ရေးမှာ မြင်တွေ့ခဲ့ရပြီး သူလုပ်ခဲ့တဲ့အရာတွေကို လိုက်လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက သူနဲ့အတူတူ ကွင်းထဲမှာရှိနေဖို့ အခွင့်အရေးရဖို့က ရူးသွပ်မှုတစ်ခုပါပဲ”

“ပြင်းထန်မှုက အရမ်းမြင့်မားပါတယ်။ ကစားသမားတွေက အဲဒီမှာ ရှိနေကြပြီး ကာဇိုလာ၊ အိုဇေးလ်တို့လည်း အဲဒီမှာ ရှိနေကြပါတယ်။ အဲဒီအချိန်တုန်းက ရူးသွပ်ချင်စရာကစားသမားတွေ အများကြီး ရှိနေတယ်။ အဲဒါက ရိုးရိုးသားသားပြောရရင် တကယ်ရောဟုတ်ရဲ့လားလို့တောင် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် လေ့ကျင့်ရေးအစီအစဉ်မှာ အမှန်တကယ် ပါဝင်နေခဲ့ရတယ်ဆိုတာကို မယုံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒါက လုံးဝ ခက်ခဲခဲ့ပါတယ်”

အာဆင်နယ်ကြယ်ပွင့်ဟောင်း ၂ ဦး မြောက်လန်ဒန်မှာ ရှိခဲ့တဲ့ နောက်ဆုံးနှစ်တွေနဲ့ပတ်သက်ပြီး အမြင်ကွဲပြားမှုတွေ ရှိခဲ့ပေမယ့်လည်း ၎င်းတို့ ၂ ဦးစလုံးဟာ အာဆင်နယ်အတွက် ဟိုက်ဘူရီခေတ်လွန်မှာ ကစားပေးခဲ့တဲ့ ကစားသမားတွေထဲမှာ အရည်အချင်းအရှိဆုံးကစားသမားတွေထဲက ၂ ဦးဆိုတာ ငြင်းပယ်လို့ မရနိုင်တာဖြစ်ပါတယ်။

စမစ် ရိုးအနေနဲ့ လက်ရှိမှာတော့ အသင်းကို အရင်တုန်းကလို အောင်မြင်မှုမျိုးတွေ ပြန်လည် ရရှိအောင် ကူညီပေးနိုင်ဖို့အတွက် အာဆင်နယ်ကြယ်ပွင့်ဟောင်း ၂ ဦးအတိုင်း ခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ၾကယ္ပြင့္ စမစ္ ရိုးဟာ အကယ္ဒမီထြက္ကစားသမားအျဖစ္နဲ႔ ေလ့က်င့္ေရးဆင္းေနခဲ့တဲ့အခ်ိန္မွာ ေျခစြမ္းတိုးတက္လာေအာင္ အိုေဇးလ္နဲ႔ ဆန္တီ ကာဇိုလာတို႔က ကူညီေပးခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ အာဆင္နယ္အသင္းအတြက္ ၿပီးခဲ့တဲ့ ၁၂ လစလုံး ေကာင္းမြန္တဲ့ ေျခစြမ္းျပသေနခဲ့တာျဖစ္ၿပီး အာဆင္နယ္ရဲ့ အသင္းကို ျပန္လည္တည္ေဆာက္ဖို႔ ေရရွည္စီမံကိန္းမွာ အဓိကအစိတ္အပိုင္းအျဖစ္ သက္ေသျပသနိုင္ခဲ့တာျဖစ္ပါတယ္။

ယခုရာသီ ကြင္းလယ္ကေန ပရီးမီးယားလိဂ္သြင္းဂိုး ၈ ဂိုးအထိ သြင္းယူထားတဲ့ စမစ္ ရိုးဟာ အမ္းမရိတ္စ္မွာ အာဆင္နယ္ပရိသတ္ေတြရဲ့ အႏွစ္သက္ဆုံး ေက်ာနံပါတ္ ၁၀ ျဖစ္ေနခဲ့ၿပီးျဖစ္ေပမယ့္ ၎အေနနဲ႔ အာဆင္နယ္ၾကယ္ပြင့္ေဟာင္းေတြရဲ့ အကူအညီမပါဘဲ ဒီေနရာကို ေရာက္ေနမွာမဟုတ္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ရဲ့ FIFA Ultimate Team Future Stars card ကို ပရိုမိုးရွင္း ျပဳလုပ္ဖို႔အတြက္ ဖရက္ဒီ ယြန္းဘတ္က စမစ္ ရိုးကို အင္တာဗ်ဴးခဲ့တာျဖစ္ၿပီး ေလ့က်င့္ေရးမွာ ၎ကို အိုေဇးလ္နဲ႔ ကာဇိုလာတို႔ ဘယ္လို ကူညီခဲ့တယ္ဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“တစ္ခါတေလ ပထမအသင္းကစားသမားေတြကလာၿပီး ေလ့က်င့္ေရးအခ်ိန္အခ်ိဳ႕ လာလုပ္ၾကတယ္။ အဲဒီအခ်ိန္အတုန္းက အဲဒါက ေကာင္းမြန္တဲ့အရာပါ။ သူတို႔ ေလ့က်င့္တာကိုလည္း ၾကည့္ခဲ့ရၿပီး ကၽြန္ေတာ္ အခု သူ႔ရဲ့ နံပါတ္ ေက်ာနံပါတ္ ၁၀ ကို ရခဲ့တယ္ဆိုတာ အားလုံးသိတဲ့အတိုင္းပါပဲ။ အိုေဇးလ္က ဘယ္ေလာက္ေကာင္းလဲဆိုတာကို အားလုံးသိၾကတယ္ဆိုတာ ခင္ဗ်ား သိမွာပါ။ ကၽြန္ေတာ္ သူ႔ကို ေလ့က်င့္ေရးမွာ ျမင္ေတြ႕ခဲ့ရၿပီး သူလုပ္ခဲ့တဲ့အရာေတြကို လိုက္လုပ္ခဲ့တယ္။ အဲဒီအခ်ိန္တုန္းက သူနဲ႔အတူတူ ကြင္းထဲမွာရွိေနဖို႔ အခြင့္အေရးရဖို႔က ႐ူးသြပ္မႈတစ္ခုပါပဲ”

“ျပင္းထန္မႈက အရမ္းျမင့္မားပါတယ္။ ကစားသမားေတြက အဲဒီမွာ ရွိေနၾကၿပီး ကာဇိုလာ၊ အိုေဇးလ္တို႔လည္း အဲဒီမွာ ရွိေနၾကပါတယ္။ အဲဒီအခ်ိန္တုန္းက ႐ူးသြပ္ခ်င္စရာကစားသမားေတြ အမ်ားႀကီး ရွိေနတယ္။ အဲဒါက ရိုးရိုးသားသားေျပာရရင္ တကယ္ေရာဟုတ္ရဲ့လားလို႔ေတာင္ ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ ေလ့က်င့္ေရးအစီအစဥ္မွာ အမွန္တကယ္ ပါဝင္ေနခဲ့ရတယ္ဆိုတာကို မယုံနိုင္ခဲ့ပါဘူး။ ဒါေပမယ့္ အဲဒါက လုံးဝ ခက္ခဲခဲ့ပါတယ္”

အာဆင္နယ္ၾကယ္ပြင့္ေဟာင္း ၂ ဦး ေျမာက္လန္ဒန္မွာ ရွိခဲ့တဲ့ ေနာက္ဆုံးႏွစ္ေတြနဲ႔ပတ္သက္ၿပီး အျမင္ကြဲျပားမႈေတြ ရွိခဲ့ေပမယ့္လည္း ၎တို႔ ၂ ဦးစလုံးဟာ အာဆင္နယ္အတြက္ ဟိုက္ဘူရီေခတ္လြန္မွာ ကစားေပးခဲ့တဲ့ ကစားသမားေတြထဲမွာ အရည္အခ်င္းအရွိဆုံးကစားသမားေတြထဲက ၂ ဦးဆိုတာ ျငင္းပယ္လို႔ မရနိုင္တာျဖစ္ပါတယ္။

စမစ္ ရိုးအေနနဲ႔ လက္ရွိမွာေတာ့ အသင္းကို အရင္တုန္းကလို ေအာင္ျမင္မႈမ်ိဳးေတြ ျပန္လည္ ရရွိေအာင္ ကူညီေပးနိုင္ဖို႔အတြက္ အာဆင္နယ္ၾကယ္ပြင့္ေဟာင္း ၂ ဦးအတိုင္း ေျခစြမ္းျပသနိုင္ဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.