Match Report Other

ခိုင် ဟာဗတ်ဇ်ရဲ့ အချိန်ပိုပင်နယ်တီနဲ့ ကမ္ဘာ့ချန်ပီယံဖြစ်လာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ စနေနေ့ညနေက ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် ပါးမီးရပ်စ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

သောမတ်စ် တူဟယ်ရဲ့အသင်းဟာ မိုဟာမက် ဘင် ဇေးယက်ကွင်းမှာ ၎င်းတို့ရဲ့ ပထမဆုံးသော ကလပ်ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ရုရှားလူမျိုး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် အသင်းကို စတင်ဝယ်ယူခဲ့စဉ်ကတည်းက မရဖူးသေးတဲ့ တစ်လုံးတည်းသော ဆုဖလားလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ပါးမီးရပ်စ်တို့ဟာ ပထမပိုင်းမှာ အပြန်အလှန်တိုက်စစ်ဆင်ကစားရင်း အကြိတ်အနယ်ရှိခဲ့ကြပြီး ၃၂ မိနစ်မှာ မေဆန် မောင့် ဒဏ်ရာရရှိသွားခဲ့တာကြောင့် ချဲလ်ဆီးအသင်း အထိနာခဲ့ရပြီး ပူလီရှစ်က လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ၂ ဖက်စလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိ သရေနဲ့ ပြီးဆုံးသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၁၀ မိနစ်အကြာမှာ လူကာကူးက ဟတ်ဒ်ဆန်-အိုဒွိုင်းရဲ့ ဖြတ်တင်ပေးပို့မှုကို အမှားအယွင်းမရှိ ခေါင်းတိုက်သွင်းယူပြီး ချဲလ်ဆီးအသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။

၆၂ မိနစ်မှာ ရိုချာရဲ့ လက်ပစ်ဘောအဝေးပစ်ပေးမှုမှာ ဘရာဇီးလ် ဝါရင့်နောက်ခံလူ သီယေဂို ဆေးလ်ဗားရဲ့ လက်နဲ့ ထိသွားခဲ့တယ်လို့ ပါးမီးရပ်စ်အသင်းက ပြစ်ဒဏ်ဘော တောင်းဆိုခဲ့ပြီး ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ရာဖေးလ် ဗေဂါက ပင်နယ်တီ ကန်သွင်းရာမှာ ဂိုးညာဘက်အောက်ထောင့်ကို စိတ်အေးလက်အေးနဲ့ ကန်သွင်းခဲ့ပြီး ချဲလ်ဆီးအသင်းဂိုးပေါက်မှာ ပင်နယ်တီသူရဲကောင်း ကီပါ ရှိမနေတဲ့အကျိုးဆက်ကို အနောက်လန်ဒန်ကလပ်အသင်း ခံစားခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒုတိယပိုင်းပွဲကစားချိန် ၂၅ မိနစ်လောက်သာ ကျန်ရှိတော့တဲ့အချိန်မှာ လူကာကူး၊ ဟတ်ဒ်ဆန်-အိုဒွိုင်းတို့ရဲ့နေရာမှာ တီမို ဗာနာ၊ ဆာအူးလ်တို့ကို လူစားဝင်ကစားစေခဲ့ပြီး တိုက်စစ်ကို အရှိန်မြှင့်တင်ဖို့အတွက် ကြိုးပမ်းခဲ့သလို ပါးမီးရပ်စ်ကလည်း ချေပဂိုးရှင် ဗေဂါ၊ ရိုနီတို့ရဲ့နေရာမှာ အေဒူယာ အက်တွေစတာနဲ့ ဝက်စ်လေတို့ကို လူစားလဲလှယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း ပြီးဆုံးတဲ့အချိန်အထိ ၂ ဖက်စလုံး နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ရပြီး အချိန်ပို ပထမပိုင်းမှာ ဂိုးရှာမတွေ့ခဲ့တာကြောင့် အချိန်ပို ဒုတိယပိုင်းကို ဆက်လက် ကစားခဲ့ကြပါတယ်။ အချိန်ပို ဒုတိယပိုင်း ၁၁၅ မိနစ်မှာ အက်ဇ်ပီလီကွေတာရဲ့ ဂိုးကန်သွင်းချက်ကို လူအန်က လက်နဲ့ ပိတ်ဆို့ခဲ့တယ်လို့ ချဲလ်ဆီးအသင်း စောဒကတက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အနှေးပြကွက်ကို ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် ချဲလ်ဆီးအသင်းကို ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် ပင်နယ်တီကို အစပိုင်းတုန်းက အက်ဇ်ပီလီကွေတာက ကန်သွင်းယူမယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ခိုင် ဟာဗတ်ဇ်က ချဲလ်ဆီးအသင်းခေါင်းဆောင်ဆီကနေ ဘောလုံးကို ယူပြီး ပင်နယ်တီစက်ဝိုင်းမှာ တည်ခဲ့တာကြောင့် ဂျာမန်ကွင်းလယ်ကြယ်ပွင့်က ကန်သွင်းယူမယ်ဆိုတာ သေချာသွားခဲ့တာဖြစ်ပါတယ်။

ခိုင် ဟာဗတ်ဇ်ဟာ ယုံကြည်မှုအပြည့်နဲ့ စတင်ခြေလှမ်းခဲ့ပြီး ဘောလုံးကို ဂိုးညာဘက်အောက်ထောင့်ကို ကန်သွင်းယူခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ ကလပ် ကမ္ဘာ့ဖလားချန်ပီယံဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်နုုိင်စေမယ့် အနိုင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

အချိန်ပို ဒုတိယပိုင်း ၁၂၅ မိနစ်မှာ လူအန်က ဟာဗတ်ဇ်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့ပြီး ရုတ်တရက်ကြည့်ရင် ပါးမီးရပ်စ် နောက်ခံကစားသမားက ဘောလုံးကို အရင်ဖျက်ထုတ်နိုင်ခဲ့တယ်လို့ ထင်ရပေမယ့် အနှေးပြကွက် ပြန်လည်ကြည့်ရှုခဲ့ရာမှာတော့ ကွဲပြားခြားနားနေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ကွင်းလယ်ဒိုင်က ချဲလ်ဆီးအသင်းအတွက် အနိုင်ရရှိစေမယ့် ပင်နယ်တီကို ပေးခဲ့တဲ့ ပါးမီးရပ်စ် နောက်ခံကစားသမား လူအန် ဂါစီယာဟာ ဟာဗတ်ဇ်ရဲ့ခြေထောက်ကို ကန်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်လိုက်တာကြောင့် ပါးမီးရပ်စ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ၁ ယောက်လျော့ ၂-၁ နဲ့ ရှုံးနိမ့်ပြီး အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ စေနေန႔ညေနက ကလပ္ကမၻာ့ဖလား ဗိုလ္လုပြဲအျဖစ္ ပါးမီးရပ္စ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ၂-၁ နဲ႔ အနိုင္ရရွိခဲ့ၿပီး အသင္းသမိုင္းတေလၽွာက္ ပထမဆုံးအႀကိမ္ ကလပ္ကမၻာ့ဖလားခ်န္ပီယံ ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ေသာမတ္စ္ တူဟယ္ရဲ့အသင္းဟာ မိုဟာမက္ ဘင္ ေဇးယက္ကြင္းမွာ ၎တို႔ရဲ့ ပထမဆုံးေသာ ကလပ္ကမၻာ့ဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့တာျဖစ္ၿပီး ႐ုရွားလူမ်ိဳး အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ အသင္းကို စတင္ဝယ္ယူခဲ့စဥ္ကတည္းက မရဖူးေသးတဲ့ တစ္လုံးတည္းေသာ ဆုဖလားလည္း ျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ ပါးမီးရပ္စ္တို႔ဟာ ပထမပိုင္းမွာ အျပန္အလွန္တိုက္စစ္ဆင္ကစားရင္း အႀကိတ္အနယ္ရွိခဲ့ၾကၿပီး ၃၂ မိနစ္မွာ ေမဆန္ ေမာင့္ ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္း အထိနာခဲ့ရၿပီး ပူလီရွစ္က လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ၂ ဖက္စလုံး ဂိုးမသြင္းနိုင္ခဲ့ဘဲ ဂိုးမရွိ သေရနဲ႔ ၿပီးဆုံးသြားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ၁၀ မိနစ္အၾကာမွာ လူကာကူးက ဟတ္ဒ္ဆန္-အိုဒြိဳင္းရဲ့ ျဖတ္တင္ေပးပို႔မႈကို အမွားအယြင္းမရွိ ေခါင္းတိုက္သြင္းယူၿပီး ခ်ဲလ္ဆီးအသင္း ဦးေဆာင္ဂိုး စတင္ရရွိခဲ့တာျဖစ္ပါတယ္။

၆၂ မိနစ္မွာ ရိုခ်ာရဲ့ လက္ပစ္ေဘာအေဝးပစ္ေပးမႈမွာ ဘရာဇီးလ္ ဝါရင့္ေနာက္ခံလူ သီေယဂို ေဆးလ္ဗားရဲ့ လက္နဲ႔ ထိသြားခဲ့တယ္လို႔ ပါးမီးရပ္စ္အသင္းက ျပစ္ဒဏ္ေဘာ ေတာင္းဆိုခဲ့ၿပီး ကြင္းလယ္ဒိုင္က VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ပင္နယ္တီျပစ္ဒဏ္ေဘာ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

ရာေဖးလ္ ေဗဂါက ပင္နယ္တီ ကန္သြင္းရာမွာ ဂိုးညာဘက္ေအာက္ေထာင့္ကို စိတ္ေအးလက္ေအးနဲ႔ ကန္သြင္းခဲ့ၿပီး ခ်ဲလ္ဆီးအသင္းဂိုးေပါက္မွာ ပင္နယ္တီသူရဲေကာင္း ကီပါ ရွိမေနတဲ့အက်ိဳးဆက္ကို အေနာက္လန္ဒန္ကလပ္အသင္း ခံစားခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒုတိယပိုင္းပြဲကစားခ်ိန္ ၂၅ မိနစ္ေလာက္သာ က်န္ရွိေတာ့တဲ့အခ်ိန္မွာ လူကာကူး၊ ဟတ္ဒ္ဆန္-အိုဒြိဳင္းတို႔ရဲ့ေနရာမွာ တီမို ဗာနာ၊ ဆာအူးလ္တို႔ကို လူစားဝင္ကစားေစခဲ့ၿပီး တိုက္စစ္ကို အရွိန္ျမႇင့္တင္ဖို႔အတြက္ ႀကိဳးပမ္းခဲ့သလို ပါးမီးရပ္စ္ကလည္း ေခ်ပဂိုးရွင္ ေဗဂါ၊ ရိုနီတို႔ရဲ့ေနရာမွာ ေအဒူယာ အက္ေတြစတာနဲ႔ ဝက္စ္ေလတို႔ကို လူစားလဲလွယ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဒုတိယပိုင္း ၿပီးဆုံးတဲ့အခ်ိန္အထိ ၂ ဖက္စလုံး ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူနိုင္ျခင္းမရွိခဲ့တာေၾကာင့္ အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရၿပီး အခ်ိန္ပို ပထမပိုင္းမွာ ဂိုးရွာမေတြ႕ခဲ့တာေၾကာင့္ အခ်ိန္ပို ဒုတိယပိုင္းကို ဆက္လက္ ကစားခဲ့ၾကပါတယ္။ အခ်ိန္ပို ဒုတိယပိုင္း ၁၁၅ မိနစ္မွာ အက္ဇ္ပီလီေကြတာရဲ့ ဂိုးကန္သြင္းခ်က္ကို လူအန္က လက္နဲ႔ ပိတ္ဆို႔ခဲ့တယ္လို႔ ခ်ဲလ္ဆီးအသင္း ေစာဒကတက္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က အေႏွးျပကြက္ကို ျပန္လည္ၾကည့္ရႈခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းကို ပင္နယ္တီျပစ္ဒဏ္ေဘာ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ ပင္နယ္တီကို အစပိုင္းတုန္းက အက္ဇ္ပီလီေကြတာက ကန္သြင္းယူမယ့္ပုံေပၚခဲ့ေပမယ့္လည္း ခိုင္ ဟာဗတ္ဇ္က ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ဆီကေန ေဘာလုံးကို ယူၿပီး ပင္နယ္တီစက္ဝိုင္းမွာ တည္ခဲ့တာေၾကာင့္ ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္က ကန္သြင္းယူမယ္ဆိုတာ ေသခ်ာသြားခဲ့တာျဖစ္ပါတယ္။

ခိုင္ ဟာဗတ္ဇ္ဟာ ယုံၾကည္မႈအျပည့္နဲ႔ စတင္ေျခလွမ္းခဲ့ၿပီး ေဘာလုံးကို ဂိုးညာဘက္ေအာက္ေထာင့္ကို ကန္သြင္းယူခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းဟာ ကလပ္ ကမၻာ့ဖလားခ်န္ပီယံဖလားကို ပထမဆုံးအႀကိမ္ ကိုင္ေျမႇာက္ႏုုိင္ေစမယ့္ အနိုင္ဂိုးကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

အခ်ိန္ပို ဒုတိယပိုင္း ၁၂၅ မိနစ္မွာ လူအန္က ဟာဗတ္ဇ္ကို ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့ၿပီး ႐ုတ္တရက္ၾကည့္ရင္ ပါးမီးရပ္စ္ ေနာက္ခံကစားသမားက ေဘာလုံးကို အရင္ဖ်က္ထုတ္နိုင္ခဲ့တယ္လို႔ ထင္ရေပမယ့္ အေႏွးျပကြက္ ျပန္လည္ၾကည့္ရႈခဲ့ရာမွာေတာ့ ကြဲျပားျခားနားေနခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ကြင္းလယ္ဒိုင္က ခ်ဲလ္ဆီးအသင္းအတြက္ အနိုင္ရရွိေစမယ့္ ပင္နယ္တီကို ေပးခဲ့တဲ့ ပါးမီးရပ္စ္ ေနာက္ခံကစားသမား လူအန္ ဂါစီယာဟာ ဟာဗတ္ဇ္ရဲ့ေျခေထာက္ကို ကန္ခဲ့တဲ့အတြက္ တိုက္ရိုက္အနီကတ္ၿပ ထုတ္ပယ္လိုက္တာေၾကာင့္ ပါးမီးရပ္စ္အသင္းဟာ ကလပ္ကမၻာ့ဖလားဗိုလ္လုပြဲကို ၁ ေယာက္ေလ်ာ့ ၂-၁ နဲ႔ ရႈံးနိမ့္ၿပီး အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.