Premier League

အဲဗာတန်ကို တောင်းပန်တဲ့ ဒိုင်လူကြီးဥက္ကဌကြောင့် မန်စီးတီးရဲ့နိုင်ပွဲ တန်ဖိုးမဲ့ပြီလား

ပြီးခဲ့တဲ့ စနေနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ပွဲစဉ်မှာ ဂိုးဧရိယာအတွင်းက ရိုဒရီရဲ့ လက်ထိဘောကြောင့် ပင်နယ်တီ ပေးရမယ့်အဖြစ်ကို ပယ်ချသွားခဲ့တဲ့ ဒိုင်လူကြီး ပေါလ် တီယာနီနဲ့ VAR ဒိုင် ခရစ္စ ကာဗန်းနားတို့ရဲ့ လုပ်ရပ်ကို ဒိုင်လူကြီးနေရာချထားရေးအဖွဲ့ အထွေထွေ မန်နေဂျာ မိုက် ရိုင်လီက ဒီနေ့မှာ တရားဝင် တောင်းပန်ချက်ပေးလိုက်ပြီဖြစ်ပါတယ်။

ဂွတ်ဒီဆန်ပါ့ခ်က ပွဲချိန် ၈၄ မိနစ်မှာ လက်ထိခဲ့တဲ့ မန်စီးတီးအသင်းသား စပိန်ကွင်းလယ်လူရဲ့ ဖြစ်ရပ်က ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာဖြစ်ပြီး အဲဗာတန်နည်းပြ လမ်းပတ်ကတော့ သုံးနှစ်အရွယ် သူ့သမီးတောင်မှ လက်ထိဘောမှန်းသိတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ချိန်မှာ ဒိုင်တွေဘက်ကတော့ နှုတ်ဆိတ်နေခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ ခေါင်းမာပြီး စိတ်ကြီးဝင်နေတဲ့ ပုံစံမျိုးရှိတဲ့ လူငယ်ဒိုင်လူကြီးတွေဟာ ငါသိငါတတ် ငါမှန်တယ်ဆိုတဲ့ ပုံစံနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရှာဖွေနေကြတယ်လို့ ပရိသတ်တော်တော်များများက ယူဆနေကြချိန်မှာ အဲဗာတန်-မန်စီးတီးပွဲကိုတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီစာရင်းဝင် ၄၁ နှစ်သား တီယာနီနဲ့ ၃၆ နှစ်သား ကာဗန်းနားတို့က တိုက်တိုက်ဆိုင်ဆိုင်ပဲ အတူတကွ ကိုင်တွယ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပင်နယ်တီက ပြစ်ဒဏ်ဘောဖြစ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ တံတောင်ဆစ်နဲ့ ပိုနီးရာ လက်မောင်းအဖျားဘက်နဲ့ ထိခဲ့ချိန်မှာ ပေးကို ပေးရမယ်လို့ လက်ရှိမှာ စကိုင်းစပို့စ်နဲ့ လက်တွဲထားတဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ပီတာ ဝေါ်လ်တန်ကလည်း ဝေဖန်ရှုတ်ချသွားခဲ့ပြီး “တီယာနီက မျက်မမြင်တစ်ယောက်ဖြစ်သလို ကာဗန်းနားက စိတ်ပျက်စရာအမှားလုပ်ခဲ့တယ်”လို့လည်း ထုတ်ဖော်ပြောကြားသွားခဲ့တာပါ။

ဒီနေ့မှာတော့ အဲဗာတန်အသင်းနည်းပြ လမ်းပတ်နဲ့ ဥက္ကဌ ဘီလ် ကန်ရိုက်တို့ကို တနင်္လာနေ့က သူတို့တွေ ရာဇသံ ပေးထားခဲ့တဲ့အတိုင်း တရားဝင် တောင်းပန်ဖို့ မိုက် ရိုင်လီက လိုက်လျောခဲ့တာဖြစ်ပြီး အမှားဖြစ်ပြီး မျက်နှာသာပေးခံခဲ့ရတာကို ဇွတ်ငြင်းနေခဲ့တဲ့ မန်စီးတီးပရိသတ်တွေကိုတော့ အသံတိတ်သွားစေခဲ့တာလည်းဖြစ်ပါတယ်။

Professional Game Match Officials Limited (PGMOL) ရဲ့ အထွေထွေ မန်နေဂျာ မိုက် ရိုင်လီဟာ မာဆေးဆိုက်ကလပ်ဆီကို ကိုယ်တိုင်ပဲ ဖုန်းခေါ်ဆိုပြီး တောင်းပန်မှု ပြုလုပ်ခဲ့ကြောင်း သိရပြီး ဒိုင်လူကြီးတွေရဲ့ အမှားကျူးလွန်မှုအတွက် နစ်နာခဲ့ရမှုအားလုံးကို နားလည်ခွင့်လွှတ်ပေးဖို့ ဆိုခဲ့ချိန်မှာ အဲဗာတန်ဘက်ကလည်း အသိအမှတ်ပြုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ဒါပေမယ့် လူမှုမီဒီယာတွေမှာတော့ အဆင့်အတန်းနိမ့်ကျတဲ့ ဒိုင်လူကြီးတွေရဲ့ မူမမှန်တဲ့ ပွဲတွင်းကိုင်တွယ်ထိန်းချုပ်မှုတွေအပေါ် ပေါက်ကွဲခဲ့ကြပြီး တကယ်လို့များ မန်စီးတီးနဲ့ပွဲက ရလဒ်ကြောင့် အဲဗာတန်အသင်း တန်းဆင်းသွားပြီး လမ်းပတ်နဲ့ ကန်ရိုက်တို့ နည်းပြနဲ့ ဥက္ကဌရာထူးတွေကို စွန့်လွှတ်ခဲ့ရရင် ဒီတောင်းပန်စကားနဲ့ပဲ ကျေနပ်ရမှာလား၊ ဘယ်သူတွေက တာဝန်ယူမှာလဲလို့ မေးခွန်းထုတ်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ စေနေန႔ညက ကစားခဲ့တဲ့ အဲဗာတန္နဲ႔ မန္ခ်က္စတာစီးတီးတို႔ရဲ႕ ပြဲစဥ္မွာ ဂိုးဧရိယာအတြင္းက ႐ိုဒရီရဲ႕ လက္ထိေဘာေၾကာင့္ ပင္နယ္တီ ေပးရမယ့္အျဖစ္ကို ပယ္ခ်သြားခဲ့တဲ့ ဒိုင္လူႀကီး ေပါလ္ တီယာနီနဲ႔ VAR ဒိုင္ ခရစၥ ကာဗန္းနားတို႔ရဲ႕ လုပ္ရပ္ကို ဒိုင္လူႀကီးေနရာခ်ထားေရးအဖြဲ႕ အေထြေထြ မန္ေနဂ်ာ မိုက္ ႐ိုင္လီက ဒီေန႔မွာ တရားဝင္ ေတာင္းပန္ခ်က္ေပးလိုက္ၿပီျဖစ္ပါတယ္။

ဂြတ္ဒီဆန္ပါ့ခ္က ပြဲခ်ိန္ ၈၄ မိနစ္မွာ လက္ထိခဲ့တဲ့ မန္စီးတီးအသင္းသား စပိန္ကြင္းလယ္လူရဲ႕ ျဖစ္ရပ္က ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး အဲဗာတန္နည္းျပ လမ္းပတ္ကေတာ့ သုံးႏွစ္အ႐ြယ္ သူ႔သမီးေတာင္မွ လက္ထိေဘာမွန္းသိတယ္လို႔ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ခ်ိန္မွာ ဒိုင္ေတြဘက္ကေတာ့ ႏႈတ္ဆိတ္ေနခဲ့တာပါ။

ပရီးမီးယားလိဂ္မွာ ေခါင္းမာၿပီး စိတ္ႀကီးဝင္ေနတဲ့ ပုံစံမ်ိဳးရွိတဲ့ လူငယ္ဒိုင္လူႀကီးေတြဟာ ငါသိငါတတ္ ငါမွန္တယ္ဆိုတဲ့ ပုံစံနဲ႔ မီဒီယာေတြရဲ႕ အာ႐ုံစိုက္မႈကို ရွာေဖြေနၾကတယ္လို႔ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ယူဆေနၾကခ်ိန္မွာ အဲဗာတန္-မန္စီးတီးပြဲကိုေတာ့ တိုက္တိုက္ဆိုင္ဆိုင္ပဲ ဒီစာရင္းဝင္ ၄၁ ႏွစ္သား တီယာနီနဲ႔ ၃၆ ႏွစ္သား ကာဗန္းနားတို႔က တိုက္တိုက္ဆိုင္ဆိုင္ပဲ အတူတကြ ကိုင္တြယ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပင္နယ္တီက ျပစ္ဒဏ္ေဘာျဖစ္တဲ့ အစိတ္အပိုင္းျဖစ္တဲ့ တံေတာင္ဆစ္နဲ႔ ပိုနီးရာ လက္ေမာင္းအဖ်ားဘက္နဲ႔ ထိခဲ့ခ်ိန္မွာ ေပးကို ေပးရမယ္လို႔ လက္ရွိမွာ စကိုင္းစပို႔စ္နဲ႔ လက္တြဲထားတဲ့ ပရီးမီးယားလိဂ္ ဒိုင္လူႀကီးေဟာင္း ပီတာ ေဝၚလ္တန္ကလည္း ေဝဖန္ရႈတ္ခ်သြားခဲ့ၿပီး “တီယာနီက မ်က္မျမင္တစ္ေယာက္ျဖစ္သလို ကာဗန္းနားက စိတ္ပ်က္စရာအမွားလုပ္ခဲ့တယ္”လို႔လည္း ထုတ္ေဖာ္ေျပာၾကားသြားခဲ့တာပါ။

ဒီေန႔မွာေတာ့ အဲဗာတန္အသင္းနည္းျပ လမ္းပတ္နဲ႔ ဥကၠဌ ဘီလ္ ကန္႐ိုက္တို႔ကို တနလၤာေန႔က သူတို႔ေတြ ရာဇသံ ေပးထားခဲ့တဲ့အတိုင္း တရားဝင္ ေတာင္းပန္ဖို႔ မိုက္ ႐ိုင္လီက လိုက္ေလ်ာခဲ့တာျဖစ္ၿပီး အမွားျဖစ္ၿပီး မ်က္ႏွာသာေပးခံခဲ့ရတာကို ဇြတ္ျငင္းေနခဲ့တဲ့ မန္စီးတီးပရိသတ္ေတြကိုေတာ့ အသံတိတ္သြားေစခဲ့တာလည္းျဖစ္ပါတယ္။

Professional Game Match Officials Limited (PGMOL) ရဲ႕ အေထြေထြ မန္ေနဂ်ာ မိုက္ ႐ိုင္လီဟာ မာေဆးဆိုက္ကလပ္ဆီကို ကိုယ္တိုင္ပဲ ဖုန္းေခၚဆိုၿပီး ေတာင္းပန္မႈ ျပဳလုပ္ခဲ့ေၾကာင္း သိရၿပီး ဒိုင္လူႀကီးေတြရဲ႕ အမွားက်ဴးလြန္မႈအတြက္ နစ္နာခဲ့ရမႈအားလုံးကို နားလည္ခြင့္လႊတ္ေပးဖို႔ ဆိုခဲ့ခ်ိန္မွာ အဲဗာတန္ဘက္ကလည္း အသိအမွတ္ျပဳခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကတာပါ။

ဒါေပမယ့္ လူမႈမီဒီယာေတြမွာေတာ့ အဆင့္အတန္းနိမ့္က်တဲ့ ဒိုင္လူႀကီးေတြရဲ႕ မူမမွန္တဲ့ ပြဲတြင္းကိုင္တြယ္ထိန္းခ်ဳပ္မႈေတြအေပၚ ေပါက္ကြဲခဲ့ၾကၿပီး တကယ္လို႔မ်ား မန္စီးတီးနဲ႔ပြဲက ရလဒ္ေၾကာင့္ အဲဗာတန္အသင္း တန္းဆင္းသြားၿပီး လမ္းပတ္နဲ႔ ကန္႐ိုက္တို႔ နည္းျပနဲ႔ ဥကၠဌရာထူးေတြကို စြန႔္လႊတ္ခဲ့ရရင္ ဒီေတာင္းပန္စကားနဲ႔ပဲ ေက်နပ္ရမွာလား၊ ဘယ္သူေတြက တာဝန္ယူမွာလဲလို႔ ေမးခြန္းထုတ္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.