Premier League

သွင်းဂိုးတွေနည်းပါးနေတဲ့အပေါ် ရော်နယ်လ်ဒိုကို ဒဲ့ပဲ ပြောလိုက်တဲ့ ရန်းနစ်ခ်

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်က ရော်နယ်လ်ဒိုအနေနဲ့ ၁၂ နှစ်အတွင်း ကလပ်ဘောလုံးအဆင့်မှာ သွင်းဂိုးအရေအတွက် အဆိုးရွားဆုံးကာလကို ဖြတ်သန်းခဲ့ပြီးနောက် အသင်းအတွက် ဂိုးတွေ ပိုမိုသွင်းယူဖို့ လိုအပ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေပေမယ့်လည်း ဒီဇင်ဘာလကုန်က ဘန်လေနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက်ပိုင်းကတည်းက အသင်းအတွက် ၅ ပွဲစလုံးမှာ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီး အင်္ဂါနေ့က ဘန်လေအိမ်ကွင်းမှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ကလပ်အသင်းအဆင့်မှာ ၂၀၁၀ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးခဲ့တဲ့ကာလအတွင်း ၅ ပွဲအထိ ဂိုးပေါက်ပျောက်ဆုံးခဲ့တာ နောက်ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။

ရန်းနစ်ခ်က ရော်နယ်လ်ဒိုကို ပိုကောင်းမွန်အောင် လုပ်ဖို့အတွက် ပြောကြားခဲ့ပေမယ့် နောက်ဆုံးပွဲစဉ်တွေမှာ ၃ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကစားသမားတွေအားလုံးကို ဂိုးသွင်းယူကြဖို့အတွက် တောင်းဆိုလိုက်တာဖြစ်ပါတယ်။ မစ်ဒယ်ဘရော့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ အထိ ရှိခဲ့တာဖြစ်ပြီး ဘန်လေနဲ့ပွဲမှာ နောက်ထပ် ၂၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုချည်းပဲ ပြောနေတာမဟုတ်ပါဘူး။ သူကတော့ ဂိုးတွေ ပိုပြီးသွင်းယူသင့်တယ်။ အဲဒါက သိသာပါတယ်။ ကျွန်တော်တို့ နောက်ဆုံးပွဲတွေမှာ အခွင့်အရေးတွေနဲ့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့် လုံလောက်တဲ့သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ပါဘူး။ အဲဒါက ခရစ္စတီယာနိုနဲ့ပတ်သက်ပြီး ပြဿနာရှိနေတာမဟုတ်ပါဘူး။ အဲဒါက တခြားကစားသမားတွေနဲ့ပတ်သက်ပြီး ပြဿနာရှိနေတာပါ။ အထူးသဖြင့် တိုက်စစ်ကစားသမားတွေမှာ ပြဿနာရှိနေလို့ ကျွန်တော်တို့ လုံလောက်တဲ့ဂိုးတွေ မသွင်းယူနိုင်တာပါ။ ခင်ဗျား ကျွန်တော်တို့ အခွင့်အရေးတွေ ဘယ်လောက်ဖန်တီးနိုင်ခဲ့လဲဆိုတာကို သတိပြုမိရင် သိမှာပါ”

“လာမယ့်အပတ်တွေမှာ အဲဒါက ပိုကောင်းမွန်လာဖို့ လိုအပ်ပါတယ်။ ဘန်လေနဲ့ပွဲ ပထမပိုင်းမှာ ကျွန်တော်တို့ ပွဲမတိုင်ခင် ပြောခဲ့တဲ့ ပွဲအစီအစဉ်အတိုင်း အရမ်းနီးစပ်ခဲ့ပြီး အခုတော့ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ ရလဒ်တွေနဲ့အတူ ကျွန်တော်တို့ဘာသာ ပြန်ဆုချဖို့ပြောနေတာပါ”

ရန်းနစ်ခ်က ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ယနေ့ညနေက ခက်ခဲကြမ်းတမ်းမယ်လို့ မျှော်မှန်းထားတာဖြစ်ပြီး ၎င်းရဲ့လိုက်ပ်ဇစ်တုန်းက လုပ်ဖော်ကိုင်ဖက်ဟောင်း ရာ့လ်ဖ် ဟာ့ဆန်ဟာတယ်လ်ဟာ ဗုဒ္ဓဟူးနေ့က စပါးစ်ကို ၃-၂ နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရလဒ် ရရှိခဲ့တာဖြစ်ပါတယ်။

“ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ အပြည့်အဝ သတိပြုမိပါတယ်။ ပြီးခဲ့တဲ့ စပါးစ်နဲ့တုန်းက ပွဲကို ကျွန်တော် ကြည့်ရှုခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့တွေက အနိုင်ရလဒ်နဲ့ တကယ်ထိုက်တန်ခဲ့ပါတယ်။ သူတို့တွေက နည်းဗျူဟာပိုင်းအရ အရမ်းမြင့်မားတဲ့အဆင့်မှာ ကစားခဲ့ပြီး အဲဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုဖြစ်လာပါလိမ့်မယ်”

“ဒါပေမယ့် ကျွန်တော်တို့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ ဒီနေ့မှာ နောက်ထပ်တစ်ကြိမ် အသင်းကို ဖြစ်နေတာတွေနဲ့ မနက်ဖြန်ပွဲအတွက် လုပ်ရမယ့်ဟာတွေကို ကြိုတင်ပြင်ဆင်သွားမှာပါ။ ကျွန်တော်တို့ ဒီပွဲကို နိုင်ကို နိုင်ရမယ်။ အဲဒါက အသေအချာပါပဲ။ ကျွန်တော်တို့ မစ်ဒယ်ဘရော့၊ ဘန်လေတို့နဲ့ပွဲမှာ ပထမပိုင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုတာ အပြည့်အဝသတိပြုမိပေမယ့် ဆောက်သမ်တန်နဲ့ အခုပွဲမှာတော့ တစ်ပွဲလုံး ထိပ်တန်းစွမ်းဆောင်ရည်ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဟာ့ဆန်ဟာတယ်လ်ကို သိခဲ့တာ အခုဆိုရင် ၆ နှစ်၊ ၇ နှစ်လောက်ရှိပြီဖြစ်ပြီး သူက ဒီနှစ်တွေထဲမှာ တိုးတက်လာခဲ့ပါတယ်”

“သူ ဆောက်သမ်တန်နဲ့လုပ်ခဲ့တာတွေကို ခင်ဗျားလည်း မြင်နိုင်တာပဲ။ သူက လိုက်ပ်ဇစ်မှာတုန်းကလည်း အရမ်းကောင်းတဲ့အလုပ်တွေကို လုပ်နိုင်ခဲ့တယ်။ ဘွန်ဒက်စ်လီဂါမှာ ကစားတဲ့ ပထမဆုံးနှစ်မှာပဲ ဒုတိယနေရာမှာ ပြီးဆုံးနိုင်ခဲ့ပြီး ဒုတိယနှစ်မှာ အဆင့် ၆ နေရာမှာ ပြီးဆုံးနိုင်ခဲ့ပါတယ်။ အခု သူ ဆောက်သမ်တန်နဲ့အတူ ရရှိခဲ့တဲ့အောင်မြင်မှုတွေက အရမ်းကို ကောင်းမွန်ပါတယ်။ အရမ်းကို ထူးချွန်တဲ့နည်းပြဖြစ်ပြီး သူ့ရဲ့လက်ထောက်နည်းပြ ရစ်ချက် ကစ်ဇ်ဘီခလာကိုလည်း ကောင်းကောင်း သိပါတယ်။ သူတို့ ၂ ယောက်စလုံးက အရမ်းကောင်းတဲ့အလုပ်တွေကို လုပ်နေတာဖြစ််ပေမယ့် အဲဒါက အကူအညီဖြစ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ မနက်ဖြန် ၃ မှတ်ရဖို့လိုအပ်ပြီး လုပ်ဖို့လိုအပ်တာက အဲဒါပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ယာယီနည္းၿပ ရာ့လ္ဖ္ ရန္းနစ္က ေရာ္နယ္လ္ဒိုအေနနဲ႔ ၁၂ ႏွစ္အတြင္း ကလပ္ေဘာလုံးအဆင့္မွာ သြင္းဂိုးအေရအတြက္ အဆိုးရြားဆုံးကာလကို ျဖတ္သန္းခဲ့ၿပီးေနာက္ အသင္းအတြက္ ဂိုးေတြ ပိုမိုသြင္းယူဖို႔ လိုအပ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ယခုရာသီမွာ သြင္းဂိုး ၁၄ ဂိုးနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ေနေပမယ့္လည္း ဒီဇင္ဘာလကုန္က ဘန္ေလနဲ႔ပြဲမွာ ဂိုးသြင္းၿပီးေနာက္ပိုင္းကတည္းက အသင္းအတြက္ ၅ ပြဲစလုံးမွာ ဂိုးမသြင္းနိုင္ခဲ့တာျဖစ္ၿပီး အဂၤါေန႔က ဘန္ေလအိမ္ကြင္းမွာ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အရန္ခုံမွာ ခ်န္လွပ္ခံခဲ့ရတာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေပၚတူဂီၾကယ္ပြင့္ဟာ ကလပ္အသင္းအဆင့္မွာ ၂၀၁၀ ခုႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ကစားေပးခဲ့တဲ့ကာလအတြင္း ၅ ပြဲအထိ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့တာ ေနာက္ဆုံးျဖစ္ခဲ့တာျဖစ္ပါတယ္။

ရန္းနစ္ခ္က ေရာ္နယ္လ္ဒိုကို ပိုေကာင္းမြန္ေအာင္ လုပ္ဖို႔အတြက္ ေျပာၾကားခဲ့ေပမယ့္ ေနာက္ဆုံးပြဲစဥ္ေတြမွာ ၃ ဂိုးသာ သြင္းယူထားနိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္ရဲ့တိုက္စစ္ကစားသမားေတြအားလုံးကို ဂိုးသြင္းယူၾကဖို႔အတြက္ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။ မစ္ဒယ္ဘေရာ့ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္ ၃၀ အထိ ရွိခဲ့တာျဖစ္ၿပီး ဘန္ေလနဲ႔ပြဲမွာ ေနာက္ထပ္ ၂၂ ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့ေပမယ့္ ၂ ဂိုးသာ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

“ခရစၥတီယာနို ေရာ္နယ္လ္ဒိုခ်ည္းပဲ ေျပာေနတာမဟုတ္ပါဘူး။ သူကေတာ့ ဂိုးေတြ ပိုၿပီးသြင္းယူသင့္တယ္။ အဲဒါက သိသာပါတယ္။ ကၽြန္ေတာ္တို႔ ေနာက္ဆုံးပြဲေတြမွာ အခြင့္အေရးေတြနဲ႔ အခြင့္အလမ္းေတြ ဖန္တီးနိုင္ခဲ့ေပမယ့္ လုံေလာက္တဲ့သြင္းဂိုးေတြ မသြင္းယူနိုင္ခဲ့ပါဘူး။ အဲဒါက ခရစၥတီယာနိုနဲ႔ပတ္သက္ၿပီး ျပႆနာရွိေနတာမဟုတ္ပါဘူး။ အဲဒါက တျခားကစားသမားေတြနဲ႔ပတ္သက္ၿပီး ျပႆနာရွိေနတာပါ။ အထူးသျဖင့္ တိုက္စစ္ကစားသမားေတြမွာ ျပႆနာရွိေနလို႔ ကၽြန္ေတာ္တို႔ လုံေလာက္တဲ့ဂိုးေတြ မသြင္းယူနိုင္တာပါ။ ခင္ဗ်ား ကၽြန္ေတာ္တို႔ အခြင့္အေရးေတြ ဘယ္ေလာက္ဖန္တီးနိုင္ခဲ့လဲဆိုတာကို သတိျပဳမိရင္ သိမွာပါ”

“လာမယ့္အပတ္ေတြမွာ အဲဒါက ပိုေကာင္းမြန္လာဖို႔ လိုအပ္ပါတယ္။ ဘန္ေလနဲ႔ပြဲ ပထမပိုင္းမွာ ကၽြန္ေတာ္တို႔ ပြဲမတိုင္ခင္ ေျပာခဲ့တဲ့ ပြဲအစီအစဥ္အတိုင္း အရမ္းနီးစပ္ခဲ့ၿပီး အခုေတာ့ ကၽြန္ေတာ္တို႔နဲ႔ ထိုက္တန္တဲ့ ရလဒ္ေတြနဲ႔အတူ ကၽြန္ေတာ္တို႔ဘာသာ ျပန္ဆုခ်ဖို႔ေျပာေနတာပါ”

ရန္းနစ္ခ္က ေဆာက္သမ္တန္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ယေန႔ညေနက ခက္ခဲၾကမ္းတမ္းမယ္လို႔ ေမၽွာ္မွန္းထားတာျဖစ္ၿပီး ၎ရဲ့လိုက္ပ္ဇစ္တုန္းက လုပ္ေဖာ္ကိုင္ဖက္ေဟာင္း ရာ့လ္ဖ္ ဟာ့ဆန္ဟာတယ္လ္ဟာ ဗုဒၶဟူးေန႔က စပါးစ္ကို ၃-၂ နဲ႔ ထိုက္ထိုက္တန္တန္ အနိုင္ရလဒ္ ရရွိခဲ့တာျဖစ္ပါတယ္။

“ဒီပြဲက ခက္ခဲတဲ့ပြဲျဖစ္လာမယ္ဆိုတာ ကၽြန္ေတာ္တို႔ အျပည့္အဝ သတိျပဳမိပါတယ္။ ၿပီးခဲ့တဲ့ စပါးစ္နဲ႔တုန္းက ပြဲကို ကၽြန္ေတာ္ ၾကည့္ရႈခဲ့တယ္ဆိုတာ ဟုတ္ပါတယ္။ သူတို႔ေတြက အနိုင္ရလဒ္နဲ႔ တကယ္ထိုက္တန္ခဲ့ပါတယ္။ သူတို႔ေတြက နည္းဗ်ဴဟာပိုင္းအရ အရမ္းျမင့္မားတဲ့အဆင့္မွာ ကစားခဲ့ၿပီး အဲဒါက ကၽြန္ေတာ္တို႔အတြက္ စိန္ေခၚမႈျဖစ္လာပါလိမ့္မယ္”

“ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဒီစိန္ေခၚမႈကို ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနတယ္ဆိုတာ ေသခ်ာပါတယ္။ ကၽြန္ေတာ္တို႔ ဒီေန႔မွာ ေနာက္ထပ္တစ္ႀကိမ္ အသင္းကို ျဖစ္ေနတာေတြနဲ႔ မနက္ျဖန္ပြဲအတြက္ လုပ္ရမယ့္ဟာေတြကို ႀကိဳတင္ျပင္ဆင္သြားမွာပါ။ ကၽြန္ေတာ္တို႔ ဒီပြဲကို နိုင္ကို နိုင္ရမယ္။ အဲဒါက အေသအခ်ာပါပဲ။ ကၽြန္ေတာ္တို႔ မစ္ဒယ္ဘေရာ့၊ ဘန္ေလတို႔နဲ႔ပြဲမွာ ပထမပိုင္း ေကာင္းေကာင္းလုပ္နိုင္ခဲ့တယ္ဆိုတာ အျပည့္အဝသတိျပဳမိေပမယ့္ ေဆာက္သမ္တန္နဲ႔ အခုပြဲမွာေတာ့ တစ္ပြဲလုံး ထိပ္တန္းစြမ္းေဆာင္ရည္ျပသနိုင္ဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္ ဟာ့ဆန္ဟာတယ္လ္ကို သိခဲ့တာ အခုဆိုရင္ ၆ ႏွစ္၊ ၇ ႏွစ္ေလာက္ရွိၿပီျဖစ္ၿပီး သူက ဒီႏွစ္ေတြထဲမွာ တိုးတက္လာခဲ့ပါတယ္”

“သူ ေဆာက္သမ္တန္နဲ႔လုပ္ခဲ့တာေတြကို ခင္ဗ်ားလည္း ျမင္နိုင္တာပဲ။ သူက လိုက္ပ္ဇစ္မွာတုန္းကလည္း အရမ္းေကာင္းတဲ့အလုပ္ေတြကို လုပ္နိုင္ခဲ့တယ္။ ဘြန္ဒက္စ္လီဂါမွာ ကစားတဲ့ ပထမဆုံးႏွစ္မွာပဲ ဒုတိယေနရာမွာ ၿပီးဆုံးနိုင္ခဲ့ၿပီး ဒုတိယႏွစ္မွာ အဆင့္ ၆ ေနရာမွာ ၿပီးဆုံးနိုင္ခဲ့ပါတယ္။ အခု သူ ေဆာက္သမ္တန္နဲ႔အတူ ရရွိခဲ့တဲ့ေအာင္ျမင္မႈေတြက အရမ္းကို ေကာင္းမြန္ပါတယ္။ အရမ္းကို ထူးခၽြန္တဲ့နည္းျပျဖစ္ၿပီး သူ႔ရဲ့လက္ေထာက္နည္းၿပ ရစ္ခ်က္ ကစ္ဇ္ဘီခလာကိုလည္း ေကာင္းေကာင္း သိပါတယ္။ သူတို႔ ၂ ေယာက္စလုံးက အရမ္းေကာင္းတဲ့အလုပ္ေတြကို လုပ္ေနတာျဖစ္္ေပမယ့္ အဲဒါက အကူအညီျဖစ္မွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ မနက္ျဖန္ ၃ မွတ္ရဖို႔လိုအပ္ၿပီး လုပ္ဖို႔လိုအပ္တာက အဲဒါပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.