Analysis Premier League

တစ်ရာသီလုံးရဲ့ အကောင်းဆုံးလူစားလဲလှယ်မှု လုပ်ဆောင်ခဲ့တဲ့ အာဆင်နယ်

ကြာသပတေးနေ့က မော်လီနိုးကွင်းမှာ အနိုင် ၃ မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့တာက အရေးပါတဲ့ပြီး အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ဝုလ်ဗ်စ်နဲ့ ဆိုးရွားတဲ့စံချိန်တွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ညနေ ပွဲစဉ်မတိုင်မီ ၂ သင်းကြားမှာ ရမှတ် ၂ မှတ်ကွာဟနေခဲ့တာက ဘရူနို လေ့ဂျ် ကိုင်တွယ်ရမယ့်အလုပ်အတွက် သက်သေဖြစ်ခဲ့တာဖြစ်ပါတယ်။ မြောက်လန်ဒန်မှာ ဆောက်သမ်တန်က တော့တင်ဟမ်ဟော့စပါးနဲ့ပွဲမှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့ရပြီး ဘန်လေကလည်း မန်ချက်စတာယူနိုက်တက်ဆီကနေ သရေ ၁ မှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုရာသီမှာ ၎င်းတို့ရဲ့ ပြိုင်ဘက်တွေရဲ့ ခြေချော်မှုကို အသုံးချဖို့ အခွင့်အရေးရခဲ့တဲ့ အချိန်တွေအားလုံးမှာ အခွင့်ကောင်း မယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘလက်ကောင်တီမှာ နောက်ထပ် ရူးမိုက်တဲ့အနီကတ်နဲ့ တစ်ယောက်လျော့ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အစဉ်အလာဆိုးကို ပြောင်းလဲနိုင်ခဲ့ပြီး အနိုင်ရလဒ်ရရှိအောင် ကူညီခဲ့တဲ့အတွက် အထူးသဖြင့် လူတစ်ယောက်ကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဝုလ်ဗ်စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရော့ဘ် ဟိုဒင်းကို လူစားဝင်ကစားစေခဲ့တဲ့အတွက် တစ်ရာသီလုံးမှာ အကောင်းဆုံးလူစားလဲလှယ်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီသာ ကွင်းထဲမှာ ရှိနေခဲ့မယ်ဆိုရင် ရော့ဘ် ဟိုးဒင်း ရှိနေဖို့အတွက် လိုအပ်ခဲ့မှာမဟုတ်ပေမယ့် စမစ် ရိုး ဝင်လာပြီး သိပ်မကြာခင်မှာ အနီကတ်ပြခံခဲ့ရတာကြောင့် ရော့ဘ် ဟိုးဒင်းကို ထည့်သွင်းဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေအနေနဲ့ ကျစ်လစ်တဲ့ ၅-၃-၁ ကစားပုံကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ကာရာဘောင်း ဆီမီးဖိုင်နယ်ပထမအကျော့တုန်းက အန်းဖီးမှာတုန်းကအတိုင်း အာတီတာဟာ ဟိုးဒင်းကို ခံစစ် ဗဟိုမှာထားတဲ့ ကစားကွက်နဲ့ ခံစစ်စုဖွဲ့မှုအပေါ်မှာ အားထားဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဗဟိုခံစစ်ကစားသမား ၃ ဦးစလုံးဟာ တချိန်တည်းမှာ ကွင်းထဲ ရှိနေခဲ့ကြပြီး အဲဒီ ၃ ဦးစလုံးဟာ ကြီးမားတဲ့အခန်းကဏ္ဍမှာ ပါဝင်ကစားပေးနေချိန်မှာ ဟိုးဒင်းရဲ့အခန်းကဏ္ဍက ကြီးမားခဲ့တာဖြစ်ပါတယ်။

၁၉ မိနစ်အတွင်း ရှင်းထုတ်မှု ၁၉ ကြိမ်(ပွဲစဉ်တိုင်းမှာ ဘယ်သူကမှ ၆ ကြိမ်ထက် ပိုမပြုလုပ်နိုင်ခဲ့)အထိ ပြုလုပ်ခဲ့နိုင်သလို၊ တစ်ဦးချင်း ရင်ဆိုင်လုယူမှု ၃ ကြိမ်၊ ကြားဝင်ဖျက်ထုတ်မှု ၁ ကြိမ်၊ ဝုလ်ဗ်က ဂိုးသွင်းနိုင်တော့မယ့်အချိန်မှာ ဂိုးစည်းပေါ်ကနေ ကာကွယ်မှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့တာကတော့ အမှတ်ရစရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

စိတ်လှုပ်ရှားစရာကောင်းတဲ့ နောက်ဆုံးမိနစ်တွေက အဖြစ်အပျက်တွေထဲမှာ ဟိုးဒင်းဟာ မှတ်မိသလောက်ဆိုရင် အသင်းအတွက် အကောင်းဆုံးပွဲကို ပါဝင်ကစားပေးခဲ့တယ်လို့တောင် ပြောရမှာဖြစ်ပါတယ်။

ဒါက ဟိုးဒင်းရဲ့ သဘာဝအတိုင်းဖြစ်ပြီး အားလုံးသိတဲ့အတိုင်းပဲ ကန့်သတ်ထားတဲ့ နေရာအများအပြားမှာ ဟိုးဒင်းကို ခံစစ်ရဲ့အနက်ရှိုင်းဆုံးအပိုင်းမှာ ထားပြီး ဖြတ်တင်မှုတွေကို လျင်လျင်မြန်မြန်ပဲ ရှင်းထုတ်စေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၎င်းတို့ရဲ့ပြိုင်ဘက်တွေကို တောင်ပံကနေ ထိုးဖောက်ပြီး ဖြတ်တင်ဘောတွေ ပေးပို့အောင် ပြုလုပ်ခဲ့တာဖြစ်ပြီး ဟိုးဒင်းက ဆည်ဝက ဗျိုင်းလိုပဲ တင်သမျှ ဘောလုံးကို ရှင်းထုတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အာဆင်နယ်လုပ်ခဲ့တဲ့ လူစားလဲလှယ်မှုတွေကို ကြည့်ရသလောက် တစ်ရာသီလုံးမှာ ပိုကောင်းမွန်တဲ့ လူစားလဲလှယ်မှုကို ပြုလုပ်နိုင်တော့မှာမဟုတ်ဘဲ ရာသီရဲ့အခြေအနေအရ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးလေးနေရာကို တက်လှမ်းချင်တယ်ဆိုရင် ဝုလ်ဗ်စ်နဲ့ပွဲစဉ်က အဲဒီအောင်မြင်မှု ရရှိအောင် ပြန်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။

ဟိုးဒင်းဟာ တတိယ သို့မဟုတ် စတုတ္ထ ဗဟိုခံစစ်ရွေးချယ်မှုထက် ပိုမှာမဟုတ်ပေမယ့် ပြန်လည်ပါဝင်ကစားပေးရတဲ့ ပွဲစဉ်တွေမှာတော့ ၎င်းဟာ ပရီးမီးယားလိဂ်မှာ ပိုမိုအားထားရတဲ့ ရွေးချယ်စရာတွေထဲက တစ်ခုအဖြစ် အခိုင်အမာ သက်သေပြသခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်နဲ့ပွဲမှာ ကစားခဲ့တဲ့ ၁၉ မိနစ်အတွင်းမှာ ခံစစ်နောက်ဆုံးအပိုင်းမှာ ရှင်းထုတ်မှုက အားလုံးထက် သာလွန်ခဲ့ပြီး အဲဒီလိုမျိုး အာရုံစိုက်နိုင်စွမ်းမြင့်မားမှုက လူစားဝင်ကစားသမားမဆိုထားနဲ့၊ နောက်ခံကစားသမားတွေဆီကနေတောင် မြင်တွေ့ရဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.