Premier League

ဘယ်လိုမှ ရွှီးရွှီး မယုံဘူးလို့ ကလော့ပ်ကို ရှင်းရှင်းပဲ ပြောလိုက်တဲ့ ဂွါဒီယိုလာ

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ၎င်းရဲ့အသင်းအနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအသင်းကို လိုက်မမီနိုင်တော့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားအတွက် စိန်ခေါ်ဖို့နဲ့ပတ်သက်ပြီး စဉ်းစားမနေဘူးလို့ ပြောကြားခဲ့ပြီးနောက် ၎င်းအနေနဲ့ ကလော့ပ်ရဲ့ ပြောဆိုမှုကို မယုံကြည်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ် ၉ မှတ်အထိ ဖြတ်ထားပေမယ့် လီဗာပူးလ်အသင်းဟာ ဖေဖော်ဝါရီ ၂၃ မှာ လိဒ်စ်နဲ့ ကစားရမယ့်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ရမှတ်ကွာဟမှုကို ၆ မှတ်အထိ လျှော့ချနိုင်တော့မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့် ဧပြီလ အီတီဟတ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာလည်း မန်စီးတီးကို အနိုင်ရရှိခဲ့မယ်ဆိုရင် ရမှတ်ကွာဟမှုကို နောက်ထပ် ကျဉ်းမြောင်းအောင် လုပ်နိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားသေးတာဖြစ်ပါတယ်။ ဂွါဒီယိုလာက ၎င်းရဲ့အသင်းကို ပရီးမီးယားလိဂ်ဖလား ရရှိချင်တယ်ဆိုရင် ပြီးပြည့်စုံလုနီးပါး ဖြစ်နေဖို့ လိုအပ်တယ်လို့ သတိပေး ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘောလုံးဝေဖန်သုံးသပ်သူအများစုက မန်စီးတီးက ၁၂ ပွဲဆက် နိုင်ပွဲ ရရှိနေချိန်မှာ လီဗာပူးလ်ရော ချဲလ်ဆီးအသင်းပါ ခရစ္စမတ်ကာလမှာ ရမှတ်တွေ လျော့ကျနေခဲ့တဲ့အချိန်တုန်းက ဆုဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး ပြီးသွားပြီလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မို ဆာလားနဲ့ မာနေးတို့ အာဖရိကဖလားပြိုင်ပွဲကြောင့် မပါဝင်နိုင်ခဲ့ပေမယ့်လည်း နောက်ဆုံး ၃ ပွဲကို အနိုင်ရရှိခဲ့ပေမယ့် ကလော့ပ်က စိတ်လှုပ်ရှားစရာမရှိဘူးလို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က သူတို့ကို လိုက်မီနိုင်တဲ့ အနေအထားမှာ ရှိနေလားဆိုတာ မသေချာပါဘူး။ ကျွန်တော်တို့ သူတို့ကို လိုက်မီစရာ အခွင့်အရေးမရှိတော့ပါဘူး။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့အတွက် အကောင်းဆုံးရာသီဖြစ်နိုင်အောင် ကစားဖို့အတွက် ကြိုးစားတော့မှာမဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နောဝစ်ချ်နဲ့ ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားရမယ့်ပွဲမတိုင်ခင် ကလော့ပ်ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ မန်စီးတီးနည်းပြက “ကျွန်တော် သူ့ကို မယုံပါဘူး”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ဆန့်ကျင်ဘက် အနေအထားမှာ ရှိလာခဲ့မယ်ဆိုရင် လက်မြှောက်အရှုံးပေးမှာလားလို့ မေးခွန်းထုတ်ခဲ့တဲ့အခါမှာ ဂွါဒီယိုလာက “လုံးဝဖြစ်နိုင်ပါတယ်။ သူလည်း အတူတူပဲ တွေးနေမှာပါ။ အဲဒီလိုမှမဟုတ်ရင်တော့ သူက ခုဖြစ်နေတဲ့ ယှဉ်ပြိုင်သူဖြစ်မှာမဟုတ်တော့ပါဘူး။ သူ ယုံကြည်တယ်ဆိုတာ ဟုတ်တာပေါ့။ ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်တယ်။ သူ ပွဲအများကြီး အနိုင်ရရမယ်ဆိုတာ သူ သိတယ်။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ချန်ပီယံဖြစ်ဖို့ တိုက်ပွဲဝင်ဖို့အတွက် ပွဲတွေ အများကြီး အနိုင်ရရမယ်ဆိုတာ ကျွန်တော်တို့ သိနေသလိုပဲပေါ့”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အနေနဲ့ ရာသီကုန်အထိ ပွဲစဉ်တွေ အားလုံးကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် စုစုပေါင်း ၉၆ မှတ်အထိ ရောက်ရှိလာနိုင်ပြီး ဂွါဒီယိုလာက ၎င်းရဲ့အသင်းအနေနဲ့ ဆုဖလား ကျိန်းသေပေါက်ရရှိအောင် အဲဒီရမှတ်ပမာဏလောက်ကို ရောက်ရှိဖို့လိုအပ်လိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။ ရာသီကုန်အထိ ကစားဖို့ ၁၅ ပွဲသာ ကျန်ရှိတော့တာကြောင့် မန်စီးတီးနည်းပြက လီဗာပူးလ်အနေနဲ့ လက်ရှိကနေ ရာသီကုန်တဲ့အထိ ပွဲစဉ်တိုင်းကို အနိုင်ရရှိဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“၂ သင်းစလုံးက ပြီးခဲ့တဲ့နှစ်တွေကတည်းက မယုံနိုင်ဖွယ် ဆက်တိုက်နိုင်ပွဲတွေ ရယူနိုင်တယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ။ တကယ်လို့ တစ်သင်းကသာ အဲဒီလို လုပ်နိုင်မယ်ဆိုရင် သူတို့တွေ လုပ်နိုင်မှာပါ။ ၂ သင်းစလုံးက တူညီတဲ့နည်းပြ၊ အနည်းနဲ့အများ တူညီတဲ့လူစာရင်းနဲ့ အကြံအစည်တွေရှိကြပါတယ်။ ၂ သင်းစလုံးက ၁၆ ပွဲ၊ ၁၇ ပွဲဆက် နိုင်ပွဲတွေ ရယူနိုင်တယ်။ သူတို့ အဲဒါကို လုပ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း အဲဒါကို လုပ်နိုင်တာပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္က ၎ရဲ့အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ မန္ခ်က္စတာစီးတီးအသင္းကို လိုက္မမီနိုင္ေတာ့ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးနည္းၿပ ဂြါဒီယိုလာက လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ဆုဖလားအတြက္ စိန္ေခၚဖို႔နဲ႔ပတ္သက္ၿပီး စဥ္းစားမေနဘူးလို႔ ေျပာၾကားခဲ့ၿပီးေနာက္ ၎အေနနဲ႔ ကေလာ့ပ္ရဲ့ ေျပာဆိုမႈကို မယုံၾကည္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရမွတ္ ၉ မွတ္အထိ ျဖတ္ထားေပမယ့္ လီဗာပူးလ္အသင္းဟာ ေဖေဖာ္ဝါရီ ၂၃ မွာ လိဒ္စ္နဲ႔ ကစားရမယ့္ပြဲမွာ အနိုင္ရရွိခဲ့မယ္ဆိုရင္ ရမွတ္ကြာဟမႈကို ၆ မွတ္အထိ ေလၽွာ့ခ်နိုင္ေတာ့မွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ လာမယ့္ ဧၿပီလ အီတီဟတ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မွာလည္း မန္စီးတီးကို အနိုင္ရရွိခဲ့မယ္ဆိုရင္ ရမွတ္ကြာဟမႈကို ေနာက္ထပ္ က်ဥ္းေျမာင္းေအာင္ လုပ္နိုင္မယ့္ အခြင့္အေရး ပိုင္ဆိုင္ထားေသးတာျဖစ္ပါတယ္။ ဂြါဒီယိုလာက ၎ရဲ့အသင္းကို ပရီးမီးယားလိဂ္ဖလား ရရွိခ်င္တယ္ဆိုရင္ ၿပီးျပည့္စုံလုနီးပါး ျဖစ္ေနဖို႔ လိုအပ္တယ္လို႔ သတိေပး ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဘာလုံးေဝဖန္သုံးသပ္သူအမ်ားစုက မန္စီးတီးက ၁၂ ပြဲဆက္ နိုင္ပြဲ ရရွိေနခ်ိန္မွာ လီဗာပူးလ္ေရာ ခ်ဲလ္ဆီးအသင္းပါ ခရစၥမတ္ကာလမွာ ရမွတ္ေတြ ေလ်ာ့က်ေနခဲ့တဲ့အခ်ိန္တုန္းက ဆုဖလားၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး ၿပီးသြားၿပီလို႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ မို ဆာလားနဲ႔ မာေနးတို႔ အာဖရိကဖလားၿပိဳင္ပြဲေၾကာင့္ မပါဝင္နိုင္ခဲ့ေပမယ့္လည္း ေနာက္ဆုံး ၃ ပြဲကို အနိုင္ရရွိခဲ့ေပမယ့္ ကေလာ့ပ္က စိတ္လႈပ္ရွားစရာမရွိဘူးလို႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔က သူတို႔ကို လိုက္မီနိုင္တဲ့ အေနအထားမွာ ရွိေနလားဆိုတာ မေသခ်ာပါဘူး။ ကၽြန္ေတာ္တို႔ သူတို႔ကို လိုက္မီစရာ အခြင့္အေရးမရွိေတာ့ပါဘူး။ ဒါေပမယ့္ အဲဒါက ကၽြန္ေတာ္တို႔အတြက္ အေကာင္းဆုံးရာသီျဖစ္နိုင္ေအာင္ ကစားဖို႔အတြက္ ႀကိဳးစားေတာ့မွာမဟုတ္ဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေနာဝစ္ခ်္နဲ႔ ယေန႔ညေနမွာ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲမတိုင္ခင္ ကေလာ့ပ္ရဲ့မွတ္ခ်က္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ မန္စီးတီးနည္းျပက “ကၽြန္ေတာ္ သူ႔ကို မယုံပါဘူး”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ ဆန႔္က်င္ဘက္ အေနအထားမွာ ရွိလာခဲ့မယ္ဆိုရင္ လက္ေျမႇာက္အရႈံးေပးမွာလားလို႔ ေမးခြန္းထုတ္ခဲ့တဲ့အခါမွာ ဂြါဒီယိုလာက “လုံးဝျဖစ္နိုင္ပါတယ္။ သူလည္း အတူတူပဲ ေတြးေနမွာပါ။ အဲဒီလိုမွမဟုတ္ရင္ေတာ့ သူက ခုျဖစ္ေနတဲ့ ယွဥ္ၿပိဳင္သူျဖစ္မွာမဟုတ္ေတာ့ပါဘူး။ သူ ယုံၾကည္တယ္ဆိုတာ ဟုတ္တာေပါ့။ ေဘာလုံးမွာ ဘာမဆို ျဖစ္သြားနိုင္တယ္။ သူ ပြဲအမ်ားႀကီး အနိုင္ရရမယ္ဆိုတာ သူ သိတယ္။ ကၽြန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ခ်န္ပီယံျဖစ္ဖို႔ တိုက္ပြဲဝင္ဖို႔အတြက္ ပြဲေတြ အမ်ားႀကီး အနိုင္ရရမယ္ဆိုတာ ကၽြန္ေတာ္တို႔ သိေနသလိုပဲေပါ့”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အေနနဲ႔ ရာသီကုန္အထိ ပြဲစဥ္ေတြ အားလုံးကို အနိုင္ကစားနိုင္ခဲ့မယ္ဆိုရင္ စုစုေပါင္း ၉၆ မွတ္အထိ ေရာက္ရွိလာနိုင္ၿပီး ဂြါဒီယိုလာက ၎ရဲ့အသင္းအေနနဲ႔ ဆုဖလား က်ိန္းေသေပါက္ရရွိေအာင္ အဲဒီရမွတ္ပမာဏေလာက္ကို ေရာက္ရွိဖို႔လိုအပ္လိမ့္မယ္လို႔ ေမၽွာ္မွန္းထားတာျဖစ္ပါတယ္။ ရာသီကုန္အထိ ကစားဖို႔ ၁၅ ပြဲသာ က်န္ရွိေတာ့တာေၾကာင့္ မန္စီးတီးနည္းျပက လီဗာပူးလ္အေနနဲ႔ လက္ရွိကေန ရာသီကုန္တဲ့အထိ ပြဲစဥ္တိုင္းကို အနိုင္ရရွိဖို႔ဆိုတာက မျဖစ္နိုင္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“၂ သင္းစလုံးက ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက မယုံနိုင္ဖြယ္ ဆက္တိုက္နိုင္ပြဲေတြ ရယူနိုင္တယ္ဆိုတာကို ျပသခဲ့ၿပီးပါၿပီ။ တကယ္လို႔ တစ္သင္းကသာ အဲဒီလို လုပ္နိုင္မယ္ဆိုရင္ သူတို႔ေတြ လုပ္နိုင္မွာပါ။ ၂ သင္းစလုံးက တူညီတဲ့နည္းျပ၊ အနည္းနဲ႔အမ်ား တူညီတဲ့လူစာရင္းနဲ႔ အႀကံအစည္ေတြရွိၾကပါတယ္။ ၂ သင္းစလုံးက ၁၆ ပြဲ၊ ၁၇ ပြဲဆက္ နိုင္ပြဲေတြ ရယူနိုင္တယ္။ သူတို႔ အဲဒါကို လုပ္နိုင္ပါတယ္။ ကၽြန္ေတာ္တို႔လည္း အဲဒါကို လုပ္နိုင္တာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.