Match Report Premier League

အခြင့္အေရးကို ေစာင့္ဆုိင္းခဲ့တဲ့ EPL ဂိုးရာျပည့္ ဗာဒီရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔ လက္စတာတုိ႔ ႏုိင္ပြဲျပန္ရ

ကင္းပါဝါ စေတဒီယမ္က ၿပဳိင္ဘက္ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ကစားခဲ့တဲ့ပြဲမွာေတာ့ ပရီးမီးယားလိဂ္ Restart ေနာက္ပုိင္း ႏုိင္ပြဲေပ်ာက္ေနတဲ့ လက္စတာတုိ႔ ဒီစံခ်ိန္ဆုိးကို ရပ္တန္႔ႏုိင္ခဲ့ၿပီး ဖိအားမရွိတဲ့ သက္ေတာ္ရွည္နည္းျပႀကီး ရြဳိင္းေဟာ့ဆန္ရဲ႕ ဧည့္သည္အသင္းကို တစ္ဖက္သတ္ေျခစြမ္းနဲ႔ အႏုိင္ရယူသြားႏုိင္ခဲ့ပါတယ္။

ဒီပြဲမွာ ဘရန္ဒန္ ေရာ့ဂ်ားစ္တုိ႔ ၃-၅-၂ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့သလို ပဲေလ့စ္ဘက္ကလည္း သူတုိ႔နဲ႔ မရင္းႏွီးတဲ့ ၄-၃-၃ ကစားကြက္ကို အသုံးျပဳခဲ့တာေၾကာင့္ ကစားသမားအရည္အေသြး ပိုမိုျမင့္မားတဲ့ အိမ္ရွင္တုိ႔ ဖိကစားႏုိင္ခဲ့ေပမယ့္ တုိက္စစ္မွဴး ေဂ်မီ ဗာဒီအတြက္ေတာ့ သူလိုခ်င္တဲ့ ေတာင္ပံတြဲဖက္ကို မရရွိခဲ့တာေၾကာင့္ သူကိုယ္တုိင္ ေတာင္ပံထြက္ၿပီး အီဟန္နာခ်ဳိကို ဖန္တီးေပးေနခဲ့ရၿပီး ပထမပုိင္းမွာ ဂိုးမရွိသေရက်ေနခဲ့တာပါ။

ဒုတိယပုိင္းမွာေတာ့ ခံစစ္ကစားေနရင္း အမွားလုပ္ခဲ့တဲ့ ပဲေလ့စ္ေနာက္ခံလူ ဆာခိုရဲ႕ ရွင္းထုတ္ရမယ့္ ေဘာလုံးကို ဂိုးသမားဖမ္းယူဖို႔ ကာေပးထားခ်ိန္မွာ လက္စတာတုိက္စစ္မွဴး အီဟန္နာခ်ဳိက ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့ၿပီး အဖြင့္ဂိုးကို သြင္းယူခဲ့ေပမယ့္ ဒီကစားကြက္မွာ ဗာဒီကေတာ့ ႐ုန္းကန္ေနရဆဲပဲျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာ ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ လက္စတာကစားကြက္က ဗာဒီအႀကဳိက္ ၄-၅-၁ ျဖစ္သြားခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ေနာက္ထပ္ အခြင့္အေရးကို ထပ္ေရာင္းတဲ့ ဆာခိုရဲ႕ ေဘာလုံးျပန္ေခါက္ဖို႔ ႀကဳိးစားရင္း လဲက်မွဳကေန လူစားဝင္ေတာင္ပံသမား ဟာဗီ ဘန္းစ္က ျဖတ္ယူသြားခဲ့ၿပီး အနိမ့္ေဘာ ေပးပုိ႔ခဲ့ရာမွာ ဗာဒီက သူ႕ရဲ႕ ပရီးမီးယားလိဂ္ဂိုး ၁၀၀ ေျမာက္နဲ႔ Centurion ရာျပည့္ဘြဲ႕ခံႏုိင္ခဲ့ၿပီး ဒီရာသီမွာလည္း သြင္းဂိုး ၂၀ နဲ႔ အူဘာမီယန္းကို ျဖတ္ထားႏုိင္ခဲ့တာပါ။

ပြဲခ်ိန္ ၉၄ မိနစ္မွာေတာ့ တစ္သင္းလုံးတက္ကစားေနတဲ့ ပဲေလ့စ္ဘက္ကို တန္ျပန္တုိက္စစ္ကေန ဘန္းစ္က ေမွ်ာေပးလုိက္တာကို ဗာဒီကပဲ လူကၽြံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး သူ႕အတြက္ ဒီရာသီ ပရီးမီးယားလိဂ္ ၂၁ ဂိုးေျမာက္ကို ရယူသြားခဲ့ၿပီး ဖိအားေတြနဲ႔ ႏုိင္ပြဲေပ်ာက္ေနခဲ့တဲ့ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ကို ကယ္တင္ေပးႏုိင္ခဲ့ၿပီး သုံးဂိုး-ဂိုးမရွိရလဒ္နဲ႔ အဆင့္ ၃ ေနရာမွာ ဆက္လက္ရပ္တည္ႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကင်းပါဝါ စတေဒီယမ်က ပြိုင်ဘက် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ပွဲမှာတော့ ပရီးမီးယားလိဂ် Restart နောက်ပိုင်း နိုင်ပွဲပျောက်နေတဲ့ လက်စတာတို့ ဒီစံချိန်ဆိုးကို ရပ်တန့်နိုင်ခဲ့ပြီး ဖိအားမရှိတဲ့ သက်တော်ရှည်နည်းပြကြီး ရွိုင်းဟော့ဆန်ရဲ့ ဧည့်သည်အသင်းကို တစ်ဖက်သတ်ခြေစွမ်းနဲ့ အနိုင်ရယူသွားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘရန်ဒန် ရော့ဂျားစ်တို့ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့သလို ပဲလေ့စ်ဘက်ကလည်း သူတို့နဲ့ မရင်းနှီးတဲ့ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့တာကြောင့် ကစားသမားအရည်အသွေး ပိုမိုမြင့်မားတဲ့ အိမ်ရှင်တို့ ဖိကစားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး ဂျေမီ ဗာဒီအတွက်တော့ သူလိုချင်တဲ့ တောင်ပံတွဲဖက်ကို မရရှိခဲ့တာကြောင့် သူကိုယ်တိုင် တောင်ပံထွက်ပြီး အီဟန်နာချိုကို ဖန်တီးပေးနေခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ခံစစ်ကစားနေရင်း အမှားလုပ်ခဲ့တဲ့ ပဲလေ့စ်နောက်ခံလူ ဆာခိုရဲ့ ရှင်းထုတ်ရမယ့် ဘောလုံးကို ဂိုးသမားဖမ်းယူဖို့ ကာပေးထားချိန်မှာ လက်စတာတိုက်စစ်မှူး အီဟန်နာချိုက ပြေးဝင်ပိတ်သွင်းနိုင်ခဲ့ပြီး အဖွင့်ဂိုးကို သွင်းယူခဲ့ပေမယ့် ဒီကစားကွက်မှာ ဗာဒီကတော့ ရုန်းကန်နေရဆဲပဲဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ပွဲချိန် ၇၅ မိနစ်မှာတော့ လက်စတာကစားကွက်က ဗာဒီအကြိုက် ၄-၅-၁ ဖြစ်သွားခဲ့ချိန်မှာ ပွဲချိန် ၇၇ မိနစ်မှာတော့ နောက်ထပ် အခွင့်အရေးကို ထပ်ရောင်းတဲ့ ဆာခိုရဲ့ ဘောလုံးပြန်ခေါက်ဖို့ ကြိုးစားရင်း လဲကျမှုကနေ လူစားဝင်တောင်ပံသမား ဟာဗီ ဘန်းစ်က ဖြတ်ယူသွားခဲ့ပြီး အနိမ့်ဘော ပေးပို့ခဲ့ရာမှာ ဗာဒီက သူ့ရဲ့ ပရီးမီးယားလိဂ်ဂိုး ၁၀၀ မြောက်နဲ့ Centurion ရာပြည့်ဘွဲ့ခံနိုင်ခဲ့ပြီး ဒီရာသီမှာလည်း သွင်းဂိုး ၂၀ နဲ့ အူဘာမီယန်းကို ဖြတ်ထားနိုင်ခဲ့တာပါ။

ပွဲချိန် ၉၄ မိနစ်မှာတော့ တစ်သင်းလုံးတက်ကစားနေတဲ့ ပဲလေ့စ်ဘက်ကို တန်ပြန်တိုက်စစ်ကနေ ဘန်းစ်က မျှောပေးလိုက်တာကို ဗာဒီကပဲ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး သူ့အတွက် ဒီရာသီ ပရီးမီးယားလိဂ် ၂၁ ဂိုးမြောက်ကို ရယူသွားခဲ့ပြီး ဖိအားတွေနဲ့ နိုင်ပွဲပျောက်နေခဲ့တဲ့ နည်းပြ ဘရန်ဒန် ရော့ဂျားစ်ကို ကယ်တင်ပေးနိုင်ခဲ့ပြီး သုံးဂိုး-ဂိုးမရှိရလဒ်နဲ့ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.