Premier League

၆.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆုိလျပည့္ေက်ာ္ ၂ ရက္၊ တနလၤာေန႔။

၆.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆုိလျပည့္ေက်ာ္ ၂ ရက္၊ တနလၤာေန႔၊ ရွမ္းရက္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၁၀:၂၁ အထိ တိထီ ၁ လုံး။ ေက်ာ္လွ်င္ ၂ လုံး။ ၂ လုံးတြင္ မတယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ သန္းေခါင္ေက်ာ္ ၁၂:၁၀ အထိ ဥတၱရာသ႒္နကၡတ္။ ေက်ာ္လွ်င္ သရဝဏ္နကၡတ္။ ည ၂၂:၃၂ အထိ ေဝဒရိယုဂ္၊ အားနည္းျခင္း၊ လႊမ္းမိုးခံရျခင္း၊ ခ်င့္ခ်ိန္ေနရျခင္း၊ မိမိဆႏၵကို ဦးစားမေပးဘဲ သူတပါးအရိပ္အေျခကို ၾကည့္၍ ခ်င့္ခ်ိန္လုပ္ေဆာင္ပါ။ ေက်ာ္လွ်င္ ဝိသကုမၻယုဂ္၊ ၾကြယ္ဝျခင္း၊ အေထာက္အပံ့ရရွိျခင္း၊ သူတပါးအကူအညီ ရယူ၍ လုပ္ေဆာင္ရမည့္ကိစၥမ်ားအတြက္ အထူးလုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၀:၂၁ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၂:၀၇ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၁၀:၂၁ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၆.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့၊ ရှမ်းရက်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၁၀:၂၁ အထိ တိထီ ၁ လုံး။ ကျော်လျှင် ၂ လုံး။ ၂ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် သန်းခေါင်ကျော် ၁၂:၁၀ အထိ ဥတ္တရာသဋ္ဌ်နက္ခတ်။ ကျော်လျှင် သရဝဏ်နက္ခတ်။ ည ၂၂:၃၂ အထိ ဝေဒရိယုဂ်၊ အားနည်းခြင်း၊ လွှမ်းမိုးခံရခြင်း၊ ချင့်ချိန်နေရခြင်း၊ မိမိဆန္ဒကို ဦးစားမပေးဘဲ သူတပါးအရိပ်အခြေကို ကြည့်၍ ချင့်ချိန်လုပ်ဆောင်ပါ။ ကျော်လျှင် ဝိသကုမ္ဘယုဂ်၊ ကြွယ်ဝခြင်း၊ အထောက်အပံ့ရရှိခြင်း၊ သူတပါးအကူအညီ ရယူ၍ လုပ်ဆောင်ရမည့်ကိစ္စများအတွက် အထူးလုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၀:၂၁ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ည ၂၂:၀၇ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၁၀:၂၁ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)