Match Report Premier League

ခ်ဲလ္ဆီးတုိ႔ရဲ႕ႏိုင္ပြဲနဲ႔အတူ တတိယေနရာအတြက္ သုံးသင္းအၿပဳိင္ျဖစ္လာတဲ့ ပရီးမီးယားလိဂ္

သူ႕ရဲ႕အေပၚက အမွတ္ခ်င္းတစ္မွတ္သာ ကြာတဲ့ လက္စတာတို႔ အႏုိင္ရသြားတာေၾကာင့္ ခ်ဲလ္ဆီးတို႔ ဒီေန႔ပြဲကို ဖိဖိစီးစီးကစားခဲ့ၿပီး လန္ဒန္နဲ႔ မနီးမေဝးက လာခဲ့ရတဲ့ ဝတ္ဖို႔ဒ္တုိ႔ကို အိမ္ကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဧည့္ဝတ္ေက်ပြန္စြာနဲ႔ သုံးဂိုးသြင္း၊ တစ္ဂိုးမွ မေပးဘဲ ႏုိင္ပြဲတစ္ပြဲကို ျပန္လည္ရယူသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ပြဲကို ရွဳံးလုိက္တာေၾကာင့္ လက္စတာကို ေက်ာ္တက္ႏုိင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရသလို ေနာက္က လုိက္လာတဲ့ မန္ခ်က္စတာယူႏုိက္တက္ကိုလည္း ႏွစ္မွတ္အကြာအထိ ခ်ဥ္းကပ္ခံခဲ့ရတဲ့ ခ်ဲလ္ဆီးတုိ႔ ဒီေန႔မွာေတာ့ ကြင္းလယ္မွာ ေျခအမွန္ဆုံးနဲ႔ လုပ္အားႏွဳန္း အေကာင္းဆုံးျဖစ္တဲ့ ကြန္ေတနဲ႔ ဘာကလီကို တြဲေပးခဲ့သလို တုိက္စစ္ကိုေတာ့ ဂ်ီ႐ူး၊ ပူလီဆစ္ခ်္နဲ႔ ဝီလီယန္တုိ႔က ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ပြဲစတာနဲ႔ ခ်ဲလ္ဆီးတုိ႔ ဖိကစားခဲ့ၿပီး ေနာက္ပုိင္းပြဲစဥ္ေတြမွာ ကိုင္တြယ္ပုံ က်ဆင္းလာခဲ့တဲ့ ႏုိက္ဂ်ယ္ အက္ဒ္ကင္းစ္ရဲ႕ ဝတ္ဖို႔ဒ္အသင္းကို ေတာက္ေလွ်ာက္ဖိအားေပးကစားခဲ့သလို ဂ်ီ႐ူး၊ ဝီလီယန္တို႔ရဲ႕ ကန္သြင္းမွဳေတြနဲ႔ ၿခိမ္းေျခာက္ခဲ့ၿပီး ဂိုးသမား ေဖာ္စတာနဲ႔ ေနာက္တန္းေတြ ကာကြယ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတုိ႔ အဖြင့္ဂိုးရရွိခဲ့ၿပီး ကြင္းလယ္က ေမဆန္ေမာင့္ ထိုးေပးလုိက္တဲ့ ေဘာလုံးကို ဘာကေလက ဆြဲေျပးၿပီး ဂိုးဧရိယာအစပ္ကေန အတြင္းမွာ ေနရာယူထားတဲ့ တုိက္စစ္မွဴး ဂ်ီ႐ူးဆီ ပုိ႔ေပးခဲ့ရာမွာ ျပင္သစ္သားႀကီးအေနနဲ႔ အျပင္းမကန္ဘဲ အေဝးတုိင္ဆီကို အသာအယာခ်ဳိးကန္သြားခဲ့တာေၾကာင့္ ဝတ္ဖို႔ဒ္ခံစစ္က မ်က္စိလည္သြားၿပီး ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ဘယ္ေတာင္ပံကေန ေဘာလုံးျပန္ေခါက္ဖို႔ ႀကဳိးစားတဲ့ ပူလီဆစ္ခ်္ကို ေနာက္က ေျပးလုိက္တာတဲ့ ဝတ္ဖို႔ဒ္ကြင္းလယ္ ကစားသမား ကာပူးက အရွိန္မထိန္းႏိုင္ဘဲ ဝင္တုိက္မိခဲ့လုိ႔ ဒိုင္လူႀကီး ကီဗင္ ဖရန္႔ဒ္က ပင္နယ္တီသတ္မွတ္ေပးခဲ့ၿပီး ခ်ဲလ္ဆီးတုိ႔အတြက္ ပရီးမီးယားလိဂ္ ေနာက္ဆုံး သုံးပြဲဆက္တုိက္မွာ ပင္နယ္တီရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဒီအခြင့္အေရးကိုေတာ့ ေနာက္ဆုံး ၿပီးခဲ့တဲ့ ပြဲေတြမွာလည္း ပင္တုိင္ ပင္နယ္တီကန္သြင္းသူျဖစ္ခဲ့တဲ့ ဝီလီယန္က ဂိုးသမား ေဖာ္စတာကို ေျမေပၚ လွဲအိပ္ေစၿပီးမွ ညာဘက္အေပၚကို ကန္သြင္းယူခဲ့ၿပီး ပရီးမီးယားလိဂ္ Restart ကစလို႔ ေနာက္ဆုံးရရွိထားတဲ့ ပင္နယ္တီအားလုံးကို ဝင္ေအာင္ ကန္သြင္းႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ပထမပုိင္းကိုေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အိမ္ရွင္တို႔ အႏုိင္ယူသြားခဲ့ၿပီး ဒုတိယပုိင္းပြဲခ်ိန္တစ္ေလွ်ာက္လုံးမွာလည္း ခ်ဲလ္ဆီးတုိ႔ပဲ ပြဲကို စိုးမိုးထားခဲ့သလို ပူလီဆစ္ခ်္၊ ဝီလီယန္၊ ဂ်ီ႐ူး၊ ဇူးမားတုိ႔ရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္မွဳေတြမွာ ဂိုးသမား ေဖာ္စတာ အလုပ္မ်ားခဲ့ရၿပီး ဂိုးေပါက္ ၉ ႀကိမ္ တည့္ခဲ့တဲ့ ဒီပြဲမွာ ၆ ႀကိမ္ကို ကာကြယ္သြားႏုိင္ခဲ့ပါတယ္။

ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲသိမ္းေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ ပြဲခ်ိန္ ၉၁ မိနစ္မွာ ဒီေန႔ပြဲမွာ အလြန္ဆုိကို စိတ္ပ်က္ေနတဲ့ နည္းျပ လမ္းပတ္က သူ႕ကို ေခါက္ထားခဲ့လို႔ ဘယ္ေနာက္ခံလူေနရာမွာ ကစားခဲ့ရတဲ့ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာက ခ်ဳိးေပးတာကို ဘာကလီက ညာနဲ႔တစ္ခ်က္ထိန္းၿပီး ဘယ္နဲ႔ အျပင္းကန္သြင္းခဲ့ရမွာ ဝတ္ဖို႔ဒ္ဂိုးသမား ေဖာ္စတာ လက္ေတာင္မေျမႇာက္ႏုိင္ဘဲ ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲကို အႏုိင္ရရွိခဲ့လို႔ ခ်ဲလ္ဆီးတို႔ အဆင့္ ၄ ေနရာကို ျပန္လည္ရယူႏုိင္ခဲ့ၿပီး အဆင့္ ၃ ေနရာက လက္စတာနဲ႔ တစ္မွတ္အကြာအေဝးကို ဆက္လက္ထိန္းသိမ္းထားႏုိင္ဆဲျဖစ္သလို အဆင့္ ၅ ေနရာက မန္ခ်က္စတာယူႏိုက္တက္အသင္းကိုလည္း ၂ မွတ္ျဖတ္ထားႏုိင္ဆဲျဖစ္ၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ မန္ခ်က္စတာစီးတီးကိစၥ အေျဖမေပၚခင္ အေကာင္းဆုံးလုပ္ေဆာင္ထားႏုိင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: သူ့ရဲ့အပေါ်က အမှတ်ချင်းတစ်မှတ်သာ ကွာတဲ့ လက်စတာတို့ အနိုင်ရသွားတာကြောင့် ချဲလ်ဆီးတို့ ဒီနေ့ပွဲကို ဖိဖိစီးစီးကစားခဲ့ပြီး လန်ဒန်နဲ့ မနီးမဝေးက လာခဲ့ရတဲ့ ဝတ်ဖို့ဒ်တို့ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ဝတ်ကျေပွန်စွာနဲ့ သုံးဂိုးသွင်း၊ တစ်ဂိုးမှ မပေးဘဲ နိုင်ပွဲတစ်ပွဲကို ပြန်လည်ရယူသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲကို ရှုံးလိုက်တာကြောင့် လက်စတာကို ကျော်တက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသလို နောက်က လိုက်လာတဲ့ မန်ချက်စတာယူနိုက်တက်ကိုလည်း နှစ်မှတ်အကွာအထိ ချဉ်းကပ်ခံခဲ့ရတဲ့ ချဲလ်ဆီးတို့ ဒီနေ့မှာတော့ ကွင်းလယ်မှာ ခြေအမှန်ဆုံးနဲ့ လုပ်အားနှုန်း အကောင်းဆုံးဖြစ်တဲ့ ကွန်တေနဲ့ ဘာကလီကို တွဲပေးခဲ့သလို တိုက်စစ်ကိုတော့ ဂျီရူး၊ ပူလီဆစ်ချ်နဲ့ ဝီလီယန်တို့က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ပွဲစတာနဲ့ ချဲလ်ဆီးတို့ ဖိကစားခဲ့ပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ကိုင်တွယ်ပုံ ကျဆင်းလာခဲ့တဲ့ နိုက်ဂျယ် အက်ဒ်ကင်းစ်ရဲ့ ဝတ်ဖို့ဒ်အသင်းကို တောက်လျှောက်ဖိအားပေးကစားခဲ့သလို ဂျီရူး၊ ဝီလီယန်တို့ရဲ့ ကန်သွင်းမှုတွေနဲ့ ခြိမ်းခြောက်ခဲ့ပြီး ဂိုးသမား ဖော်စတာနဲ့ နောက်တန်းတွေ ကာကွယ်နေခဲ့ရပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးရရှိခဲ့ပြီး ကွင်းလယ်က မေဆန်မောင့် ထိုးပေးလိုက်တဲ့ ဘောလုံးကို ဘာကလေက ဆွဲပြေးပြီး ဂိုးဧရိယာအစပ်ကနေ အတွင်းမှာ နေရာယူထားတဲ့ တိုက်စစ်မှူး ဂျီရူးဆီ ပို့ပေးခဲ့ရာမှာ ပြင်သစ်သားကြီးအနေနဲ့ အပြင်းမကန်ဘဲ အဝေးတိုင်ဆီကို အသာအယာချိုးကန်သွားခဲ့တာကြောင့် ဝတ်ဖို့ဒ်ခံစစ်က မျက်စိလည်သွားပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ ဘယ်တောင်ပံကနေ ဘောလုံးပြန်ခေါက်ဖို့ ကြိုးစားတဲ့ ပူလီဆစ်ချ်ကို နောက်က ပြေးလိုက်တာတဲ့ ဝတ်ဖို့ဒ်ကွင်းလယ် ကစားသမား ကာပူးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့လို့ ဒိုင်လူကြီး ကီဗင် ဖရန့်ဒ်က ပင်နယ်တီသတ်မှတ်ပေးခဲ့ပြီး ချဲလ်ဆီးတို့အတွက် ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲဆက်တိုက်မှာ ပင်နယ်တီရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီအခွင့်အရေးကိုတော့ နောက်ဆုံး ပြီးခဲ့တဲ့ ပွဲတွေမှာလည်း ပင်တိုင် ပင်နယ်တီကန်သွင်းသူဖြစ်ခဲ့တဲ့ ဝီလီယန်က ဂိုးသမား ဖော်စတာကို မြေပေါ် လှဲအိပ်စေပြီးမှ ညာဘက်အပေါ်ကို ကန်သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် Restart ကစလို့ နောက်ဆုံးရရှိထားတဲ့ ပင်နယ်တီအားလုံးကို ဝင်အောင် ကန်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းကိုတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ အိမ်ရှင်တို့ အနိုင်ယူသွားခဲ့ပြီး ဒုတိယပိုင်းပွဲချိန်တစ်လျှောက်လုံးမှာလည်း ချဲလ်ဆီးတို့ပဲ ပွဲကို စိုးမိုးထားခဲ့သလို ပူလီဆစ်ချ်၊ ဝီလီယန်၊ ဂျီရူး၊ ဇူးမားတို့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေမှာ ဂိုးသမား ဖော်စတာ အလုပ်များခဲ့ရပြီး ဂိုးပေါက် ၉ ကြိမ် တည့်ခဲ့တဲ့ ဒီပွဲမှာ ၆ ကြိမ်ကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။

နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲသိမ်းတော့မယ်လို့ ထင်နေတုန်းမှာပဲ ပွဲချိန် ၉၁ မိနစ်မှာ ဒီနေ့ပွဲမှာ အလွန်ဆိုကို စိတ်ပျက်နေတဲ့ နည်းပြ လမ်းပတ်က သူ့ကို ခေါက်ထားခဲ့လို့ ဘယ်နောက်ခံလူနေရာမှာ ကစားခဲ့ရတဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာက ချိုးပေးတာကို ဘာကလီက ညာနဲ့တစ်ချက်ထိန်းပြီး ဘယ်နဲ့ အပြင်းကန်သွင်းခဲ့ရမှာ ဝတ်ဖို့ဒ်ဂိုးသမား ဖော်စတာ လက်တောင်မမြှောက်နိုင်ဘဲ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့လို့ ချဲလ်ဆီးတို့ အဆင့် ၄ နေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး အဆင့် ၃ နေရာက လက်စတာနဲ့ တစ်မှတ်အကွာအဝေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်သလို အဆင့် ၅ နေရာက မန်ချက်စတာယူနိုက်တက်အသင်းကိုလည်း ၂ မှတ်ဖြတ်ထားနိုင်ဆဲဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မန်ချက်စတာစီးတီးကိစ္စ အဖြေမပေါ်ခင် အကောင်းဆုံးလုပ်ဆောင်ထားနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.