Premier League

အူဘာမီယန်းကို အာတီတာ ဘာကြောင့်ကန်ထုတ်လိုက်တာလဲဆိုတာ ပြောပြခဲ့တဲ့ ရေး ပါလာ

အာဆင်နယ်နည်းပြ အာတီတာရဲ့ အူဘာမီယန်းကို ထုတ်ပယ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ပြီး ဘာစီလိုနာကို ထွက်ခွာခွင့်ပေးခဲ့တာဟာ အာစင်ဝင်းဂါးရဲ့ စီမံခန့်ခွဲမှုကနေ သင်ယူခဲ့တယ်ဆိုတာကို ပြသနေတာလို့ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ရေး ပါလာက ယုံကြည်နေပါတယ်။

ပါလာက အာစင်ဝင်းဂါးဟာ ၎င်းရဲ့အာဆင်နယ်နည်းပြဘဝ အဆုံးသတ်ပိုင်းမှာ ကစားသမားတွေကို အလိုလိုက် အကြိုက်ဆောင်ခဲ့တယ်လို့ ခံစားနေရတာဖြစ်ပြီး အာတီတာကတော့ အဲဒီလိုမျိုး နောက်ထပ် ဖြစ်မလာအောင် လျင်လျင်မြန်မြန်ပဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ အူဘာမီယန်းအတွက် လူကိုခင်လို့ မူကိုပြင်တာမျိုး ပြုလုပ်လိုတဲ့ဆန္ဒမရှိကြောင်း ပြသခဲ့ပြီး အာဆင်နယ်အသင်းဟာ ဂါဘွန်တိုက်စစ်မှူးရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ်မှာ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

“အာစင်ဝင်းဂါးက ထိပ်တိုက်တွေ့ရတာမျိုး မနှစ်သက်ခဲ့ပါဘူး။ သူ အငြင်းအခုန်ဖြစ်တာမျိုး မနှစ်သက်ခဲ့ဘဲ သူ့ရဲ့နည်းပြဘဝ အဆုံးသတ်တော့မှာလည်း ဖြစ်တာကြောင့် လူတွေက နည်းနည်းတော့ ထင်တိုင်းကြဲနေခဲ့ကြပါတယ်။ အာတီတာက အဲဒီလူတွေထဲမှာ တစ်စိတ်တပိုင်းဖြစ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ အဲဒီကနေ သင်ယူခဲ့တာဖြစ်ပါလိမ့်မယ်။ ခင်ဗျား အဲဒါကို လုပ်လို့မရနိုင်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား ရုတ်တရက်ပဲ အဝတ်လဲခန်းထဲက ပတ်ဝန်းကျင်ကို ဆုံးရှုံးသွားမှာမို့လို့ဖြစ်ပြီး အာစင်ဝင်းဂါးတုန်းက ဘာဖြစ်ခဲ့လဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့တာပဲ”

အာတီတာဟာ ၂၀၂၀ စက်တင်ဘာလမှာ အူဘာမီယန်းကို အာဆင်နယ်နဲ့ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုချင်လာအောင် အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပေမယ့် ဂါဘွန်ကြယ်ပွင့်ဟာ ၎င်းရဲ့မိခင်ကို သွားတွေ့ဖို့အတွက် ကြိုတင်သဘောတူညီမှုရခဲ့တဲ့ ခရီးကနေ အပြန်နောက်ကျပြီး စည်းကမ်းချိုးဖောက်ခဲ့ပြီးနောက်ပိုင်း အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် ၎င်းတို့ ၂ ဦးရဲ့ ဆက်ဆံရေးဟာ ပြိုကွဲသွားခဲ့တာဖြစ်ပါတယ်။ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ အာဆင်နယ်အတွက် ဒီဇင်ဘာ ၆ ရက်နေ့က အဲဗာတန်နဲ့ပွဲမှာ ၅ မိနစ် လူစားဝင်ကစားပြီးကတည်းက နောက်ထပ် ကစားရခြင်းမရှိတော့တာဖြစ်ပါတယ်။

ပါလာက အာဆင်နယ်မှာ ကစားခဲ့တဲ့ ၎င်းရဲ့ခေတ်တုန်းက ကစားသမားတွေဟာ အဝတ်လဲခန်းအတွင်းမှာ အကျင့်ဆိုးတွေကို နည်းပြကို ပြန်တိုင်ဖို့ထက် အချင်းချင်း ဒဲ့စိန်ခေါ် ဖြေရှင်းခဲ့ကြတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ခေတ်နဲ့က နည်းနည်းလေး ကွာခြားသွားပါတယ်။ ဘာလို့လဲဆိုတော့ အဝတ်လဲခန်းမှာ ခင်ဗျား စရိုက်ပေါင်းစုံ ပိုပြီး မြင်တွေ့ခဲ့ရလို့ပါ။ တကယ်လို့ လူစာရင်းထဲက အချို့လူတွေက စည်းကမ်းမလိုက်နာဘဲ ကလန်ကဆန်လုပ်ရင် ခင်ဗျား ကစားသမားတွေရဲ့ ပြောတာကို ခံရမယ်။ နည်းပြက အများကြီး လုပ်စရာ မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘာစီလိုနာကစားသမားအဖြစ် ထုတ်ဖော်မိတ်ဆက်တဲ့ပွဲမှာ အူဘာမီယန်းက အာတီတာဟာ ၎င်းအနေနဲ့ အာဆင်နယ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ “ပြဿနာက သူနဲ့ပဲရှိတာလို့ ကျွန်တော် ထင်ပြီး သူက ဆုံးဖြတ်ချက် ချခဲ့တာပါ။ ကျွန်တော် အများကြီးတော့ မပြောနိုင်ပါဘူး။ သူ အရမ်း မပျော်မရွှင်ဖြစ်နေခဲ့တယ်။ ကျွန်တော် အရမ်းကို အေးဆေးလေးပဲ နေခဲ့ရပြီး အဲဒါပါပဲ။ ခက်ခဲတဲ့ လတွေဖြစ်ခဲ့ပေမယ့် ဘောလုံးက တစ်ခါတလေကျရင် အဲဒီလိုပါပဲ။ ကျွန်တော့်ဘက်ကတော့ ဘယ်တုန်းကမှ အမှားမလုပ်ချင်ခဲ့ပါဘူး။ အခု ဒါက ပြီးခဲ့တဲ့အတိတ်တွေလို့ ကျွန်တော် ထင်ပြီး ကျွန်တော် ပစ္စုပ္ပန်အကြောင်းကို တွေးချင်ပါတယ်။ အခုအချိန်မှာ အဲဒါက ကျွန်တော့်ရဲ့ အဖြေပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းၿပ အာတီတာရဲ့ အူဘာမီယန္းကို ထုတ္ပယ္ဖို႔ ခက္ခက္ခဲခဲ ဆုံးျဖတ္ခဲ့ၿပီး ဘာစီလိုနာကို ထြက္ခြာခြင့္ေပးခဲ့တာဟာ အာစင္ဝင္းဂါးရဲ့ စီမံခန႔္ခြဲမႈကေန သင္ယူခဲ့တယ္ဆိုတာကို ျပသေနတာလို႔ အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ေရး ပါလာက ယုံၾကည္ေနပါတယ္။

ပါလာက အာစင္ဝင္းဂါးဟာ ၎ရဲ့အာဆင္နယ္နည္းျပဘဝ အဆုံးသတ္ပိုင္းမွာ ကစားသမားေတြကို အလိုလိုက္ အႀကိဳက္ေဆာင္ခဲ့တယ္လို႔ ခံစားေနရတာျဖစ္ၿပီး အာတီတာကေတာ့ အဲဒီလိုမ်ိဳး ေနာက္ထပ္ ျဖစ္မလာေအာင္ လ်င္လ်င္ျမန္ျမန္ပဲ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ အူဘာမီယန္းအတြက္ လူကိုခင္လို႔ မူကိုျပင္တာမ်ိဳး ျပဳလုပ္လိုတဲ့ဆႏၵမရွိေၾကာင္း ျပသခဲ့ၿပီး အာဆင္နယ္အသင္းဟာ ဂါဘြန္တိုက္စစ္မႉးရဲ့ စာခ်ဳပ္ကို ဖ်က္သိမ္းခဲ့တာေၾကာင့္ အသက္ ၃၂ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့အပတ္မွာ ဘာစီလိုနာကို ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။

“အာစင္ဝင္းဂါးက ထိပ္တိုက္ေတြ႕ရတာမ်ိဳး မႏွစ္သက္ခဲ့ပါဘူး။ သူ အျငင္းအခုန္ျဖစ္တာမ်ိဳး မႏွစ္သက္ခဲ့ဘဲ သူ႔ရဲ့နည္းျပဘဝ အဆုံးသတ္ေတာ့မွာလည္း ျဖစ္တာေၾကာင့္ လူေတြက နည္းနည္းေတာ့ ထင္တိုင္းၾကဲေနခဲ့ၾကပါတယ္။ အာတီတာက အဲဒီလူေတြထဲမွာ တစ္စိတ္တပိုင္းျဖစ္ခဲ့တာ ျဖစ္ေကာင္းျဖစ္နိုင္ၿပီး သူ အဲဒီကေန သင္ယူခဲ့တာျဖစ္ပါလိမ့္မယ္။ ခင္ဗ်ား အဲဒါကို လုပ္လို႔မရနိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ႐ုတ္တရက္ပဲ အဝတ္လဲခန္းထဲက ပတ္ဝန္းက်င္ကို ဆုံးရႈံးသြားမွာမို႔လို႔ျဖစ္ၿပီး အာစင္ဝင္းဂါးတုန္းက ဘာျဖစ္ခဲ့လဲဆိုတာကို ကၽြန္ေတာ္တို႔ ျမင္ေတြ႕ခဲ့တာပဲ”

အာတီတာဟာ ၂၀၂၀ စက္တင္ဘာလမွာ အူဘာမီယန္းကို အာဆင္နယ္နဲ႔ ၃ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္လာေအာင္ အဓိကအခန္းက႑ကေန ပါဝင္ခဲ့သူျဖစ္ေပမယ့္ ဂါဘြန္ၾကယ္ပြင့္ဟာ ၎ရဲ့မိခင္ကို သြားေတြ႕ဖို႔အတြက္ ႀကိဳတင္သေဘာတူညီမႈရခဲ့တဲ့ ခရီးကေန အျပန္ေနာက္က်ၿပီး စည္းကမ္းခ်ိဳးေဖာက္ခဲ့ၿပီးေနာက္ပိုင္း အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားခံခဲ့ရၿပီးေနာက္ ၎တို႔ ၂ ဦးရဲ့ ဆက္ဆံေရးဟာ ၿပိဳကြဲသြားခဲ့တာျဖစ္ပါတယ္။ ဂါဘြန္လက္ေရြးစင္တိုက္စစ္မႉးဟာ အာဆင္နယ္အတြက္ ဒီဇင္ဘာ ၆ ရက္ေန႔က အဲဗာတန္နဲ႔ပြဲမွာ ၅ မိနစ္ လူစားဝင္ကစားၿပီးကတည္းက ေနာက္ထပ္ ကစားရျခင္းမရွိေတာ့တာျဖစ္ပါတယ္။

ပါလာက အာဆင္နယ္မွာ ကစားခဲ့တဲ့ ၎ရဲ့ေခတ္တုန္းက ကစားသမားေတြဟာ အဝတ္လဲခန္းအတြင္းမွာ အက်င့္ဆိုးေတြကို နည္းျပကို ျပန္တိုင္ဖို႔ထက္ အခ်င္းခ်င္း ဒဲ့စိန္ေခၚ ေျဖရွင္းခဲ့ၾကတယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ေခတ္နဲ႔က နည္းနည္းေလး ကြာျခားသြားပါတယ္။ ဘာလို႔လဲဆိုေတာ့ အဝတ္လဲခန္းမွာ ခင္ဗ်ား စရိုက္ေပါင္းစုံ ပိုၿပီး ျမင္ေတြ႕ခဲ့ရလို႔ပါ။ တကယ္လို႔ လူစာရင္းထဲက အခ်ိဳ႕လူေတြက စည္းကမ္းမလိုက္နာဘဲ ကလန္ကဆန္လုပ္ရင္ ခင္ဗ်ား ကစားသမားေတြရဲ့ ေျပာတာကို ခံရမယ္။ နည္းျပက အမ်ားႀကီး လုပ္စရာ မရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ဘာစီလိုနာကစားသမားအျဖစ္ ထုတ္ေဖာ္မိတ္ဆက္တဲ့ပြဲမွာ အူဘာမီယန္းက အာတီတာဟာ ၎အေနနဲ႔ အာဆင္နယ္ကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့ရတဲ့ အေၾကာင္းအရင္းျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ “ျပႆနာက သူနဲ႔ပဲရွိတာလို႔ ကၽြန္ေတာ္ ထင္ၿပီး သူက ဆုံးျဖတ္ခ်က္ ခ်ခဲ့တာပါ။ ကၽြန္ေတာ္ အမ်ားႀကီးေတာ့ မေျပာနိုင္ပါဘူး။ သူ အရမ္း မေပ်ာ္မရႊင္ျဖစ္ေနခဲ့တယ္။ ကၽြန္ေတာ္ အရမ္းကို ေအးေဆးေလးပဲ ေနခဲ့ရၿပီး အဲဒါပါပဲ။ ခက္ခဲတဲ့ လေတြျဖစ္ခဲ့ေပမယ့္ ေဘာလုံးက တစ္ခါတေလက်ရင္ အဲဒီလိုပါပဲ။ ကၽြန္ေတာ့္ဘက္ကေတာ့ ဘယ္တုန္းကမွ အမွားမလုပ္ခ်င္ခဲ့ပါဘူး။ အခု ဒါက ၿပီးခဲ့တဲ့အတိတ္ေတြလို႔ ကၽြန္ေတာ္ ထင္ၿပီး ကၽြန္ေတာ္ ပစၥဳပၸန္အေၾကာင္းကို ေတြးခ်င္ပါတယ္။ အခုအခ်ိန္မွာ အဲဒါက ကၽြန္ေတာ့္ရဲ့ အေျဖပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.