Match Report Premier League

အက်ဖ်အေဖလားနဲ့ လမ်းပတ်တို့ အဖွင့်လှခဲ့ပြီး ဘရန့်ဖို့ဒ်ကို ဂိုးပြတ်သွင်းတဲ့ အဲဗာတန်

အဲဗာတန်နည်းပြသစ် ဖရန့် လမ်းပတ်အနေနဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ဘရန့်ဖို့ဒ်နဲ့ အက်ဖ်အေဖလားပွဲကို လူကောင်းအတော်များများနဲ့ ၃-၄-၃ ပုံစံ ခင်းကျင်းလာခဲ့ပြီး မိုက်ကယ်ကီးန်၊ မီနာ၊ ဂေါ့ဖရီ၊ ကိုးလ်မန်း၊ အယ်လန်၊ အန်ဒရီ ဂိုမက်စ်၊ မစ်ကိုလန်ကိုတို့နဲ့ ခံစစ်နဲ့ ကွင်းလယ်ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရစ်ချာလစ်ဆန်ကို အထောင်မှာ ထားပြီး ဂရေး၊ ဂေါ်ဒန်တို့က ဘယ်ညာရံကစားလာခဲ့ကြပါတယ်။

ဘရန့်ဖို့ဒ်တို့ကတော့ အမ်ဘူးမို ပါဝင်မလာခဲ့ဘဲ တိုနီကို ရှေ့မှာ ကာနို့စ်နဲ့ တွဲကစားခိုင်းခဲ့သလို တခြား အဓိက ကစားသမားတွေဖြစ်ကြတဲ့ နော်ဂါ့ဒ်၊ ယန်နဲ့လ်၊ အာယေး၊ ယန်ဆွန်၊ ရီကို ဟင်နရီတို့တွေ ပါဝင်ခဲ့သလို ဂိုးသမား ဒေးဗစ် ရာယာလည်း ဒဏ်ရာက ပြန်သက်သာလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ခဲ့တာပါ။

ဂွတ်ဒီဆန်ပါ့ခ်မှာ အိမ်ရှင်ကို ရှိန်မနေတဲ့ ဧည့်သည်တွေကြောင့် ပွဲက ကြည့်ကောင်းခဲ့သလို အပြန်အလှန် တိုက်စစ်ကစားနေကြရင်း ပွဲချိန် ၃၁ မိနစ်မှာတော့ အဲဗာတန်တို့ အဖွင့်ဂိုး စတင်ရှာဖွေနိုင်ခဲ့ပြီး အန်ဒရီ ဂိုမက်စ်ရဲ့ ကန်ချက်ကနေ ရခဲ့တဲ့ ဘယ်ထောင့်ကန်ဘောကို ဂရေးက ကန်တင်ပေးရာမှာ နောက်ခံလူ ယယ်ရီ မီနာက ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ချေပဂိုးပြန်ရဖို့ ကြိုးစားနေတဲ့ ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်နဲ့ တိုးအားတွေကို အဲဗာတန်နောက်တန်းနဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်တို့ တော်တော်လေး ကြိုးစားကာကွယ်ခဲ့ရပြီး ပထမပိုင်းမှာတော့ လမ်းပတ်ရဲ့ လူတွေ ကြံ့ကြံ့ခံနိုင်ခဲ့ကြတာကြောင့် အိမ်ရှင်တွေဘက်က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင် ပွဲချိန် ၄၈ မိနစ်မှာတော့ အဲဗာတန်တို့ ဒုတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်နောက်တန်းပေါ်ကနေ ကျော်ချပေးတဲ့ အယ်လန်ရဲ့ ဖန်တီးမှုကနေ ရစ်ချာလစ်ဆန်က နောက်တန်းနှစ်ယောက်ကြားကနေ ပြေးထွက်ပြီး ဂိုးသမားနဲ့အတွေ့မှာ ပါးပါးနပ်နပ်ပဲ လွတ်နေတဲ့ဘက်ခြမ်းကို ကျော်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ တစ်ဂိုးပြန်လည်ချေပနိုင်ခဲ့ပြီး လူကျွံထောက်ချောက်ကို ဖောက်ထွက်သွားတဲ့ တိုနီ ဂိုးသွင်းဖို့ ကြိုးစားစဉ်မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်က ခြေထောက်ကို ဆွဲလှဲခဲ့မိတာကြောင့် ပင်နယ်တီ ပေးခဲ့ရတာကို တိုနီကပဲ အမှားအယွင်းမရှိ ကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ အဲဗာတန်တို့ တတိယဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့သလို တည်ကန်ဘောတွေမှာ ခုခံကာကွယ်ပုံ အားနည်းနေခဲ့တဲ့ ဘရန့်ဖို့ဒ်နောက်တန်းရဲ့ ပျော့ကွက်ကို အခွင့်ကောင်းယူပြီး ကန်ပို့ပေးခဲ့တဲ့ ဂရေးရဲ့ ညာထောင့်ကန်ဘောကနေ ဆိုရန်ဆန် ခေါင်းတိုက်ရှင်းထုတ်ရာက ပြန်ကျလာခဲ့တဲ့ ဘောလုံးကို ဟိုလ်ဂိတ်က အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

သုံးဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးပြီလို့ ထင်နေတုန်းမှာပဲ အဲဗာတန်တို့ နောက်ထပ်အနိုင်ဂိုးတစ်ဂိုး ရှာဖွေသွားနိုင်ခဲ့ပြန်ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ညာတောင်ပံကနေ ချိုးပေးတဲ့ ဘောလုံးကို လူစားဝင်ကစားသမား အီဝိုဘီက နောက်ပေါက်နဲ့ ချပေးတာကို အရန်ခုံက ထလာသူပဲဖြစ်ခဲ့တဲ့ တောင်းဆန်းက ဧရိယာထဲကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရာယာ မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ အိမ်ရှင် အဲဗာတန်တို့ ဂွတ်ဒီဆန်ပါ့ခ်မှာ လေးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး နည်းပြသစ် ဖရန့် လမ်းပတ်အတွက် ပွဲဦးထွက်နိုင်ပွဲကို အဖွင့်လှစွာနဲ့ ရယူသွားနိုင်ခဲ့သလို အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္နည္းျပသစ္ ဖရန႔္ လမ္းပတ္အေနနဲ႔ အိမ္ကြင္းမွာ ကစားခဲ့ရတဲ့ ဘရန႔္ဖို႔ဒ္နဲ႔ အက္ဖ္ေအဖလားပြဲကို လူေကာင္းအေတာ္မ်ားမ်ားနဲ႔ ၃-၄-၃ ပုံစံ ခင္းက်င္းလာခဲ့ၿပီး မိုက္ကယ္ကီးန္၊ မီနာ၊ ေဂါ့ဖရီ၊ ကိုးလ္မန္း၊ အယ္လန္၊ အန္ဒရီ ဂိုမက္စ္၊ မစ္ကိုလန္ကိုတို႔နဲ႔ ခံစစ္နဲ႔ ကြင္းလယ္ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရစ္ခ်ာလစ္ဆန္ကို အေထာင္မွာ ထားၿပီး ဂေရး၊ ေဂၚဒန္တို႔က ဘယ္ညာရံကစားလာခဲ့ၾကပါတယ္။

ဘရန႔္ဖို႔ဒ္တို႔ကေတာ့ အမ္ဘူးမို ပါဝင္မလာခဲ့ဘဲ တိုနီကို ေရွ႕မွာ ကာႏို႔စ္နဲ႔ တြဲကစားခိုင္းခဲ့သလို တျခား အဓိက ကစားသမားေတြျဖစ္ၾကတဲ့ ေနာ္ဂါ့ဒ္၊ ယန္နဲ႔လ္၊ အာေယး၊ ယန္ဆြန္၊ ရီကို ဟင္နရီတို႔ေတြ ပါဝင္ခဲ့သလို ဂိုးသမား ေဒးဗစ္ ရာယာလည္း ဒဏ္ရာက ျပန္သက္သာလာၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ပြဲထြက္ခဲ့တာပါ။

ဂြတ္ဒီဆန္ပါ့ခ္မွာ အိမ္ရွင္ကို ရွိန္မေနတဲ့ ဧည့္သည္ေတြေၾကာင့္ ပြဲက ၾကည့္ေကာင္းခဲ့သလို အျပန္အလွန္ တိုက္စစ္ကစားေနၾကရင္း ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ အဲဗာတန္တို႔ အဖြင့္ဂိုး စတင္ရွာေဖြႏိုင္ခဲ့ၿပီး အန္ဒရီ ဂိုမက္စ္ရဲ႕ ကန္ခ်က္ကေန ရခဲ့တဲ့ ဘယ္ေထာင့္ကန္ေဘာကို ဂေရးက ကန္တင္ေပးရာမွာ ေနာက္ခံလူ ယယ္ရီ မီနာက ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေခ်ပဂိုးျပန္ရဖို႔ ႀကိဳးစားေနတဲ့ ဘရန႔္ဖို႔ဒ္ရဲ႕ တိုက္စစ္နဲ႔ တိုးအားေတြကို အဲဗာတန္ေနာက္တန္းနဲ႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္တို႔ ေတာ္ေတာ္ေလး ႀကိဳးစားကာကြယ္ခဲ့ရၿပီး ပထမပိုင္းမွာေတာ့ လမ္းပတ္ရဲ႕ လူေတြ ႀကံ့ႀကံ့ခံႏိုင္ခဲ့ၾကတာေၾကာင့္ အိမ္ရွင္ေတြဘက္က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္စၿပီး သိပ္မၾကာခင္ ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ အဲဗာတန္တို႔ ဒုတိယဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဘရန႔္ဖို႔ဒ္ေနာက္တန္းေပၚကေန ေက်ာ္ခ်ေပးတဲ့ အယ္လန္ရဲ႕ ဖန္တီးမႈကေန ရစ္ခ်ာလစ္ဆန္က ေနာက္တန္းႏွစ္ေယာက္ၾကားကေန ေျပးထြက္ၿပီး ဂိုးသမားနဲ႔အေတြ႕မွာ ပါးပါးနပ္နပ္ပဲ လြတ္ေနတဲ့ဘက္ျခမ္းကို ေက်ာ္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ တစ္ဂိုးျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး လူကြၽံေထာက္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ တိုနီ ဂိုးသြင္းဖို႔ ႀကိဳးစားစဥ္မွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္က ေျခေထာက္ကို ဆြဲလွဲခဲ့မိတာေၾကာင့္ ပင္နယ္တီ ေပးခဲ့ရတာကို တိုနီကပဲ အမွားအယြင္းမရွိ ကန္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အဲဗာတန္တို႔ တတိယဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့သလို တည္ကန္ေဘာေတြမွာ ခုခံကာကြယ္ပုံ အားနည္းေနခဲ့တဲ့ ဘရန႔္ဖို႔ဒ္ေနာက္တန္းရဲ႕ ေပ်ာ့ကြက္ကို အခြင့္ေကာင္းယူၿပီး ကန္ပို႔ေပးခဲ့တဲ့ ဂေရးရဲ႕ ညာေထာင့္ကန္ေဘာကေန ဆိုရန္ဆန္ ေခါင္းတိုက္ရွင္းထုတ္ရာက ျပန္က်လာခဲ့တဲ့ ေဘာလုံးကို ဟိုလ္ဂိတ္က အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

သုံးဂိုး-တစ္ဂိုးနဲ႔ပဲ ပြဲၿပီးၿပီလို႔ ထင္ေနတုန္းမွာပဲ အဲဗာတန္တို႔ ေနာက္ထပ္အႏိုင္ဂိုးတစ္ဂိုး ရွာေဖြသြားႏိုင္ခဲ့ျပန္ၿပီး နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ညာေတာင္ပံကေန ခ်ိဳးေပးတဲ့ ေဘာလုံးကို လူစားဝင္ကစားသမား အီဝိုဘီက ေနာက္ေပါက္နဲ႔ ခ်ေပးတာကို အရန္ခုံက ထလာသူပဲျဖစ္ခဲ့တဲ့ ေတာင္းဆန္းက ဧရိယာထဲကေန အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရာယာ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ အဲဗာတန္တို႔ ဂြတ္ဒီဆန္ပါ့ခ္မွာ ေလးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး နည္းျပသစ္ ဖရန႔္ လမ္းပတ္အတြက္ ပြဲဦးထြက္ႏိုင္ပြဲကို အဖြင့္လွစြာနဲ႔ ရယူသြားႏိုင္ခဲ့သလို အက္ဖ္ေအဖလားရဲ႕ ပၪၥမအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.