Premier League

၃၇ နှစ် အသက်အရွယ်တန်းမှာ တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသက်အရွယ်တန်းအရ အနီးစပ်ဆုံးပြိုင်ဘက် ဇလာတန် အီဘရာဟီမိုဗစ်နဲ့ ယှဉ်ရင် ၎င်းရဲ့အသက်အရွယ်မှာ တန်ဖိုးအရှိဆုံးကစားသမားဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

စနေနေ့မှာ အသက် ၃၇ နှစ်အရွယ် ပြည့်မြောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ ၎င်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ စေ့စပ်သေချာတဲ့ စားသောက်ပုံနဲ့ မယိမ်းယိုင်တဲ့ အာရုံစူးစိုက်မှုတွေကြောင့် အသက်အရွယ်ကို ဆက်လက် အံတုနေနိုင်ဆဲဖြစ်ပါတယ်။ သောကြာနေ့က မစ်ဒယ်ဘရော့ကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ပွဲစဉ်မှာ ပထမပိုင်းပင်နယ်တီလွဲချော်ခဲ့တဲ့ အပြစ်ရှိခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ယခုရာသီ ၂၄ ပွဲမှာ ၁၄ ဂိုးအထိ အထင်ကြီးဖွယ် သွင်းယူပေးထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်ကနေ အိုးထရက်ဖို့ဒ်ကို ပေါင်သန်း ၂၀ နဲ့ ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ နိုင်ငံတကာဘောလုံးလောကမှာ တသက်တာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာခဲ့သလို ဘောလုံးသမိုင်းမှာလည်း ပထမဆုံးအကြိမ် ကစားသမားဘဝသွင်းဂိုး ၈၀၀ ပြည့်မြောက်တဲ့ကစားသမားလည်း ဖြစ်လာခဲ့သူဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ကို အဲဒီတုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ပြီးကတည်းက ၎င်းရဲ့တောက်ပတဲ့ကစားသမားဘဝတလျှောက် ကြီးမားတဲ့ပြောင်းရွှေ့ကြေး သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးသတ်မှတ်ခံနေရဆဲဆိုတာဟာ အံ့အားသင့်စရာတော့မဟုတ်ဘဲ ပေါ်တူဂီကြယ်ပွင့်ဟာ ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်မှာ အနည်းဆုံး နောက်ထပ် ၄ နှစ်လောက် ကစားဖို့အတွက် စီစဉ်ထားသူဖြစ်ပါတယ်။

Transfermarkt ရဲ့ ဖော်ပြချက်အရ ရော်နယ်လ်ဒိုရဲ့ လက်ရှိ စျေးကွက်ပေါက်စျေးဟာ ပေါင် ၃၁.၅ သန်း ရှိနေပြီး အသက် ၃၇ နှစ် သို့မဟုတ် ၃၇ နှစ်နဲ့အထက် ကစားသမားတွေအားလုံးထဲမှာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ အဲဒီစာရင်းထဲမှာ ဒုတိယနေရာကနေ ရပ်တည်နေပြီး ယခုရာသီ အေစီမီလန်အတွက် စီးရီးအေ ၁၅ ပွဲမှာ ၈ ဂိုးသွင်းယူထားပြီး ပုံမှန်ဂိုးသွင်းနှုန်းအတိုင်း ဆက်လက်စွမ်းဆောင်ပြနေတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွီဒင်ဂန္တဝင်တိုက်စစ်မှူးရဲ့ စျေးကွက်ပေါက်စျေးဟာ ပေါင် ၃.၆ သန်းသာ သတ်မှတ်ခြင်းခံထားရပြီး ရော်နယ်လ်ဒိုရဲ့ တန်ကြေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပေါင်သန်း ၃၀ နီးပါးအထိ နည်းပါးနေတာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ချဲလ်ဆီးနောက်ခံကစားသမား သီယေဂို ဆေးလ်ဗားဟာ ပေါင် ၂.၂၅ သန်းနဲ့ တတိယနေရာမှာ အင်တာမီလန်ဂိုးသမား ဟန်ဒါနိုဗစ်နဲ့အတူ ပူးတွဲ ရပ်တည်နေပြီး ဘရာဇီးလ်ဝါရင့်နောက်ခံလူဟာ စနေနေ့ညနေက ပလိုင်းမောက်ကို အချိန်ပိုမှာ အနိုင်ရခဲ့တဲ့ ချဲလ်ဆီးအသင်းအတွက် ပါဝင်ကစားပေးခဲ့ခြင်း မရှိသူဖြစ်ပါတယ်။

ဗစ်ဆယ် ကိုဘေးအသင်းအတွက် ကစားပေးနေတဲ့ အသက် ၃၇ နှစ်အရွယ် ဘာစီလိုနာဂန္တဝင် ကွင်းလယ်ကစားသမား အင်နီယေစတာကလည်း စျေးကွက်ပေါက်စျေး ပေါင် ၁.၈ သန်းနဲ့ ထိပ်ဆုံး ၅ နေရာအတွင်းမှာ ပါဝင်နေပြီး ဂျပန်ကလပ်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ အသက္အရြယ္တန္းအရ အနီးစပ္ဆုံးၿပိဳင္ဘက္ ဇလာတန္ အီဘရာဟီမိုဗစ္နဲ႔ ယွဥ္ရင္ ၎ရဲ့အသက္အရြယ္မွာ တန္ဖိုးအရွိဆုံးကစားသမားျဖစ္ေနခဲ့တယ္လို႔ သိရပါတယ္။

စေနေန႔မွာ အသက္ ၃၇ ႏွစ္အရြယ္ ျပည့္ေျမာက္ခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ဟာ ၎ရဲ့ေလ့က်င့္ေရးအစီအစဥ္မွာ ေစ့စပ္ေသခ်ာတဲ့ စားေသာက္ပုံနဲ႔ မယိမ္းယိုင္တဲ့ အာ႐ုံစူးစိုက္မႈေတြေၾကာင့္ အသက္အရြယ္ကို ဆက္လက္ အံတုေနနိုင္ဆဲျဖစ္ပါတယ္။ ေသာၾကာေန႔က မစ္ဒယ္ဘေရာ့ကို ရႈံးနိမ့္ၿပီး အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ပြဲစဥ္မွာ ပထမပိုင္းပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ အျပစ္ရွိခဲ့ေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ယခုရာသီ ၂၄ ပြဲမွာ ၁၄ ဂိုးအထိ အထင္ႀကီးဖြယ္ သြင္းယူေပးထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ဴဗင္တပ္ကေန အိုးထရက္ဖို႔ဒ္ကို ေပါင္သန္း ၂၀ နဲ႔ ျပန္လည္ေျပာင္းေရႊ႕လာၿပီးကတည္းက ေပၚတူဂီအသင္းေခါင္းေဆာင္ဟာ နိုင္ငံတကာေဘာလုံးေလာကမွာ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္လာခဲ့သလို ေဘာလုံးသမိုင္းမွာလည္း ပထမဆုံးအႀကိမ္ ကစားသမားဘဝသြင္းဂိုး ၈၀၀ ျပည့္ေျမာက္တဲ့ကစားသမားလည္း ျဖစ္လာခဲ့သူျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူနိုက္တက္ကေန ရီးရဲလ္မက္ဒရစ္ကို အဲဒီတုန္းက ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀ နဲ႔ ေျပာင္းေရႊ႕ၿပီးကတည္းက ၎ရဲ့ေတာက္ပတဲ့ကစားသမားဘဝတေလၽွာက္ ႀကီးမားတဲ့ေျပာင္းေရႊ႕ေၾကး သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ အလြန္ေကာင္းမြန္တဲ့ ဂိုးသြင္းစြမ္းရည္ေၾကာင့္ ႀကီးမားတဲ့ ေျပာင္းေရႊ႕ေၾကးသတ္မွတ္ခံေနရဆဲဆိုတာဟာ အံ့အားသင့္စရာေတာ့မဟုတ္ဘဲ ေပၚတူဂီၾကယ္ပြင့္ဟာ ေဘာလုံးေလာကရဲ့ ထိပ္တန္းအဆင့္မွာ အနည္းဆုံး ေနာက္ထပ္ ၄ ႏွစ္ေလာက္ ကစားဖို႔အတြက္ စီစဥ္ထားသူျဖစ္ပါတယ္။

Transfermarkt ရဲ့ ေဖာ္ျပခ်က္အရ ေရာ္နယ္လ္ဒိုရဲ့ လက္ရွိ ေစ်းကြက္ေပါက္ေစ်းဟာ ေပါင္ ၃၁.၅ သန္း ရွိေနၿပီး အသက္ ၃၇ ႏွစ္ သို႔မဟုတ္ ၃၇ ႏွစ္နဲ႔အထက္ ကစားသမားေတြအားလုံးထဲမွာ ကမၻာ့တန္ဖိုးအႀကီးဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

အသက္ ၄၀ အရြယ္ရွိၿပီျဖစ္တဲ့ အီဘရာဟီမိုဗစ္ဟာ အဲဒီစာရင္းထဲမွာ ဒုတိယေနရာကေန ရပ္တည္ေနၿပီး ယခုရာသီ ေအစီမီလန္အတြက္ စီးရီးေအ ၁၅ ပြဲမွာ ၈ ဂိုးသြင္းယူထားၿပီး ပုံမွန္ဂိုးသြင္းႏႈန္းအတိုင္း ဆက္လက္စြမ္းေဆာင္ျပေနတဲ့ ကစားသမားျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆြီဒင္ဂႏၲဝင္တိုက္စစ္မႉးရဲ့ ေစ်းကြက္ေပါက္ေစ်းဟာ ေပါင္ ၃.၆ သန္းသာ သတ္မွတ္ျခင္းခံထားရၿပီး ေရာ္နယ္လ္ဒိုရဲ့ တန္ေၾကးနဲ႔ ႏွိုင္းယွဥ္မယ္ဆိုရင္ ေပါင္သန္း ၃၀ နီးပါးအထိ နည္းပါးေနတာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္ ခ်ဲလ္ဆီးေနာက္ခံကစားသမား သီေယဂို ေဆးလ္ဗားဟာ ေပါင္ ၂.၂၅ သန္းနဲ႔ တတိယေနရာမွာ အင္တာမီလန္ဂိုးသမား ဟန္ဒါနိုဗစ္နဲ႔အတူ ပူးတြဲ ရပ္တည္ေနၿပီး ဘရာဇီးလ္ဝါရင့္ေနာက္ခံလူဟာ စေနေန႔ညေနက ပလိုင္းေမာက္ကို အခ်ိန္ပိုမွာ အနိုင္ရခဲ့တဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ပါဝင္ကစားေပးခဲ့ျခင္း မရွိသူျဖစ္ပါတယ္။

ဗစ္ဆယ္ ကိုေဘးအသင္းအတြက္ ကစားေပးေနတဲ့ အသက္ ၃၇ ႏွစ္အရြယ္ ဘာစီလိုနာဂႏၲဝင္ ကြင္းလယ္ကစားသမား အင္နီေယစတာကလည္း ေစ်းကြက္ေပါက္ေစ်း ေပါင္ ၁.၈ သန္းနဲ႔ ထိပ္ဆုံး ၅ ေနရာအတြင္းမွာ ပါဝင္ေနၿပီး ဂ်ပန္ကလပ္အသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.