International Match Report

ပွဲပြီးခါနီးမှ အလုပ်လုပ်တဲ့ အဘူဘေကာကြောင့် ပင်နယ်တီမှာ တတိယရတဲ့ ကင်းမရွန်း

ကင်းမရွန်းအသင်းအနေနဲ့ အာဖရိကဖလားပွဲမှာ အိမ်ရှင်အဖြစ်နဲ့ ချန်ပီယံဆုယူနိုင်ဖို့ မျှော်မှန်းခဲ့ပေမယ့် အီဂျစ်ကို ပင်နယ်တီနဲ့ ရှုံးပြီး ထွက်ခဲ့ရချိန်မှာ တတိယနေရာလုပွဲကိုတော့ ဆီနီဂေါကို ရှုံးပြီး ပြုတ်လာခဲ့တဲ့ ဘာကီနာဖာဆိုနဲ့ ကစားခဲ့ကြရပြီး ဂိုးသွင်းဘုရင်တွေဖြစ်ကြတဲ့ အဘူဘေကာနဲ့ တိုကို အီကမ်ဘီတို့ မပါဝင်ဘဲ ပွဲထွက်လာခဲ့ကြပါတယ်။

ဘာကီနာဖာဆိုအသင်းကတော့ နောက်ခံလူ တက်ပ်ဆိုဘာရော တိုက်စစ်မှူး တက်ပ်ဆိုဘာပါ ပါဝင်လာခဲ့ပြီး တိုက်စစ်ကို ဘာထရန် ထရာအိုရေးက ဦးဆောင်ခဲ့သလို ပါဝင်နေကျ အွီဒရာအိုဂို၊ ဆန်ဂါရေး၊ ကာဘိုရေး၊ ဘလာတီ တိုရေး၊ ယာဂိုတို့လို ကစားသမား အစုံအလင်နဲ့ တတိယနေရာ ရရှိနိုင်ဖို့ ကြိုးစားလာခဲ့ကြတာပါ။

ပွဲချိန် ၂၄ မိနစ်မှာ ဘာကီနာ ဖာဆိုတို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ကြပြီး ညာတောင်ပံကနေ ကာဘိုရေး ကန်တင်ပေးတာကို ဘယ်ခြမ်းကနေ ပြေးဝင်လာခဲ့တဲ့ နောက်ခံလူ ယာဂိုက ပိတ်သွင်းခဲ့ရာမှာ ဂိုးသမားရဲ့ အပေါ်ဘက် ဘားတန်းအောက်ကို ဝင်သွားခဲ့လို့ ကျည်မထွက်တဲ့ တိုက်စစ်နဲ့ အိမ်ရှင် ကင်းမရွန်းတို့ ခံစားခဲ့ရပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ အိမ်ရှင်တွေ ချေပဂိုး ရရမယ့်အစား ဧည့်သည်တွေကပဲ နောက်တစ်ဂိုး ထပ်သွင်းသွားနိုင်ခဲ့ကြပြီး ဒီဂိုးမှာတော့ အပြေးကောင်းလွန်းတဲ့ ကာဘိုရေးကပဲ ညာတောင်ပံကနေ ဆွဲပြေးပြီး ဂိုးစည်းမကျော်ခင် ဖြတ်တင်ပေးရာမှာ နှေးကွေးလေးလံနေခဲ့တဲ့ ဂိုးသမား အိုနာနာ ဖမ်းယူစဉ်မှာ ချော်ပြီး ဂိုးထဲ ဝင်သွားခဲ့လို့ ပထမပိုင်းမှာ ဘာကီနာဖာဆိုတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ ဂါနာဂိုအစား အန်ဂါမီလူး၊ သုံးစားမရတဲ့ အုမ်ဂူယေးအစား အဘူဘေကာတို့ကို နည်းပြ တိုနီက ထည့်သွင်းခဲ့ပေမယ့် ပွဲချိန် ၄၉ မိနစ်မှာ ဘာကီနာဖာဆိုတို့ပဲ တတိယဦးဆောင်ဂိုးကို သွင်းယူသွားပြန်ပြီး ညာတောင်ပံကနေ ဘာထရန် ထရာအိုရေးရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး ဝပ်တာဟာက အနီးကပ် ဒိုင်ဗင်ထိုး ခေါင်းတိုက်ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

သုံးဂိုးတောင် ရှုံးသွားခဲ့ပြီး ဘဲဥမကွဲသေးတဲ့ ကင်းမရွန်းတို့အတွက်တော့ လူလဲစရာအဖြစ် တိုကို အီကမ်ဘီကပဲ ရွေးချယ်စရာဖြစ်ခဲ့သလို တိုက်စစ်မှာ အလုပ်မဖြစ်တဲ့ ဘက်ဆိုဂေါ့နေရာမှာ ထည့်သွင်းခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဂိုးသမား ပုတ်ထုတ်လို့ ထွက်လာတာကို ဘာဟိုကန်က အနီးကပ် Volley ကန်ပြီး ချေပဂိုးတစ်ဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဂိုးသွင်းဘုရင် အဘူဘေကာတစ်ယောက် လှုပ်လာခဲ့ပြီး ကင်းမရွန်းတို့ ဒုတိယ ချေပဂိုးကို ရှာဖွေနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို ဘာကီနာဖာဆို ဂိုးသမားနဲ့ နောက်တန်းတို့ နားလည်မှုလွဲပြီး တစ်ယောက်မှ မထိလိုက်ဘဲ ကျလာခဲ့တာကို ကင်းမရွန်း ကပ္ပတိန်ကြီးက အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။

နှစ်မိနစ်အကြာ ပွဲချိန် ၈၇ မိနစ်မှာတော့ ကင်းမရွန်းတို့ သရေကျစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး တော်တော်ဆိုးဆိုးရွားရွားတွေ လွဲချော်နေတဲ့ ဘာကီနာဖာဆို ခံစစ်နဲ့ ဂိုးသမား အွီဒရာအိုဂိုတို့ တိုက်မိပြီး လွတ်ကျလာခဲ့တဲ့ ဘောလုံးကို အဘူဘေကာကပဲ နောက်ခံလူ သုံးယောက်ကြားကနေ အနီးကပ် ကန်သွင်းယူခဲ့လို့ ပွဲချိန်အပြည့်မှာ သုံးဂိုးစီ သရေကျနေခဲ့ပါတယ်။

အချိန်ပိုမှာတော့ နှစ်ဖက်စလုံး ဂိုးထပ်မသွင်းနိုင်ခဲ့ကြတော့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရာမှာတော့ ကင်းမရွန်းဘက်က အဘူဘေကာ၊ အန်ဂါမီလူး၊ တိုကို အီကမ်ဘီ၊ ကွန်ဒီ၊ အိုယွန်ဂိုတို့ အားလုံးဝင်ခဲ့ကြပြီး ဘာကီနာဖာဆိုဘက်ကတော့ ကာဘိုရေး၊ ဝပ်တာဟာ၊ ယာဂိုတို့သာ ဝင်ပြီး ဘလာတီ တိုရေးရဲ့ ကန်ချက်ကို အိုနာနာ ပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ပွဲအပြီးမှာတော့ အာဖရိကဖလား ၂၀၂၁ ရဲ့ တတိယဆုကို အိမ်ရှင် ကင်းမရွန်းတို့ ရယူသွားနိုင်ခဲ့ကြပြီး တိုက်စစ်မှူး အဘူဘေကာကတော့ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ် ၈ ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့သလို ဒုတိယနေရာမှာတော့ အသင်းဖော် တိုကို အီကမ်ဘီက ၅ ဂိုးနဲ့ ရှိနေချိန်မှာ ဗိုလ်လုပွဲ ကစားကြမယ့် မာနေးက ၃ ဂိုးနဲ့ ဆာလားက ၂ ဂိုးသာ ရရှိထားတာကြောင့် ဂိုးသွင်းဘုရင်ဆုအတွက်က အတည်ပြုနိုင်ဖို့ သေချာသလောက် ရှိနေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကင္းမ႐ြန္းအသင္းအေနနဲ႔ အာဖရိကဖလားပြဲမွာ အိမ္ရွင္အျဖစ္နဲ႔ ခ်န္ပီယံဆုယူႏိုင္ဖို႔ ေမွ်ာ္မွန္းခဲ့ေပမယ့္ အီဂ်စ္ကို ပင္နယ္တီနဲ႔ ရႈံးၿပီး ထြက္ခဲ့ရခ်ိန္မွာ တတိယေနရာလုပြဲကိုေတာ့ ဆီနီေဂါကို ရႈံးၿပီး ျပဳတ္လာခဲ့တဲ့ ဘာကီနာဖာဆိုနဲ႔ ကစားခဲ့ၾကရၿပီး ဂိုးသြင္းဘုရင္ေတြျဖစ္ၾကတဲ့ အဘူေဘကာနဲ႔ တိုကို အီကမ္ဘီတို႔ မပါဝင္ဘဲ ပြဲထြက္လာခဲ့ၾကပါတယ္။

ဘာကီနာဖာဆိုအသင္းကေတာ့ ေနာက္ခံလူ တက္ပ္ဆိုဘာေရာ တိုက္စစ္မႉး တက္ပ္ဆိုဘာပါ ပါဝင္လာခဲ့ၿပီး တိုက္စစ္ကို ဘာထရန္ ထရာအိုေရးက ဦးေဆာင္ခဲ့သလို ပါဝင္ေနက် အြီဒရာအိုဂို၊ ဆန္ဂါေရး၊ ကာဘိုေရး၊ ဘလာတီ တိုေရး၊ ယာဂိုတို႔လို ကစားသမား အစုံအလင္နဲ႔ တတိယေနရာ ရရွိႏိုင္ဖို႔ ႀကိဳးစားလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ဘာကီနာ ဖာဆိုတို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၾကၿပီး ညာေတာင္ပံကေန ကာဘိုေရး ကန္တင္ေပးတာကို ဘယ္ျခမ္းကေန ေျပးဝင္လာခဲ့တဲ့ ေနာက္ခံလူ ယာဂိုက ပိတ္သြင္းခဲ့ရာမွာ ဂိုးသမားရဲ႕ အေပၚဘက္ ဘားတန္းေအာက္ကို ဝင္သြားခဲ့လို႔ က်ည္မထြက္တဲ့ တိုက္စစ္နဲ႔ အိမ္ရွင္ ကင္းမ႐ြန္းတို႔ ခံစားခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ေခ်ပဂိုး ရရမယ့္အစား ဧည့္သည္ေတြကပဲ ေနာက္တစ္ဂိုး ထပ္သြင္းသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးမွာေတာ့ အေျပးေကာင္းလြန္းတဲ့ ကာဘိုေရးကပဲ ညာေတာင္ပံကေန ဆြဲေျပးၿပီး ဂိုးစည္းမေက်ာ္ခင္ ျဖတ္တင္ေပးရာမွာ ေႏွးေကြးေလးလံေနခဲ့တဲ့ ဂိုးသမား အိုနာနာ ဖမ္းယူစဥ္မွာ ေခ်ာ္ၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ ဘာကီနာဖာဆိုတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဂါနာဂိုအစား အန္ဂါမီလူး၊ သုံးစားမရတဲ့ အုမ္ဂူေယးအစား အဘူေဘကာတို႔ကို နည္းျပ တိုနီက ထည့္သြင္းခဲ့ေပမယ့္ ပြဲခ်ိန္ ၄၉ မိနစ္မွာ ဘာကီနာဖာဆိုတို႔ပဲ တတိယဦးေဆာင္ဂိုးကို သြင္းယူသြားျပန္ၿပီး ညာေတာင္ပံကေန ဘာထရန္ ထရာအိုေရးရဲ႕ ျဖတ္တင္ေဘာကို တိုက္စစ္မႉး ဝပ္တာဟာက အနီးကပ္ ဒိုင္ဗင္ထိုး ေခါင္းတိုက္ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

သုံးဂိုးေတာင္ ရႈံးသြားခဲ့ၿပီး ဘဲဥမကြဲေသးတဲ့ ကင္းမ႐ြန္းတို႔အတြက္ေတာ့ လူလဲစရာအျဖစ္ တိုကို အီကမ္ဘီကပဲ ေ႐ြးခ်ယ္စရာျဖစ္ခဲ့သလို တိုက္စစ္မွာ အလုပ္မျဖစ္တဲ့ ဘက္ဆိုေဂါ့ေနရာမွာ ထည့္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဂိုးသမား ပုတ္ထုတ္လို႔ ထြက္လာတာကို ဘာဟိုကန္က အနီးကပ္ Volley ကန္ၿပီး ေခ်ပဂိုးတစ္ဂိုး ရယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဂိုးသြင္းဘုရင္ အဘူေဘကာတစ္ေယာက္ လႈပ္လာခဲ့ၿပီး ကင္းမ႐ြန္းတို႔ ဒုတိယ ေခ်ပဂိုးကို ရွာေဖြႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကို ဘာကီနာဖာဆို ဂိုးသမားနဲ႔ ေနာက္တန္းတို႔ နားလည္မႈလြဲၿပီး တစ္ေယာက္မွ မထိလိုက္ဘဲ က်လာခဲ့တာကို ကင္းမ႐ြန္း ကပၸတိန္ႀကီးက အနီးကပ္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာပါ။

ႏွစ္မိနစ္အၾကာ ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ကင္းမ႐ြန္းတို႔ သေရက်ေစမယ့္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြားေတြ လြဲေခ်ာ္ေနတဲ့ ဘာကီနာဖာဆို ခံစစ္နဲ႔ ဂိုးသမား အြီဒရာအိုဂိုတို႔ တိုက္မိၿပီး လြတ္က်လာခဲ့တဲ့ ေဘာလုံးကို အဘူေဘကာကပဲ ေနာက္ခံလူ သုံးေယာက္ၾကားကေန အနီးကပ္ ကန္သြင္းယူခဲ့လို႔ ပြဲခ်ိန္အျပည့္မွာ သုံးဂိုးစီ သေရက်ေနခဲ့ပါတယ္။

အခ်ိန္ပိုမွာေတာ့ ႏွစ္ဖက္စလုံး ဂိုးထပ္မသြင္းႏိုင္ခဲ့ၾကေတာ့လို႔ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ၾကရာမွာေတာ့ ကင္းမ႐ြန္းဘက္က အဘူေဘကာ၊ အန္ဂါမီလူး၊ တိုကို အီကမ္ဘီ၊ ကြန္ဒီ၊ အိုယြန္ဂိုတို႔ အားလုံးဝင္ခဲ့ၾကၿပီး ဘာကီနာဖာဆိုဘက္ကေတာ့ ကာဘိုေရး၊ ဝပ္တာဟာ၊ ယာဂိုတို႔သာ ဝင္ၿပီး ဘလာတီ တိုေရးရဲ႕ ကန္ခ်က္ကို အိုနာနာ ပုတ္ထုတ္သြားႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ပြဲအၿပီးမွာေတာ့ အာဖရိကဖလား ၂၀၂၁ ရဲ႕ တတိယဆုကို အိမ္ရွင္ ကင္းမ႐ြန္းတို႔ ရယူသြားႏိုင္ခဲ့ၾကၿပီး တိုက္စစ္မႉး အဘူေဘကာကေတာ့ ၿပိဳင္ပြဲတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးအျဖစ္ ၈ ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို ဒုတိယေနရာမွာေတာ့ အသင္းေဖာ္ တိုကို အီကမ္ဘီက ၅ ဂိုးနဲ႔ ရွိေနခ်ိန္မွာ ဗိုလ္လုပြဲ ကစားၾကမယ့္ မာေနးက ၃ ဂိုးနဲ႔ ဆာလားက ၂ ဂိုးသာ ရရွိထားတာေၾကာင့္ ဂိုးသြင္းဘုရင္ဆုအတြက္က အတည္ျပဳႏိုင္ဖို႔ ေသခ်ာသေလာက္ ရွိေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.