Carabao & FA Match Report Premier League

ဖူလ်ဟမ်တို့ ရန်စမှုကို လေးဂိုးလိုက်သွင်းပြီးမှ နောက်တစ်ဆင့်တက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား စတက်ဖင်နဲ့ ကွင်းလယ်လူ ဖာနန်ဒင်ညိုတို့ကလွဲလို့ တစ်သင်းလုံး လူစုံထုတ်လာတယ်လို့ ပြောနိုင်ခဲ့သလို ဂျွန်စတုန်းစ်၊ အာကေ၊ ဝေါ်လ်ကာ၊ ကန်ဆယ်လိုတို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်မှာ ဒီဘရိုင်းနားနဲ့ ဂွန်ဒိုးဝမ်တို့က ဦးဆောင်ကစားခဲ့တဲ့ အချိန်မှာ တိုက်စစ်မှာတော့ မာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့ကို ဂွါဒီယိုလာက အသုံးပြုလာခဲ့ပါတယ်။

ဧည့်သည် ဖူလ်ဟမ်ကတော့ ဇန်နဝါရီမှာ အသင်းက မထွက်ဖြစ်လိုက်တဲ့ လူငယ်ကြယ်ပွင့် ကာဗာလ်ယိုကို တိုက်စစ်မှာ မီထရိုဗစ်ချ်၊ ဟာရီ ဝီလ်ဆန်တို့နဲ့ တွဲပေးခဲ့ပြီး ကွင်းလယ်မှာတော့ ချဲလ်ဆီးကစားသမားဟောင်း ချာလိုဘာ၊ ခံစစ်မှာတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ အာဒရာဘိုင်ရိုယို၊ လီဗာပူးလ်ကနေ အငှားနဲ့ရောက်နေတဲ့ နီကို ဝီလီယမ်စ်နဲ့ စပါးစ်ဂိုးသမားဟောင်း ဂက်ဇာနီဂါတို့ ပါဝင်ခဲ့ကြတာပါ။

ပွဲချိန် ၄ မိနစ်မှာ ဧည့်သည် ဖူလ်ဟမ်တို့ အဖွင့်ဂိုး ရယူသွားခဲ့ကြပြီး အက်ဖ်အေဖလား ဒီတစ်ဆင့်မှာ ဧည့်သည်အသင်းငယ်တွေကချည်း ဂိုးစသွင်းနေတဲ့ တိုက်ဆိုင်မှုက မယုံနိုင်လောက်အောင် တူညီနေခဲ့သလို ကွင်းလယ်ကနေ မီထရိုဗစ်ချ်က တောင်ပံကို ရိုက်တင်လိုက်တဲ့ ဘောလုံးကို ညာခြမ်းက ဟာရီ ဝီလ်ဆန်က ရယူပြီး အနိမ့်ဘော ခင်းပေးခဲ့ရာမှာ လူငယ်တိုက်စစ်မှူး ကာဗာလ်ယိုက အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာတော့ အိမ်ရှင် မန်စီးတီးတို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ ကန်ဆယ်လို တင်ပေးခဲ့တာကို ဂိုးဧရိယာ ညာဘက်အစပ်မှာ အလွတ်ရသွားတဲ့ မာရက်ဇ်က ကန်မလိုလိုနဲ့ အတွင်းကို ပြန်ချပေးရာမှာ ကွင်းလယ်လူ ဂွန်ဒိုးဝမ်က ကွက်လပ်ထဲကို ပြေးဝင်ပိတ်သွင်းခဲ့တာကြောင့် တစ်ဂိုးစီ သရေပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာတော့ စီးတီးတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ကွင်းလယ်လူ ဒီဘရိုင်းနားက ကန်တင်ပေးရာမှာ နောက်ခံလူ ဂျွန်စတုန်းစ်က ဖူလ်ဟမ်နောက်ခံလူနှစ်ယောက်ကြားကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းမှာတော့ အိမ်ရှင်တွေဘက်က အင်္ဂလန်ကစားသမားတွေဖြစ်ကြတဲ့ ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြသလို ဧည့်သည်တွေဘက်ကလည်း မီထရိုဗစ်ချ်က သိပ်ပြီး အလုပ်မဖြစ်ခဲ့တာကြောင့် ပထမပိုင်းမှာ မန်စီးတီးတို့က ဖူလ်ဟမ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ဦးဆောင်ကစားနိုင်ခဲ့ကြတာပါ။

ဒုတိယပိုင်း ၅၃ မိနစ်မှာတော့ မန်စီးတီးတို့ တတိယဂိုး ရရှိခဲ့ပြီး ဖူလ်ဟမ်ရဲ့ အဝါအနီများတတ်တဲ့ ကစားသမားဖြစ်တဲ့ ဘယ်နောက်ခံလူ ဘရိုင်ယန်က ဂရီးလစ်ရှ်ကို နောက်ကနေ ဘောလုံးမထိဘဲ ဖျက်ခဲ့မိလို့ ပင်နယ်တီ ပေးခဲ့ရတာကို တောင်ပံကစားသမား မာရက်ဇ်က သူကန်နေကျ ညာဘက်အပေါ်ထောင့်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဂက်ဇာနီဂါ မဖမ်းနိုင်ခဲ့လို့ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ မန်စီးတီးတို့အတွက် စတုတ္ထဂိုးကို မာရက်ဇ်ကပဲ ငါးမိနစ်အတွင်း ဒုတိယအကြိမ်အဖြစ် ထပ်မံသွင်းယူပေးခဲ့ပြီး ဖူလ်ဟမ်တို့ ဘောလုံးအပေးမှားရာကနေ ဒီဘရိုင်းနားက ဆွဲပြေးလာပြီး ဘယ်ခြမ်းကနေ အနိမ့်ဘော ခင်းပေးခဲ့ရာမှာ အယ်လ်ဂျီးရီးယားသားက အမှားအယွင်းမရှိ ကန်သွင်းပြီး ဘယ်လ်ဂျီယမ်သားကို ဖန်တီးမှုနှစ်ကြိမ်ဖြစ်စေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ လူငယ်တိုက်စစ်မှူး ဒီလက်ပ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့သလို နှစ်ဖက်စလုံးအနေနဲ့ ဂိုးထပ်ရဖို့ မတတ်နိုင်ခဲ့ကြတော့တာကြောင့် လေးဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး မန်ချက်စတာစီးတီးတို့ အိမ်ကွင်း အစ်တီဟတ်မှာ အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား စတက္ဖင္နဲ႔ ကြင္းလယ္လူ ဖာနန္ဒင္ညိဳတို႔ကလြဲလို႔ တစ္သင္းလုံး လူစုံထုတ္လာတယ္လို႔ ေျပာႏိုင္ခဲ့သလို ဂြၽန္စတုန္းစ္၊ အာေက၊ ေဝၚလ္ကာ၊ ကန္ဆယ္လိုတို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ကြင္းလယ္မွာ ဒီဘ႐ိုင္းနားနဲ႔ ဂြန္ဒိုးဝမ္တို႔က ဦးေဆာင္ကစားခဲ့တဲ့ အခ်ိန္မွာ တိုက္စစ္မွာေတာ့ မာရက္ဇ္၊ ဂရီးလစ္ရွ္နဲ႔ ဖိုဒန္တို႔ကို ဂြါဒီယိုလာက အသုံးျပဳလာခဲ့ပါတယ္။

ဧည့္သည္ ဖူလ္ဟမ္ကေတာ့ ဇန္နဝါရီမွာ အသင္းက မထြက္ျဖစ္လိုက္တဲ့ လူငယ္ၾကယ္ပြင့္ ကာဗာလ္ယိုကို တိုက္စစ္မွာ မီထ႐ိုဗစ္ခ်္၊ ဟာရီ ဝီလ္ဆန္တို႔နဲ႔ တြဲေပးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခ်ဲလ္ဆီးကစားသမားေဟာင္း ခ်ာလိုဘာ၊ ခံစစ္မွာေတာ့ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ခဲ့ရတဲ့ အာဒရာဘိုင္႐ိုယို၊ လီဗာပူးလ္ကေန အငွားနဲ႔ေရာက္ေနတဲ့ နီကို ဝီလီယမ္စ္နဲ႔ စပါးစ္ဂိုးသမားေဟာင္း ဂက္ဇာနီဂါတို႔ ပါဝင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာ ဧည့္သည္ ဖူလ္ဟမ္တို႔ အဖြင့္ဂိုး ရယူသြားခဲ့ၾကၿပီး အက္ဖ္ေအဖလား ဒီတစ္ဆင့္မွာ ဧည့္သည္အသင္းငယ္ေတြကခ်ည္း ဂိုးစသြင္းေနတဲ့ တိုက္ဆိုင္မႈက မယုံႏိုင္ေလာက္ေအာင္ တူညီေနခဲ့သလို ကြင္းလယ္ကေန မီထ႐ိုဗစ္ခ်္က ေတာင္ပံကို ႐ိုက္တင္လိုက္တဲ့ ေဘာလုံးကို ညာျခမ္းက ဟာရီ ဝီလ္ဆန္က ရယူၿပီး အနိမ့္ေဘာ ခင္းေပးခဲ့ရာမွာ လူငယ္တိုက္စစ္မႉး ကာဗာလ္ယိုက အနီးကပ္ပိတ္သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာေတာ့ အိမ္ရွင္ မန္စီးတီးတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းကေန ကန္ဆယ္လို တင္ေပးခဲ့တာကို ဂိုးဧရိယာ ညာဘက္အစပ္မွာ အလြတ္ရသြားတဲ့ မာရက္ဇ္က ကန္မလိုလိုနဲ႔ အတြင္းကို ျပန္ခ်ေပးရာမွာ ကြင္းလယ္လူ ဂြန္ဒိုးဝမ္က ကြက္လပ္ထဲကို ေျပးဝင္ပိတ္သြင္းခဲ့တာေၾကာင့္ တစ္ဂိုးစီ သေရျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ စီးတီးတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းကေန ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကို ကြင္းလယ္လူ ဒီဘ႐ိုင္းနားက ကန္တင္ေပးရာမွာ ေနာက္ခံလူ ဂြၽန္စတုန္းစ္က ဖူလ္ဟမ္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာေတာ့ အိမ္ရွင္ေတြဘက္က အဂၤလန္ကစားသမားေတြျဖစ္ၾကတဲ့ ဂရီးလစ္ရွ္နဲ႔ ဖိုဒန္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကသလို ဧည့္သည္ေတြဘက္ကလည္း မီထ႐ိုဗစ္ခ်္က သိပ္ၿပီး အလုပ္မျဖစ္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ မန္စီးတီးတို႔က ဖူလ္ဟမ္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ဦးေဆာင္ကစားႏိုင္ခဲ့ၾကတာပါ။

ဒုတိယပိုင္း ၅၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ တတိယဂိုး ရရွိခဲ့ၿပီး ဖူလ္ဟမ္ရဲ႕ အဝါအနီမ်ားတတ္တဲ့ ကစားသမားျဖစ္တဲ့ ဘယ္ေနာက္ခံလူ ဘ႐ိုင္ယန္က ဂရီးလစ္ရွ္ကို ေနာက္ကေန ေဘာလုံးမထိဘဲ ဖ်က္ခဲ့မိလို႔ ပင္နယ္တီ ေပးခဲ့ရတာကို ေတာင္ပံကစားသမား မာရက္ဇ္က သူကန္ေနက် ညာဘက္အေပၚေထာင့္ကို ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဂက္ဇာနီဂါ မဖမ္းႏိုင္ခဲ့လို႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ မန္စီးတီးတို႔အတြက္ စတုတၳဂိုးကို မာရက္ဇ္ကပဲ ငါးမိနစ္အတြင္း ဒုတိယအႀကိမ္အျဖစ္ ထပ္မံသြင္းယူေပးခဲ့ၿပီး ဖူလ္ဟမ္တို႔ ေဘာလုံးအေပးမွားရာကေန ဒီဘ႐ိုင္းနားက ဆြဲေျပးလာၿပီး ဘယ္ျခမ္းကေန အနိမ့္ေဘာ ခင္းေပးခဲ့ရာမွာ အယ္လ္ဂ်ီးရီးယားသားက အမွားအယြင္းမရွိ ကန္သြင္းၿပီး ဘယ္လ္ဂ်ီယမ္သားကို ဖန္တီးမႈႏွစ္ႀကိမ္ျဖစ္ေစခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ လူငယ္တိုက္စစ္မႉး ဒီလက္ပ္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့သလို ႏွစ္ဖက္စလုံးအေနနဲ႔ ဂိုးထပ္ရဖို႔ မတတ္ႏိုင္ခဲ့ၾကေတာ့တာေၾကာင့္ ေလးဂိုး-တစ္ဂိုးနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး မန္ခ်က္စတာစီးတီးတို႔ အိမ္ကြင္း အစ္တီဟတ္မွာ အက္ဖ္ေအဖလားရဲ႕ ပၪၥမအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.