Carabao & FA Match Report Premier League

လူစုံသုံးပေမယ့် ပလိုင်းမောက်ကြောင့် သည်းထိတ်ရင်ဖိုနဲ့ အချိန်ပိုအထိ ရုန်းခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ နောက်တန်းမှာ အက်ဇ်ပီလီကွေတာ၊ ခရစ္စတင်ဆန်၊ ရူဒီဂါနဲ့ မာလန်းဆားရ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ကိုဗာချစ်နဲ့ မေဆန်မောင့်တို့ ကစားခဲ့ချိန်မှာ တိုက်စစ်မှာ လူကာကူး၊ ဇီးယက်ရှ်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ ပါဝင်လာခဲ့ပြီး အိမ်ကွင်းမှာ ရလဒ်ကောင်းနဲ့ နောက်တစ်ဆင့်တက်နိုင်ဖို့ ၄-၃-၃ ပုံစံနဲ့ ပြင်ဆင်လာခဲ့ပါတယ်။

ပထမတန်းကလပ် ပလိုင်းမောက်ဘက်ကတော့ ဘယ်သူ့ကိုမှ ပရိသတ်တွေ ကောင်းကောင်း မသိနိုင်ကြဘူးလို့တောင် ဆိုရမှာဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၅-၃-၂ ကစားကွက်နဲ့ ခံစစ်ကစားဖို့ လုပ်ဆောင်လာခဲ့ချိန်မှာ သူတို့အပေါ် လူတွေရဲ့ အထင်အမြင်မကြီးမှုတွေကို အံ့အားသင့်ရဖို့ တုံ့ပြန်ပြနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၈ မိနစ်မှာပဲ ဧည့်သည်အသင်းငယ်လေးက ဂိုးသွင်းယူတဲ့ ဒဏ်ကို ချဲလ်ဆီးတို့ ခံစားခဲ့ကြရပြီး ဘယ်တောင်ပံမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ပလိုင်းမောက်ကွင်းလယ်လူ ဟောက်တန်က ကန်တင်ပေးရာမှာ နောက်ခံလူ ဂယ်လက်စ်ဖီက အိမ်ရှင်ခံစစ်ကြားကနေ အလိုက်သင့် ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ ပရိသတ်တွေ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ ကိုဗာချစ်ရဲ့ အနီးကပ်ကန်ချက် ဘားထိထွက်ခဲ့သလို လူကာကူးကတော့ အဝင်အထွက် မမှန်ဘဲ ခဲဆွဲထားသလို လေးနေပြီး အီတလီက တိုက်စစ်မှူးတွေကို စီးရီးအေမှာ ဘယ်လိုအောင်မြင်အောင်မြင် အင်္ဂလန်ဆိုတာ ဘဝပျက်တတ်တယ်လို့ သင်ခန်းစာ ပေးနေတယ်တောင် ထင်မိရချိန်မှာ ဟဒ်ဆန်-အိုဒွိုင်းကလည်း အားကျမခံ ခေါင်းတိုက်ချက်က ဘားထိခဲ့ပြန်တာပါ။

ပွဲချိန် ၃၄ မိနစ်မှာ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာရဲ့ ကန်ချက်ကို ပလိုင်းမောက်ဂိုးသမား ကူးပါး ပုတ်ထုတ်ခဲ့ရပြီး ပွဲချိန် ၃၇ မိနစ်မှာတော့ ကိုဗာချစ်ရဲ့ ဧရိယာထိပ်က အနိမ့်ကန်ချက်က ဧည့်သည်အားလုံးကို အရူးလုပ်နိုင်ခဲ့ပေမယ့် ဂိုးတိုင်ရဲ့ ကာကွယ်မှုနဲ့ပဲ ကြုံခဲ့ရသလို ချဲလ်ဆီးတို့ ရနိုင်တဲ့ ၄ ဂိုးလောက်အထိ Woodwork တွေထဲမှာ နစ်မြုပ်နေခဲ့ရပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဂျော်ဂျင်ညိုက တောင်ပံကို ပြန်ထုတ်ပေးလိုက်တဲ့ ဘောလုံးကို မေဆန်မောင့်က ညာခြမ်းကနေ အနိမ့်ဘော ချိုးပေးရာမှာ အက်ဇ်ပီလီကွေတာက နောက်ပေါက်နဲ့ချိတ်ပြီး တစ်ဖက်ဂိုးသမားကို အငိုက်မိစေနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း လူကာကူးက အကြိမ်ကြိမ် လွဲချော်နေခဲ့သလို လက်ထောက်နည်းပြ အာနို မီရှယ်ကတော့ သူ့ကို မျှော်လင့်တကြီးနဲ့ ကွင်းထဲမှာ ပွဲပြီးအထိ မလဲဘဲ သုံးစွဲသွားခဲ့ချိန်မှာ အက်ဇ်ပီလီကွေတာက နောက်ပေါက်နဲ့ တစ်ဂိုးထပ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဂိုးရဖို့ ခက်နေတဲ့ တိုက်စစ်အတွက်တော့ ခရစ္စတင်ဆန်အစား မားကို့စ် အလွန်ဆို၊ ဟဒ်ဆန်-အိုဒွိုင်းအစား ဟာဗတ်ဇ်နဲ့ ကိုဗာချစ်အစား တီမို ဗာနာတို့ကို ပွဲချိန်အတွင်းမှာ လူစားလဲခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးတို့ရဲ့ နာမည်ကြီးတွေအားလုံး လွဲချော်နေခဲ့သလို တစ်ယောက်တည်းသော ဂိုးလာဘ်ရှင် အက်ဇ်ပီလီကွေတာကလည်း ထပ်မလုပ်နိုင်တော့လို့ ပွဲချိန် မိနစ် ၉၀ အပြည့်မှာ အချိန်ပို ဆက်ကစားရဖို့ဖြစ်လာခဲ့ပြီး ပလိုင်းမောက်ကတော့ စတမ်းဖို့ဒ်ဘရစ်ချ်ပရိသတ်တွေကို စိုးရိမ်ထိတ်လန့်စေနိုင်ခဲ့တာပါ။

အချိန်ပို ပထမပိုင်း မပြီးဆုံးခင် နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ချဲလ်ဆီးတို့တွေ ဦးဆောင်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ တီမို ဗာနာနဲ့ အပေးအယူလုပ်ပြီး လွတ်သွားခဲ့တဲ့ ဟာဗတ်ဇ်က အနိမ့်ဘော ချိုးပေးခဲ့ရာမှာ မားကို့စ် အလွန်ဆိုက အချိန်ကိုက် ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးပြန်ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၁၁၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ ထပ်ပြီး စိုးရိမ်ခဲ့ရပြီး ပလိုင်းမောက်တို့ရဲ့ တန်ပြန်တိုက်စစ်ကို တားဆီးရာမှာ မာလန်းဆားရ်က နောက်ကနေ တစ်ဖက်တိုက်စစ်မှူးကို တွန်းလှဲခဲ့မိတာကြောင့် ပင်နယ်တီ ပေးခဲ့ရတာကို ဂိုးသမား ကီပါက တိုက်စစ်မှူး ဟာဒီရဲ့ ကန်ချက်ကို မှန်မှန်ကန်ကန် ဖမ်းယူနိုင်ခဲ့လို့သာ သက်သာခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ အိမ်ရှင် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတို့ ပွဲကို ထိန်းသိမ်းကစားသွားခဲ့ပြီး ပင်နယ်တီကောင်းတဲ့ ကီပါရဲ့ အစွမ်းနဲ့ အဆုံးအဖြတ် မခံရခင် အချိန်ပိုမှာ ပထမတန်းက ပလိုင်းမောက်ကို ကျော်ဖြတ်ရင်း နောက်တစ်ဆင့် တက်ခဲ့ပြီး အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကို ရောက်ရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ေနာက္တန္းမွာ အက္ဇ္ပီလီေကြတာ၊ ခရစၥတင္ဆန္၊ ႐ူဒီဂါနဲ႔ မာလန္းဆားရ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ကိုဗာခ်စ္နဲ႔ ေမဆန္ေမာင့္တို႔ ကစားခဲ့ခ်ိန္မွာ တိုက္စစ္မွာ လူကာကူး၊ ဇီးယက္ရွ္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ ပါဝင္လာခဲ့ၿပီး အိမ္ကြင္းမွာ ရလဒ္ေကာင္းနဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ ၄-၃-၃ ပုံစံနဲ႔ ျပင္ဆင္လာခဲ့ပါတယ္။

ပထမတန္းကလပ္ ပလိုင္းေမာက္ဘက္ကေတာ့ ဘယ္သူ႔ကိုမွ ပရိသတ္ေတြ ေကာင္းေကာင္း မသိႏိုင္ၾကဘူးလို႔ေတာင္ ဆိုရမွာျဖစ္ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ၅-၃-၂ ကစားကြက္နဲ႔ ခံစစ္ကစားဖို႔ လုပ္ေဆာင္လာခဲ့ခ်ိန္မွာ သူတို႔အေပၚ လူေတြရဲ႕ အထင္အျမင္မႀကီးမႈေတြကို အံ့အားသင့္ရဖို႔ တုံ႔ျပန္ျပႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာပဲ ဧည့္သည္အသင္းငယ္ေလးက ဂိုးသြင္းယူတဲ့ ဒဏ္ကို ခ်ဲလ္ဆီးတို႔ ခံစားခဲ့ၾကရၿပီး ဘယ္ေတာင္ပံမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ပလိုင္းေမာက္ကြင္းလယ္လူ ေဟာက္တန္က ကန္တင္ေပးရာမွာ ေနာက္ခံလူ ဂယ္လက္စ္ဖီက အိမ္ရွင္ခံစစ္ၾကားကေန အလိုက္သင့္ ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ ပရိသတ္ေတြ အံ့အားသင့္စရာျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာ ကိုဗာခ်စ္ရဲ႕ အနီးကပ္ကန္ခ်က္ ဘားထိထြက္ခဲ့သလို လူကာကူးကေတာ့ အဝင္အထြက္ မမွန္ဘဲ ခဲဆြဲထားသလို ေလးေနၿပီး အီတလီက တိုက္စစ္မႉးေတြကို စီးရီးေအမွာ ဘယ္လိုေအာင္ျမင္ေအာင္ျမင္ အဂၤလန္ဆိုတာ ဘဝပ်က္တတ္တယ္လို႔ သင္ခန္းစာ ေပးေနတယ္ေတာင္ ထင္မိရခ်ိန္မွာ ဟဒ္ဆန္-အိုဒြိဳင္းကလည္း အားက်မခံ ေခါင္းတိုက္ခ်က္က ဘားထိခဲ့ျပန္တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာရဲ႕ ကန္ခ်က္ကို ပလိုင္းေမာက္ဂိုးသမား ကူးပါး ပုတ္ထုတ္ခဲ့ရၿပီး ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ကိုဗာခ်စ္ရဲ႕ ဧရိယာထိပ္က အနိမ့္ကန္ခ်က္က ဧည့္သည္အားလုံးကို အ႐ူးလုပ္ႏိုင္ခဲ့ေပမယ့္ ဂိုးတိုင္ရဲ႕ ကာကြယ္မႈနဲ႔ပဲ ႀကဳံခဲ့ရသလို ခ်ဲလ္ဆီးတို႔ ရႏိုင္တဲ့ ၄ ဂိုးေလာက္အထိ Woodwork ေတြထဲမွာ နစ္ျမဳပ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ေဂ်ာ္ဂ်င္ညိဳက ေတာင္ပံကို ျပန္ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို ေမဆန္ေမာင့္က ညာျခမ္းကေန အနိမ့္ေဘာ ခ်ိဳးေပးရာမွာ အက္ဇ္ပီလီေကြတာက ေနာက္ေပါက္နဲ႔ခ်ိတ္ၿပီး တစ္ဖက္ဂိုးသမားကို အငိုက္မိေစႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီသေရရလဒ္ ထြက္ေပၚေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း လူကာကူးက အႀကိမ္ႀကိမ္ လြဲေခ်ာ္ေနခဲ့သလို လက္ေထာက္နည္းျပ အာႏို မီရွယ္ကေတာ့ သူ႔ကို ေမွ်ာ္လင့္တႀကီးနဲ႔ ကြင္းထဲမွာ ပြဲၿပီးအထိ မလဲဘဲ သုံးစြဲသြားခဲ့ခ်ိန္မွာ အက္ဇ္ပီလီေကြတာက ေနာက္ေပါက္နဲ႔ တစ္ဂိုးထပ္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ ဂိုးရဖို႔ ခက္ေနတဲ့ တိုက္စစ္အတြက္ေတာ့ ခရစၥတင္ဆန္အစား မားကို႔စ္ အလြန္ဆို၊ ဟဒ္ဆန္-အိုဒြိဳင္းအစား ဟာဗတ္ဇ္နဲ႔ ကိုဗာခ်စ္အစား တီမို ဗာနာတို႔ကို ပြဲခ်ိန္အတြင္းမွာ လူစားလဲခဲ့ပါတယ္။

ဒါေပမယ့္ ခ်ဲလ္ဆီးတို႔ရဲ႕ နာမည္ႀကီးေတြအားလုံး လြဲေခ်ာ္ေနခဲ့သလို တစ္ေယာက္တည္းေသာ ဂိုးလာဘ္ရွင္ အက္ဇ္ပီလီေကြတာကလည္း ထပ္မလုပ္ႏိုင္ေတာ့လို႔ ပြဲခ်ိန္ မိနစ္ ၉၀ အျပည့္မွာ အခ်ိန္ပို ဆက္ကစားရဖို႔ျဖစ္လာခဲ့ၿပီး ပလိုင္းေမာက္ကေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ပရိသတ္ေတြကို စိုးရိမ္ထိတ္လန႔္ေစႏိုင္ခဲ့တာပါ။

အခ်ိန္ပို ပထမပိုင္း မၿပီးဆုံးခင္ နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ေတြ ဦးေဆာင္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းကေန တီမို ဗာနာနဲ႔ အေပးအယူလုပ္ၿပီး လြတ္သြားခဲ့တဲ့ ဟာဗတ္ဇ္က အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ မားကို႔စ္ အလြန္ဆိုက အခ်ိန္ကိုက္ ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျပန္ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၁၁၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ထပ္ၿပီး စိုးရိမ္ခဲ့ရၿပီး ပလိုင္းေမာက္တို႔ရဲ႕ တန္ျပန္တိုက္စစ္ကို တားဆီးရာမွာ မာလန္းဆားရ္က ေနာက္ကေန တစ္ဖက္တိုက္စစ္မႉးကို တြန္းလွဲခဲ့မိတာေၾကာင့္ ပင္နယ္တီ ေပးခဲ့ရတာကို ဂိုးသမား ကီပါက တိုက္စစ္မႉး ဟာဒီရဲ႕ ကန္ခ်က္ကို မွန္မွန္ကန္ကန္ ဖမ္းယူႏိုင္ခဲ့လို႔သာ သက္သာခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အိမ္ရွင္ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးတို႔ ပြဲကို ထိန္းသိမ္းကစားသြားခဲ့ၿပီး ပင္နယ္တီေကာင္းတဲ့ ကီပါရဲ႕ အစြမ္းနဲ႔ အဆုံးအျဖတ္ မခံရခင္ အခ်ိန္ပိုမွာ ပထမတန္းက ပလိုင္းေမာက္ကို ေက်ာ္ျဖတ္ရင္း ေနာက္တစ္ဆင့္ တက္ခဲ့ၿပီး အက္ဖ္ေအဖလားရဲ႕ ပၪၥမအဆင့္ကို ေရာက္ရွိသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.