Other

အိမ်ရှင်မတွေအနေနဲ့ ဘောလုံးပွဲကြည့်တဲ့ ခင်ပွန်းကို မပိတ်ပင်သင့်ဘူးဆိုတာ ပြသနေတဲ့ သုတေသနစစ်တမ်း

သင့်အနေနဲ့ ဘောလုံးပွဲ အလွန်အမင်း ကြည့်ရှုသူလို့ အပြောခံရဖူးပါသလား။ လေ့လာဆန်းစစ်ချက်တွေအရ လှပတဲ့ ပြိုင်ပွဲကို ကြည့်ရှုခြင်းက သင့်ရဲ့ကျန်းမာရေးအတွက် အမှန်တကယ် ကောင်းမွန်စေတယ်လို့ သိရပါတယ်။

BetVictor ဟာ လိဒ်စ်တက္ကသိုလ် ဇီဝဆေးဘက်ဆိုင်ရာဌာနဲ့ ပူးပေါင်းပြီး လိဒ်စ်ယူနိုက်တက်ပရိသတ် ၂၅ ဦးကို ၂၀၁၈-၂၀၁၉ ရာသီရဲ့ အရေးကြီးတဲ့ပွဲစဉ် ၃ ပွဲကို ကြည့်ရှုစေပြီး ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။ စုစုပေါင်း ဘောလုံးပရိသတ် ၂၅ ဦးဟာ အသက် ၂၀ နဲ့ ၆၂ နှစ်ကြားအရွယ်တွေဖြစ်ကြပြီး ဘောလုံးပွဲ တိုက်ရိုက်ကြည့်ရှုခြင်းရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကို ရှာဖွေဖို့အတွက် သုတေသနပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သုတေသနမှာ ပါဝင်သူတွေကို အုပ်စု ၃ စုုစီ ခွဲလိုက်ပြီး လိဒ်စ်ယူနိုက်တက်ကို အားပေးတာ ၁ နှစ်ကနေ ၁၀ နှစ်အတွင်း ရှိသူတွေကို တစ်အုပ်စု၊ နှစ် ၂၀ ကနေ နှစ်၃၀ အထိက တစ်အုပ်စု၊ နှစ် ၄၀ နဲ့အထက်ကို တစ်အုပ်စုစီ ခွဲခြားလိုက်ပါတယ်။ အုပ်စု ၃ ခုစလုံးရဲ့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ်၊ ဒါဘီနဲ့ ကစားခဲ့တဲ့ playoff ဆီမီးဖိုင်နယ်ပွဲစဉ် ၂ ပွဲတို့ကို ကြည့်ရှုမှုကို ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အနီးကပ်စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်။

ဒီလေ့လာဆန်းစစ်ချက်ရဲ့ အဓိက အချက် ၃ ချက်အဖြစ် နှလုံးခုန်နှုန်း၊ သွေးတွင်းဖိအားနဲ့ စိတ်ခံစားမှုတို့ကို အဓိကထား စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်။ သွေးဖိအားကို အခြေခံနှုန်းထားသတ်မှတ်နိုင်ဖို့အတွက် ပွဲတစ်ပွဲချင်းစီ မကြည့်ရှုမီ ရက်အနည်းငယ်အလိုနဲ့ ပွဲစခါနီးတို့မှာ တိုင်းတာခဲ့ပြီး ပထမပိုင်းအပြီးနဲ့ ပွဲပြီးဝီစီမှုတ်အပြီးမှာ ချက်ချင်း သွေးပေါင်ချိန်ကို ထပ်မံတိုင်းတာခဲ့ပါတယ်။ သုတေသနမှာ ပါဝင်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုရဲ့တစ်စိတ်တပိုင်းအဖြစ် ပုံဖော်ဖို့အတွက် တစ်ပွဲချင်းစီ အပြီးမှာ အင်တာဗျူးဖြေပြီး စိတ်ခံစားမှု စစ်တမ်းကိုလည်း ဖြေဆိုပေးခဲ့ကြပါတယ်။

ပုံမှန်အေရိုးဗစ်လေ့ကျင့်ခန်းတွေလုပ်တာနဲ့ အလားသဏ္ဌာန်တူတဲ့ မြင့်တက်လာတဲ့ နှလုံးခုန်နှုန်းဆီကနေ ဖြစ်ပေါ်လာတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ဖိအားဟာ ကျန်းမာရေးအတွက် အပြုသဘောဆောင်တဲ့ အကျိုးအမြတ်ဖြစ်စေပါတယ်။ သင်အားပေးတဲ့အသင်း အနိုင်ရရှိနေတာကို စောင့်ကြ်ည့ခြင်းကလည်း သွေးဖိအားကို ကျဆင်းစေပြီး နောက်ထပ် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရရှိစေပါတယ်။

ရုပ်ပိုင်းဆိုင်ရာမှာလည်း အနိုင်ရလဒ်က သုတေသနမှာ ပါဝင်သူတွေရဲ့ စိတ်ခံစားမှုအခြေအနေကို ၂၄ နာရီအထိ တိုးတက်စေတယ်လို့ တွေ့ရှိခဲ့ပြီး အရှုံးရလဒ်ကတော့ အဲဒီထက်ပိုရှည်ကြာတဲ့ စိတ်ခံစားမှု နိမ့်ကျခြင်းကို ဖြစ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒီ လေ့လာဆန်းစစ်မှုအရ သိရတာက ဘောလုံးပရိသတ်တွေဟာ အနိုင်ရလဒ်ကြောင့် စိတ်ခံစားမှု မြင့်မားတာကို စွဲလမ်းနေတာ ဖြစ်ဖို့များတယ်လို့ သိရပါတယ်။

ထိန်းချုပ်မှုရှိတဲ့ ပတ်ဝန်းကျင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘောလုံးပွဲကို နေအိမ် သို့မဟုတ် အဝေးကွင်းမှာ သွားရောက်ကြည့်ရှုခြင်းက နှလုံးခုန်နှုန်းကို ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်စေပြီး ပွဲနေ့မှာ အသင်းရှုံးတာကို ကြည့်ရှုရတဲ့ပရိသတ်တွေအနေနဲ့ တကယ်ကို ခံစားကြရတာဖြစ်ပါတယ်။

လိဒ်စ်တက္ကသိုလ်ရဲ့ ဇီဝကမ္မဖြစ်စဉ် ထိန်းချုပ်မှုနဲ့ ဖွံ့ဖြိုးမှုဌာန ကထိက ဒေါက်တာ အန်ဒရေး အတ်လီက “ပရိသတ်တွေဟာ ပွဲနဲ့ပတ်သက်ပြီး စိတ်အားထက်သန်တဲ့အချိန် နှလုံးခုန်နှုန်း မြင့်တက်လာတာဟာ အမြန်လမ်းလျှောက်တဲ့အခါမှာ မြင့်တက်လာတဲ့ နှလုံးခုန်နှုန်းနဲ့ အလားသဏ္ဌာန်တူပါတယ်(ယေဘုယျအားဖြင့် အနားယူနေတဲ့အချိန် နှလုံးခုန်နှုန်းထက် ၂၀ ရာခိုင်နှုန်း ပိုမြင့်မား)”

“၂ သင်းစလုံး ဂိုးသွင်းတာက သာမန်ပွဲစဉ်ထက် ပျမ်းမျှ နှလုံးခုန်နှုန်း ၂၀ bpm(ပျမ်းမျှတစ်မိနစ်လျှင် နှလုံးခုန်နှုန်း) တိုးမြင့်လာစေပါတယ်။ နောက်ဆုံးအနေနဲ့ ဘောလုံးပွဲမှာ သင့်ရဲ့ အသင်းကို အားပေးခြင်းက သင့်ကို သာမန်အေရိုးဗစ်လေ့ကျင့်ခန်းတွေ လုပ်တဲ့အတိုင်း အကျိုးရှိစေမှာဖြစ်ပြီး ပွဲရလဒ်အပေါ်မှာ မူတည်ပြီး စိတ်ပိုင်းဆိုင်ရာ အားတက်မှု သို့မဟုတ် ကျဆင်းမှု ဖြစ်စေနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အဲဒီတော့ လှပတဲ့ ဘောလုံးကစားပွဲက သင့်ကို ပုံမှန်အေရိုးဗစ် လေ့ကျင့်ခန်းလုပ်သလိုပဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာမှာလည်း အားတက်မှု သို့မဟုတ် ကျဆင်းမှုတွေဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဘောလုံးပွဲကို ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲရင်း ကြည့်ရှုမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးသာရှိနိုင်သလို အိမ်က ဇနီးသည်ရဲ့ ပူညံပူညံလုပ်ခြင်းကိုလည်း ခံရနိုင်ကြောင်း  ဖော်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
သင့္အေနနဲ႔ ေဘာလုံးပြဲ အလြန္အမင္း ၾကည့္ရႈသူလို႔ အေျပာခံရဖူးပါသလား။ ေလ့လာဆန္းစစ္ခ်က္ေတြအရ လွပတဲ့ ၿပိဳင္ပြဲကို ၾကည့္ရႈျခင္းက သင့္ရဲ႕က်န္းမာေရးအတြက္ အမွန္တကယ္ ေကာင္းမြန္ေစတယ္လို႔ သိရပါတယ္။

BetVictor ဟာ လိဒ္စ္တကၠသိုလ္ ဇီဝေဆးဘက္ဆိုင္ရာဌာနဲ႔ ပူးေပါင္းၿပီး လိဒ္စ္ယူႏိုက္တက္ပရိသတ္ ၂၅ ဦးကို ၂၀၁၈-၂၀၁၉ ရာသီရဲ႕ အေရးႀကီးတဲ့ပြဲစဥ္ ၃ ပြဲကို ၾကည့္ရႈေစၿပီး ခြဲျခမ္းစိတ္ျဖာခဲ့ပါတယ္။ စုစုေပါင္း ေဘာလုံးပရိသတ္ ၂၅ ဦးဟာ အသက္ ၂၀ နဲ႔ ၆၂ ႏွစ္ၾကားအ႐ြယ္ေတြျဖစ္ၾကၿပီး ေဘာလုံးပြဲ တိုက္႐ိုက္ၾကည့္ရႈျခင္းရဲ႕ က်န္းမာေရးအေပၚ အက်ိဳးသက္ေရာက္မႈကို ရွာေဖြဖို႔အတြက္ သုေတသနျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

သုေတသနမွာ ပါဝင္သူေတြကို အုပ္စု ၃ စုုစီ ခြဲလိုက္ၿပီး လိဒ္စ္ယူႏိုက္တက္ကို အားေပးတာ ၁ ႏွစ္ကေန ၁၀ ႏွစ္အတြင္း ရွိသူေတြကို တစ္အုပ္စု၊ ႏွစ္ ၂၀ ကေန ႏွစ္၃၀ အထိက တစ္အုပ္စု၊ ႏွစ္ ၄၀ နဲ႔အထက္ကို တစ္အုပ္စုစီ ခြဲျခားလိုက္ပါတယ္။ အုပ္စု ၃ ခုစလုံးရဲ႕ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲစဥ္၊ ဒါဘီနဲ႔ ကစားခဲ့တဲ့ playoff ဆီမီးဖိုင္နယ္ပြဲစဥ္ ၂ ပြဲတို႔ကို ၾကည့္ရႈမႈကို ႐ုပ္ပိုင္းဆိုင္ရာအရေရာ စိတ္ပိုင္းဆိုင္ရာအရပါ အနီးကပ္ေစာင့္ၾကည့္ေလ့လာခဲ့တာျဖစ္ပါတယ္။

ဒီေလ့လာဆန္းစစ္ခ်က္ရဲ႕ အဓိက အခ်က္ ၃ ခ်က္အျဖစ္ ႏွလုံးခုန္ႏႈန္း၊ ေသြးတြင္းဖိအားနဲ႔ စိတ္ခံစားမႈတို႔ကို အဓိကထား ေစာင့္ၾကည့္ေလ့လာခဲ့တာျဖစ္ပါတယ္။ ေသြးဖိအားကို အေျခခံႏႈန္းထားသတ္မွတ္ႏိုင္ဖို႔အတြက္ ပြဲတစ္ပြဲခ်င္းစီ မၾကည့္ရႈမီ ရက္အနည္းငယ္အလိုနဲ႔ ပြဲစခါနီးတို႔မွာ တိုင္းတာခဲ့ၿပီး ပထမပိုင္းအၿပီးနဲ႔ ပြဲၿပီးဝီစီမႈတ္အၿပီးမွာ ခ်က္ခ်င္း ေသြးေပါင္ခ်ိန္ကို ထပ္မံတိုင္းတာခဲ့ပါတယ္။ သုေတသနမွာ ပါဝင္သူေတြဟာ စိတ္ပိုင္းဆိုင္ရာ ခြဲျခမ္းစိတ္ျဖာမႈရဲ႕တစ္စိတ္တပိုင္းအျဖစ္ ပုံေဖာ္ဖို႔အတြက္ တစ္ပြဲခ်င္းစီ အၿပီးမွာ အင္တာဗ်ဴးေျဖၿပီး စိတ္ခံစားမႈ စစ္တမ္းကိုလည္း ေျဖဆိုေပးခဲ့ၾကပါတယ္။

ပုံမွန္ေအ႐ိုးဗစ္ေလ့က်င့္ခန္းေတြလုပ္တာနဲ႔ အလားသဏၭာန္တူတဲ့ ျမင့္တက္လာတဲ့ ႏွလုံးခုန္ႏႈန္းဆီကေန ျဖစ္ေပၚလာတဲ့ အေပါင္းလကၡဏာေဆာင္တဲ့ စိတ္ဖိအားဟာ က်န္းမာေရးအတြက္ အျပဳသေဘာေဆာင္တဲ့ အက်ိဳးအျမတ္ျဖစ္ေစပါတယ္။ သင္အားေပးတဲ့အသင္း အႏိုင္ရရွိေနတာကို ေစာင့္ၾက္ည့ျခင္းကလည္း ေသြးဖိအားကို က်ဆင္းေစၿပီး ေနာက္ထပ္ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးရရွိေစပါတယ္။

႐ုပ္ပိုင္းဆိုင္ရာမွာလည္း အႏိုင္ရလဒ္က သုေတသနမွာ ပါဝင္သူေတြရဲ႕ စိတ္ခံစားမႈအေျခအေနကို ၂၄ နာရီအထိ တိုးတက္ေစတယ္လို႔ ေတြ႕ရွိခဲ့ၿပီး အရႈံးရလဒ္ကေတာ့ အဲဒီထက္ပိုရွည္ၾကာတဲ့ စိတ္ခံစားမႈ နိမ့္က်ျခင္းကို ျဖစ္ေစတယ္ဆိုတာ ေတြ႕ရွိခဲ့ရပါတယ္။ ဒီ ေလ့လာဆန္းစစ္မႈအရ သိရတာက ေဘာလုံးပရိသတ္ေတြဟာ အႏိုင္ရလဒ္ေၾကာင့္ စိတ္ခံစားမႈ ျမင့္မားတာကို စြဲလမ္းေနတာ ျဖစ္ဖို႔မ်ားတယ္လို႔ သိရပါတယ္။

ထိန္းခ်ဳပ္မႈရွိတဲ့ ပတ္ဝန္းက်င္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ေဘာလုံးပြဲကို ေနအိမ္ သို႔မဟုတ္ အေဝးကြင္းမွာ သြားေရာက္ၾကည့္ရႈျခင္းက ႏွလုံးခုန္ႏႈန္းကို ၁၁ ရာခိုင္ႏႈန္းအထိ ျမင့္တက္ေစၿပီး ပြဲေန႔မွာ အသင္းရႈံးတာကို ၾကည့္ရႈရတဲ့ပရိသတ္ေတြအေနနဲ႔ တကယ္ကို ခံစားၾကရတာျဖစ္ပါတယ္။

လိဒ္စ္တကၠသိုလ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ ထိန္းခ်ဳပ္မႈနဲ႔ ဖြံ႕ၿဖိဳးမႈဌာန ကထိက ေဒါက္တာ အန္ဒေရး အတ္လီက “ပရိသတ္ေတြဟာ ပြဲနဲ႔ပတ္သက္ၿပီး စိတ္အားထက္သန္တဲ့အခ်ိန္ ႏွလုံးခုန္ႏႈန္း ျမင့္တက္လာတာဟာ အျမန္လမ္းေလွ်ာက္တဲ့အခါမွာ ျမင့္တက္လာတဲ့ ႏွလုံးခုန္ႏႈန္းနဲ႔ အလားသဏၭာန္တူပါတယ္(ေယဘုယ်အားျဖင့္ အနားယူေနတဲ့အခ်ိန္ ႏွလုံးခုန္ႏႈန္းထက္ ၂၀ ရာခိုင္ႏႈန္း ပိုျမင့္မား)”

“၂ သင္းစလုံး ဂိုးသြင္းတာက သာမန္ပြဲစဥ္ထက္ ပ်မ္းမွ် ႏွလုံးခုန္ႏႈန္း ၂၀ bpm(ပ်မ္းမွ်တစ္မိနစ္လွ်င္ ႏွလုံးခုန္ႏႈန္း) တိုးျမင့္လာေစပါတယ္။ ေနာက္ဆုံးအေနနဲ႔ ေဘာလုံးပြဲမွာ သင့္ရဲ႕ အသင္းကို အားေပးျခင္းက သင့္ကို သာမန္ေအ႐ိုးဗစ္ေလ့က်င့္ခန္းေတြ လုပ္တဲ့အတိုင္း အက်ိဳးရွိေစမွာျဖစ္ၿပီး ပြဲရလဒ္အေပၚမွာ မူတည္ၿပီး စိတ္ပိုင္းဆိုင္ရာ အားတက္မႈ သို႔မဟုတ္ က်ဆင္းမႈ ျဖစ္ေစႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အဲဒီေတာ့ လွပတဲ့ ေဘာလုံးကစားပြဲက သင့္ကို ပုံမွန္ေအ႐ိုးဗစ္ ေလ့က်င့္ခန္းလုပ္သလိုပဲ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစၿပီး စိတ္ပိုင္းဆိုင္ရာမွာလည္း အားတက္မႈ သို႔မဟုတ္ က်ဆင္းမႈေတြျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ခုရွိတာက ေဘာလုံးပြဲကို ေဆးလိပ္၊ အရက္၊ မူးယစ္ေဆးဝါးသုံးစြဲရင္း ၾကည့္ရႈမယ္ဆိုရင္ေတာ့ က်န္းမာေရးအတြက္ ဆိုးက်ိဳးသာရွိႏိုင္သလို အိမ္က ဇနီးသည္ရဲ႕ ပူညံပူညံလုပ္ျခင္းကိုလည္း ခံရႏိုင္ေၾကာင္း  ေဖာ္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.