Match Report Other

ချဲလ်ဆီးကို ကမ္ဘာ့ချန်ပီယံဖြစ်စေမယ့် အခွင့်အရေးပေးခဲ့တဲ့ လူကာကူး

ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညနေက အယ်လ် ဟီလာလ်နဲ့ ကစားခဲ့တဲ့ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လူကာကူးရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့်တိုက်စစ်မှူး လူကာကူးဟာ အာရှချန်ပီယံ အယ်လ် ဟီလာလ်အသင်းနဲ့ပွဲစဉ်မှာ ယခုလအတွင်း ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ ယခုအပတ်မှာ ကမ္ဘာ့ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေး ရရှိခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို လူကာကူးက ပထမပိုင်း ၃၂ မိနစ်မှာ ခိုင် ဟာဗတ်ဇ် ဖြတ်တင်လိုက်တဲ့ဘောလုံးက နောက်ခံကစားသမားတွေနဲ့ ထိပြီး လမ်းကြောင်းပြောင်း ရောက်ရှိလာတာကို အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းဟာ လာမယ့် စနေနေ့မှာ ပါးမီးရပ်စ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဖီဖာ ကလပ်ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်သွားနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျကလပ် အယ်လ် ဟီလာလ်ကို မိုနာကိုအသင်းမှာ ခီလီယန် အမ်ဘာပေ၊ ဘာနာဒို ဆေးလ်ဗားတို့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ လီယိုနာဒို ဂျာဒင်းက နည်းပြနေတာဖြစ်ပြီး ဒုတိယပိုင်း နောက်ဆုံး မိနစ် ၂၀ မှာ ဥရောပချန်ပီယံကို အခက်တွေ့အောင် လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကီပါရဲ့ အလွန်ကောင်းမွန်တဲ့ လက်စွမ်းပြမှုကြောင့်သာ ချဲလ်ဆီးအသင်းအနေနဲ့ အချိန်ပို ဆက်မကစားခဲ့ရတာဖြစ်ပေမယ့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အဘူဒါဘီကလပ် အယ်လ် ဂျာဇီးရားကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ အယ်လ် ဟီလာလ်အသင်းက အချိန်ပို ဆက်သွားရတော့မယ့်ပုံပေါ်အောင် ခြိမ်းခြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်က ပရိသတ်တွေဟာ အယ်လ် ဟီလာလ်ကို ၁-၀ နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ချဲလ်ဆီးအသင်းအတွက် သူရဲကောင်းဆန်ဆန် လက်စွမ်းပြသခဲ့တဲ့ ကီပါရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ချီးမွမ်းခန်းဖွင့်ခဲ့ကြပါတယ်။

ပရိသတ်အချို့ကတော့ မန်ဒီ ပြန်ရောက်လာပြီဖြစ်တာကြောင့် လက်စွမ်းကောင်း ပြသနေတဲ့ ကီပါရဲ့ ပထမပွဲထွက်ဂိုးသမားနေရာကို ပြန်လည်ရယူတော့မှာလားလို့ မေးခွန်းထုတ်ခဲ့ကြပြီး တွစ်တာအသုံးပြုသူတွေက ချဲလ်ဆီးအနေနဲ့ အသက် ၂၇ နှစ်အရွယ် ဂိုးသမားမပါဝင်ဘဲ ပွဲစဉ်တွေကို အနိုင်ရခဲ့မှာမဟုတ်ဘူးလို့တောင် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

“ကီပါက အချိန်ပို အလုပ်လုပ်ေ်နတယ်။ သူက နံပါတ် ၁ ပြန်လာတာကြောင့် အဲဒီနေရာကို ဆုံးရှုံးမှာမဟုတ်ပါဘူး”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “ကီပါရဲ့ မှော်ဆန်တဲ့လက်စွမ်းကြောင့်သာ မဟုတ်ရင် ချဲလ်ဆီးရဲ့ ဦးဆောင်ဂိုးက မရှိတော့တာကြာပြီ”လို့ နောက်ထပ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအမာခံပရိသတ်တွေရဲ့ ပြောကြားချက်အရဆိုရင် မန်ဒီ အနေနဲ့ ၎င်းရဲ့ ပွဲထွက်ဂိုးသမားနေရာကို ပြန်လည်ရရှိချင်တယ်ဆိုရင် ထိုက်တန်ကြောင်း နောက်ထပ်တစ်ကြိမ် သက်သေပြကောင်း ပြသရဖွယ်ရှိနေပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့ နည်းပြ သောမတ်စ် တူဟယ်မပါဝင်ဘဲ လက်ထောက်နည်းပြ ဇော့တ်လိုးရဲ့ လမ်းညွှန်မှုနဲ့ အယ်လ် ဟီလာလ်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး နည်းပြ တူဟယ်အနေနဲ့ လာမယ့်စနေနေ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြန်လည် နည်းပြနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ဗုဒၶဟူးေန႔ညေနက အယ္လ္ ဟီလာလ္နဲ႔ ကစားခဲ့တဲ့ ဖီဖာ ကလပ္ကမၻာ့ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ လူကာကူးရဲ့ တစ္လုံးတည္းေသာသြင္းဂိုးနဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္တိုက္စစ္မႉး လူကာကူးဟာ အာရွခ်န္ပီယံ အယ္လ္ ဟီလာလ္အသင္းနဲ႔ပြဲစဥ္မွာ ယခုလအတြင္း ပထမဆုံးသြင္းဂိုးကို သြင္းယူနိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ယခုအပတ္မွာ ကမၻာ့ခ်န္ပီယံျဖစ္နိုင္မယ့္ အခြင့္အေရး ရရွိခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ တစ္လုံးတည္းေသာအနိုင္ဂိုးကို လူကာကူးက ပထမပိုင္း ၃၂ မိနစ္မွာ ခိုင္ ဟာဗတ္ဇ္ ျဖတ္တင္လိုက္တဲ့ေဘာလုံးက ေနာက္ခံကစားသမားေတြနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္း ေရာက္ရွိလာတာကို အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ စေနေန႔မွာ ပါးမီးရပ္စ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဖီဖာ ကလပ္ကမၻာ့ဖလားကို ပထမဆုံးအႀကိမ္ ကိုင္ေျမႇာက္သြားနိုင္မယ့္ အခြင့္အေရးကို ပိုင္ဆိုင္ေနၿပီ ျဖစ္ပါတယ္။ ေဆာ္ဒီအာေရဗ်ကလပ္ အယ္လ္ ဟီလာလ္ကို မိုနာကိုအသင္းမွာ ခီလီယန္ အမ္ဘာေပ၊ ဘာနာဒို ေဆးလ္ဗားတို႔ကို ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ လီယိုနာဒို ဂ်ာဒင္းက နည္းျပေနတာျဖစ္ၿပီး ဒုတိယပိုင္း ေနာက္ဆုံး မိနစ္ ၂၀ မွာ ဥေရာပခ်န္ပီယံကို အခက္ေတြ႕ေအာင္ လုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

ကီပါရဲ့ အလြန္ေကာင္းမြန္တဲ့ လက္စြမ္းျပမႈေၾကာင့္သာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အခ်ိန္ပို ဆက္မကစားခဲ့ရတာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့တနဂၤေႏြေန႔ ကလပ္ကမၻာ့ဖလား ကြာတားဖိုင္နယ္မွာ အဘူဒါဘီကလပ္ အယ္လ္ ဂ်ာဇီးရားကို ၆-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ အယ္လ္ ဟီလာလ္အသင္းက အခ်ိန္ပို ဆက္သြားရေတာ့မယ့္ပုံေပၚေအာင္ ၿခိမ္းေျခာက္နိုင္ခဲ့တာ ျဖစ္ပါတယ္။ လူမႈကြန္ရက္က ပရိသတ္ေတြဟာ အယ္လ္ ဟီလာလ္ကို ၁-၀ နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း ခ်ဲလ္ဆီးအသင္းအတြက္ သူရဲေကာင္းဆန္ဆန္ လက္စြမ္းျပသခဲ့တဲ့ ကီပါရဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ခ်ီးမြမ္းခန္းဖြင့္ခဲ့ၾကပါတယ္။

ပရိသတ္အခ်ိဳ႕ကေတာ့ မန္ဒီ ျပန္ေရာက္လာၿပီျဖစ္တာေၾကာင့္ လက္စြမ္းေကာင္း ျပသေနတဲ့ ကီပါရဲ့ ပထမပြဲထြက္ဂိုးသမားေနရာကို ျပန္လည္ရယူေတာ့မွာလားလို႔ ေမးခြန္းထုတ္ခဲ့ၾကၿပီး တြစ္တာအသုံးျပဳသူေတြက ခ်ဲလ္ဆီးအေနနဲ႔ အသက္ ၂၇ ႏွစ္အရြယ္ ဂိုးသမားမပါဝင္ဘဲ ပြဲစဥ္ေတြကို အနိုင္ရခဲ့မွာမဟုတ္ဘူးလို႔ေတာင္ ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

“ကီပါက အခ်ိန္ပို အလုပ္လုပ္ေ္နတယ္။ သူက နံပါတ္ ၁ ျပန္လာတာေၾကာင့္ အဲဒီေနရာကို ဆုံးရႈံးမွာမဟုတ္ပါဘူး”လို႔ ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး “ကီပါရဲ့ ေမွာ္ဆန္တဲ့လက္စြမ္းေၾကာင့္သာ မဟုတ္ရင္ ခ်ဲလ္ဆီးရဲ့ ဦးေဆာင္ဂိုးက မရွိေတာ့တာၾကာၿပီ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းအမာခံပရိသတ္ေတြရဲ့ ေျပာၾကားခ်က္အရဆိုရင္ မန္ဒီ အေနနဲ႔ ၎ရဲ့ ပြဲထြက္ဂိုးသမားေနရာကို ျပန္လည္ရရွိခ်င္တယ္ဆိုရင္ ထိုက္တန္ေၾကာင္း ေနာက္ထပ္တစ္ႀကိမ္ သက္ေသျပေကာင္း ျပသရဖြယ္ရွိေနၿပီျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ကိုဗစ္ပိုး ကူးစက္ခံထားရတဲ့ နည္းၿပ ေသာမတ္စ္ တူဟယ္မပါဝင္ဘဲ လက္ေထာက္နည္းၿပ ေဇာ့တ္လိုးရဲ့ လမ္းညႊန္မႈနဲ႔ အယ္လ္ ဟီလာလ္ကို အနိုင္ရရွိခဲ့တာျဖစ္ၿပီး နည္းၿပ တူဟယ္အေနနဲ႔ လာမယ့္စေနေန႔ ကလပ္ကမၻာ့ဖလားဗိုလ္လုပြဲမွာ ျပန္လည္ နည္းျပနိုင္ဖို႔ ေမၽွာ္လင့္ေနမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.