International Other

အာဖရိကဖလားပွဲစဉ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်များ

ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေကို လက်မှိုင်ချရစေသူ
မာလီနဲ့ တူနီးရှားတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖရိကပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်ဟာ ကမောက်ကမဖြစ်စဉ်တွေအားလုံးရဲ့ တရားခံဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တုန်းက အကျင့်ပျက်ချစားမှုကြောင့် ရာထူးကနေ ဆိုင်းငံ့ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

ဒိုင်လူကြီး ဂျန်နီ ဆီကာဇွဲဟာ မာလီနဲ့ တူနီးရှားတို့ ကစားခဲ့တဲ့ပွဲစဉ် ၈၅ မိနစ်မှာ ပွဲပြီး ဝီစီကို မှုတ်ခဲ့တာဖြစ်ပြီး VAR နဲ့ ပြန်လည်စစ်ဆေးခဲ့တဲ့ အနီကတ်ကိုလည်း ငြင်းပယ်ခဲ့ပြီးနောက် ပွဲကစားချိန် မပြည့်မီ စက္ကန့် ၂၀ စောပြီး နောက်ထပ်တစ်ကြိမ် ဝီစီထပ်မှုတ်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဒိုင်လူကြီးဟာ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ကွင်းထဲကနေ ခေါ်ထုတ်ခြင်းခံခဲ့ရပြီး မာလီအသင်းက အီဘရာဟီမာ ကိုနေးရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် တူနီးရှားအသင်းကတော့ မာလီအသင်း တစ်ယောက်လျော့ခဲ့ရမှာကို မလျော့ခဲ့တဲ့အတွက် ဒေါသထွက်ခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၄ နှစ်တုန်းက အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ဆီကာဇွဲကို အက်စ်ပဲရန့်စ်နဲ့ ပရီမီယဲရို အဂိုစတိုတို့ ကစားခဲ့တဲ့ အာဖရိက ချန်ပီယံလိဂ်ပွဲစဉ်မှာ အကျင့်ပျက်ခြစားမှုရှိခဲ့တယ်လို့ သံသယရှိခဲ့တာကြောင့် ပွဲကြီးကြပ်ခွင့်ကို ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။ အက်စ်ပဲရန့်စ်အသင်းဟာ ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့ပေမယ့် ဆီကာဇွဲက ၎င်းတို့ရဲ့ အဖွင့်ဂိုး ရရှိအောင် အငြင်းပွားဖွယ် ပင်နယ်တီ ပေးခဲ့တာဖြစ်ပြီး အက်စ်ပဲရန့်စ် ဂိုးသမားအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် အဂိုစတိုရဲ့ သွင်းဂိုးကို ခွင့်ပြုဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

တူနီးရှားအသင်းဟာ မာလီအသင်းကို ၁-၀ နဲ့ အငြင်းပွားဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် အာဖရိကဖလား အုပ်စု F ပွဲစဉ်ကို ပြန်လည်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဇမ်ဘီယာလူမျိုး ဒိုင်လူကြီးဟာ ကိုနေးရဲ့ ပင်နယ်တီအတွက် VAR နဲ့ အချိန်အတော်ကြာ ပြန်လည်စစ်ဆေးခဲ့တာကြောင့် အမှန်တကယ်ပွဲကစားချိန်မပြည့်ခင် ၂ ကြိမ်အထိ ပွဲပြီး ဝီစီကို မှုတ်ခဲ့တာဖြစ်ပါတယ်။

တူနီးရှားအသင်းဟာ ဒုတိယပိုင်းမှာ ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့်လည်း ဝါဘီ ခါဇရီက လွဲချော်ခဲ့တာကြောင့် မာလီအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး မာလီနည်းပြရဲ့ ပွဲပြီး သတင်းစာရှင်းလင်းပွဲဟာ နောက်ဆုံးပွဲကစားချိန် ၃ မိနစ် ပြန်လည်ကစားဖို့ ကြေညာခဲ့တာကြောင့် ကြားဖြတ်နှောင့်ယှက်ခြင်း ခံခဲ့ရပါတယ်။ ပွဲပြီးဆုံးခဲ့တာ မိနစ် ၄၀ ကြာခဲ့ပြီးနောက် မာလီ ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေဟာ ကွင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ပေမယ့် တူနီးရှားကစားသမားတွေက ၎င်းတို့ဟာ ရေခဲနဲ့ ရေချိုးပြီးဖြစ်တာကြောင့် ပြန်လည်ကစားဖို့ကို ငြင်းဆန်ခဲ့ကြတာဖြစ်ပါတယ်။

တူနီးရှားရဲ့ လက်ကျန်ပွဲကစားချိန် ၃ မိနစ်ကို ပြန်ကစားဖို့ ငြင်းပယ်မှုကြောင့် ဒိုင်လူကြီး ဆီကာဇွဲဟာ ပွဲပြီး ဝီစီနောက်တစ်ကြိမ် ထပ်မှုတ်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ တူနီးရှားနည်းပြက ဆုံးဖြတ်ချက်တွေဟာ နားမလည်မနိုင်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်တယ်လို့ ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး အာဖရိကဖလားပြိုင်ပွဲကျင်းပသူတွေကို ပွဲကို ပြန်လည်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ beIN SPORTS ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လှေနဲ့လာခဲ့ရပေမယ့် နိုင်ငံ့သူရဲကောင်းအဖြစ် ချီးကျူးသတ်မှတ်ခြင်း ခံခဲ့ရသူ
မာလီအသင်းဟာ ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် အာဖရိကဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အားကောင်းတဲ့ အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာ ကစားခဲ့တဲ့ လက်ရှိ အာဖရိကဖလား ချန်ပီယံ အယ်လ်ဂျီးရီးယားနဲ့ အသင်းငယ် ဆီအဲရား လီယွန်အသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဆီအဲရား လီယွန်ဂိုးသမား မိုဟာမက် ကာမာရာဟာ နိုင်ငံ့သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးသတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။

ကာမာရာရဲ့ အထူးလက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဆီအဲရား လီယွန်အသင်းဟာ အာဖရိကချန်ပီယံဘွဲ့ကို ကာကွယ်နေရတဲ့ အယ်လ်ဂျီးရီးယားအသင်းဆီကနေ ထူးခြားတဲ့ သရေ ၁ မှတ်နဲ့ ပေးဂိုးမရှိပွဲစဉ်တစ်ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အံ့အားသင့်စရာ သိပ်မကောင်းတာကတော့ ဆီအဲရား လီယွန်ဂိုးသမားဟာ ပွဲအပြီးမှာ အနိုင်ရရှိသွားခဲ့သလိုမျိုး အောင်ပွဲခံနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂိုးသမားဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး ၎င်းရဲ့ ရဲရင့်တဲ့ စွမ်းဆောင်ရည်က အာဖရိကဖလားပြိုင်ပွဲမှာ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းကို စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။ ဆီအဲရား လီယွန်ဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ၎င်းတို့ရဲ့ ပထမဆုံး အာဖရိကဖလားပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားနေတာဖြစ်ပြီး ပြိုင်ပွဲသမိုင်းတလျှောက် တတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။

မအိပ်နိုင်မစားနိုင်ဖြစ်တဲ့အထိ စိတ်ထိခိုက် ခံစားနေရသူ
နောက်ထပ် ဖော်ပြချင်တဲ့သတင်းကတော့ အိုင်ဗရီကို့စ် ပထမပွဲထွက်ဂိုးသမား ဆီဗန်း ဂဘိုဟူယိုဟာ တားမြစ်ဆေး သုံးစွဲခဲ့ကြောင်း ဖီဖာရဲ့ အတည်ပြုခြင်းခံခဲ့ရပြီးနောက် အိုင်ဗရီကို့စ်အသင်းဟာ ၎င်းတို့ရဲ့ အဓိကဂိုးသမားကို အသုံးပြုနိုင်တော့မှာမဟုတ်တော့ဘူးဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဂဘိုဟူယိုဟာ ကမ္ဘာ့တားမြစ်ဆေးဝါးသုံးစွဲမှုတိုက်ဖျက်ရေးအေဂျင်စီက နှလုံးရဲ့အလုပ်လုပ်အားကို မြှင့်တင်နိုင်တာကြောင့် တားမြစ်ဆေးအဖြစ် သတ်မှတ်ထားတဲ့ trimetazidine ကို သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ပွဲကစားခြင်းကနေ ယာယီ ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုင်ဗရီကို့စ်နည်းပြပက်ထရိစ် ဘိုမယ်က သူ့ရဲ့ ဂိုးသမား ဂဘိုဟူယိုဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်းတုန်းက ဂိုးသမားတွေ လုပ်နေကျဖြစ်တဲ့ မျက်စိစမ်းသပ်မှု ပြုလုပ်ခဲ့ပြီး စစ်ဆေးမှုပြုလုပ်ခဲ့တဲ့ ဆရာဝန်က အဲဒီဆေးကို သောက်ခိုင်းတဲ့အတွက် မတ်လမှာ သောက်သုံးခဲ့ပေမယ့် အဲဒီအချိန်နောက်ပိုင်းကတည်းက ဆက်လက် မသောက်သုံးတော့ဘူးလို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆေးစစ်ရာမှာ ဆီးအတွင်းမှာ တားမြစ်ထားတဲ့ ဆေးရဲ့ မော်လီကျူး အကြွင်းအကျန်ကို ခြေရာခံမိသွားတာကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ တားမြစ်ဆေးသုံးစွဲထားတာကို တွေ့ရှိကြောင်း အသိပေးခံခဲ့ရတယ်လို့ အိုင်ဗရီကို့စ်နည်းပြ ပက်ထရိစ် ဘိုမယ်က ပြောကြားခဲ့ပြီး ဂဘိုဟူယိုဟာ ပွဲကစားခွင့် ပိတ်ပင်ခံရတဲ့စိတ်ကြောင့် မအိပ်မစားဘဲ နေနေတာကြောင့် ကိုယ်အလေးချိန်တွေ ကျဆင်းနေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပရီးမီးယားလိဂ္ ဒိုင္လူႀကီးေတြကို လက္မႈိင္ခ်ရေစသူ
မာလီနဲ႔ တူနီးရွားတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အာဖရိကပြဲစဥ္အတြင္း ကြင္းလယ္ဒိုင္ဟာ ကေမာက္ကမျဖစ္စဥ္ေတြအားလုံးရဲ႕ တရားခံျဖစ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္တုန္းက အက်င့္ပ်က္ခ်စားမႈေၾကာင့္ ရာထူးကေန ဆိုင္းငံ့ျခင္း ခံခဲ့ရသူျဖစ္ပါတယ္။

ဒိုင္လူႀကီး ဂ်န္နီ ဆီကာဇြဲဟာ မာလီနဲ႔ တူနီးရွားတို႔ ကစားခဲ့တဲ့ပြဲစဥ္ ၈၅ မိနစ္မွာ ပြဲၿပီး ဝီစီကို မႈတ္ခဲ့တာျဖစ္ၿပီး VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့တဲ့ အနီကတ္ကိုလည္း ျငင္းပယ္ခဲ့ၿပီးေနာက္ ပြဲကစားခ်ိန္ မျပည့္မီ စကၠန႔္ ၂၀ ေစာၿပီး ေနာက္ထပ္တစ္ႀကိမ္ ဝီစီထပ္မႈတ္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ ဒိုင္လူႀကီးဟာ လုံၿခဳံေရး အေစာင့္အေရွာက္ေတြနဲ႔ ကြင္းထဲကေန ေခၚထုတ္ျခင္းခံခဲ့ရၿပီး မာလီအသင္းက အီဘရာဟီမာ ကိုေနးရဲ႕ ပင္နယ္တီသြင္းဂိုးေၾကာင့္ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ တူနီးရွားအသင္းကေတာ့ မာလီအသင္း တစ္ေယာက္ေလ်ာ့ခဲ့ရမွာကို မေလ်ာ့ခဲ့တဲ့အတြက္ ေဒါသထြက္ခဲ့ပါတယ္။

ဒါေပမယ့္ လြန္ခဲ့တဲ့ ၄ ႏွစ္တုန္းက အာဖရိကေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ဆီကာဇြဲကို အက္စ္ပဲရန႔္စ္နဲ႔ ပရီမီယဲ႐ို အဂိုစတိုတို႔ ကစားခဲ့တဲ့ အာဖရိက ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အက်င့္ပ်က္ျခစားမႈရွိခဲ့တယ္လို႔ သံသယရွိခဲ့တာေၾကာင့္ ပြဲႀကီးၾကပ္ခြင့္ကို ဆိုင္းငံ့ခဲ့တာျဖစ္ပါတယ္။ အက္စ္ပဲရန႔္စ္အသင္းဟာ ၄-၂ နဲ႔ အႏိုင္ရရွိသြားခဲ့ေပမယ့္ ဆီကာဇြဲက ၎တို႔ရဲ႕ အဖြင့္ဂိုး ရရွိေအာင္ အျငင္းပြားဖြယ္ ပင္နယ္တီ ေပးခဲ့တာျဖစ္ၿပီး အက္စ္ပဲရန႔္စ္ ဂိုးသမားအေပၚ ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့အတြက္ အဂိုစတိုရဲ႕ သြင္းဂိုးကို ခြင့္ျပဳဖို႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

တူနီးရွားအသင္းဟာ မာလီအသင္းကို ၁-၀ နဲ႔ အျငင္းပြားဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အာဖရိကဖလား အုပ္စု F ပြဲစဥ္ကို ျပန္လည္ကစားခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ဇမ္ဘီယာလူမ်ိဳး ဒိုင္လူႀကီးဟာ ကိုေနးရဲ႕ ပင္နယ္တီအတြက္ VAR နဲ႔ အခ်ိန္အေတာ္ၾကာ ျပန္လည္စစ္ေဆးခဲ့တာေၾကာင့္ အမွန္တကယ္ပြဲကစားခ်ိန္မျပည့္ခင္ ၂ ႀကိမ္အထိ ပြဲၿပီး ဝီစီကို မႈတ္ခဲ့တာျဖစ္ပါတယ္။

တူနီးရွားအသင္းဟာ ဒုတိယပိုင္းမွာ ပင္နယ္တီ ကန္ခြင့္ရခဲ့ေပမယ့္လည္း ဝါဘီ ခါဇရီက လြဲေခ်ာ္ခဲ့တာေၾကာင့္ မာလီအသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ရတာျဖစ္ၿပီး မာလီနည္းျပရဲ႕ ပြဲၿပီး သတင္းစာရွင္းလင္းပြဲဟာ ေနာက္ဆုံးပြဲကစားခ်ိန္ ၃ မိနစ္ ျပန္လည္ကစားဖို႔ ေၾကညာခဲ့တာေၾကာင့္ ၾကားျဖတ္ေႏွာင့္ယွက္ျခင္း ခံခဲ့ရပါတယ္။ ပြဲၿပီးဆုံးခဲ့တာ မိနစ္ ၄၀ ၾကာခဲ့ၿပီးေနာက္ မာလီ ကစားသမားေတြနဲ႔ ဒိုင္လူႀကီးေတြဟာ ကြင္းအတြင္း ျပန္လည္ဝင္ေရာက္ခဲ့ေပမယ့္ တူနီးရွားကစားသမားေတြက ၎တို႔ဟာ ေရခဲနဲ႔ ေရခ်ိဳးၿပီးျဖစ္တာေၾကာင့္ ျပန္လည္ကစားဖို႔ကို ျငင္းဆန္ခဲ့ၾကတာျဖစ္ပါတယ္။

တူနီးရွားရဲ႕ လက္က်န္ပြဲကစားခ်ိန္ ၃ မိနစ္ကို ျပန္ကစားဖို႔ ျငင္းပယ္မႈေၾကာင့္ ဒိုင္လူႀကီး ဆီကာဇြဲဟာ ပြဲၿပီး ဝီစီေနာက္တစ္ႀကိမ္ ထပ္မႈတ္ခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ တူနီးရွားနည္းျပက ဆုံးျဖတ္ခ်က္ေတြဟာ နားမလည္မႏိုင္တဲ့ ဆုံးျဖတ္ခ်က္ေတြျဖစ္တယ္လို႔ ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး အာဖရိကဖလားၿပိဳင္ပြဲက်င္းပသူေတြကို ပြဲကို ျပန္လည္ကစားခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ beIN SPORTS ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ေလွနဲ႔လာခဲ့ရေပမယ့္ ႏိုင္ငံ့သူရဲေကာင္းအျဖစ္ ခ်ီးက်ဴးသတ္မွတ္ျခင္း ခံခဲ့ရသူ
မာလီအသင္းဟာ ၁-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာေၾကာင့္ အာဖရိကဖလားၿပိဳင္ပြဲရဲ႕ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ အားေကာင္းတဲ့ အေနအထားမွာ ရွိေနၿပီ ျဖစ္ပါတယ္။ တစ္ဖက္မွာ ကစားခဲ့တဲ့ လက္ရွိ အာဖရိကဖလား ခ်န္ပီယံ အယ္လ္ဂ်ီးရီးယားနဲ႔ အသင္းငယ္ ဆီအဲရား လီယြန္အသင္းတို႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ဆီအဲရား လီယြန္ဂိုးသမား မိုဟာမက္ ကာမာရာဟာ ႏိုင္ငံ့သူရဲေကာင္းတစ္ဦးအျဖစ္ ခ်ီးက်ဴးသတ္မွတ္ျခင္းကို ခံခဲ့ရပါတယ္။

ကာမာရာရဲ႕ အထူးလက္စြမ္းျပ ကာကြယ္မႈေတြေၾကာင့္ ဆီအဲရား လီယြန္အသင္းဟာ အာဖရိကခ်န္ပီယံဘြဲ႕ကို ကာကြယ္ေနရတဲ့ အယ္လ္ဂ်ီးရီးယားအသင္းဆီကေန ထူးျခားတဲ့ သေရ ၁ မွတ္နဲ႔ ေပးဂိုးမရွိပြဲစဥ္တစ္ပြဲကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး အံ့အားသင့္စရာ သိပ္မေကာင္းတာကေတာ့ ဆီအဲရား လီယြန္ဂိုးသမားဟာ ပြဲအၿပီးမွာ အႏိုင္ရရွိသြားခဲ့သလိုမ်ိဳး ေအာင္ပြဲခံေနခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ဂိုးသမားဟာ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရၿပီး ၎ရဲ႕ ရဲရင့္တဲ့ စြမ္းေဆာင္ရည္က အာဖရိကဖလားၿပိဳင္ပြဲမွာ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းကို စိတ္ပ်က္ေစခဲ့တာျဖစ္ပါတယ္။ ဆီအဲရား လီယြန္ဟာ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း ၎တို႔ရဲ႕ ပထမဆုံး အာဖရိကဖလားၿပိဳင္ပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားေနတာျဖစ္ၿပီး ၿပိဳင္ပြဲသမိုင္းတေလွ်ာက္ တတိယအႀကိမ္ေျမာက္ ပါဝင္ယွဥ္ၿပိဳင္ေနတာလည္း ျဖစ္ပါတယ္။

မအိပ္ႏိုင္မစားႏိုင္ျဖစ္တဲ့အထိ စိတ္ထိခိုက္ ခံစားေနရသူ
ေနာက္ထပ္ ေဖာ္ျပခ်င္တဲ့သတင္းကေတာ့ အိုင္ဗရီကို႔စ္ ပထမပြဲထြက္ဂိုးသမား ဆီဗန္း ဂဘိုဟူယိုဟာ တားျမစ္ေဆး သုံးစြဲခဲ့ေၾကာင္း ဖီဖာရဲ႕ အတည္ျပဳျခင္းခံခဲ့ရၿပီးေနာက္ အိုင္ဗရီကို႔စ္အသင္းဟာ ၎တို႔ရဲ႕ အဓိကဂိုးသမားကို အသုံးျပဳႏိုင္ေတာ့မွာမဟုတ္ေတာ့ဘူးဆိုတဲ့ သတင္းပဲ ျဖစ္ပါတယ္။

ဂဘိုဟူယိုဟာ ကမာၻ႔တားျမစ္ေဆးဝါးသုံးစြဲမႈတိုက္ဖ်က္ေရးေအဂ်င္စီက ႏွလုံးရဲ႕အလုပ္လုပ္အားကို ျမႇင့္တင္ႏိုင္တာေၾကာင့္ တားျမစ္ေဆးအျဖစ္ သတ္မွတ္ထားတဲ့ trimetazidine ကို သုံးစြဲထားေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရၿပီးေနာက္ ပြဲကစားျခင္းကေန ယာယီ ဆိုင္းငံ့ထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အိုင္ဗရီကို႔စ္နည္းျပပက္ထရိစ္ ဘိုမယ္က သူ႔ရဲ႕ ဂိုးသမား ဂဘိုဟူယိုဟာ ၿပီးခဲ့တဲ့ႏွစ္အေစာပိုင္းတုန္းက ဂိုးသမားေတြ လုပ္ေနက်ျဖစ္တဲ့ မ်က္စိစမ္းသပ္မႈ ျပဳလုပ္ခဲ့ၿပီး စစ္ေဆးမႈျပဳလုပ္ခဲ့တဲ့ ဆရာဝန္က အဲဒီေဆးကို ေသာက္ခိုင္းတဲ့အတြက္ မတ္လမွာ ေသာက္သုံးခဲ့ေပမယ့္ အဲဒီအခ်ိန္ေနာက္ပိုင္းကတည္းက ဆက္လက္ မေသာက္သုံးေတာ့ဘူးလို႔ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေဆးစစ္ရာမွာ ဆီးအတြင္းမွာ တားျမစ္ထားတဲ့ ေဆးရဲ႕ ေမာ္လီက်ဴး အႂကြင္းအက်န္ကို ေျခရာခံမိသြားတာေၾကာင့္ ဒီဇင္ဘာ ၂၇ ရက္ေန႔မွာ တားျမစ္ေဆးသုံးစြဲထားတာကို ေတြ႕ရွိေၾကာင္း အသိေပးခံခဲ့ရတယ္လို႔ အိုင္ဗရီကို႔စ္နည္းျပ ပက္ထရိစ္ ဘိုမယ္က ေျပာၾကားခဲ့ၿပီး ဂဘိုဟူယိုဟာ ပြဲကစားခြင့္ ပိတ္ပင္ခံရတဲ့စိတ္ေၾကာင့္ မအိပ္မစားဘဲ ေနေနတာေၾကာင့္ ကိုယ္အေလးခ်ိန္ေတြ က်ဆင္းေနခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.