Premier League

အာဆင်နယ်မှာ တောက်စားနေတဲ့ကြယ်ပွင့်လေးကို မြှောက်စားပေးဖို့ စောင့်ကြည့်နေတဲ့ လီဗာပူးလ်နဲ့ စီးတီး

လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ အာဆင်နယ်က ဆာကာရဲ့ ခြေစွမ်းတိုးတက်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး မြောက်လန်ဒန်ကလပ်အသင်းအနေနဲ့ ယခုရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ဘူးဆိုရင် ခေါ်ယူမှု ပြုလုပ်ကောင်း ပြုလုပ်သွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အကယ်ဒမီထွက် အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ယခုရာသီ အမ်းမရိတ်စ်မှာ ခြေစွမ်း လျင်လျင်မြန်မြန် ဆက်လက်တိုးတက်လာနေခဲ့သူဖြစ်ပြီး အာတီတာရဲ့ ပထမအသင်းမှာ အဓိက ကစားသမားအဖြစ် ကစားပေးနေသူဖြစ်ပါတယ်။ ဆာကာဟာ အင်္ဂလန်အသင်းအတွက်လည်း ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်လာနေသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့အသင်းမှာလည်း အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်၊ ဝက်စ်ဟမ်း၊ တော့တင်ဟမ်ဟော့စပါးတို့နဲ့အတူ ထိပ်ဆုံးလေးနေရာအတွင်းမှာ ရာသီပြီးဆုံးနိုင်ဖို့အတွက် တိုက်ပွဲဝင်နေရတာဖြစ်ပြီး အာတီတာရဲ့အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ဘူးဆိုရင် လီဗာပူးလ်နဲ့ မန်စီးတီးတို့ဟာ ဆာကာကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုပြုလုပ်သွားလိမ့်မယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး ၂ သင်းဟာ အသက် ၂၀ အရွယ် အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ မြောက်လန်ဒန်က ခြေစွမ်း တိုးတက်မှု အခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့ကြတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ဒီလို သတင်းတွေ ထွက်ပေါ်နေချိန်မှာ လီဗာပူးလ်နောက်ခံကစားသမားဟောင်း ဂလန်း ဂျွန်ဆန်က ဆာကာကို လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် တောင်းဆိုခဲ့ပြီး ယာဂန် ကလော့ပ်ရဲ့ ကစားဟန်က အာဆင်နယ်ကြယ်ပွင့် ချက်ချင်း ခြေစွမ်းပြသနိုင်လောက်အောင် သင့်တော်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“အဲဒီအပြောင်းအရွှေ့က လုပ်ဆောင်ဖို့အတွက် စျေးကြီးတဲ့ အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်က သူတို့ရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ပြိုင်ဘက်အသင်းဆီ ရောင်းချင်မှာမဟုတ်လို့ပါ။ သူက အံ့အားသင့်ဖွယ်ကစားသမားဖြစ်တာနဲ့အညီ ငယ်ရွယ်တဲ့ အင်္ဂလိပ်ကစားသမားဖြစ်တာကြောင့် အဲဒီအပြောင်းအရွှေ့ဟာ ကြီးမားတဲ့သဘောတူညီမှုရမှ ဖြစ်ပါလိမ့်မယ်”

“လီဗာပူးလ်နဲ့ ကစားသမားက အပြောင်းအရွှေ့ လုပ်ဖို့အတွက် စိတ်ဝင်စားခြင်းခံရတဲ့အနေအထားအရဆိုရင် ကျွန်တော် ကျိန်းသေပေါက် အဲဒီအပြောင်းအရွှေ့ကို ယုံကြည်ပေမယ့် အဲဒါက သဘောတူညီမှုရဖို့ တော်တော်လေးကို ရှုပ်ထွေးတဲ့ အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”

“ဆာကာအတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို လူငယ်ကစားသမားတစ်ယောက်အဖြစ်နဲ့ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေး ရမှာမို့လိုပပါ။ အဲဒီအပြောင်းအရွှေ့က စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မယ်။ လီဗာပူးလ်ကစားတဲ့ ပုံစံကလည်း သူ့ကို ချက်ချင်း ခြေစွမ်းပြသနိုင်လောက်အောင် သင့်တော်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ အာဆင္နယ္က ဆာကာရဲ့ ေျခစြမ္းတိုးတက္မႈအေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ေျမာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ ယခုရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိခဲ့ဘူးဆိုရင္ ေခၚယူမႈ ျပဳလုပ္ေကာင္း ျပဳလုပ္သြားနိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အကယ္ဒမီထြက္ အဂၤလန္လက္ေရြးစင္ၾကယ္ပြင့္ဟာ ယခုရာသီ အမ္းမရိတ္စ္မွာ ေျခစြမ္း လ်င္လ်င္ျမန္ျမန္ ဆက္လက္တိုးတက္လာေနခဲ့သူျဖစ္ၿပီး အာတီတာရဲ့ ပထမအသင္းမွာ အဓိက ကစားသမားအျဖစ္ ကစားေပးေနသူျဖစ္ပါတယ္။ ဆာကာဟာ အဂၤလန္အသင္းအတြက္လည္း ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္လာေနသူျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၂၀ ယူရိုၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအထိ တက္ေရာက္နိုင္ခဲ့တဲ့ ေဆာက္ဂိတ္ရဲ့အသင္းမွာလည္း အထင္ႀကီးဖြယ္ ေျခစြမ္းျပသနိုင္ခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္ဟာ မန္ခ်က္စတာယူနိုက္တက္၊ ဝက္စ္ဟမ္း၊ ေတာ့တင္ဟမ္ေဟာ့စပါးတို႔နဲ႔အတူ ထိပ္ဆုံးေလးေနရာအတြင္းမွာ ရာသီၿပီးဆုံးနိုင္ဖို႔အတြက္ တိုက္ပြဲဝင္ေနရတာျဖစ္ၿပီး အာတီတာရဲ့အသင္းသာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိခဲ့ဘူးဆိုရင္ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ဟာ ဆာကာကို လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔အတြက္ ကမ္းလွမ္းမႈျပဳလုပ္သြားလိမ့္မယ္လို႔ ESPN က ေဖာ္ျပခဲ့ပါတယ္။ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီး ၂ သင္းဟာ အသက္ ၂၀ အရြယ္ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ရဲ့ ေျမာက္လန္ဒန္က ေျခစြမ္း တိုးတက္မႈ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနခဲ့ၾကတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ဒီလို သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ လီဗာပူးလ္ေနာက္ခံကစားသမားေဟာင္း ဂလန္း ဂၽြန္ဆန္က ဆာကာကို လီဗာပူးလ္အသင္းဆီ ေျပာင္းေရႊ႕ဖို႔အတြက္ ေတာင္းဆိုခဲ့ၿပီး ယာဂန္ ကေလာ့ပ္ရဲ့ ကစားဟန္က အာဆင္နယ္ၾကယ္ပြင့္ ခ်က္ခ်င္း ေျခစြမ္းျပသနိုင္ေလာက္ေအာင္ သင့္ေတာ္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“အဲဒီအေျပာင္းအေရႊ႕က လုပ္ေဆာင္ဖို႔အတြက္ ေစ်းႀကီးတဲ့ အေျပာင္းအေရႊ႕ျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ အာဆင္နယ္က သူတို႔ရဲ့အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးကို ၿပိဳင္ဘက္အသင္းဆီ ေရာင္းခ်င္မွာမဟုတ္လို႔ပါ။ သူက အံ့အားသင့္ဖြယ္ကစားသမားျဖစ္တာနဲ႔အညီ ငယ္ရြယ္တဲ့ အဂၤလိပ္ကစားသမားျဖစ္တာေၾကာင့္ အဲဒီအေျပာင္းအေရႊ႕ဟာ ႀကီးမားတဲ့သေဘာတူညီမႈရမွ ျဖစ္ပါလိမ့္မယ္”

“လီဗာပူးလ္နဲ႔ ကစားသမားက အေျပာင္းအေရႊ႕ လုပ္ဖို႔အတြက္ စိတ္ဝင္စားျခင္းခံရတဲ့အေနအထားအရဆိုရင္ ကၽြန္ေတာ္ က်ိန္းေသေပါက္ အဲဒီအေျပာင္းအေရႊ႕ကို ယုံၾကည္ေပမယ့္ အဲဒါက သေဘာတူညီမႈရဖို႔ ေတာ္ေတာ္ေလးကို ရႈပ္ေထြးတဲ့ အေျပာင္းအေရႊ႕ျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”

“ဆာကာအတြက္ ေကာင္းမြန္တဲ့ အေျပာင္းအေရႊ႕ျဖစ္လိမ့္မယ္လို႔ေတာ့ ကၽြန္ေတာ္ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ကမၻာေပၚက အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းကို လူငယ္ကစားသမားတစ္ေယာက္အျဖစ္နဲ႔ ေျပာင္းေရႊ႕နိုင္မယ့္ အခြင့္အေရး ရမွာမို႔လိုပပါ။ အဲဒီအေျပာင္းအေရႊ႕က စိတ္ဝင္စားစရာ ျဖစ္လာပါလိမ့္မယ္။ လီဗာပူးလ္ကစားတဲ့ ပုံစံကလည္း သူ႔ကို ခ်က္ခ်င္း ေျခစြမ္းျပသနိုင္ေလာက္ေအာင္ သင့္ေတာ္လိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.