Premier League

မစ်ဒယ်ဘရော့ရဲ့အငြင်းပွားဖွယ်ဂိုးမှာ VAR မှန်တယ်လို့ ထောက်ခံခဲ့တဲ့ ကလက်တန်ဘတ်နဲ့ သဘောမတူခဲ့တဲ့ ဖာဒီနန်နဲ့ လိုင်နီကာ

မစ်ဒယ်ဘရော့အသင်းရဲ့ သွင်းဂိုးဟာ ပြီးခဲ့တဲ့ နွေရာသီ လက်ထိဘော ဥပဒေ အပြောင်းအလဲကြောင့် ခွင့်ပြုခြင်း ခံခဲ့ရပြီး မတ် ခရွတ်ခ်စ်ဂိုးမသွင်းယူမီ ဒန်ကန် ဝက်တ်မိုးက ဘောလုံးကို လက်နဲ့ ထိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြင်ဆင်ထားတဲ့ ဥပဒေမှာ ဂိုးသွင်းသူက ဘောလုံးကို လက်နဲ့ထိမှသာ ခွင့်မပြုလို့ ရနိုင်တယ်လို့ ဖော်ပြထားပြီး ဂိုးသွင်းသူမတိုင်ခင် ဘောလုံးပိုင်ဆိုင်ခဲ့သူ လက်ထိခဲ့ရင်တော့ ခွင့်မပြုလို့ မရဘူးလို့ သိရပါတယ်။

ကွင်းလယ်ဒိုင်လူကြီး အန်သိုနီ တေလာအနေနဲ့ မစ်ဒယ်ဘရော့ကစားသမားရဲ့ လက်ထိဘောဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ထိခဲ့တာလို့ ယုံကြည်တယ်ဆိုရင် ဝီစီမှုတ်ခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်က ဝက်တ်မိုးရဲ့ ဘောလုံးထိန်းသိမ်းနိုင်စွမ်းမရှိခြင်းကြောင့် ဘောလုံးက လက်ကို ခုန်ပြီး ထိခဲ့တာသာဖြစ်ပြိး ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တယ်လို့ မထင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မာ့ခ် ကလက်တန်ဘာ့ဂ်က မစ်ဒယ်ဘရော့ရဲ့ အငြင်းပွားဖွယ် ချေပဂိုးကို ဂိုးအဖြစ် ခွင့်ပြုခဲ့တဲ့ VAR က မှန်ကန်ခဲ့တယ်လို့ ယုံကြည်နေပြီး အန်သိုနီ တေလာက ဝက်တ်မိုးရဲ့လက်ထိဘောဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပြောင်းလဲခဲ့တဲ့ လက်ထိဘောဥပဒေအရ မတော်တဆထိမိခဲ့တာလို့ ယုံကြည်ခဲ့တာကြောင့် ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မစ်ဒယ်ဘရော့ရဲ့ဂိုးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပြောင်းလဲခဲ့တဲ့ လက်ထိဘော ဥပဒေကြောင့် ခွင့်ပြုခြင်း ခံခဲ့ရတာဖြစ်ပြီး ဒန်ကန် ဝက်တ်မိုးဟာ ဘောလုံးကို လက်နဲ့ထိန်းခဲ့တာဟာ မတော်တဆအဖြစ် ရှုမြင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဘာကြောင့်လဲရင် မတ် ခရွတ်ခ်စ်က ဂိုးသွင်းခဲ့တာဖြစ်ပြီး ဝက်တ်မိုးက ဂိုးသွင်းယူခဲ့တာမဟုတ်တာကြောင့် ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က မစ်ဒယ်ဘရော့ရဲ့ အငြင်းပွားဖွယ်သွင်းဂိုးမှာ VAR ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး “VAR ရဲ့အဓိပ္ပာယ်က ဘာလဲ”လို့ တွစ်တာမှာ ရေးသားခဲ့ရာမှာ ယူနိုက်တက်ဂိုးသမား ဒဟေးယားက အံ့အားသင့်နေတဲ့ အီမိုဂျီပုံနဲ့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ဖာဒီနန်ဟာ အဲဒီလို အလားတူ လက်ထိဘောအတွက် နောက်ခံလူသာဆိုရင် ပင်နယ်တီပေးရလိမ့်မယ်လို့ ပြောကြားခဲ့တဲ့ ပရိသတ်တစ်ဦးကို ‘အမှန်ပဲ’လို့ ရေးသားပြီး တုံ့ပြန်ခဲ့ပါတယ်။ Match of the Day အစီအစဉ်တင်ဆက်သူ ဂယ်ရီ လိုင်နီကာကတော့ သံတမန်ပိုဆန်တဲ့ အမြင်နဲ့ ရှုမြင်ခဲ့ပေမယ့်လည်း မကြာသေးမီက ပြောင်းလဲခဲ့တဲ့ လက်ထိဘောဥပဒေဟာ ရယ်စရာကောင်းတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ရယ်စရာကောင်းတဲ့ ဥပဒေအရ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ မတော်တဆဆိုတာ ရှင်းလင်းပေမယ့် သူသာ သူ့ဘာသာ ဂိုးသွင်းယူခဲ့မယ်ဆိုရင် အဲဒါက ခွင့်ပြုခြင်းခံခဲ့ရမှာ မဟုတ်ပါဘူး။ လက်ထိဘောဥပဒေက အရင်တုန်းက ကောင်းပါတယ်။ သူတို့တွေက အဲဒါကို ရယ်စရာဖြစ်အောင် လုပ်လိုက်ကြတာ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မစ္ဒယ္ဘေရာ့အသင္းရဲ့ သြင္းဂိုးဟာ ၿပီးခဲ့တဲ့ ေႏြရာသီ လက္ထိေဘာ ဥပေဒ အေျပာင္းအလဲေၾကာင့္ ခြင့္ျပဳျခင္း ခံခဲ့ရၿပီး မတ္ ခရြတ္ခ္စ္ဂိုးမသြင္းယူမီ ဒန္ကန္ ဝက္တ္မိုးက ေဘာလုံးကို လက္နဲ႔ ထိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ျပင္ဆင္ထားတဲ့ ဥပေဒမွာ ဂိုးသြင္းသူက ေဘာလုံးကို လက္နဲ႔ထိမွသာ ခြင့္မျပဳလို႔ ရနိုင္တယ္လို႔ ေဖာ္ျပထားၿပီး ဂိုးသြင္းသူမတိုင္ခင္ ေဘာလုံးပိုင္ဆိုင္ခဲ့သူ လက္ထိခဲ့ရင္ေတာ့ ခြင့္မျပဳလို႔ မရဘူးလို႔ သိရပါတယ္။

ကြင္းလယ္ဒိုင္လူႀကီး အန္သိုနီ ေတလာအေနနဲ႔ မစ္ဒယ္ဘေရာ့ကစားသမားရဲ့ လက္ထိေဘာဟာ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ထိခဲ့တာလို႔ ယုံၾကည္တယ္ဆိုရင္ ဝီစီမႈတ္ခဲ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကြင္းလယ္ဒိုင္က ဝက္တ္မိုးရဲ့ ေဘာလုံးထိန္းသိမ္းနိုင္စြမ္းမရွိျခင္းေၾကာင့္ ေဘာလုံးက လက္ကို ခုန္ၿပီး ထိခဲ့တာသာျဖစ္ၿပိး ရည္ရြယ္ခ်က္ရွိရွိနဲ႔ လုပ္ခဲ့တယ္လို႔ မထင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ဒိုင္လူႀကီးေဟာင္း မာ့ခ္ ကလက္တန္ဘာ့ဂ္က မစ္ဒယ္ဘေရာ့ရဲ့ အျငင္းပြားဖြယ္ ေခ်ပဂိုးကို ဂိုးအျဖစ္ ခြင့္ျပဳခဲ့တဲ့ VAR က မွန္ကန္ခဲ့တယ္လို႔ ယုံၾကည္ေနၿပီး အန္သိုနီ ေတလာက ဝက္တ္မိုးရဲ့လက္ထိေဘာဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေျပာင္းလဲခဲ့တဲ့ လက္ထိေဘာဥပေဒအရ မေတာ္တဆထိမိခဲ့တာလို႔ ယုံၾကည္ခဲ့တာေၾကာင့္ ခြင့္ျပဳခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မစ္ဒယ္ဘေရာ့ရဲ့ဂိုးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေျပာင္းလဲခဲ့တဲ့ လက္ထိေဘာ ဥပေဒေၾကာင့္ ခြင့္ျပဳျခင္း ခံခဲ့ရတာျဖစ္ၿပီး ဒန္ကန္ ဝက္တ္မိုးဟာ ေဘာလုံးကို လက္နဲ႔ထိန္းခဲ့တာဟာ မေတာ္တဆအျဖစ္ ရႈျမင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဘာေၾကာင့္လဲရင္ မတ္ ခရြတ္ခ္စ္က ဂိုးသြင္းခဲ့တာျဖစ္ၿပီး ဝက္တ္မိုးက ဂိုးသြင္းယူခဲ့တာမဟုတ္တာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳေပးခဲ့တာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က မစ္ဒယ္ဘေရာ့ရဲ့ အျငင္းပြားဖြယ္သြင္းဂိုးမွာ VAR ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး “VAR ရဲ့အဓိပၸာယ္က ဘာလဲ”လို႔ တြစ္တာမွာ ေရးသားခဲ့ရာမွာ ယူနိုက္တက္ဂိုးသမား ဒေဟးယားက အံ့အားသင့္ေနတဲ့ အီမိုဂ်ီပုံနဲ႔ ျပန္လည္ တုံ႔ျပန္ခဲ့ပါတယ္။

ဖာဒီနန္ဟာ အဲဒီလို အလားတူ လက္ထိေဘာအတြက္ ေနာက္ခံလူသာဆိုရင္ ပင္နယ္တီေပးရလိမ့္မယ္လို႔ ေျပာၾကားခဲ့တဲ့ ပရိသတ္တစ္ဦးကို ‘အမွန္ပဲ’လို႔ ေရးသားၿပီး တုံ႔ျပန္ခဲ့ပါတယ္။ Match of the Day အစီအစဥ္တင္ဆက္သူ ဂယ္ရီ လိုင္နီကာကေတာ့ သံတမန္ပိုဆန္တဲ့ အျမင္နဲ႔ ရႈျမင္ခဲ့ေပမယ့္လည္း မၾကာေသးမီက ေျပာင္းလဲခဲ့တဲ့ လက္ထိေဘာဥပေဒဟာ ရယ္စရာေကာင္းတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ရယ္စရာေကာင္းတဲ့ ဥပေဒအရ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ပါ။ မေတာ္တဆဆိုတာ ရွင္းလင္းေပမယ့္ သူသာ သူ႔ဘာသာ ဂိုးသြင္းယူခဲ့မယ္ဆိုရင္ အဲဒါက ခြင့္ျပဳျခင္းခံခဲ့ရမွာ မဟုတ္ပါဘူး။ လက္ထိေဘာဥပေဒက အရင္တုန္းက ေကာင္းပါတယ္။ သူတို႔ေတြက အဲဒါကို ရယ္စရာျဖစ္ေအာင္ လုပ္လိုက္ၾကတာ”လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.