Match Report Premier League

ပင်နယ်တီအဆုံးအဖြတ်မှာအီလန်ဂါလွဲပြီး အက်ဖ်အေကနေ ထွက်ခဲ့ရတဲ့ ယူနိုက်တက်

သောကြာနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မစ်ဒယ်ဘရော့တို့ရဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်မှာ မစ်ဒယ်ဘရော့အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ပင်နယ်တီ လွဲချော်မှု၊ ဂိုးတိုင်ကို ၂ ကြိမ်တိတိ ထိခဲ့မှုနဲ့ ခေတ်သစ်လက်ထိဘော စည်းမျဉ်းရဲ့ သဘောသဘာဝနဲ့ပတ်သက်ပြီး ရယ်စရာကောင်းတဲ့ ချေပဂိုး ပေးခဲ့ရမှုတွေနဲ့ အချိန်ပိုအပြီးမှာ ယူနိုက်တက်က ဂိုးပေါက် အကြိမ် ၃၀ ကန်သွင်းနိုင်ခဲ့ပေမယ့် မစ်ဒယ်ဘရော့က ၆ ကြိမ်သာ ကန်သွင်းနိုင်ခဲ့ပါတယ်။

၆၄ မိနစ်မှာ ဒန်ကန် ဝက်တ်မိုးရဲ့ လက်မောင်းကို ရှင်းရှင်းလင်းလင်း အသုံးပြုခဲ့ပြီးနောက် ဆန်ချိုရဲ့ ပထမပိုင်း ဦးဆောင်ဂိုးကို ချေဖျက်နိုင်ခဲ့တဲ့ မန်ယူနိုက်တက်ကို ကလေးဘဝကတည်းက အမာခံအားပေးခဲ့တဲ့ မတ် ခရွတ်ခ်စ်ရဲ့ ဂိုးကြောင့် နာကျင်အချိန်ပိုအထိ ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာလည်း ဂိုးပေါက်ရှာမတွေ့ခဲ့ကြတာကြောင့် ပင်နယ်တီအဆုံးအဖြတ် ဆက်လက် ခံယူခဲ့ကြပြီး မစ်ဒယ်ဘရော့အသင်းက ၇-၈ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ပက်ဒီ မက်နေး၊ မာတင် ပါယေဟို၊ ဂျွန်နီ ဟော်ဆန်၊ မားကပ်စ် တာဗားနီးယားတို့အားလုံး မစ်ဒယ်ဘရော့အတွက် ပင်နယ်တီအဆုံးအဖြတ်ကို ဝင်အောင် ကန်သွင်းနိုင်ခဲ့သလို ဟွမ် မာတာ၊ ဟာရီ မက်ဂွိုင်းယား၊ ဖရက်ဒ်၊ ရော်နယ်လ်ဒို၊ ဘရူနို ဖာနန်ဒက်စ်တို့ကလည်း မန်ယူနိုက်တက်အတွက် ပင်နယ်တီကို ဝင်အောင် ကန်သွင်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဝက်တ်မိုး၊ ဒေးလ် ဖရိုင်း၊ လီ ပယ်တီရာတို့က ခရစ္စ ဝိုင်လ်ဒါရဲ့အသင်းအတွက် ပင်နယ်တီ အဆုံးအဖြတ်ကို ဝင်အောင် ကန်သွင်းနိုင်ခဲ့ချိန်မှာ စကော့ မက်တော်မီနေးနဲ့ ဒါလော့တို့ ယူနိုက်တက်အတွက် ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပေမယ့် လူငယ်ကြယ်ပွင့် အီလန်ဂါရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ်ကျော်သွားခဲ့တာကြောင့် ရန်းနစ်ခ်ရဲ့အသင်းဟာ အက်ဖ်အေဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ချေပဂိုးမှာ လက်ထိဘောဖြစ်ခဲ့တာနဲ့ ရန်းနစ်ခ်ရဲ့ အသင်းက အခွင့်အရေးများစွာကို ဖြုန်းတီးခဲ့တဲ့အကြောင်းကို လက်ရှိမှာတော့ အများကြီး အာရုံစိုက်နေကြမှာဖြစ်ပါတယ်။ ဒါကြောင့် မစ်ဒယ်ဘရော့အသင်းဟာ ပိုပြီး ရဲလာခဲ့ပြီး အလွဲကြီး လွဲနေတဲ့ မန်ချက်စတာယူနိုက်တက်ကို ယှဉ်ကန်နိုင်တယ်ဆိုတဲ့ ယုံကြည်မျိုး ရရှိသွားတာကြောင့် အချိန်ပိုမှာ ခြိမ်းခြောက်မှုတွေတောင် ပြုလုပ်ခြင်း မခံခဲ့ရတာဖြစ်ပါတယ်။

ပင်နယ်တီမှာတော့ ၈ ယောက်စလုံးက ကောင်းမွန်ခဲ့ကြပြီး Stretford End ပွဲကြည့်စင်ရှေ့မှာ ပင်နယ်တီအဆုံးအဖြတ်ကို ကန်သွင်းဖို့က စိတ်လှုပ်ရှားစရာကောင်းပေမယ့် ဝိုင်လ်ဒါရဲ့ကစားသမားတွေဟာ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အကောင်းဆုံးလုပ်ဖို့အတွက် အာရုံစိုက်ထားခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက်တော့ နာကျင်အချိန်ပိုနဲ့ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့တာကတော့ နောင်တရစရာဖြစ်ပြီး ပွဲချိန် တစ်နာရီလောက်ကို ကောင်းကောင်း ကစားနိုင်ခဲ့တယ်ဆိုတဲ့အချက်က ၎င်းတို့အတွက် ဖြေသိမ့်စရာလား ဒါမှမဟုတ် ဒေါသထွက်စရာလားဆိုတာကို စိတ်ကူးကြည့်လို့ပဲ ရနိုင်ပါတယ်။

ပထမပိုင်း ၁၉ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်း ရရှိခဲ့တဲ့ပင်နယ်တီကို ရော်နယ်လ်ဒို ကန်သွင်းခဲ့မှုက လွဲချော်သွားခဲ့တာကစပြီး ယူနိုက်တက်တို့ ကံဆိုးမိုးမှောင်စတင်ကျရောက်ခဲ့တာဖြစ်ပြီး ၂၅ မိနစ်မှာ ဆန်ချို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တဲ့အချိန်မှာတော့ ပရိသတ်တွေ စိတ်အေးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ဝင်ကစားခဲ့တဲ့ ဝက်တ်မိုးဟာ ၎င်းရဲ့ ဘောလုံးထိန်းသိမ်းပုံ ည့ံဖျင်းခဲ့တာကြောင့် အံ့အားသင့်ခဲ့ပုံပေါ်ပြီး ဘောလုံးက ဆန့်ထုတ်ထားတဲ့ ၎င်းရဲ့လက်နဲ့ ထိသွားခဲ့တာဖြစ်ပါတယ်။ ဝက်တ်မိုးဟာ ဘောလုံးကို ဒင်း ဟန်ဒါဆန်ကို ကျော်ပြီး ခရွတ်ခ်စ် ပိတ်သွင်းယူနိုင်အောင် ပေးပို့ခဲ့ပြီး ဝီစီမှုတ်သံ ကြားရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီီမှာ IFAB က ပြဌာန်းခဲ့တဲ့ စည်းမျဉ်းအရ မတော်တဆ လက်ထိဘောဖြစ်သွားခဲ့တဲ့ ကစားသမားနဲ့ ဂိုးသွင်းသူဟာ တူညီတဲ့ကစားသမားဖြစ်မှသာ အပြစ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဝက်တ်မိုးရဲ့ လက်ထိဘောဟာ အပြစ်ပေးလို့လည်း မရခဲ့သလို မစ်ဒယ်ဘရော့ရဲ့ ချေပဂိုးကိုလည်း VAR က ပြန်လည်သုံးသပ်လို့လည်း မရနိုင်ခဲ့တာဖြစ်ပါတယ်။ အငြင်းပွားဖွယ်ဂိုးပေးခဲ့ရပြီးနောက် ယူနိုက်တက်ရဲ့ ကံဆိုးမိုးမှောင်ကျမှုကို ထပ်မံဆိုးရွားစေခဲ့တာကတော့ ၁၀ မိနစ်အတွင်း ဦးဆောင်ဂိုး ပြန်သွင်းယူနိုင်မယ့် တောက်ပတဲ့ အခွင့်အရေးကို ဘရူနို ဖာနန်ဒက်စ် လွဲချော်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ မစ်ဒယ်ဘရော့ဂိုးသမား ဂျိုး လမ်လေရဲ့ အားမပါတဲ့ ဘောလုံးပေးပို့မှုကြောင့် ဘောလုံးရရှိခဲ့ပေမယ့် အားရပါးရကန်သွင်းခဲ့မှုက ဂိုးတိုင်ကို ထိသွားခဲ့တဲ့အတွက် အချိန်ပိုအထိ ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေသာၾကာေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္နဲ႔ မစ္ဒယ္ဘေရာ့တို႔ရဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ ပင္နယ္တီအဆုံးအျဖတ္မွာ မစ္ဒယ္ဘေရာ့အသင္းက အနိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္းမွာ ခရစၥတီယာနို ေရာ္နယ္လ္ဒို ပင္နယ္တီ လြဲေခ်ာ္မႈ၊ ဂိုးတိုင္ကို ၂ ႀကိမ္တိတိ ထိခဲ့မႈနဲ႔ ေခတ္သစ္လက္ထိေဘာ စည္းမ်ဥ္းရဲ့ သေဘာသဘာဝနဲ႔ပတ္သက္ၿပီး ရယ္စရာေကာင္းတဲ့ ေခ်ပဂိုး ေပးခဲ့ရမႈေတြနဲ႔ အခ်ိန္ပိုအၿပီးမွာ ယူနိုက္တက္က ဂိုးေပါက္ အႀကိမ္ ၃၀ ကန္သြင္းနိုင္ခဲ့ေပမယ့္ မစ္ဒယ္ဘေရာ့က ၆ ႀကိမ္သာ ကန္သြင္းနိုင္ခဲ့ပါတယ္။

၆၄ မိနစ္မွာ ဒန္ကန္ ဝက္တ္မိုးရဲ့ လက္ေမာင္းကို ရွင္းရွင္းလင္းလင္း အသုံးျပဳခဲ့ၿပီးေနာက္ ဆန္ခ်ိဳရဲ့ ပထမပိုင္း ဦးေဆာင္ဂိုးကို ေခ်ဖ်က္နိုင္ခဲ့တဲ့ မန္ယူနိုက္တက္ကို ကေလးဘဝကတည္းက အမာခံအားေပးခဲ့တဲ့ မတ္ ခရြတ္ခ္စ္ရဲ့ ဂိုးေၾကာင့္ နာက်င္အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာလည္း ဂိုးေပါက္ရွာမေတြ႕ခဲ့ၾကတာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္ ဆက္လက္ ခံယူခဲ့ၾကၿပီး မစ္ဒယ္ဘေရာ့အသင္းက ၇-၈ နဲ႔ အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ ပက္ဒီ မက္ေနး၊ မာတင္ ပါေယဟို၊ ဂၽြန္နီ ေဟာ္ဆန္၊ မားကပ္စ္ တာဗားနီးယားတို႔အားလုံး မစ္ဒယ္ဘေရာ့အတြက္ ပင္နယ္တီအဆုံးအျဖတ္ကို ဝင္ေအာင္ ကန္သြင္းနိုင္ခဲ့သလို ဟြမ္ မာတာ၊ ဟာရီ မက္ဂြိဳင္းယား၊ ဖရက္ဒ္၊ ေရာ္နယ္လ္ဒို၊ ဘ႐ူနို ဖာနန္ဒက္စ္တို႔ကလည္း မန္ယူနိုက္တက္အတြက္ ပင္နယ္တီကို ဝင္ေအာင္ ကန္သြင္းနိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ ဝက္တ္မိုး၊ ေဒးလ္ ဖရိုင္း၊ လီ ပယ္တီရာတို႔က ခရစၥ ဝိုင္လ္ဒါရဲ့အသင္းအတြက္ ပင္နယ္တီ အဆုံးအျဖတ္ကို ဝင္ေအာင္ ကန္သြင္းနိုင္ခဲ့ခ်ိန္မွာ စေကာ့ မက္ေတာ္မီေနးနဲ႔ ဒါေလာ့တို႔ ယူနိုက္တက္အတြက္ ဂိုးဝင္ေအာင္ ကန္သြင္းနိုင္ခဲ့ေပမယ့္ လူငယ္ၾကယ္ပြင့္ အီလန္ဂါရဲ့ ကန္ခ်က္က ဂိုးဘားတန္းေပၚေက်ာ္သြားခဲ့တာေၾကာင့္ ရန္းနစ္ခ္ရဲ့အသင္းဟာ အက္ဖ္ေအဖလား ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ေခ်ပဂိုးမွာ လက္ထိေဘာျဖစ္ခဲ့တာနဲ႔ ရန္းနစ္ခ္ရဲ့ အသင္းက အခြင့္အေရးမ်ားစြာကို ျဖဳန္းတီးခဲ့တဲ့အေၾကာင္းကို လက္ရွိမွာေတာ့ အမ်ားႀကီး အာ႐ုံစိုက္ေနၾကမွာျဖစ္ပါတယ္။ ဒါေၾကာင့္ မစ္ဒယ္ဘေရာ့အသင္းဟာ ပိုၿပီး ရဲလာခဲ့ၿပီး အလြဲႀကီး လြဲေနတဲ့ မန္ခ်က္စတာယူနိုက္တက္ကို ယွဥ္ကန္နိုင္တယ္ဆိုတဲ့ ယုံၾကည္မ်ိဳး ရရွိသြားတာေၾကာင့္ အခ်ိန္ပိုမွာ ၿခိမ္းေျခာက္မႈေတြေတာင္ ျပဳလုပ္ျခင္း မခံခဲ့ရတာျဖစ္ပါတယ္။

ပင္နယ္တီမွာေတာ့ ၈ ေယာက္စလုံးက ေကာင္းမြန္ခဲ့ၾကၿပီး Stretford End ပြဲၾကည့္စင္ေရွ႕မွာ ပင္နယ္တီအဆုံးအျဖတ္ကို ကန္သြင္းဖို႔က စိတ္လႈပ္ရွားစရာေကာင္းေပမယ့္ ဝိုင္လ္ဒါရဲ့ကစားသမားေတြဟာ ကိုယ္လုပ္စရာရွိတဲ့အလုပ္ကို အေကာင္းဆုံးလုပ္ဖို႔အတြက္ အာ႐ုံစိုက္ထားခဲ့ၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အတြက္ေတာ့ နာက်င္အခ်ိန္ပိုနဲ႔ ပင္နယ္တီအဆုံးအျဖတ္အထိ ေရာက္ရွိခဲ့တာကေတာ့ ေနာင္တရစရာျဖစ္ၿပီး ပြဲခ်ိန္ တစ္နာရီေလာက္ကို ေကာင္းေကာင္း ကစားနိုင္ခဲ့တယ္ဆိုတဲ့အခ်က္က ၎တို႔အတြက္ ေျဖသိမ့္စရာလား ဒါမွမဟုတ္ ေဒါသထြက္စရာလားဆိုတာကို စိတ္ကူးၾကည့္လို႔ပဲ ရနိုင္ပါတယ္။

ပထမပိုင္း ၁၉ မိနစ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္း ရရွိခဲ့တဲ့ပင္နယ္တီကို ေရာ္နယ္လ္ဒို ကန္သြင္းခဲ့မႈက လြဲေခ်ာ္သြားခဲ့တာကစၿပီး ယူနိုက္တက္တို႔ ကံဆိုးမိုးေမွာင္စတင္က်ေရာက္ခဲ့တာျဖစ္ၿပီး ၂၅ မိနစ္မွာ ဆန္ခ်ိဳ ဦးေဆာင္ဂိုးသြင္းယူနိုင္ခဲ့တဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြ စိတ္ေအးခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ လူစားဝင္ကစားသမားအျဖစ္ ဝင္ကစားခဲ့တဲ့ ဝက္တ္မိုးဟာ ၎ရဲ့ ေဘာလုံးထိန္းသိမ္းပုံ ည့ံဖ်င္းခဲ့တာေၾကာင့္ အံ့အားသင့္ခဲ့ပုံေပၚၿပီး ေဘာလုံးက ဆန႔္ထုတ္ထားတဲ့ ၎ရဲ့လက္နဲ႔ ထိသြားခဲ့တာျဖစ္ပါတယ္။ ဝက္တ္မိုးဟာ ေဘာလုံးကို ဒင္း ဟန္ဒါဆန္ကို ေက်ာ္ၿပီး ခရြတ္ခ္စ္ ပိတ္သြင္းယူနိုင္ေအာင္ ေပးပို႔ခဲ့ၿပီး ဝီစီမႈတ္သံ ၾကားရလိမ့္မယ္လို႔ ထင္ခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ေႏြရာသီီမွာ IFAB က ျပဌာန္းခဲ့တဲ့ စည္းမ်ဥ္းအရ မေတာ္တဆ လက္ထိေဘာျဖစ္သြားခဲ့တဲ့ ကစားသမားနဲ႔ ဂိုးသြင္းသူဟာ တူညီတဲ့ကစားသမားျဖစ္မွသာ အျပစ္ေပးနိုင္မွာျဖစ္ပါတယ္။

ဒါေၾကာင့္ ဝက္တ္မိုးရဲ့ လက္ထိေဘာဟာ အျပစ္ေပးလို႔လည္း မရခဲ့သလို မစ္ဒယ္ဘေရာ့ရဲ့ ေခ်ပဂိုးကိုလည္း VAR က ျပန္လည္သုံးသပ္လို႔လည္း မရနိုင္ခဲ့တာျဖစ္ပါတယ္။ အျငင္းပြားဖြယ္ဂိုးေပးခဲ့ရၿပီးေနာက္ ယူနိုက္တက္ရဲ့ ကံဆိုးမိုးေမွာင္က်မႈကို ထပ္မံဆိုးရြားေစခဲ့တာကေတာ့ ၁၀ မိနစ္အတြင္း ဦးေဆာင္ဂိုး ျပန္သြင္းယူနိုင္မယ့္ ေတာက္ပတဲ့ အခြင့္အေရးကို ဘ႐ူနို ဖာနန္ဒက္စ္ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ မစ္ဒယ္ဘေရာ့ဂိုးသမား ဂ်ိဳး လမ္ေလရဲ့ အားမပါတဲ့ ေဘာလုံးေပးပို႔မႈေၾကာင့္ ေဘာလုံးရရွိခဲ့ေပမယ့္ အားရပါးရကန္သြင္းခဲ့မႈက ဂိုးတိုင္ကို ထိသြားခဲ့တဲ့အတြက္ အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.