Premier League Serie A

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ႀကီးမားတဲ့ စိတ္ဝင္စားမွဳကို ရရွိေနတဲ့ ဂြါဒီယိုလာ

စီးရီးေအအင္အားႀကီးကလပ္ ဂ်ဴဗင္တပ္စ္အသင္းဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ရလဒ္ေတြ မေကာင္းဘူးျဖစ္ေနတဲ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာကို လာမယ့္ရာသီကုန္မွာ ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနၿပီး ေငြဘယ္ေလာက္သုံးရသုံးရ သေဘာတူညီမွဳရဖို႔ ႀကဳိးစားသြားမယ္လုိ႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ ရာသီအစကတည္း သူ႕ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ဖူးတဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ အသင္းရဲ႕ ကိုးရာသီဆက္ စီးရီးေအခ်န္ပီယံ ေမွ်ာ္လင့္ခ်က္ကို အားနည္းေစခဲ့တဲ့ နည္းျပ ေမာ္ရီဇီယို ဆာရီကိုလည္း စိတ္ပ်က္ေနၿပီး ဘယ္ရလဒ္ ထြက္ေပၚထြက္ေပၚ ေႏြရာသီမွာ ပက္ပ္နဲ႔ အစားထိုးခ်င္ေနတာလည္းျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဥကၠဌ အန္ဒရီးယား အဂၢနယ္လီက ဂြါဒီယိုလာကို အသင္းရဲ႕ လြဲေခ်ာ္ေနတဲ့ အခ်ိတ္အဆက္ေတြကို ျဖည့္ဆည္းေပးေစခ်င္ေနၿပီး မန္စီးတီးဘက္ကို ႀကီးမားတဲ့ ေလ်ာ္ေၾကးေပးရပါေစ ေခၚယူသြားဖို႔ စီစဥ္ေနတာျဖစ္သလို နည္းျပ ဆာရီနဲ႔ ပုံရိပ္ခ်င္းကြာျခားမွဳကလည္း ႀကီးမားလို႔ အသင္းရဲ႕ ဂုဏ္သိကၡာကိုပါ ျမႇင့္တင္ခ်င္ေနတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္က ခ်ဲလ္ဆီးနည္းျပေဟာင္း အန္တိုနီယိုု ကြန္တီဦးေဆာင္တဲ့ အင္တာမီလန္အသင္းဟာ ဒီရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီးဖို႔ ျပင္ဆင္ေနက်ခ်ိန္မွာ အမွတ္ေတြ မလိုအပ္ဘဲ ဆုံး႐ွဳံးေနတဲ့ ဆာရီကိုေတာ့ အသင္းနည္းျပရာထူးနဲ႔ မထိုက္တန္ေတာ့ဘူးလို႔ တာဝန္ရွိသူေတြကလည္း စဥ္းစားေနခဲ့ၾကတာပါ။

အသက္ ၄၉ ႏွစ္အရြယ္ စပိန္နည္းစနစ္မွဴးအေနနဲ႔ သူေရာက္ရွိတဲ့အသင္းတုိင္းမွာ ႏုိင္ပြဲရာခိုင္ႏွဳန္း ၇၀ ေအာက္ မက်တဲ့ မွတ္တမ္းေကာင္းကိုလည္း ပုိင္ဆုိင္ထားၿပီး ဘာစီလိုနာဘီကို ကိုင္တြယ္တုန္းကေတာင္ ႏုိင္ပြဲ ၆၆.၇ ရာခိုင္ႏွဳန္း ရယူထားခဲ့တာမို႔ ဘုိင္ယန္ျမဴးနစ္အသင္းကို ေခါင္းေခါက္ေရြးခ်ယ္ခဲ့ဖူးတဲ့ သူ႕အေနနဲ႔ ဒီအဆင့္အတန္းေတြနဲ႔ ကိုက္ညီတဲ့ ဂ်ဴဗင္တပ္စ္ကိုေရာ ေရြးခ်ယ္ဦးမလား ေစာင့္ၾကည့္သြားရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: စီးရီးအေအင်အားကြီးကလပ် ဂျူဗင်တပ်စ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ရလဒ်တွေ မကောင်းဘူးဖြစ်နေတဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာကို လာမယ့်ရာသီကုန်မှာ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ငွေဘယ်လောက်သုံးရသုံးရ သဘောတူညီမှုရဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရာသီအစကတည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ ဂျူဗင်တပ်စ်အသင်းဟာ အသင်းရဲ့ ကိုးရာသီဆက် စီးရီးအေချန်ပီယံ မျှော်လင့်ချက်ကို အားနည်းစေခဲ့တဲ့ နည်းပြ မော်ရီဇီယို ဆာရီကိုလည်း စိတ်ပျက်နေပြီး ဘယ်ရလဒ် ထွက်ပေါ်ထွက်ပေါ် နွေရာသီမှာ ပက်ပ်နဲ့ အစားထိုးချင်နေတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဥက္ကဌ အန်ဒရီးယား အဂ္ဂနယ်လီက ဂွါဒီယိုလာကို အသင်းရဲ့ လွဲချော်နေတဲ့ အချိတ်အဆက်တွေကို ဖြည့်ဆည်းပေးစေချင်နေပြီး မန်စီးတီးဘက်ကို ကြီးမားတဲ့ လျော်ကြေးပေးရပါစေ ခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်သလို နည်းပြ ဆာရီနဲ့ ပုံရိပ်ချင်းကွာခြားမှုကလည်း ကြီးမားလို့ အသင်းရဲ့ ဂုဏ်သိက္ခာကိုပါ မြှင့်တင်ချင်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က ချဲလ်ဆီးနည်းပြဟောင်း အန်တိုနီယို ကွန်တီဦးဆောင်တဲ့ အင်တာမီလန်အသင်းဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးဖို့ ပြင်ဆင်နေကျချိန်မှာ အမှတ်တွေ မလိုအပ်ဘဲ ဆုံးရှုံးနေတဲ့ ဆာရီကိုတော့ အသင်းနည်းပြရာထူးနဲ့ မထိုက်တန်တော့ဘူးလို့ တာဝန်ရှိသူတွေကလည်း စဉ်းစားနေခဲ့ကြတာပါ။

အသက် ၄၉ နှစ်အရွယ် စပိန်နည်းစနစ်မှူးအနေနဲ့ သူရောက်ရှိတဲ့အသင်းတိုင်းမှာ နိုင်ပွဲရာခိုင်နှုန်း ၇၀ အောက် မကျတဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ထားပြီး ဘာစီလိုနာဘီကို ကိုင်တွယ်တုန်းကတောင် နိုင်ပွဲ ၆၆.၇ ရာခိုင်နှုန်း ရယူထားခဲ့တာမို့ ဘိုင်ယန်မြူးနစ်အသင်းကို ခေါင်းခေါက်ရွေးချယ်ခဲ့ဖူးတဲ့ သူ့အနေနဲ့ ဒီအဆင့်အတန်းတွေနဲ့ ကိုက်ညီတဲ့ ဂျူဗင်တပ်စ်ကိုရော ရွေးချယ်ဦးမလား စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.