La Liga Ligue1 Premier League Serie A

ဆောင်းရာသီစျေးကွက်အပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမား ၁၁ ဦး

ဥရောပအသင်းတွေဟာ နောက်ထပ် အသက်ဝဝမရှူနိုင်တဲ့ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့အပြီးမှာတော့ အေးရာအေးကြောင်း ဖြစ်သွားကြပုံ ပေါ်ပါတယ်။

ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ပြောင်းရွှေ့ကြေး ပေါင် ၂၉၅ သန်း အထိ သုံးစွဲခဲ့ပြီး နယူးကာဆယ်လ်အသင်းကတော့ ငွေကြေးအသုံးစွဲခဲ့ဆုံးအသင်းအဖြစ် ထိပ်ဆုံးက ရပ်တည်နေပါတယ်။ အူဘာမီယန်းရဲ့ အာဆင်နယ်ကနေ ဘာစီလိုနာကို ကတ္တီပါလမ်းခွဲ အပြောင်းအရွှေ့၊ ဗလာဟိုဗစ်ချ်ရဲ့ ဂျူဗင်တပ်ကို ပြောင်းရွှေ့မှုလိုမျိုး ကာလရှည် အီလည်လည်ဖြစ်နေတဲ့ အပြောင်းအရွှေ့ဇာတ်လမ်းတွေလည်း နောက်ဆုံးမှာ ကန့်လန့်ကာချနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကြီးမားတဲ့အပြောင်းအရွှေ့ကမ်းလှမ်းမှုများ၊ ကစားသမားသစ် ထုတ်ဖော်မိတ်ဆက်တဲ့ ဗီဒီယိုများနဲ့ အဆက်မပြတ် ပေါ်ထွက်နေတဲ့ ကောလာဟလတွေကြားထဲမှာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားအများအပြားကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းသစ် မရှာဖွေနိုင်ခဲ့လို့ အသင်းလက်မဲ့ဖြစ်နေရတဲ့ ကစားသမား ၁၁ ဦးက ဘယ်သူတွေများလဲ…

ဂိုး- ဂီးဒရစ် အာလောက်စကစ်
အတွေ့အကြုံရင့် လစ်သူယေးနီးယားဂိုးသမားဟာ ရိုမေးနီးယားကလပ် CFR Cluj အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီးနောက် ဇန်နဝါရီလအစမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အာလောက်စကစ်ဟာ အရင်တုန်းက ဝက်ဖို့ဒ်၊ အက်စ်ပန်ညို၊ စတူအာ ဘူခါရက်စ်၊ ရူဘင် ကာဇန်နဲ့ အခြားအသင်းများစွာအတွက် ကစားပေးခဲ့ဖူးသူဖြစ်ပါတယ်။ အာလောက်စကစ်ဟာ ဂိုးသမား အရေးတကြီးလိုအပ်နေတဲ့ အသင်းအတွက်တော့ ခေါ်ယူဖို့ ထိုက်တန်တဲ့ကစားသမားဆိုတာ သေချာပါတယ်။

ညာနောက်ခံ- ဒီအန်ဒရေး ရက်ဒ်လင်
စပါးစ်နဲ့ နယူးကာဆယ်လ် ညာနောက်ခံလူဟောင်းဟာ အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ၅ ရက်အလိုမှာပဲ ဂလာတာဆာရေးအသင်းကနေ ထွက်ခွာခွင့်ပေးခြင်းခံခဲ့ရပြီး ၎င်းရဲ့ ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ်အဖြစ် အသင်းလက်မဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ယူအက်စ်အေအသင်းအတွက် နိုင်ငံတကာပွဲစဉ် ၇၁ ပွဲအထိ ကစားပေးခဲ့တဲ့ ရက်ဒ်လင်ဟာ ဥရောပရဲ့ ထိပ်တန်းကလပ်တွေ ခေါ်ယူမယ်ဆိုရင် မမှားနိုင်တဲ့ အတွေ့အကြုံရင့် နောက်ခံကစားသမားဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် နောက်ခံကစားသမားဟာ ၎င်းရဲ့ အကောင်းဆုံးနှစ်တွေထဲကို စတင်ဝင်ရောက်နေပြီဖြစ်ပေမယ့် လက်ရှိမှာတော့ လာမယ့်ရာသီမတိုင်ခင် အသင်းသစ်ကို ရှာဖွေရတော့မှာဖြစ်ပါတယ်။

ဗဟိုခံစစ်- လောရန့် ကိုစီယယ်လ်နီ
အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဘော်ဒိုးအသင်း ခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံရသလို အသင်းရဲ့ စွန့်ပစ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဘော်ဒိုးအသင်းဟာ လိဂန်း အမှတ်ပေးဇယား အဆင့် ၁၇ နေရာကို ကျဆင်းသွားခဲ့တဲ့အထိ ဆိုးရွားတဲ့ရလဒ်တွေ ရင်ဆိုင်ခဲ့ရပြီးနောက် ကိုစီယယ်လ်နီကို အသင်းက ထွက်ခွာခွင့်ပေးလိုက်တာဖြစ်ပါတယ်။ ပြင်သစ်ဝါရင့်နောက်ခံလူဟာ အမ်းမရိတ်စ်မှာ အာဆင်နယ်အတွက် ပွဲပေါင်း ၃၅၃ ပွဲကျော် ကစားပေးခဲ့ရာမှာ အက်ဖ်အေဖလား ၃ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၃ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဗဟိုခံစစ်- ဝင်စတန် ရိဒ်
ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းနဲ့ အသင်းလက်မဲ့ဖြစ်နေတဲ့ကစားသမားတွေထဲမှာ အတွေ့အကြုံအရင့်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဝင်စတန် ရိဒ်ဟာ လက်ရှိမှာတော့ အသင်းသစ်ကို ရှာဖွေနေပါတယ်။ ကန်းဆက် စီးတီး၊ ဘရန့်တ်ဖို့ဒ်တို့မှာ အငှားကစားသမားအဖြစ် ဆက်တိုက် အငှားချခြင်းခံခဲ့ရပြီးနောက် စက်တင်ဘာ ၂၁ ရက်နေ့မှာ နည်းပြ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းကနေ ထွက်ခွာခွင့်ပေးခြင်းကို ခံခဲ့ရပါတယ်။ ဝင်စတန် ရိဒ်ဟာ အသင်းလက်မဲ့ကစားသမားအဖြစ် ပထမဆုံးအကြိမ် အပြောင်းအရွှေ့ကာလကို ရင်ဆိုင်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်ပွဲပေါင်း ၁၆၆ ပွဲနဲ့ နိုင်ငံတကာပွဲစဉ် ၂၆ ပွဲအထိ ပါဝင်ကစားပေးထားနိုင်တဲ့မှတ်တမ်းကတော့ အထင်ကြီးစရာဖြစ်ပါတယ်။

ဘယ်နောက်ခံ- ချာလီ ဒန်နီရယ်လ်စ်
ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးအချိန်အပိုင်းအခြားမှာ အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ ချာလီ ဒန်နီရယ်လ်စ်ဟာ တတိယတန်းအသင်း ကိုးလ်ချက်စတာ ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ၂ ဦးသဘောတူ ဖျက်သိမ်းခဲ့ပြီးနောက် အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒန်နီရယ်လ်စ်ဟာ တစ်နှစ်အတွင်း စတုတ္ထမြောက်ကလပ်အသင်းကို ရှာဖွေနေပြီး ရှရူးစ်ဘာရီတောင်း၊ ပို့စ်မောက်၊ ကိုလ်ချက်စတာတို့အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက ကစားပေးခဲ့သူဖြစ်ပါတယ်။ ဘုန်းမောက်အသင်းအတွက် ပရီးမီးယားလိဂ် ၁၂၉ ပွဲကစားပေးခဲ့ဖူးတဲ့ အထင်ကြီးဖွယ် မှတ်တမ်းတွေ ပိုင်ဆိုင်ထားပေမယ့်လည်း အသက် ၃၅ နှစ်အရွယ် နောက်ခံလူရဲ့ နောက်ထပ်ပြုလုပ်မယ့် အပြောင်းအရွှေ့ဟာ ၎င်းရဲ့ကစားသမားဘဝ နောက်ဆုံးအပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်လာဖွယ်ရှိပါတယ်။

ကွင်းလယ်ညာတောင်ပံ- အိုက်ဆက် အမ်ဘင်ဇာ
ဟက်ဒါစ်ဖီးလ်တောင်း ပရိသတ်တွေအနေနဲ့ ၎င်းတို့ရဲ့အသင်း ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ ရာသီမှာ အသင်းအတွက် ၂၂ ပွဲပါဝင်ကစားပေးခဲ့တဲ့ အမ်ဘင်ဇာကို မှတ်မိကောင်း မှတ်မိပါလိမ့်မယ်။ ဘယ်လ်ဂျီယမ်သားဟာ ဟက်ဒါစ်ဖီးလ်တောင်းရဲ့ ဆိုးရွားတဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်မှာ ဒေးဗစ် ဝက်ဂ်နာရဲ့ အငှားနဲ့ ခေါ်ယူခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဟက်ဒါစ်ဖီးလ်အတွက် ၂၂ ပွဲပါဝင်ကစားပေးခဲ့ပေမယ့်လည်း သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Qatar SC အသင်းရဲ့ ထွက်ခွာခွင့်ပေးခြင်းခံခဲ့ရပြီးနောက် ဇန်နဝါရီလလယ်မှာ အသင်းလက်မဲ့ဖြစ်သွားခဲ့သူဖြစ်ပါတယ်။

ကွင်းလယ်ဗဟို- ဂျက်ခ် ဝီလ်ရှီးယား
ဝီလ်ရှီးယားရဲ့ မကြာသေးမီ အပြောင်းအရွှေ့ကတော့ ရေဒီယို လှိုင်းတွေပေါ်ဖြစ်ပြီး လက်ရှိမှာတော့ TalkSPORT ရဲ့ ပုံမှန်ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ အပြောင်းအရွှေ့ကာလ ၂ ကြိမ်ဆက်တိုက် အသင်းသစ်ကို ရှာမတွေ့ခဲ့ဘဲ အသင်းဟောင်းကများ စိတ်ကူးပေါက်ပြီးများ ခေါ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အာဆင်နယ်အသင်းမှာ လေ့ကျင့်ရေး ပြုလုပ်နေခဲ့သူဖြစ်ပါတယ်။

ကွင်းလယ်ဗဟို- ရာမီးရက်စ်
ချန်ပီယံလိဂ်သမိုင်းမှာ အထင်ကရအဖြစ်ဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးကို သွင်းယူခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းဟာ လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်းကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ဘရာဇီးလ်ထိပ်သီးအသင်းကြီး ပါးလ်မီးရပ်စ်အသင်းက ထွက်ခွာခွင့်ပေးခဲ့ပါတယ်။ ရာမီရက်စ်ဟာ ၂၀၁၆ ခုနှစ် အပြောင်းအရွှေ့စျေးကွက်မှာ တရုတ်စူပါလိဂ်အသင်းဖြစ်တဲ့ ကျန်းစု ဆုနင်းကို ပြောင်းရွှေ့ဖို့အတွက် ချဲလ်ဆီးကို စွန့်ခွာခဲ့ပေမယ့် တရုတ်စူပါလိဂ်က စတင်ပြီး ရုန်းကန်နေရတဲ့အချိန်မှာ မွေးရပ်မြေ ဘရာဇီးလ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လက်ရှိမှာ အလွတ်နဲ့ ခေါ်ယူနိုင်တဲ့ကစားသမားအဖြစ် ရှိနေပြီး ချဲလ်ဆီးသူရဲကောင်းကို ခေါ်ယူဖို့ အခွင့်အရေးကို တစ်သင်းသင်းကတော့ ရယူဖို့ ဆုံးဖြတ်သင့်ပါတယ်။

ကွင်းလယ်ဘယ်- ကွာဒို အဆာမိုအာ
ကွာဒို အဆာမိုအာဟာ ယနေ့ ဘောလုံးကမ္ဘာမှာ အအောင်မြင်ဆုံးအသင်းလက်မဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဂျူဗင်တပ်မှာ ကစားခဲ့စဉ်ကာလအတွင်း စီးရီးအေဖလား ၆ ကြိမ်၊ အီတလီဖလား ၄ ကြိမ်၊ အီတလီစူပါဖလား ၃ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဂါနာလက်ရွေးစင်ဟောင်းဟာ ၂၀၁၈ ခုနှစ် နွေရာသီမှာ အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့ပြီး ၂ ရာသီအကြာမှာပဲ ကက်ဂလီယာရီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကံဆိုးစွာနဲ့ ကက်ဂလီယာရီနဲ့ ၅ လသာ အတူရှိခဲ့ပြီးနောက် အသင်းလက်မဲ့ကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။

တိုက်စစ်မှူး- ဒီယေဂို ကော်စတာ
ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ဒီယေဂို ကော်စတာ ချဲလ်ဆီးကနေ အက်သလက်တီကို မက်ဒရစ်ကို ပြောင်းသွားတဲ့အချိန်ကျမှ သက်ပြင်းချနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးပရိသတ်တွေအနေနဲ့ စပိန်တိုက်စစ်မှူးရဲ့ စိတ်ပျက်စရာလုပ်ရပ်တွေကို အမြဲတမ်း သတိရနေမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ မကြာခဏ စိတ်လှုပ်ရှားစရာစွမ်းဆောင်ရည်ကိုလည်း ပြသတတ်သူဖြစ်ပါတယ်။ ကော်စတာဟာ ဘရာဇီးလ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ အက်သလက်တီကို မင်နဲရိုးနဲ့ စာချုပ် ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းရဲ့ ကစားသမားဘဝမှာ ဒုတိယအကြိမ် အသင်းလက်မဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူး- ဘာဖီတင်ဘီ ဂိုမစ်
ဘာဖီတင်ဘီ ဂိုမစ်ရဲ့ အောင်ပွဲခံဟန်ဟာ ဘောလုံးသမိုင်းမှာ အထင်ကရအဖြစ်ဆုံးနဲ့ အကျော်ကြားဆုံး အောင်ပွဲခံဟန်တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့ ထင်ရှားကျော်ကြားတဲ့ ခြင်္သေ့ပုံစံ အောင်ပွဲခံဟန်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဘောကောက်ကလေးငယ်ကို ငိုသွားလောက်အောင် ကြောက်လန့်သွားစေခဲ့တာကြောင့် ထပ်ပြီး အောင်ပွဲခံလို့ မရနိုင်တော့ပါဘူး။ ဆွမ်ဆီးစီးတီး၊ လိုင်ယွန် တိုက်စစ်မှူးဟောင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးအချိန်အပိုင်းအခြားမှာ ဆော်ဒီအာရေဗျအသင်း ဟီလာလ်ရဲ့ ထွက်ခွာခွင့်ပြုခြင်းကို ခံခဲ့ရပြီး ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်သွားတဲ့အထိအောင် အသင်းသစ် ရှာမတွေ့ခဲ့တာကြောင့် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဥေရာပအသင္းေတြဟာ ေနာက္ထပ္ အသက္ဝဝမရႉႏိုင္တဲ့ အေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔အၿပီးမွာေတာ့ ေအးရာေအးေၾကာင္း ျဖစ္သြားၾကပုံ ေပၚပါတယ္။

ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၉၅ သန္း အထိ သုံးစြဲခဲ့ၿပီး နယူးကာဆယ္လ္အသင္းကေတာ့ ေငြေၾကးအသုံးစြဲခဲ့ဆုံးအသင္းအျဖစ္ ထိပ္ဆုံးက ရပ္တည္ေနပါတယ္။ အူဘာမီယန္းရဲ႕ အာဆင္နယ္ကေန ဘာစီလိုနာကို ကတၱီပါလမ္းခြဲ အေျပာင္းအေ႐ႊ႕၊ ဗလာဟိုဗစ္ခ်္ရဲ႕ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕မႈလိုမ်ိဳး ကာလရွည္ အီလည္လည္ျဖစ္ေနတဲ့ အေျပာင္းအေ႐ႊ႕ဇာတ္လမ္းေတြလည္း ေနာက္ဆုံးမွာ ကန႔္လန႔္ကာခ်ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ႀကီးမားတဲ့အေျပာင္းအေ႐ႊ႕ကမ္းလွမ္းမႈမ်ား၊ ကစားသမားသစ္ ထုတ္ေဖာ္မိတ္ဆက္တဲ့ ဗီဒီယိုမ်ားနဲ႔ အဆက္မျပတ္ ေပၚထြက္ေနတဲ့ ေကာလာဟလေတြၾကားထဲမွာ လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနတဲ့ ကစားသမားအမ်ားအျပားကိုလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းသစ္ မရွာေဖြႏိုင္ခဲ့လို႔ အသင္းလက္မဲ့ျဖစ္ေနရတဲ့ ကစားသမား ၁၁ ဦးက ဘယ္သူေတြမ်ားလဲ…

ဂိုး- ဂီးဒရစ္ အာေလာက္စကစ္
အေတြ႕အႀကဳံရင့္ လစ္သူေယးနီးယားဂိုးသမားဟာ ႐ိုေမးနီးယားကလပ္ CFR Cluj အတြက္ ၿပိဳင္ပြဲစုံ ၁၁ ပြဲအထိ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ဇန္နဝါရီလအစမွာပဲ အသင္းကေန ထြက္ခြာခြင့္ေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ အာေလာက္စကစ္ဟာ အရင္တုန္းက ဝက္ဖို႔ဒ္၊ အက္စ္ပန္ညိဳ၊ စတူအာ ဘူခါရက္စ္၊ ႐ူဘင္ ကာဇန္နဲ႔ အျခားအသင္းမ်ားစြာအတြက္ ကစားေပးခဲ့ဖူးသူျဖစ္ပါတယ္။ အာေလာက္စကစ္ဟာ ဂိုးသမား အေရးတႀကီးလိုအပ္ေနတဲ့ အသင္းအတြက္ေတာ့ ေခၚယူဖို႔ ထိုက္တန္တဲ့ကစားသမားဆိုတာ ေသခ်ာပါတယ္။

ညာေနာက္ခံ- ဒီအန္ဒေရး ရက္ဒ္လင္
စပါးစ္နဲ႔ နယူးကာဆယ္လ္ ညာေနာက္ခံလူေဟာင္းဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ ၅ ရက္အလိုမွာပဲ ဂလာတာဆာေရးအသင္းကေန ထြက္ခြာခြင့္ေပးျခင္းခံခဲ့ရၿပီး ၎ရဲ႕ ကစားသမားဘဝတေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ အသင္းလက္မဲ့ ကစားသမားျဖစ္လာခဲ့ပါတယ္။ ယူအက္စ္ေအအသင္းအတြက္ ႏိုင္ငံတကာပြဲစဥ္ ၇၁ ပြဲအထိ ကစားေပးခဲ့တဲ့ ရက္ဒ္လင္ဟာ ဥေရာပရဲ႕ ထိပ္တန္းကလပ္ေတြ ေခၚယူမယ္ဆိုရင္ မမွားႏိုင္တဲ့ အေတြ႕အႀကဳံရင့္ ေနာက္ခံကစားသမားျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ၎ရဲ႕ အေကာင္းဆုံးႏွစ္ေတြထဲကို စတင္ဝင္ေရာက္ေနၿပီျဖစ္ေပမယ့္ လက္ရွိမွာေတာ့ လာမယ့္ရာသီမတိုင္ခင္ အသင္းသစ္ကို ရွာေဖြရေတာ့မွာျဖစ္ပါတယ္။

ဗဟိုခံစစ္- ေလာရန႔္ ကိုစီယယ္လ္နီ
အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း ေဘာ္ဒိုးအသင္း ေခါင္းေဆာင္ရာထူးကေန ဖယ္ရွားခံရသလို အသင္းရဲ႕ စြန႔္ပစ္ျခင္းကိုလည္း ခံခဲ့ရပါတယ္။ ေဘာ္ဒိုးအသင္းဟာ လိဂန္း အမွတ္ေပးဇယား အဆင့္ ၁၇ ေနရာကို က်ဆင္းသြားခဲ့တဲ့အထိ ဆိုး႐ြားတဲ့ရလဒ္ေတြ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ကိုစီယယ္လ္နီကို အသင္းက ထြက္ခြာခြင့္ေပးလိုက္တာျဖစ္ပါတယ္။ ျပင္သစ္ဝါရင့္ေနာက္ခံလူဟာ အမ္းမရိတ္စ္မွာ အာဆင္နယ္အတြက္ ပြဲေပါင္း ၃၅၃ ပြဲေက်ာ္ ကစားေပးခဲ့ရာမွာ အက္ဖ္ေအဖလား ၃ ႀကိမ္နဲ႔ ကြန္ျမဴနတီဒိုင္း ၃ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။

ဗဟိုခံစစ္- ဝင္စတန္ ရိဒ္
ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ေဟာင္းနဲ႔ အသင္းလက္မဲ့ျဖစ္ေနတဲ့ကစားသမားေတြထဲမွာ အေတြ႕အႀကဳံအရင့္ဆုံးကစားသမားတစ္ဦးျဖစ္တဲ့ ဝင္စတန္ ရိဒ္ဟာ လက္ရွိမွာေတာ့ အသင္းသစ္ကို ရွာေဖြေနပါတယ္။ ကန္းဆက္ စီးတီး၊ ဘရန႔္တ္ဖို႔ဒ္တို႔မွာ အငွားကစားသမားအျဖစ္ ဆက္တိုက္ အငွားခ်ျခင္းခံခဲ့ရၿပီးေနာက္ စက္တင္ဘာ ၂၁ ရက္ေန႔မွာ နည္းျပ ေဒးဗစ္ မြိဳက္စ္ရဲ႕ အသင္းကေန ထြက္ခြာခြင့္ေပးျခင္းကို ခံခဲ့ရပါတယ္။ ဝင္စတန္ ရိဒ္ဟာ အသင္းလက္မဲ့ကစားသမားအျဖစ္ ပထမဆုံးအႀကိမ္ အေျပာင္းအေ႐ႊ႕ကာလကို ရင္ဆိုင္ခဲ့ရေပမယ့္ ပရီးမီးယားလိဂ္ပြဲေပါင္း ၁၆၆ ပြဲနဲ႔ ႏိုင္ငံတကာပြဲစဥ္ ၂၆ ပြဲအထိ ပါဝင္ကစားေပးထားႏိုင္တဲ့မွတ္တမ္းကေတာ့ အထင္ႀကီးစရာျဖစ္ပါတယ္။

ဘယ္ေနာက္ခံ- ခ်ာလီ ဒန္နီရယ္လ္စ္
ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္ ေနာက္ဆုံးအခ်ိန္အပိုင္းအျခားမွာ အသင္းလက္မဲ့ျဖစ္ခဲ့တဲ့ ခ်ာလီ ဒန္နီရယ္လ္စ္ဟာ တတိယတန္းအသင္း ကိုးလ္ခ်က္စတာ ယူႏိုက္တက္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ၂ ဦးသေဘာတူ ဖ်က္သိမ္းခဲ့ၿပီးေနာက္ အသင္းနဲ႔ လမ္းခြဲခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဒန္နီရယ္လ္စ္ဟာ တစ္ႏွစ္အတြင္း စတုတၳေျမာက္ကလပ္အသင္းကို ရွာေဖြေနၿပီး ရွ႐ူးစ္ဘာရီေတာင္း၊ ပို႔စ္ေမာက္၊ ကိုလ္ခ်က္စတာတို႔အတြက္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလကတည္းက ကစားေပးခဲ့သူျဖစ္ပါတယ္။ ဘုန္းေမာက္အသင္းအတြက္ ပရီးမီးယားလိဂ္ ၁၂၉ ပြဲကစားေပးခဲ့ဖူးတဲ့ အထင္ႀကီးဖြယ္ မွတ္တမ္းေတြ ပိုင္ဆိုင္ထားေပမယ့္လည္း အသက္ ၃၅ ႏွစ္အ႐ြယ္ ေနာက္ခံလူရဲ႕ ေနာက္ထပ္ျပဳလုပ္မယ့္ အေျပာင္းအေ႐ႊ႕ဟာ ၎ရဲ႕ကစားသမားဘဝ ေနာက္ဆုံးအေျပာင္းအေ႐ႊ႕ေတြထဲက တစ္ခုျဖစ္လာဖြယ္ရွိပါတယ္။

ကြင္းလယ္ညာေတာင္ပံ- အိုက္ဆက္ အမ္ဘင္ဇာ
ဟက္ဒါစ္ဖီးလ္ေတာင္း ပရိသတ္ေတြအေနနဲ႔ ၎တို႔ရဲ႕အသင္း ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးကစားခဲ့တဲ့ ရာသီမွာ အသင္းအတြက္ ၂၂ ပြဲပါဝင္ကစားေပးခဲ့တဲ့ အမ္ဘင္ဇာကို မွတ္မိေကာင္း မွတ္မိပါလိမ့္မယ္။ ဘယ္လ္ဂ်ီယမ္သားဟာ ဟက္ဒါစ္ဖီးလ္ေတာင္းရဲ႕ ဆိုး႐ြားတဲ့ ဒုတိယေျမာက္ ပရီးမီးယားလိဂ္မွာ ေဒးဗစ္ ဝက္ဂ္နာရဲ႕ အငွားနဲ႔ ေခၚယူျခင္းခံခဲ့ရသူျဖစ္ပါတယ္။ ဟက္ဒါစ္ဖီးလ္အတြက္ ၂၂ ပြဲပါဝင္ကစားေပးခဲ့ေပမယ့္လည္း သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ Qatar SC အသင္းရဲ႕ ထြက္ခြာခြင့္ေပးျခင္းခံခဲ့ရၿပီးေနာက္ ဇန္နဝါရီလလယ္မွာ အသင္းလက္မဲ့ျဖစ္သြားခဲ့သူျဖစ္ပါတယ္။

ကြင္းလယ္ဗဟို- ဂ်က္ခ္ ဝီလ္ရွီးယား
ဝီလ္ရွီးယားရဲ႕ မၾကာေသးမီ အေျပာင္းအေ႐ႊ႕ကေတာ့ ေရဒီယို လႈိင္းေတြေပၚျဖစ္ၿပီး လက္ရွိမွာေတာ့ TalkSPORT ရဲ႕ ပုံမွန္ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ ကံဆိုးစြာနဲ႔ပဲ အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ အေျပာင္းအေ႐ႊ႕ကာလ ၂ ႀကိမ္ဆက္တိုက္ အသင္းသစ္ကို ရွာမေတြ႕ခဲ့ဘဲ အသင္းေဟာင္းကမ်ား စိတ္ကူးေပါက္ၿပီးမ်ား ေခၚမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အာဆင္နယ္အသင္းမွာ ေလ့က်င့္ေရး ျပဳလုပ္ေနခဲ့သူျဖစ္ပါတယ္။

ကြင္းလယ္ဗဟို- ရာမီးရက္စ္
ခ်န္ပီယံလိဂ္သမိုင္းမွာ အထင္ကရအျဖစ္ဆုံးသြင္းဂိုးေတြထဲက တစ္ဂိုးကို သြင္းယူခဲ့တဲ့ ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဟာင္းဟာ လက္ရွိမွာေတာ့ အသင္းလက္မဲ့ျဖစ္ေနပါတယ္။ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလားနဲ႔ လိဂ္ဖလားတို႔ကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းကို ၿပီးခဲ့တဲ့ႏိုဝင္ဘာလမွာ ဘရာဇီးလ္ထိပ္သီးအသင္းႀကီး ပါးလ္မီးရပ္စ္အသင္းက ထြက္ခြာခြင့္ေပးခဲ့ပါတယ္။ ရာမီရက္စ္ဟာ ၂၀၁၆ ခုႏွစ္ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ တ႐ုတ္စူပါလိဂ္အသင္းျဖစ္တဲ့ က်န္းစု ဆုနင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ခ်ဲလ္ဆီးကို စြန႔္ခြာခဲ့ေပမယ့္ တ႐ုတ္စူပါလိဂ္က စတင္ၿပီး ႐ုန္းကန္ေနရတဲ့အခ်ိန္မွာ ေမြးရပ္ေျမ ဘရာဇီးလ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသက္ ၃၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ လက္ရွိမွာ အလြတ္နဲ႔ ေခၚယူႏိုင္တဲ့ကစားသမားအျဖစ္ ရွိေနၿပီး ခ်ဲလ္ဆီးသူရဲေကာင္းကို ေခၚယူဖို႔ အခြင့္အေရးကို တစ္သင္းသင္းကေတာ့ ရယူဖို႔ ဆုံးျဖတ္သင့္ပါတယ္။

ကြင္းလယ္ဘယ္- ကြာဒို အဆာမိုအာ
ကြာဒို အဆာမိုအာဟာ ယေန႔ ေဘာလုံးကမာၻမွာ အေအာင္ျမင္ဆုံးအသင္းလက္မဲ့ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ဂ်ဴဗင္တပ္မွာ ကစားခဲ့စဥ္ကာလအတြင္း စီးရီးေအဖလား ၆ ႀကိမ္၊ အီတလီဖလား ၄ ႀကိမ္၊ အီတလီစူပါဖလား ၃ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။ ဂါနာလက္ေ႐ြးစင္ေဟာင္းဟာ ၂၀၁၈ ခုႏွစ္ ေႏြရာသီမွာ အင္တာမီလန္ကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ၂ ရာသီအၾကာမွာပဲ ကက္ဂလီယာရီကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ ကံဆိုးစြာနဲ႔ ကက္ဂလီယာရီနဲ႔ ၅ လသာ အတူရွိခဲ့ၿပီးေနာက္ အသင္းလက္မဲ့ကစားသမားျဖစ္လာခဲ့သူျဖစ္ပါတယ္။

တိုက္စစ္မႉး- ဒီေယဂို ေကာ္စတာ
ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ဒီေယဂို ေကာ္စတာ ခ်ဲလ္ဆီးကေန အက္သလက္တီကို မက္ဒရစ္ကို ေျပာင္းသြားတဲ့အခ်ိန္က်မွ သက္ျပင္းခ်ႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ စပိန္တိုက္စစ္မႉးရဲ႕ စိတ္ပ်က္စရာလုပ္ရပ္ေတြကို အၿမဲတမ္း သတိရေနမွာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာ မၾကာခဏ စိတ္လႈပ္ရွားစရာစြမ္းေဆာင္ရည္ကိုလည္း ျပသတတ္သူျဖစ္ပါတယ္။ ေကာ္စတာဟာ ဘရာဇီးလ္ထိပ္သီးအသင္းႀကီးျဖစ္တဲ့ အက္သလက္တီကို မင္နဲ႐ိုးနဲ႔ စာခ်ဳပ္ ဖ်က္သိမ္းဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ၎ရဲ႕ ကစားသမားဘဝမွာ ဒုတိယအႀကိမ္ အသင္းလက္မဲ့ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

တိုက္စစ္မႉး- ဘာဖီတင္ဘီ ဂိုမစ္
ဘာဖီတင္ဘီ ဂိုမစ္ရဲ႕ ေအာင္ပြဲခံဟန္ဟာ ေဘာလုံးသမိုင္းမွာ အထင္ကရအျဖစ္ဆုံးနဲ႔ အေက်ာ္ၾကားဆုံး ေအာင္ပြဲခံဟန္ေတြထဲက တစ္ခု ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ၎ရဲ႕ ထင္ရွားေက်ာ္ၾကားတဲ့ ျခေသၤ့ပုံစံ ေအာင္ပြဲခံဟန္ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ ေဘာေကာက္ကေလးငယ္ကို ငိုသြားေလာက္ေအာင္ ေၾကာက္လန႔္သြားေစခဲ့တာေၾကာင့္ ထပ္ၿပီး ေအာင္ပြဲခံလို႔ မရႏိုင္ေတာ့ပါဘူး။ ဆြမ္ဆီးစီးတီး၊ လိုင္ယြန္ တိုက္စစ္မႉးေဟာင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္ ေနာက္ဆုံးအခ်ိန္အပိုင္းအျခားမွာ ေဆာ္ဒီအာေရဗ်အသင္း ဟီလာလ္ရဲ႕ ထြက္ခြာခြင့္ျပဳျခင္းကို ခံခဲ့ရၿပီး ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ပိတ္သြားတဲ့အထိေအာင္ အသင္းသစ္ ရွာမေတြ႕ခဲ့တာေၾကာင့္ အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.