Article Premier League

အာဆင်နယ်၊ အာတီတာနဲ့ အူဘာမီယန်းတို့ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲ

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာနဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ကြားက ပြဿနာကို လူတွေက နည်းပြကို အပြစ်တင်နေကြပါတယ်။ ဒါပေမယ့် လူတိုင်းတော့ မဟုတ်ဘဲ ဘာစီလိုနာကို အငမ်းမရ ထွက်သွားတဲ့ ဂါဘွန်တိုက်စစ်မှူးရဲ့ လုပ်ရပ်အပြီးမှာတော့ ပြန်စဉ်းစားစရာတွေဖြစ်လာခဲ့ပြီး သူ့ရဲ့ အသင်းအပေါ် ပေးဆပ်မှုနဲ့ လေးစားမှုက မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

အာတီတာကတော့ စောင့်ကြည့်လာရတဲ့ သဘောအရ ရှင်းပါတယ်။ သူမလိုချင်တဲ့သူတွေ၊ ပေါ်လစီနဲ့ မကိုက်တဲ့ လူအိုတွေကို ရှင်းထုတ်မှာပါပဲ။ အူဘာမီယန်းလို ဂိုးသွင်းဘုရင်တွေ ဟန်သာရှိပြီး အဆန်မရှိတော့တဲ့ ကစားသမားတွေ၊ လူငယ်အဖြစ် ခြေစွမ်းပြထားနိုင်သူတွေ၊ ပရိသတ်တွေနဲ့ Legend တွေက အကောင်းမြင်ထားပေမယ့် တကယ်တမ်း အလုပ်မဖြစ်သူတွေကို သူက ရှင်းထုတ်မှာပါ။ ဒါပေမယ့် ကတ္တီပါလမ်းခွဲ မဖြစ်ချိန်မှာတော့ နှစ်ဦးနှစ်ဖက် ကံမကောင်းဘူးလို့ပဲ ဆိုရပါလိမ့်မယ်။

ဥပမာအားဖြင့် မော်ဒန်ဘောလုံးနဲ့ မကိုက်ညီတော့တဲ့ ကစားဟန်နဲ့ ခေတ်ဟောင်းကစားသမား အက်ဒီ နကီးတီးယားကို ကြည့်ရအောင်ပါ။ မော်ဒန်ဘောလုံးမှာ ကိုယ်လုံးသေးရင် အလိမ်အခေါက်ကောင်းရမယ်၊ အပြေးမြန်ရမယ်ဆိုတဲ့ နှစ်ချက်က အင်္ဂလိပ်တွေရဲ့ Fish and Chips လို အတွဲလိုက် ဖြစ်နေရမှာဖြစ်ပြီး နေရာယူ အဆုံးသတ်မှုတစ်ခုတည်းနဲ့တော့ လုပ်စားလို့ မရတာဖြစ်ပါတယ်။

သူ့ကို အသင်းရဲ့ Legend အီယန်ရိုက်က လိုင်းဝင်ပြီး ပေးကမ်းထားလို့လားတော့ မသိ၊ အမ,ကြီး မ,နေတဲ့အတွက် လုပ်ရကိုင်ရခက်ခဲစေသလို စပါးစ်တိုက်စစ်မှူးဟောင်း ဂျာမိန်း ဒီဖိုးနဲ့ နှိုင်းယှဉ်ထားပေမယ့် ခြေဖျားတောင် မမီဘူးလို့ အင်္ဂလန်လက်ရွေးစင်ဟောင်း ကစားတာကို မြင်ဖူးကြတဲ့ ပရိသတ်တွေက ပြောကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ထားလို့မကောင်း ရောင်းလို့မထွက်ဘဲ ထိန်းသိမ်းထားရတုန်းပါပဲ။

စည်းကမ်းမကောင်းတဲ့ မက်တီယို ဂန်ဒူဇီဟာ အူဘာမီယန်းနဲ့ ထရိန်နင်မှာ ဟေးလားဝါးလားလုပ်နေကျထဲက တစ်ဦးပါ။ သူ့ကို အငှားတွေနဲ့ ရှင်းထုတ်နေခဲ့တာဟာ အသင်းကို ပုံစံပေးတော့မယ်လို့ ကြေငြာလိုက်တာပါပဲ။

ဒါပေမယ့် အသင်းရဲ့အထက်မှာ လစာငွေအမြင့်ဆုံးနဲ့ နေချင်တဲ့ ဂါဘွန်သားအနေနဲ့ သူ့ရှေ့က အမြင့်ဆုံးဖြစ်ဖူးတဲ့ မီဆွတ် အိုဇေးလ် ဘာတောင်းဆိုမှုတွေကို မပေးနိုင်လို့ အထုတ်ခံရတယ်ဆိုတာကို နားမလည်တာလားတော့ မသိဘဲ အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ အနေအထားနဲ့ မညီမျှတဲ့ လေးစားမှုကင်းမဲ့တဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ပါတယ်။

အာတီတာကတော့ ခြေစွမ်းမပြနိုင်တာ ကိစ္စမရှိဘူး၊ အသင်းအတွက် အာရုံစိုက်ထားဖို့ လိုတယ်ဆိုတဲ့သူမျိုးဖြစ်လို့ ဂိုးပေါက်ပျောက်နေတုန်းမှာ အော်ဒီဂွါဒ်ရဲ့ ဂိုးကို သွားလုပြီး လူကျွံဘောဖြစ်ခဲ့ရတာတောင် ဘာမှ မပြောခဲ့ချိန်မှာ စပိန်သွားပြီး နောက်ကျမှ ပြန်လာတဲ့ လုပ်ရပ်ကို ဗျင်းလွှတ်ခဲ့ပါတယ်။ ဒါ့အပြင် ကပ္ပတိန်လက်ပတ်ပြုတ်သွားပြီး ကစားရခြင်း မရှိတော့ချိန်မှာ လမ်းခွဲဖို့ ဖြစ်လာခဲ့တာပါပဲ။

အေးဂျင့်ကောင်း မရှိဘဲ အရာရာကို အဖေက တစ်သွေးတစ်သံတစ်မိန့် ထိန်းချုပ်နေတဲ့ ဘန်တူးအာဖရိက မိသားစုမှာ အရေးပါတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့က အခွင့်အရေး နည်းပါးပါတယ်။ ဒီလိုနဲ့ ဇန်နဝါရီမှာ သူသွားဖို့ အကောင်းဆုံးနေရာဖြစ်တဲ့ ဘာစီလိုနာကို ဘာမှ တိတိပပ မသိရခင် ကြိုရောက်နေခဲ့ပြီး နောက်ဆုံးတော့ အသင်းဘက်ကလည်း ပေါင်သုံးသိန်းခွဲ သက်သာရင် မနည်းဘူးလို့ တွေးခဲ့ချိန်မှာ စာချုပ်ဖျက်ဖြစ်သွားတာဖြစ်ပါတယ်။

ဒီလိုနဲ့ ပီးယားစ် မော်ဂန်လို အာဆင်နယ်ကို အားပေးတယ်ဆိုပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပလူးပလဲလုပ်နေတဲ့ နာမည်ကြီး Plastic Fan က အာတီတာကို မှားတယ်လို့ တိုက်ခိုက်ခဲ့သလို အသင်းက ဘာသွားနေတယ်၊ အီဒူးလိုကောင်က အသုံးမကျဘဲ ကန့်လန့်တိုက်နေတယ်ဆိုတာကို မမြင်တဲ့ ဖန်တွေက စပိန်သားနည်းပြကို ဆဲလာခဲ့ကြပါတယ်။

ဒီအချိန်မှာ ရီယို ဖာဒီနန်လို ပြိုင်ဘက်ကစားသမားဟောင်းတွေကတောင် အမှန်ကို မြင်ခဲ့ကြပြီး အာဆင်နယ်အတွက် ကစားပေးလိုခြင်း မရှိတဲ့ ဂါဘွန်သားအတွက် နောက်ကြောင်းပြန်လှည့်လို့ မရနိုင်ဘူးဆိုတာကို ထောက်ပြသွားခဲ့သလို နောက်ဆုံးမှာ ဘာစီလိုနာနဲ့အတူ ထရိန်နင် ဆင်းနေခဲ့ပြီး ကစားခွင့်ရဖို့ ယူရို ၅၀၀၀ တည်းနဲ့ ကစားပေးမယ်ဆိုတဲ့ ပေါပေါပဲပဲလုပ်ရပ်ကတော့ ပြောစရာကြီးဖြစ်လာခဲ့တာပါ။

ခုခေတ်မှာတော့ နည်းပြတစ်ယောက် မှန်သလား မှားသလားဆိုတာကို လုပ်ရပ်တွေနဲ့ ဆုံးဖြတ်တာ မဟုတ်ဘဲ ရလဒ်တွေနဲ့ ဆုံးဖြတ်တာဖြစ်လို့ အာတီတာအတွက်တော့ သူဘာလုပ်နေတယ်ဆိုတာကို သက်သေပြခွင့် ရှိနေချိန်မှာ အသုံးမကျဘဲ လူရာမဝင်တဲ့ နည်းစနစ်ဒါရိုက်တာကြောင့် ဇန်နဝါရီမှာ လူသစ်မခေါ်နိုင်ခဲ့တာကတော့ အင်အားလျော့နည်းစေပါတယ်။

ဒါပေမယ့် အာဖရိကဖလားမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ နီကိုလာ ပေပေကို အူဘာမီယန်း ဥပမာနဲ့ သေချာကျပ်ပေးလိုက်ရင် အလုပ်ဖြစ်နိုင်ပြီး တစ်ပတ်ကို တစ်ပွဲထက် ပိုမကစားရတော့မယ့်အချိန်မှာ ပရီးမီးယားလိဂ်တစ်ခုတည်းကို အာရုံစိုက်ရတော့မယ့် အာဆင်နယ်တို့အနေနဲ့ မာတီနယ်လီကို လာကာဇက်ရှေ့က အထောင်ထားခဲ့မယ်ဆိုရင် ပြဿနာတချို့ ပြေလည်သွားနိုင်သလို နကီးတီးယားသာ Legend တွေ မြှောက်ပေးသလောက် ကောင်းပြီး ကွင်းထဲ ဝင်ပြေးတာထက်ပိုပြီး အားကိုးလို့ ရနိုင်မယ်ဆိုရင်၊ နွေမှာ အလွတ်နဲ့ ခေါ်မယ့် အသင်းတွေ ကြိုက်အောင် ကြိုးစားပြမယ်ဆိုရင်လည်း တစ်ခုခုတော့ စိတ်ချမ်းသာဖို့ ရှိနိုင်ပါတယ်။

သူ့သဘော သူဆောင်၊ အသင်းကို မလေးစားဘဲ ဖအေမြှောက်ပေးတိုင်း ရှက်ရမ်းရမ်းပြီး ငါတကောကောသွားခဲ့တဲ့ ဂါဘွန်သားကတော့ အာဆင်နယ်တို့အတွက် တံတားအောက်က ရေပဲဖြစ်ပြီး အတိတ်တွေပဲ ဖြစ်သွားခဲ့ချိန်မှာတော့ သူတို့တွေအနေနဲ့ ဖြစ်တဲ့ နည်းနဲ့ ရှေ့ဆက်သွားရဖို့ ရှိနေပြီး ဥရောပဝင်ခွင့်အတွက် အနည်းဆုံး ယူရိုပါလိဂ်လောက်တော့ ရယူပေးဖို့ အာတီတာမှာ တာဝန်နဲ့ မာန ရှိနေလိမ့်မယ်လို့လည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာနဲ႔ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔ၾကားက ျပႆနာကို လူေတြက နည္းျပကို အျပစ္တင္ေနၾကပါတယ္။ ဒါေပမယ့္ လူတိုင္းေတာ့ မဟုတ္ဘဲ ဘာစီလိုနာကို အငမ္းမရ ထြက္သြားတဲ့ ဂါဘြန္တိုက္စစ္မႉးရဲ႕ လုပ္ရပ္အၿပီးမွာေတာ့ ျပန္စဥ္းစားစရာေတြျဖစ္လာခဲ့ၿပီး သူ႔ရဲ႕ အသင္းအေပၚ ေပးဆပ္မႈနဲ႔ ေလးစားမႈက ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

အာတီတာကေတာ့ ေစာင့္ၾကည့္လာရတဲ့ သေဘာအရ ရွင္းပါတယ္။ သူမလိုခ်င္တဲ့သူေတြ၊ ေပၚလစီနဲ႔ မကိုက္တဲ့ လူအိုေတြကို ရွင္းထုတ္မွာပါပဲ။ အူဘာမီယန္းလို ဂိုးသြင္းဘုရင္ေတြ ဟန္သာရွိၿပီး အဆန္မရွိေတာ့တဲ့ ကစားသမားေတြ၊ လူငယ္အျဖစ္ ေျခစြမ္းျပထားႏိုင္သူေတြ၊ ပရိသတ္ေတြနဲ႔ Legend ေတြက အေကာင္းျမင္ထားေပမယ့္ တကယ္တမ္း အလုပ္မျဖစ္သူေတြကို သူက ရွင္းထုတ္မွာပါ။ ဒါေပမယ့္ ကတၱီပါလမ္းခြဲ မျဖစ္ခ်ိန္မွာေတာ့ ႏွစ္ဦးႏွစ္ဖက္ ကံမေကာင္းဘူးလို႔ပဲ ဆိုရပါလိမ့္မယ္။

ဥပမာအားျဖင့္ ေမာ္ဒန္ေဘာလုံးနဲ႔ မကိုက္ညီေတာ့တဲ့ ကစားဟန္နဲ႔ ေခတ္ေဟာင္းကစားသမား အက္ဒီ နကီးတီးယားကို ၾကည့္ရေအာင္ပါ။ ေမာ္ဒန္ေဘာလုံးမွာ ကိုယ္လုံးေသးရင္ အလိမ္အေခါက္ေကာင္းရမယ္၊ အေျပးျမန္ရမယ္ဆိုတဲ့ ႏွစ္ခ်က္က အဂၤလိပ္ေတြရဲ႕ Fish and Chips လို အတြဲလိုက္ ျဖစ္ေနရမွာျဖစ္ၿပီး ေနရာယူ အဆုံးသတ္မႈတစ္ခုတည္းနဲ႔ေတာ့ လုပ္စားလို႔ မရတာျဖစ္ပါတယ္။

သူ႔ကို အသင္းရဲ႕ Legend အီယန္႐ိုက္က လိုင္းဝင္ၿပီး ေပးကမ္းထားလို႔လားေတာ့ မသိ၊ အမ,ႀကီး မ,ေနတဲ့အတြက္ လုပ္ရကိုင္ရခက္ခဲေစသလို စပါးစ္တိုက္စစ္မႉးေဟာင္း ဂ်ာမိန္း ဒီဖိုးနဲ႔ ႏႈိင္းယွဥ္ထားေပမယ့္ ေျခဖ်ားေတာင္ မမီဘူးလို႔ အဂၤလန္လက္ေ႐ြးစင္ေဟာင္း ကစားတာကို ျမင္ဖူးၾကတဲ့ ပရိသတ္ေတြက ေျပာၾကမွာျဖစ္ပါတယ္။ ဒါေပမယ့္ ထားလို႔မေကာင္း ေရာင္းလို႔မထြက္ဘဲ ထိန္းသိမ္းထားရတုန္းပါပဲ။

စည္းကမ္းမေကာင္းတဲ့ မက္တီယို ဂန္ဒူဇီဟာ အူဘာမီယန္းနဲ႔ ထရိန္နင္မွာ ေဟးလားဝါးလားလုပ္ေနက်ထဲက တစ္ဦးပါ။ သူ႔ကို အငွားေတြနဲ႔ ရွင္းထုတ္ေနခဲ့တာဟာ အသင္းကို ပုံစံေပးေတာ့မယ္လို႔ ေၾကျငာလိုက္တာပါပဲ။

ဒါေပမယ့္ အသင္းရဲ႕အထက္မွာ လစာေငြအျမင့္ဆုံးနဲ႔ ေနခ်င္တဲ့ ဂါဘြန္သားအေနနဲ႔ သူ႔ေရွ႕က အျမင့္ဆုံးျဖစ္ဖူးတဲ့ မီဆြတ္ အိုေဇးလ္ ဘာေတာင္းဆိုမႈေတြကို မေပးႏိုင္လို႔ အထုတ္ခံရတယ္ဆိုတာကို နားမလည္တာလားေတာ့ မသိဘဲ အသင္းေခါင္းေဆာင္တစ္ေယာက္ရဲ႕ အေနအထားနဲ႔ မညီမွ်တဲ့ ေလးစားမႈကင္းမဲ့တဲ့ လုပ္ရပ္ကို က်ဴးလြန္ခဲ့ပါတယ္။

အာတီတာကေတာ့ ေျခစြမ္းမျပႏိုင္တာ ကိစၥမရွိဘူး၊ အသင္းအတြက္ အာ႐ုံစိုက္ထားဖို႔ လိုတယ္ဆိုတဲ့သူမ်ိဳးျဖစ္လို႔ ဂိုးေပါက္ေပ်ာက္ေနတုန္းမွာ ေအာ္ဒီဂြါဒ္ရဲ႕ ဂိုးကို သြားလုၿပီး လူကြၽံေဘာျဖစ္ခဲ့ရတာေတာင္ ဘာမွ မေျပာခဲ့ခ်ိန္မွာ စပိန္သြားၿပီး ေနာက္က်မွ ျပန္လာတဲ့ လုပ္ရပ္ကို ဗ်င္းလႊတ္ခဲ့ပါတယ္။ ဒါ့အျပင္ ကပၸတိန္လက္ပတ္ျပဳတ္သြားၿပီး ကစားရျခင္း မရွိေတာ့ခ်ိန္မွာ လမ္းခြဲဖို႔ ျဖစ္လာခဲ့တာပါပဲ။

ေအးဂ်င့္ေကာင္း မရွိဘဲ အရာရာကို အေဖက တစ္ေသြးတစ္သံတစ္မိန႔္ ထိန္းခ်ဳပ္ေနတဲ့ ဘန္တူးအာဖရိက မိသားစုမွာ အေရးပါတဲ့ ျပႆနာေတြ ေျဖရွင္းႏိုင္ဖို႔က အခြင့္အေရး နည္းပါးပါတယ္။ ဒီလိုနဲ႔ ဇန္နဝါရီမွာ သူသြားဖို႔ အေကာင္းဆုံးေနရာျဖစ္တဲ့ ဘာစီလိုနာကို ဘာမွ တိတိပပ မသိရခင္ ႀကိဳေရာက္ေနခဲ့ၿပီး ေနာက္ဆုံးေတာ့ အသင္းဘက္ကလည္း ေပါင္သုံးသိန္းခြဲ သက္သာရင္ မနည္းဘူးလို႔ ေတြးခဲ့ခ်ိန္မွာ စာခ်ဳပ္ဖ်က္ျဖစ္သြားတာျဖစ္ပါတယ္။

ဒီလိုနဲ႔ ပီးယားစ္ ေမာ္ဂန္လို အာဆင္နယ္ကို အားေပးတယ္ဆိုၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ပလူးပလဲလုပ္ေနတဲ့ နာမည္ႀကီး Plastic Fan က အာတီတာကို မွားတယ္လို႔ တိုက္ခိုက္ခဲ့သလို အသင္းက ဘာသြားေနတယ္၊ အီဒူးလိုေကာင္က အသုံးမက်ဘဲ ကန႔္လန႔္တိုက္ေနတယ္ဆိုတာကို မျမင္တဲ့ ဖန္ေတြက စပိန္သားနည္းျပကို ဆဲလာခဲ့ၾကပါတယ္။

ဒီအခ်ိန္မွာ ရီယို ဖာဒီနန္လို ၿပိဳင္ဘက္ကစားသမားေဟာင္းေတြကေတာင္ အမွန္ကို ျမင္ခဲ့ၾကၿပီး အာဆင္နယ္အတြက္ ကစားေပးလိုျခင္း မရွိတဲ့ ဂါဘြန္သားအတြက္ ေနာက္ေၾကာင္းျပန္လွည့္လို႔ မရႏိုင္ဘူးဆိုတာကို ေထာက္ျပသြားခဲ့သလို ေနာက္ဆုံးမွာ ဘာစီလိုနာနဲ႔အတူ ထရိန္နင္ ဆင္းေနခဲ့ၿပီး ကစားခြင့္ရဖို႔ ယူ႐ို ၅၀၀၀ တည္းနဲ႔ ကစားေပးမယ္ဆိုတဲ့ ေပါေပါပဲပဲလုပ္ရပ္ကေတာ့ ေျပာစရာႀကီးျဖစ္လာခဲ့တာပါ။

ခုေခတ္မွာေတာ့ နည္းျပတစ္ေယာက္ မွန္သလား မွားသလားဆိုတာကို လုပ္ရပ္ေတြနဲ႔ ဆုံးျဖတ္တာ မဟုတ္ဘဲ ရလဒ္ေတြနဲ႔ ဆုံးျဖတ္တာျဖစ္လို႔ အာတီတာအတြက္ေတာ့ သူဘာလုပ္ေနတယ္ဆိုတာကို သက္ေသျပခြင့္ ရွိေနခ်ိန္မွာ အသုံးမက်ဘဲ လူရာမဝင္တဲ့ နည္းစနစ္ဒါ႐ိုက္တာေၾကာင့္ ဇန္နဝါရီမွာ လူသစ္မေခၚႏိုင္ခဲ့တာကေတာ့ အင္အားေလ်ာ့နည္းေစပါတယ္။

ဒါေပမယ့္ အာဖရိကဖလားမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ နီကိုလာ ေပေပကို အူဘာမီယန္း ဥပမာနဲ႔ ေသခ်ာက်ပ္ေပးလိုက္ရင္ အလုပ္ျဖစ္ႏိုင္ၿပီး တစ္ပတ္ကို တစ္ပြဲထက္ ပိုမကစားရေတာ့မယ့္အခ်ိန္မွာ ပရီးမီးယားလိဂ္တစ္ခုတည္းကို အာ႐ုံစိုက္ရေတာ့မယ့္ အာဆင္နယ္တို႔အေနနဲ႔ မာတီနယ္လီကို လာကာဇက္ေရွ႕က အေထာင္ထားခဲ့မယ္ဆိုရင္ ျပႆနာတခ်ိဳ႕ ေျပလည္သြားႏိုင္သလို နကီးတီးယားသာ Legend ေတြ ေျမႇာက္ေပးသေလာက္ ေကာင္းၿပီး ကြင္းထဲ ဝင္ေျပးတာထက္ပိုၿပီး အားကိုးလို႔ ရႏိုင္မယ္ဆိုရင္၊ ေႏြမွာ အလြတ္နဲ႔ ေခၚမယ့္ အသင္းေတြ ႀကိဳက္ေအာင္ ႀကိဳးစားျပမယ္ဆိုရင္လည္း တစ္ခုခုေတာ့ စိတ္ခ်မ္းသာဖို႔ ရွိႏိုင္ပါတယ္။

သူ႔သေဘာ သူေဆာင္၊ အသင္းကို မေလးစားဘဲ ဖေအေျမႇာက္ေပးတိုင္း ရွက္ရမ္းရမ္းၿပီး ငါတေကာေကာသြားခဲ့တဲ့ ဂါဘြန္သားကေတာ့ အာဆင္နယ္တို႔အတြက္ တံတားေအာက္က ေရပဲျဖစ္ၿပီး အတိတ္ေတြပဲ ျဖစ္သြားခဲ့ခ်ိန္မွာေတာ့ သူတို႔ေတြအေနနဲ႔ ျဖစ္တဲ့ နည္းနဲ႔ ေရွ႕ဆက္သြားရဖို႔ ရွိေနၿပီး ဥေရာပဝင္ခြင့္အတြက္ အနည္းဆုံး ယူ႐ိုပါလိဂ္ေလာက္ေတာ့ ရယူေပးဖို႔ အာတီတာမွာ တာဝန္နဲ႔ မာန ရွိေနလိမ့္မယ္လို႔လည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.