Premier League

အဲရစ်ဆင်ရဲ့ ကစားသမားဘဝကို အဆုံးမသတ်ရအောင် ကူညီပေးနိုင်ခဲ့တဲ့ ဆွစ်ဇာလန် တတိယတန်းအသင်း

အီတလီနယ်စပ်ကနေ ကျောက်ခဲတစ်ပစ်စာလောက်သာ ဝေးတဲ့ ဆွစ်ဇာလန်နိုင်ငံ တောင်ဘက်အစွန်းမှာရှိတဲ့ ခီအာဆိုမြို့လေးဟာ အားကစားလောကရဲ့ အကြီးကျယ်ဆုံးဇာတ်လမ်းတွေထဲက တစ်ခု အစပြုရာလို့ ပြောရင် ယုံနိုင်မှာ မဟုတ်ပါဘူး။

ဘောလုံးကမ္ဘာက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေချိန်မှာ ဥရောပရဲ့အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်တွေထဲက တစ်ဦးကတော့ လွန်ခဲ့တဲ့ ၈ လလောက်က ကိုယ်တိုင်တောင် ဘောလုံးလောကထဲကို ပြန်လာနိုင်မယ်လို့ မယုံနိုင်ခဲ့မှာ သေချာပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၂ ရက်နေ့က အဲရစ်ဆင်ဟာ ကိုပင်ဟေဂင်မြို့မှာ ဖင်လန်နဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ အဖွင့်ပွဲစဉ်မှာ ရုတ်တရက်နှလုံးရပ်သွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ နှလုံးပြန်လည်လည်ပတ်နိုင်မယ့် နှလုံးစက် ထည့်သွင်းခဲ့မှု အောင်မြင်ခဲ့ပြီး အဲဒီအချိန်မှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝထက် နောက်ထပ်တစ်ကြိမ် သာမန်ဘဝနဲ့ နေထိုင်နိုင်ဖို့ကိုသာ အာရုံစိုက်ခဲ့ရတာဖြစ်ပါတယ်။ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ အဲရစ်ဆင်ဟာ မီလန်က ၎င်းရဲ့ တိုက်ခန်းမှာ နိုးလာခဲ့ပြီးနောက် မနက်စာစားခဲ့ပြီး ပရိသတ် ၄၀၀၀ ဝင်ဆံ့တဲ့ ဆွစ်ဇာလန် တတိယတန်းမှာ ယှဉ်ပြိုင်နေတဲ့ ခီအာဆိုအသင်းအိမ်ကွင်း Stadio Comunale ကို တစ်နာရီကြာ ကားနဲ့ သွားခဲ့ပါတယ်။

ခီအာဆိုအသင်းဟာ အဲရစ်ဆင်ရဲ့အသင်းဟောင်း အင်တာမီလန်အသင်းနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့အသင်းဖြစ်ပြီး အဲရစ်ဆင်ရဲ့ ပြန်လည်ထူထောင်ရေးကို ကူညီဖို့အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ပဲ လက်ခံခဲ့ပါတယ်။ ခီအာဆိုအသင်းအိမ်ကွင်းမှာ အဲရစ်ဆင်ဟာ ကွင်းထဲမှာ တစ်ဦးတည်း လေ့ကျင့်ခဲ့ပြီး ၎င်းရဲ့ အတွေးထဲမှာ ပရီးမီးယားလိဂ်လို ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ်ဘောလုံးလောကကို ပြန်လည်ဝင်ရောက်နိုင်ဖို့ ပန်းတိုင်တစ်ခုတည်း ထားခဲ့မှာဖြစ်ပါတယ်။

ခီအာဆိုအသင်းဟာ တစ်ဦးချင်းကြံ့ခိုင်ရေး လေ့ကျင့်ပေးသူနဲ့အတူ အမျိုးမျိုးသော လေ့ကျင့်ရေးတွေ လုပ်ဆောင်နေသလို gym မှာ ကြံ့ခိုင်မှုလေ့ကျင့်ရေးတွေ လုပ်ဆောင်နေတဲ့ အဲရစ်ဆင်ကို အသီးအနှံတွေနဲ့ အခြား စားသောက်စရာတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

အဲရစ်ဆင် လုပ်ဆောင်နေတဲ့ နည်းလမ်းဟာ ထူးခြားတဲ့ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့ လိုအပ်ပြီး ဒိန်းမတ်ကွင်းလယ်ကစားသမားဟာ ၎င်းကိုယ်၎င်း စမ်းသပ်ဖို့အတွက် ယှဉ်ပြိုင်ကစားရမယ့်သူလည်းမရှိ၊ အထင်ကြီးအောင်လုပ်ပြရမယ့် နည်းပြလည်း မရှိသလို ၎င်းအနေနဲ့ ဂရုစိုက်ရမယ့် စာချုပ်လည်း ရှိမနေတာဖြစ်ပါတယ်။

အိုင်းယက်စ်၊ တော့တင်ဟမ်ဟော့စပါး၊ အင်တာမီလန်တို့မှာ ကစားခဲ့တဲ့ အဲရစ်ဆင်အတွက် ငွေကြေးက လုံလုံလောက်လောက် ချမ်းသာကြွယ်ဝပြီး အသင်းတွေကို ဆွဲဆောင်နိုင်မယ့် အာမခံချက်မျိုးမရှိတဲ့အချိန်မှာ ၎င်းရဲ့အကောင်းဆုံးကြံ့ခိုင်မှုအနေအထားကို ပြန်လည်ရရှိဖို့အတွက် ကိုယ့်ကိုကိုယ်အားပေးနေရတာက သိပ်တော့ လွယ်ကူတဲ့ကိစ္စမဟုတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲရစ်ဆင်ဟာ ၎င်းရဲ့ အကောင်းဆုံးကြံ့ခိုင်မှုအခြေအနေ ပြန်လည်ရရှိအောင် လုပ်နိုင်ခဲ့ပြီး တစ်ချိန်မဟုတ် တစ်ချိန်တော့ ပြန်လည်ကစားနိုင်မယ်လို့ ယုံကြည်ထားခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် စပါးစ်ကြယ်ပွင့်ဟောင်းဟာ ၂၀၂၀ နွေဦးတုန်းက ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းကာလအတွင်း သာမန်မဟုတ်တဲ့အခြေအနေမှာ လေ့ကျင့်ရေး ပြုလုပ်ခဲ့ဖူးသူဖြစ်ပြီး ကိုမို ရေကန်အနီးက အင်တာမီလန်ရဲ့ လေ့ကျင့်ရေးစင်တာမှာ နေပြီး မြေအောက်ကားပါကင်မှာ အပြေးလေ့ကျင့်ရင်း ကြံ့ခိုင်မှုကို ထိန်းသိမ်းခဲ့သူ ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ခရစ္စမတ်မတိုင်ခင်မှာ နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်မှုပြင်းထန်တဲ့ အားကစားပြိုင်ပွဲတွေမှာ ကစားနိုင်မလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် အပြည့်အဝ ဆေးစစ်မှုတွေ ဆက်တိုက် ခံယူခဲ့ရတာဖြစ်ပါတယ်။ “ရလဒ်တွေက အရမ်းကောင်းမွန်ခဲ့တဲ့အတွက် ကျွန်တော်တို့ သူ့ကို ဇန်နဝါရီလ အသင်းလိုက်လေ့ကျင့်ရေးမှာ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်မှန်းခဲ့ပါတယ်”လို့ အဲရစ်ဆင်ရဲ့အေးဂျင့်က ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ဥရောပတလွှားနဲ့ ဥရောပပြင်ပက ကလပ်အသင်းတွေဆီကနေ စိတ်ဝင်စားမှုတွေ စတင်ပြီး တိုးတက်လာခဲ့တာဖြစ်ပြီး အီတလီဥပဒေမှာ နှလုံးစက် ထည့်သွင်းထားတဲ့ အရွယ်ရောက်ပြီးသူတွေကို အားကစားပြိုင်ပွဲမှာ ပါဝင်ကစားခွင့် တားမြစ်ထားတာကြောင့် အဲရစ်ဆင်ရဲ့ အင်တာမီလန်နဲ့ စာချုပ်ဟာ ခရစ္စမတ်မတိုင်ခင်ကတည်းက ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ဟော်လန်၊ ဒိန်းမတ်နဲ့ အင်္ဂလန်က ကလပ်အသင်းတွေဟာ ပထမဆုံးစိတ်ဝင်စားမှုကို ပြသခဲ့တာဖြစ်ပြီး နောက်ထပ် စိတ်ဝင်စားမှု ပြသလာခဲ့တာကတော့ ဂျာမနီ၊ ယူအက်စ်အေ၊ ဘရာဇီးလ်ကလပ်အသင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲရစ်ဆင်ဟာ ၎င်းရဲ့ ကစားသမားဘဝကို အင်္ဂလန်မှာ ပြန်လည်အသက်သွင်းဖို့ကို အမြဲတမ်း ပထမဦးစားပေးရွေးချယ်မှုအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပြီး စပါးစ်မှာ ၆ နှစ်ခွဲကြာ ကစားခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဖန်တီးရှင်တွေထဲက တစ်ဦးဖြစ်လာခဲ့သလို မြောက်လန်ဒန် ဟမ့်ပ်စတက်ဒ်မှာလည်း အိမ်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ဒိန်းမတ် ယူ-၁၇ အသင်းအတွက် ကစားပေးခဲ့တဲ့အချိန်ကတည်းက ဘရန့်တ်ဖို့ဒ်နည်းပြနဲ့ အလုပ်အတူတူလုပ်ခဲ့ဖူးတာကြောင့် သောမတ်စ် ဖရန့်ခ်ကို ကောင်းကောင်း သိခဲ့သူဖြစ်ပြီး ပထမအသင်းထဲမှာ ဒိန်းမတ်ကစားသမား ၇ ဦးအထိ ပါဝင်နေမှုက ဘရန့်တ်ဖို့ဒ်အသင်းကို ယုတ္တိတန်တဲ့ လားရာဖြစ်စေခဲ့ပါတယ်။

စာချုပ်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ဘာနှောင်ကြိုးတွေမှ မချည်ထားတဲ့ ရာသီကုန်အထိ သဘောတူညီမှု ဖြစ်တာကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေက ချောချောမွေ့မွေ့ပဲ တိုးတက်ခဲ့တာဖြစ်ပြီး အဲရစ်ဆင်ရော ဘရန့်တ်ဖို့ဒ်အသင်းကပါ နှလုံးအထူးကုပါမောက္ခ ဆန်ဂျေး ရှာမာနဲ့ တစ်ချိန်လုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒိန်းမတ်လက်ရွေးစင်ကြယ်ပွင့်ဟာ အသင်းလက်မဲ့ဖြစ်နေတာတောင်မှပဲ ဘရန့်တ်ဖို့ဒ်အသင်းက အပြောင်းအရွှေ့စျေးကွက် အဆုံးမှ အဲရစ်ဆင်ကို ခေါ်ယူချင်ခဲ့တာကြောင့် ၎င်းတို့ရဲ့ ပရီးမီးယားလိဂ် ၂၅ ဦးပဏာမလူစာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။ “ခရစ်ရှန် အဲရစ်ဆင်ရဲ့ ဘောလုံးလောကကို ပြန်လာနိုင်မှုက ရှေ့ဆောင်လမ်းပြတစ်ခုဖြစ်ပါတယ်။ သူက ကျွန်တော် သိသလောက်တော့ ပရီးမီးယားလိဂ်မှာ နှလုံးစက်ထည့်ပြီးကစားတဲ့ ပထမဆုံးကစားသမားဖြစ်လာမှာပါ။ သူက အချို့အားကစားတွေနဲ့မတူတဲ့ အလွန်မြင်သာပြီး တော်တော်လေး ဘေးကင်းတဲ့ ပတ်ဝန်းကျင်မှာ ကစားနေတာပါ။ အထူးသဖြင့် သူ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ အနီးကပ်စောင့်ကြည့်နေတဲ့ ပတ်ဝန်းကျင်မှာ သူ ပါဝင်ယှဉ်ပြိုင်သွားမှာပါ”

“သူ့ပတ်ပတ်လည်မှာ လူတွေအများကြီး ရှိနေမှာဖြစ်ပြီး နှလုံးစက်ကို အရန်အနေနဲ့ သူ ထည့်ထားတယ်ဆိုတာ မှန်ပါတယ်။ သူ့ကို ကလပ်အသင်းနဲ့ အထူးကျွမ်းကျင်တဲ့ နှလုံးဆရာဝန်ကြီးတွေကလည်း အနီးကပ် စောင့်ကြည့်နေမယ်ဆိုတာ ကျွန်တော် သိပါတယ်”လို့ မန်စီးတီး၊ လိဒ်စ်၊ မန်ချက်စတာယူနိုက်တက်တို့အပါအဝင် အသင်းတွေအတွက် နှလုံးအထူးကုဆရာဝန်အဖြစ် ဦးဆောင်နေတဲ့ ပရော်ဖက်ဆာ အနေးလ် မယ်လ်ဟိုသရာက ပြောကြားခဲ့ပါတယ်။

အဲရစ်ဆင်ရဲ့ ခီအာဆိုအသင်းမှာ လေ့ကျင့်ရေးဆင်းခဲ့တယ်ဆိုတဲ့အကြောင်းကို တကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားတာဟာ ဂိုးအပေါ်ထောင့်ကို အလွတ်တည်ကန်ဘော ကန်သွင်းတာ လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်ကို ၎င်းရဲ့ လူမှုကွန်ရက်ချန်နယ်တွေမှာ တင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတုန်းက နှလုံးရပ်လဲကျခဲ့ပြီးနောက်မှာတော့ အနည်းငယ်ကသာ လာမယ့်အပတ်မတိုင်မီ ပရီးမီးယားလိဂ်မှာ အဲရစ်ဆင်ပြန်ကစားနိုင်မယ်ဆိုတာကို လောင်းကြေးထပ်ခဲ့ကြမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အီတလီနယ္စပ္ကေန ေက်ာက္ခဲတစ္ပစ္စာေလာက္သာ ေဝးတဲ့ ဆြစ္ဇာလန္နိုင္ငံ ေတာင္ဘက္အစြန္းမွာရွိတဲ့ ခီအာဆိုၿမိဳ႕ေလးဟာ အားကစားေလာကရဲ့ အႀကီးက်ယ္ဆုံးဇာတ္လမ္းေတြထဲက တစ္ခု အစျပဳရာလို႔ ေျပာရင္ ယုံနိုင္မွာ မဟုတ္ပါဘူး။

ေဘာလုံးကမၻာက ပုံမွန္အတိုင္း ဆက္လက္လည္ပတ္ေနခ်ိန္မွာ ဥေရာပရဲ့အေကာင္းဆုံး ကြင္းလယ္ဖန္တီးရွင္ေတြထဲက တစ္ဦးကေတာ့ လြန္ခဲ့တဲ့ ၈ လေလာက္က ကိုယ္တိုင္ေတာင္ ေဘာလုံးေလာကထဲကို ျပန္လာနိုင္မယ္လို႔ မယုံနိုင္ခဲ့မွာ ေသခ်ာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လ ၁၂ ရက္ေန႔က အဲရစ္ဆင္ဟာ ကိုပင္ေဟဂင္ၿမိဳ႕မွာ ဖင္လန္နဲ႔ ကစားခဲ့တဲ့ ယူရို ၂၀၂၀ အဖြင့္ပြဲစဥ္မွာ ႐ုတ္တရက္ႏွလုံးရပ္သြားခဲ့ၿပီး ကံေကာင္းေထာက္မစြာနဲ႔ အသက္ရွင္ခဲ့တာျဖစ္ပါတယ္။

အဲရစ္ဆင္ဟာ ႏွလုံးျပန္လည္လည္ပတ္နိုင္မယ့္ ႏွလုံးစက္ ထည့္သြင္းခဲ့မႈ ေအာင္ျမင္ခဲ့ၿပီး အဲဒီအခ်ိန္မွာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝထက္ ေနာက္ထပ္တစ္ႀကိမ္ သာမန္ဘဝနဲ႔ ေနထိုင္နိုင္ဖို႔ကိုသာ အာ႐ုံစိုက္ခဲ့ရတာျဖစ္ပါတယ္။ ဒီဇင္ဘာလ ေနာက္ဆုံးအပတ္မွာ အဲရစ္ဆင္ဟာ မီလန္က ၎ရဲ့ တိုက္ခန္းမွာ နိုးလာခဲ့ၿပီးေနာက္ မနက္စာစားခဲ့ၿပီး ပရိသတ္ ၄၀၀၀ ဝင္ဆံ့တဲ့ ဆြစ္ဇာလန္ တတိယတန္းမွာ ယွဥ္ၿပိဳင္ေနတဲ့ ခီအာဆိုအသင္းအိမ္ကြင္း Stadio Comunale ကို တစ္နာရီၾကာ ကားနဲ႔ သြားခဲ့ပါတယ္။

ခီအာဆိုအသင္းဟာ အဲရစ္ဆင္ရဲ့အသင္းေဟာင္း အင္တာမီလန္အသင္းနဲ႔ ခိုင္မာတဲ့ဆက္ဆံေရးရွိတဲ့အသင္းျဖစ္ၿပီး အဲရစ္ဆင္ရဲ့ ျပန္လည္ထူေထာင္ေရးကို ကူညီဖို႔အတြက္ ဝမ္းေျမာက္ဝမ္းသာနဲ႔ပဲ လက္ခံခဲ့ပါတယ္။ ခီအာဆိုအသင္းအိမ္ကြင္းမွာ အဲရစ္ဆင္ဟာ ကြင္းထဲမွာ တစ္ဦးတည္း ေလ့က်င့္ခဲ့ၿပီး ၎ရဲ့ အေတြးထဲမွာ ပရီးမီးယားလိဂ္လို ထိပ္တန္းအဆင့္ ပေရာ္ဖက္ရွင္နယ္ေဘာလုံးေလာကကို ျပန္လည္ဝင္ေရာက္နိုင္ဖို႔ ပန္းတိုင္တစ္ခုတည္း ထားခဲ့မွာျဖစ္ပါတယ္။

ခီအာဆိုအသင္းဟာ တစ္ဦးခ်င္းႀကံ့ခိုင္ေရး ေလ့က်င့္ေပးသူနဲ႔အတူ အမ်ိဳးမ်ိဳးေသာ ေလ့က်င့္ေရးေတြ လုပ္ေဆာင္ေနသလို gym မွာ ႀကံ့ခိုင္မႈေလ့က်င့္ေရးေတြ လုပ္ေဆာင္ေနတဲ့ အဲရစ္ဆင္ကို အသီးအႏွံေတြနဲ႔ အျခား စားေသာက္စရာေတြကို ေထာက္ပံ့ေပးခဲ့ပါတယ္။

အဲရစ္ဆင္ လုပ္ေဆာင္ေနတဲ့ နည္းလမ္းဟာ ထူးျခားတဲ့ ကိုယ္ပိုင္စည္းမ်ဥ္းစည္းကမ္းေတြ ရွိဖို႔ လိုအပ္ၿပီး ဒိန္းမတ္ကြင္းလယ္ကစားသမားဟာ ၎ကိုယ္၎ စမ္းသပ္ဖို႔အတြက္ ယွဥ္ၿပိဳင္ကစားရမယ့္သူလည္းမရွိ၊ အထင္ႀကီးေအာင္လုပ္ျပရမယ့္ နည္းျပလည္း မရွိသလို ၎အေနနဲ႔ ဂ႐ုစိုက္ရမယ့္ စာခ်ဳပ္လည္း ရွိမေနတာျဖစ္ပါတယ္။

အိုင္းယက္စ္၊ ေတာ့တင္ဟမ္ေဟာ့စပါး၊ အင္တာမီလန္တို႔မွာ ကစားခဲ့တဲ့ အဲရစ္ဆင္အတြက္ ေငြေၾကးက လုံလုံေလာက္ေလာက္ ခ်မ္းသာႂကြယ္ဝၿပီး အသင္းေတြကို ဆြဲေဆာင္နိုင္မယ့္ အာမခံခ်က္မ်ိဳးမရွိတဲ့အခ်ိန္မွာ ၎ရဲ့အေကာင္းဆုံးႀကံ့ခိုင္မႈအေနအထားကို ျပန္လည္ရရွိဖို႔အတြက္ ကိုယ့္ကိုကိုယ္အားေပးေနရတာက သိပ္ေတာ့ လြယ္ကူတဲ့ကိစၥမဟုတ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲရစ္ဆင္ဟာ ၎ရဲ့ အေကာင္းဆုံးႀကံ့ခိုင္မႈအေျခအေန ျပန္လည္ရရွိေအာင္ လုပ္နိုင္ခဲ့ၿပီး တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ေတာ့ ျပန္လည္ကစားနိုင္မယ္လို႔ ယုံၾကည္ထားခဲ့တာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ စပါးစ္ၾကယ္ပြင့္ေဟာင္းဟာ ၂၀၂၀ ေႏြဦးတုန္းက ပထမဆုံးအႀကိမ္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေလာ့ခ္ေဒါင္းကာလအတြင္း သာမန္မဟုတ္တဲ့အေျခအေနမွာ ေလ့က်င့္ေရး ျပဳလုပ္ခဲ့ဖူးသူျဖစ္ၿပီး ကိုမို ေရကန္အနီးက အင္တာမီလန္ရဲ့ ေလ့က်င့္ေရးစင္တာမွာ ေနၿပီး ေျမေအာက္ကားပါကင္မွာ အေျပးေလ့က်င့္ရင္း ႀကံ့ခိုင္မႈကို ထိန္းသိမ္းခဲ့သူ ျဖစ္ပါတယ္။

အဲရစ္ဆင္ဟာ ခရစၥမတ္မတိုင္ခင္မွာ ေနာက္ထပ္တစ္ႀကိမ္ ယွဥ္ၿပိဳင္မႈျပင္းထန္တဲ့ အားကစားၿပိဳင္ပြဲေတြမွာ ကစားနိုင္မလားဆိုတာကို ဆုံးျဖတ္နိုင္ဖို႔အတြက္ အျပည့္အဝ ေဆးစစ္မႈေတြ ဆက္တိုက္ ခံယူခဲ့ရတာျဖစ္ပါတယ္။ “ရလဒ္ေတြက အရမ္းေကာင္းမြန္ခဲ့တဲ့အတြက္ ကၽြန္ေတာ္တို႔ သူ႔ကို ဇန္နဝါရီလ အသင္းလိုက္ေလ့က်င့္ေရးမွာ ပါဝင္နိုင္လိမ့္မယ္လို႔ ေမၽွာ္မွန္းခဲ့ပါတယ္”လို႔ အဲရစ္ဆင္ရဲ့ေအးဂ်င့္က ေျပာၾကားခဲ့ပါတယ္။

အဲဒီအခ်ိန္မွာပဲ ဥေရာပတလႊားနဲ႔ ဥေရာပျပင္ပက ကလပ္အသင္းေတြဆီကေန စိတ္ဝင္စားမႈေတြ စတင္ၿပီး တိုးတက္လာခဲ့တာျဖစ္ၿပီး အီတလီဥပေဒမွာ ႏွလုံးစက္ ထည့္သြင္းထားတဲ့ အရြယ္ေရာက္ၿပီးသူေတြကို အားကစားၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ တားျမစ္ထားတာေၾကာင့္ အဲရစ္ဆင္ရဲ့ အင္တာမီလန္နဲ႔ စာခ်ဳပ္ဟာ ခရစၥမတ္မတိုင္ခင္ကတည္းက ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။

ေဟာ္လန္၊ ဒိန္းမတ္နဲ႔ အဂၤလန္က ကလပ္အသင္းေတြဟာ ပထမဆုံးစိတ္ဝင္စားမႈကို ျပသခဲ့တာျဖစ္ၿပီး ေနာက္ထပ္ စိတ္ဝင္စားမႈ ျပသလာခဲ့တာကေတာ့ ဂ်ာမနီ၊ ယူအက္စ္ေအ၊ ဘရာဇီးလ္ကလပ္အသင္းေတြ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲရစ္ဆင္ဟာ ၎ရဲ့ ကစားသမားဘဝကို အဂၤလန္မွာ ျပန္လည္အသက္သြင္းဖို႔ကို အျမဲတမ္း ပထမဦးစားေပးေရြးခ်ယ္မႈအျဖစ္ သတ္မွတ္ထားခဲ့တာျဖစ္ၿပီး စပါးစ္မွာ ၆ ႏွစ္ခြဲၾကာ ကစားခဲ့တဲ့ ဒိန္းမတ္ကြင္းလယ္ၾကယ္ပြင့္ဟာ ပရီးမီးယားလိဂ္ရဲ့အေကာင္းဆုံးဖန္တီးရွင္ေတြထဲက တစ္ဦးျဖစ္လာခဲ့သလို ေျမာက္လန္ဒန္ ဟမ့္ပ္စတက္ဒ္မွာလည္း အိမ္ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

အဲရစ္ဆင္ဟာ ဒိန္းမတ္ ယူ-၁၇ အသင္းအတြက္ ကစားေပးခဲ့တဲ့အခ်ိန္ကတည္းက ဘရန႔္တ္ဖို႔ဒ္နည္းျပနဲ႔ အလုပ္အတူတူလုပ္ခဲ့ဖူးတာေၾကာင့္ ေသာမတ္စ္ ဖရန႔္ခ္ကို ေကာင္းေကာင္း သိခဲ့သူျဖစ္ၿပီး ပထမအသင္းထဲမွာ ဒိန္းမတ္ကစားသမား ၇ ဦးအထိ ပါဝင္ေနမႈက ဘရန႔္တ္ဖို႔ဒ္အသင္းကို ယုတၱိတန္တဲ့ လားရာျဖစ္ေစခဲ့ပါတယ္။

စာခ်ဳပ္ပိုင္းကို ၾကည့္မယ္ဆိုရင္လည္း ဘာေႏွာင္ႀကိဳးေတြမွ မခ်ည္ထားတဲ့ ရာသီကုန္အထိ သေဘာတူညီမႈ ျဖစ္တာေၾကာင့္ ေဆြးေႏြးညႇိႏွိုင္းမႈေတြက ေခ်ာေခ်ာေမြ႕ေမြ႕ပဲ တိုးတက္ခဲ့တာျဖစ္ၿပီး အဲရစ္ဆင္ေရာ ဘရန႔္တ္ဖို႔ဒ္အသင္းကပါ ႏွလုံးအထူးကုပါေမာကၡ ဆန္ေဂ်း ရွာမာနဲ႔ တစ္ခ်ိန္လုံး ပူးေပါင္းေဆာင္ရြက္ခဲ့ၾကတာျဖစ္ပါတယ္။

ဒိန္းမတ္လက္ေရြးစင္ၾကယ္ပြင့္ဟာ အသင္းလက္မဲ့ျဖစ္ေနတာေတာင္မွပဲ ဘရန႔္တ္ဖို႔ဒ္အသင္းက အေျပာင္းအေရႊ႕ေစ်းကြက္ အဆုံးမွ အဲရစ္ဆင္ကို ေခၚယူခ်င္ခဲ့တာေၾကာင့္ ၎တို႔ရဲ့ ပရီးမီးယားလိဂ္ ၂၅ ဦးပဏာမလူစာရင္းမွာ ပါဝင္နိုင္ခဲ့ပါတယ္။ “ခရစ္ရွန္ အဲရစ္ဆင္ရဲ့ ေဘာလုံးေလာကကို ျပန္လာနိုင္မႈက ေရွ႕ေဆာင္လမ္းျပတစ္ခုျဖစ္ပါတယ္။ သူက ကၽြန္ေတာ္ သိသေလာက္ေတာ့ ပရီးမီးယားလိဂ္မွာ ႏွလုံးစက္ထည့္ၿပီးကစားတဲ့ ပထမဆုံးကစားသမားျဖစ္လာမွာပါ။ သူက အခ်ိဳ႕အားကစားေတြနဲ႔မတူတဲ့ အလြန္ျမင္သာၿပီး ေတာ္ေတာ္ေလး ေဘးကင္းတဲ့ ပတ္ဝန္းက်င္မွာ ကစားေနတာပါ။ အထူးသျဖင့္ သူ ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္မွာ အနီးကပ္ေစာင့္ၾကည့္ေနတဲ့ ပတ္ဝန္းက်င္မွာ သူ ပါဝင္ယွဥ္ၿပိဳင္သြားမွာပါ”

“သူ႔ပတ္ပတ္လည္မွာ လူေတြအမ်ားႀကီး ရွိေနမွာျဖစ္ၿပီး ႏွလုံးစက္ကို အရန္အေနနဲ႔ သူ ထည့္ထားတယ္ဆိုတာ မွန္ပါတယ္။ သူ႔ကို ကလပ္အသင္းနဲ႔ အထူးကၽြမ္းက်င္တဲ့ ႏွလုံးဆရာဝန္ႀကီးေတြကလည္း အနီးကပ္ ေစာင့္ၾကည့္ေနမယ္ဆိုတာ ကၽြန္ေတာ္ သိပါတယ္”လို႔ မန္စီးတီး၊ လိဒ္စ္၊ မန္ခ်က္စတာယူနိုက္တက္တို႔အပါအဝင္ အသင္းေတြအတြက္ ႏွလုံးအထူးကုဆရာဝန္အျဖစ္ ဦးေဆာင္ေနတဲ့ ပေရာ္ဖက္ဆာ အေနးလ္ မယ္လ္ဟိုသရာက ေျပာၾကားခဲ့ပါတယ္။

အဲရစ္ဆင္ရဲ့ ခီအာဆိုအသင္းမွာ ေလ့က်င့္ေရးဆင္းခဲ့တယ္ဆိုတဲ့အေၾကာင္းကို တကမၻာလုံး က်ယ္က်ယ္ျပန႔္ျပန႔္ သိရွိသြားတာဟာ ဂိုးအေပၚေထာင့္ကို အလြတ္တည္ကန္ေဘာ ကန္သြင္းတာ ေလ့က်င့္ေနတဲ့ ဗီဒီယိုဖိုင္ကို ၎ရဲ့ လူမႈကြန္ရက္ခ်န္နယ္ေတြမွာ တင္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လကတုန္းက ႏွလုံးရပ္လဲက်ခဲ့ၿပီးေနာက္မွာေတာ့ အနည္းငယ္ကသာ လာမယ့္အပတ္မတိုင္မီ ပရီးမီးယားလိဂ္မွာ အဲရစ္ဆင္ျပန္ကစားနိုင္မယ္ဆိုတာကို ေလာင္းေၾကးထပ္ခဲ့ၾကမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.