La Liga Ligue1

ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ ထိတ်လန့်ဖို့ကောင်းတဲ့ လစာပမာဏနဲ့ ကမ်းလှမ်းခြင်းခံထားရတဲ့ အမ်ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ယခုရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ထိတ်လန့်စရာကောင်းတဲ့ လစာပမာဏကို ရရှိမှာ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်တိုက်စစ်မှူးရဲ့ ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ယခုလာမယ့် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက ပြည်ပကလပ်အသင်းတွေနဲ့ စကားပြောဆိုခွင့် ရရှိနေခဲ့တာဖြစ်ပါတယ်။ ဂျာမန်သတင်းဌာန BILD ရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ လက်ရှိမှာတော့ ယခုရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီလိုက်ပြီလို့ သိရပါတယ်။

အမ်ဘာပေဟာ မယုံနိုင်ဖွယ်ကောင်းတဲ့ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၅၀(အခွန်မဆောင်မီ) အထိ တန်ကြေးရှိတဲ့ စာချုပ် ကမ်းလှမ်းခြင်း ခံရတော့မှာဖြစ်ပြီး အခြေခံလစာတစ်ခုတည်းနဲ့တင် ကမ္ဘာပေါ်မှာ လစာအများဆုံးရရှိတဲ့ ကစားသမားဖြစ်လာတော့မှာ ဖြစပါတယ်။ အမ်ဘာပေရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်အရ တစ်ရက်ကို ယူရို ၁၃၇၀၀၀ ဝန်းကျင် ရရှိမှာဖြစ်ပြီး တစက္ကန့်တိုင်းမှာ ၁.၅၈ ယူရို ရရှိနေမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နှစ်က အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် နောက်ဆုံးမှာတော့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရိုနယ်လ်ဒိုက ပြင်သစ်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အီတလီဂန္တဝင်တိုက်စစ်မှူး ခရစ်ရှန် ဗီယာရီရဲ့ Twitch ချန်နယ်ဖြစ်တဲ့ Bobo Tv နဲ့ အင်တာဗျူးအစီအစဉ်မှာ ရိုနယ်လ်ဒိုက ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူး ၃ ဦးထဲက တစ်ဦးအဖြစ် အမ်ဘာပေကို ထည့်သွင်းခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်အမြင်မှာတော့ ဘန်ဇီးမားဖြစ်ပေမယ့် လီဗန်ဒေါ့ဗ်စကီးကလည်း အရမ်းနီးစပ်နေပါတယ်။ ဟာလန်းက အရမ်းအားကောင်းလာမှာဖြစ်ပြီး နံပါတ် ၁ တောင်မှ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူက ထိပ်တန်း ၂ ဦးရဲ့ နည်းစနစ်ပိုင်း ကောင်းမွန်မှုမျိုး မရှိပါဘူး”

ရိုနယ်လ်ဒိုက ပြီးတဲ့နောက်မှာ ဘတ်ပီနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပြီး ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူး ဖြစ်လာနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ကစားသမားလို့ ပြောဆိုခဲ့ပါတယ်။ ရိုနယ်လ်ဒိုက အမ်ဘာပေ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့မယ့်ကိစ္စကိုလည်း ပြောကြားသွားခဲ့ပြီး လစာပမာဏသတ်မှတ်မှုဟာ လက်ရှိမှာ ကစားသမားရဲ့အရည်အချင်းအပေါ်မူတည်ပြီး တန်ဖိုးသတ်မှတ်ခြင်း ခံရတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူက အရမ်းသန်မာတယ်။ သူ့ကို နံပါတ် ၁ ဖြစ်လာဖို့အတွက် ခေါ်ဆောင်သွားနိုင်တဲ့ ဂိုးရှေ့မှာဆိုရင် လျင်မြန်မှုနဲ့ အေးစက်စက်နိုင်မှုမျိုး ရှိနေပါတယ်။ သူ ရီးရဲလ်မက်ဒရစ်ကို ပြောင်းပြီး တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၅၀ ရမယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော် ဖတ်လိုက်ရပါတယ်။ ကျွန်တော်တို့(၎င်းနဲ့ တစ်ခေတ်တည်းကစားခဲ့သူများ)တွေက မှားယွင်းတဲ့ မျိုးဆက်ထဲမှာ ရောက်ခဲ့ကြတာပါ။ ဘောလုံးနယ်ပယ်က အများကြီး ကြီးထွားလာနေပြီဖြစ်လို့ ကြယ်ပွင့်တွေအနေနဲ့ ပိုက်ဆံတွေ ပိုပြီး ရလာမှပဲ မျှတပါလိမ့်မယ်”

“ဒီနေ့မှာ အဲဒီလိုမျိုး မျှတမှုတွေ ရှိနေတယ်ဆိုရင် ကျွန်တော်တို့တုန်းက လုပ်ခဲ့သလိုပဲ သူတို့ကို အဲဒီလို လုပ်ရလောက်အောင် တွန်းအားပေးနိုင်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၂၈ ပွဲ ပါဝင်ကစားပေးထားရာမှာ ၁၉ ဂိုး သွင်းယူပေးထားပြီး အသင်းဖော်တွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ နေမာတို့ထက်တောင် သွင်းဂိုးအရေအတွက်က ကျော်လွန်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ ယခုရာသီကုန္မွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ခဲ့မယ္ဆိုရင္ ထိတ္လန႔္စရာေကာင္းတဲ့ လစာပမာဏကို ရရွိမွာ ျဖစ္ပါတယ္။

ျပင္သစ္လက္ေရြးစင္ၾကယ္ပြင့္တိုက္စစ္မႉးရဲ့ ပီအက္စ္ဂ်ီနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ ယခုလာမယ့္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဇန္နဝါရီလ ၁ ရက္ေန႔ကတည္းက ျပည္ပကလပ္အသင္းေတြနဲ႔ စကားေျပာဆိုခြင့္ ရရွိေနခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္သတင္းဌာန BILD ရဲ့ ေဖာ္ျပခ်က္အရ အမ္ဘာေပဟာ လက္ရွိမွာေတာ့ ယခုရာသီကုန္မွာ ရီးရဲလ္မက္ဒရစ္အသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီလိုက္ၿပီလို႔ သိရပါတယ္။

အမ္ဘာေပဟာ မယုံနိုင္ဖြယ္ေကာင္းတဲ့ တစ္ႏွစ္လုပ္ခလစာ ယူရိုသန္း ၅၀(အခြန္မေဆာင္မီ) အထိ တန္ေၾကးရွိတဲ့ စာခ်ဳပ္ ကမ္းလွမ္းျခင္း ခံရေတာ့မွာျဖစ္ၿပီး အေျခခံလစာတစ္ခုတည္းနဲ႔တင္ ကမၻာေပၚမွာ လစာအမ်ားဆုံးရရွိတဲ့ ကစားသမားျဖစ္လာေတာ့မွာ ျဖစပါတယ္။ အမ္ဘာေပရဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္အရ တစ္ရက္ကို ယူရို ၁၃၇၀၀၀ ဝန္းက်င္ ရရွိမွာျဖစ္ၿပီး တစကၠန႔္တိုင္းမွာ ၁.၅၈ ယူရို ရရွိေနမွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ၿပီးခဲ့တဲ့ႏွစ္က အမ္ဘာေပကို ေခၚယူဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့တဲ့ေနာက္ ေနာက္ဆုံးမွာေတာ့ ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးကို ေခၚယူနိုင္ေတာ့မွာ ျဖစ္ပါတယ္။ အမ္ဘာေပဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉး ရိုနယ္လ္ဒိုက ျပင္သစ္တိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး ခန႔္မွန္းေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

အီတလီဂႏၲဝင္တိုက္စစ္မႉး ခရစ္ရွန္ ဗီယာရီရဲ့ Twitch ခ်န္နယ္ျဖစ္တဲ့ Bobo Tv နဲ႔ အင္တာဗ်ဴးအစီအစဥ္မွာ ရိုနယ္လ္ဒိုက ကမၻာေပၚက အေကာင္းဆုံးတိုက္စစ္မႉး ၃ ဦးထဲက တစ္ဦးအျဖစ္ အမ္ဘာေပကို ထည့္သြင္းခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ့္အျမင္မွာေတာ့ ဘန္ဇီးမားျဖစ္ေပမယ့္ လီဗန္ေဒါ့ဗ္စကီးကလည္း အရမ္းနီးစပ္ေနပါတယ္။ ဟာလန္းက အရမ္းအားေကာင္းလာမွာျဖစ္ၿပီး နံပါတ္ ၁ ေတာင္မွ ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ သူက ထိပ္တန္း ၂ ဦးရဲ့ နည္းစနစ္ပိုင္း ေကာင္းမြန္မႈမ်ိဳး မရွိပါဘူး”

ရိုနယ္လ္ဒိုက ၿပီးတဲ့ေနာက္မွာ ဘတ္ပီနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ၿပီး ကမၻာေပၚက အေကာင္းဆုံးတိုက္စစ္မႉး ျဖစ္လာနိုင္တဲ့ လမ္းေၾကာင္းေပၚမွာ ရွိေနတဲ့ ကစားသမားလို႔ ေျပာဆိုခဲ့ပါတယ္။ ရိုနယ္လ္ဒိုက အမ္ဘာေပ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕မယ့္ကိစၥကိုလည္း ေျပာၾကားသြားခဲ့ၿပီး လစာပမာဏသတ္မွတ္မႈဟာ လက္ရွိမွာ ကစားသမားရဲ့အရည္အခ်င္းအေပၚမူတည္ၿပီး တန္ဖိုးသတ္မွတ္ျခင္း ခံရတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူက အရမ္းသန္မာတယ္။ သူ႔ကို နံပါတ္ ၁ ျဖစ္လာဖို႔အတြက္ ေခၚေဆာင္သြားနိုင္တဲ့ ဂိုးေရွ႕မွာဆိုရင္ လ်င္ျမန္မႈနဲ႔ ေအးစက္စက္နိုင္မႈမ်ိဳး ရွိေနပါတယ္။ သူ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းၿပီး တစ္ႏွစ္လုပ္ခလစာ ယူရိုသန္း ၅၀ ရမယ္ဆိုတဲ့ သတင္းေတြကို ကၽြန္ေတာ္ ဖတ္လိုက္ရပါတယ္။ ကၽြန္ေတာ္တို႔(၎နဲ႔ တစ္ေခတ္တည္းကစားခဲ့သူမ်ား)ေတြက မွားယြင္းတဲ့ မ်ိဳးဆက္ထဲမွာ ေရာက္ခဲ့ၾကတာပါ။ ေဘာလုံးနယ္ပယ္က အမ်ားႀကီး ႀကီးထြားလာေနၿပီျဖစ္လို႔ ၾကယ္ပြင့္ေတြအေနနဲ႔ ပိုက္ဆံေတြ ပိုၿပီး ရလာမွပဲ မၽွတပါလိမ့္မယ္”

“ဒီေန႔မွာ အဲဒီလိုမ်ိဳး မၽွတမႈေတြ ရွိေနတယ္ဆိုရင္ ကၽြန္ေတာ္တို႔တုန္းက လုပ္ခဲ့သလိုပဲ သူတို႔ကို အဲဒီလို လုပ္ရေလာက္ေအာင္ တြန္းအားေပးနိုင္တဲ့ ကစားသမားေတြ ရွိေနတာေၾကာင့္ ျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ အမ္ဘာေပဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္ ၂၈ ပြဲ ပါဝင္ကစားေပးထားရာမွာ ၁၉ ဂိုး သြင္းယူေပးထားၿပီး အသင္းေဖာ္ေတြျဖစ္တဲ့ လီယြန္နယ္ မက္ဆီ၊ ေနမာတို႔ထက္ေတာင္ သြင္းဂိုးအေရအတြက္က ေက်ာ္လြန္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.