Ligue1

မက်ဆီရဲ့အသင်းက အနေအထားနဲ့ပတ်သက်ပြီး စိတ်ထဲခံစားနေရတာတွေကို ပြောပြခဲ့တဲ့ ပိုချက်တီနို

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက လီယွန်နယ် မက်ဆီနဲ့ ခီလီယန် အမ်ဘာပေတို့ဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ ခိုင်မာတဲ့ဆက်ဆံရေးရှိနေကြတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့(ယနေ့)မှာ နိစ်နဲ့ ကစားရမယ့် ပြင်သစ်ဖလားပွဲစဉ်မတိုင်ခင် စကားပြောဆိုရာမှာ ပိုချက်တီနိုက မက်ဆီနဲ့ အမ်ဘာပေတို့ကြားက ဆက်ဆံမှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ “ကစားသမားတွေကြားက ဆက်ဆံရေးဟာ ခံစားချက်နဲ့ သက်ဆိုင်ပြီး ဘောလုံးစွမ်းရည်အပြင် အချိန်နဲ့လည်း သက်ဆိုင်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က လေ့ကျင့်ရေးမှာ ထိပ်တန်းကစားသမား ၂ ဦးကြား တည်ရှိနေတဲ့ ဆက်စပ်ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ အဲဒါက သူတို့တွေ အတူတူ ကစားနေရင်း ဖြစ်လာတဲ့အရာဖြစ်ပြီး သူတို့ရဲ့ပါရမီတွေ တောက်ပဖို့အတွက် အချိန်ယူရပါတယ်။ သူတို့တွေဟာ အရမ်းကောင်းမွန်တဲ့အရာတွေကို ရယူနိုင်တဲ့ အံ့အားသင့်ဖွယ်ကစားသမား ၂ ဦးပါ”

ပိုချက်တီနိုက နိစ်နဲ့ပွဲမှာ လီယွန်နယ် မက်ဆီ ပွဲထွက်ပါဝင်ကစားသွားဖွယ်ရှိတယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပီအက်စ်ဂျီုတိုက်စစ်မှူးဟာ ချီလီ၊ ကိုလံဘီယာတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ကိုဗစ်-၁၉ ကြောင့် တစ်လနီးပါး အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီးနောက် ကြံ့ခိုင်မှု အပြည့်အဝ ပြန်လည်ရရှိဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

“ကိုဗစ်-၁၉ ကြောင့် အသင်းရဲ့ပွဲတွေကို လွဲချော်ခဲ့ပြီးနောက် ဒီအပတ် လေ့ကျင့်ရေးမှာ လီယို မက်ဆီ စွမ်းဆောင်ခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရမ်းကို စိတ်ကျေနပ်မိခဲ့ပါတယ်။ သူ ပြီးခဲ့တဲ့အပတ်တုန်းက နာရီဝက်ကျော်လောက် ကစားခဲ့ပြီး မနက်ဖြန်(ယနေ့)ပွဲအတွက် ပွဲထွက်ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှုရှိနေပြီလို့ ကျွန်တော် ထင်ပါတယ်”

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့အပတ်က ရိမ်းစ်နဲ့ ကစားခဲ့တဲ့ လိဂန်းပွဲစဉ်မှာ ပြန်လည် ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ အရန်ခုံကနေ လူစားဝင်ကစားခဲ့ပေမယ့် ဒုတိယပိုင်း မိနစ် ၃၀ လောက်အထိ ကစားပေးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ၎င်းရဲ့ ခြေစွမ်းအဆင့်အတန်းကြောင့် စိတ်ပျက်ဖွယ်ရာသီကို ရင်ဆိုင်နေခဲ့ရသူဖြစ်ပြီး ယခုရာသီပြိုင်ပွဲစုံ ၁၇ ပွဲမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ အာဂျင်တီးနားတိုက်စစ်မှူးကို ယခုရာသီ ဒုတိယပိုင်းမှာ ၎င်းရဲ့ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နိစ်နဲ့ပွဲမတိုင်ခင် နောက်ဆုံးရ ဒဏ်ရာပြဿနာအခြေအနေကို အသိပေးခဲ့ပြီး စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယို ရာမို့စ်ဟာ ပြီးခဲ့တဲ့အပတ်က ရိမ်းစ်နဲ့ပွဲမှာ ၎င်းရဲ့ ပထမဆုံးလိဂန်းသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် လေ့ကျင့်ရေးမှာ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာဖြစပါတယ်။

ဒီအချိန်မှာပဲ နေမာနဲ့ ဗိုင်နယ်လ်ဒွမ်တို့ ၂ ဦးစလုံးကလည်း ၎င်းတို့ရဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ကြိုးပမ်းနေရဆဲဖြစ်တာကြောင့် နိစ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ တရားဝင်ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ “ဆာဂျီယို ရာမို့စ်က ကြာသပတေးနေ့က လေ့ကျင့်ရေးအစီအစဉ်အတွင်း သူ့ရဲ့ ညာဘက်ခြေသလုံးမှာ အသေးစားကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် အနားယူနေရပြီး ဒီအပတ် အလယ်မှာ ပြန်လည်အကဲဖြတ်သွားမှာပါ”

“ဘယ်ဖက် ခြေချင်းဝတ် အရွတ်စုတ်ပြဲဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေတဲ့ နေမာဟာ အပြေးလေ့ကျင့်ရေး တစ်ကြိမ်အပြည့် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ အချိန်ဇယားတစ်ခုလုံးကို အတည်ပြုနိုင်ဖို့ တနင်္လာနေ့မှာ စစ်ဆေးမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဘယ်ဖက်ခြေချင်ဝတ် အရွတ် တစ်စိတ်တပိုင်း ပျက်စီးထားတဲ့ ဗိုင်နယ်လ်ဒွမ်ဟာ ယခုအပတ်အကုန်မှာ အသင်းလူစာရင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့အတွက် တစ်ဦးချင်း အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေပါတယ်”လို့ ရေးသားထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီနည္းၿပ ပိုခ်က္တီနိုက လီယြန္နယ္ မက္ဆီနဲ႔ ခီလီယန္ အမ္ဘာေပတို႔ဟာ ကြင္းတြင္း၊ ကြင္းျပင္မွာ ခိုင္မာတဲ့ဆက္ဆံေရးရွိေနၾကတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

တနလၤာေန႔(ယေန႔)မွာ နိစ္နဲ႔ ကစားရမယ့္ ျပင္သစ္ဖလားပြဲစဥ္မတိုင္ခင္ စကားေျပာဆိုရာမွာ ပိုခ်က္တီနိုက မက္ဆီနဲ႔ အမ္ဘာေပတို႔ၾကားက ဆက္ဆံမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ “ကစားသမားေတြၾကားက ဆက္ဆံေရးဟာ ခံစားခ်က္နဲ႔ သက္ဆိုင္ၿပီး ေဘာလုံးစြမ္းရည္အျပင္ အခ်ိန္နဲ႔လည္း သက္ဆိုင္ပါတယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္က ေလ့က်င့္ေရးမွာ ထိပ္တန္းကစားသမား ၂ ဦးၾကား တည္ရွိေနတဲ့ ဆက္စပ္ကို ကၽြန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရပါတယ္။ အဲဒါက သူတို႔ေတြ အတူတူ ကစားေနရင္း ျဖစ္လာတဲ့အရာျဖစ္ၿပီး သူတို႔ရဲ့ပါရမီေတြ ေတာက္ပဖို႔အတြက္ အခ်ိန္ယူရပါတယ္။ သူတို႔ေတြဟာ အရမ္းေကာင္းမြန္တဲ့အရာေတြကို ရယူနိုင္တဲ့ အံ့အားသင့္ဖြယ္ကစားသမား ၂ ဦးပါ”

ပိုခ်က္တီနိုက နိစ္နဲ႔ပြဲမွာ လီယြန္နယ္ မက္ဆီ ပြဲထြက္ပါဝင္ကစားသြားဖြယ္ရွိတယ္လို႔လည္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ပီအက္စ္ဂ်ီုတိုက္စစ္မႉးဟာ ခ်ီလီ၊ ကိုလံဘီယာတို႔နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အာဂ်င္တီးနားရဲ့ ကမၻာ့ဖလားေျခစစ္ပြဲေတြကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ကိုဗစ္-၁၉ ေၾကာင့္ တစ္လနီးပါး အသင္းရဲ့ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ႀကံ့ခိုင္မႈ အျပည့္အဝ ျပန္လည္ရရွိဖို႔အတြက္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

“ကိုဗစ္-၁၉ ေၾကာင့္ အသင္းရဲ့ပြဲေတြကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ဒီအပတ္ ေလ့က်င့္ေရးမွာ လီယို မက္ဆီ စြမ္းေဆာင္ခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ အရမ္းကို စိတ္ေက်နပ္မိခဲ့ပါတယ္။ သူ ၿပီးခဲ့တဲ့အပတ္တုန္းက နာရီဝက္ေက်ာ္ေလာက္ ကစားခဲ့ၿပီး မနက္ျဖန္(ယေန႔)ပြဲအတြက္ ပြဲထြက္ပါဝင္ကစားေပးဖို႔ ႀကံ့ခိုင္မႈရွိေနၿပီလို႔ ကၽြန္ေတာ္ ထင္ပါတယ္”

လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့အပတ္က ရိမ္းစ္နဲ႔ ကစားခဲ့တဲ့ လိဂန္းပြဲစဥ္မွာ ျပန္လည္ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ အရန္ခုံကေန လူစားဝင္ကစားခဲ့ေပမယ့္ ဒုတိယပိုင္း မိနစ္ ၃၀ ေလာက္အထိ ကစားေပးခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာၾကယ္ပြင့္ေဟာင္းဟာ ၎ရဲ့ ေျခစြမ္းအဆင့္အတန္းေၾကာင့္ စိတ္ပ်က္ဖြယ္ရာသီကို ရင္ဆိုင္ေနခဲ့ရသူျဖစ္ၿပီး ယခုရာသီၿပိဳင္ပြဲစုံ ၁၇ ပြဲမွာ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္သာ ျပဳလုပ္ထားနိုင္ေသးတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ အာဂ်င္တီးနားတိုက္စစ္မႉးကို ယခုရာသီ ဒုတိယပိုင္းမွာ ၎ရဲ့ပုံမွန္ေျခစြမ္း ျပန္လည္ရရွိနိုင္မယ္လို႔ ေမၽွာ္လင့္ေနမွာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ နိစ္နဲ႔ပြဲမတိုင္ခင္ ေနာက္ဆုံးရ ဒဏ္ရာျပႆနာအေျခအေနကို အသိေပးခဲ့ၿပီး စပိန္ဝါရင့္ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ဟာ ၿပီးခဲ့တဲ့အပတ္က ရိမ္းစ္နဲ႔ပြဲမွာ ၎ရဲ့ ပထမဆုံးလိဂန္းသြင္းဂိုးကို သြင္းယူနိုင္ခဲ့ေပမယ့္ ေလ့က်င့္ေရးမွာ ႂကြက္သားဒဏ္ရာ ရရွိသြားခဲ့တာျဖစပါတယ္။

ဒီအခ်ိန္မွာပဲ ေနမာနဲ႔ ဗိုင္နယ္လ္ဒြမ္တို႔ ၂ ဦးစလုံးကလည္း ၎တို႔ရဲ့ ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ ႀကိဳးပမ္းေနရဆဲျဖစ္တာေၾကာင့္ နိစ္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းက ၎တို႔ရဲ့ ဝက္ဘ္ဆိုက္ကေန တရားဝင္ထုတ္ျပန္ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ပါတယ္။ “ဆာဂ်ီယို ရာမို႔စ္က ၾကာသပေတးေန႔က ေလ့က်င့္ေရးအစီအစဥ္အတြင္း သူ႔ရဲ့ ညာဘက္ေျခသလုံးမွာ အေသးစားႂကြက္သားဒဏ္ရာရရွိခဲ့တာေၾကာင့္ အနားယူေနရၿပီး ဒီအပတ္ အလယ္မွာ ျပန္လည္အကဲျဖတ္သြားမွာပါ”

“ဘယ္ဖက္ ေျခခ်င္းဝတ္ အရြတ္စုတ္ျပဲဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနတဲ့ ေနမာဟာ အေျပးေလ့က်င့္ေရး တစ္ႀကိမ္အျပည့္ ျပဳလုပ္နိုင္ခဲ့ၿပီး သူ႔ရဲ့ အခ်ိန္ဇယားတစ္ခုလုံးကို အတည္ျပဳနိုင္ဖို႔ တနလၤာေန႔မွာ စစ္ေဆးမႈ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဘယ္ဖက္ေျခခ်င္ဝတ္ အရြတ္ တစ္စိတ္တပိုင္း ပ်က္စီးထားတဲ့ ဗိုင္နယ္လ္ဒြမ္ဟာ ယခုအပတ္အကုန္မွာ အသင္းလူစာရင္းနဲ႔ ျပန္လည္ပူးေပါင္းနိုင္ဖို႔အတြက္ တစ္ဦးခ်င္း အစီအစဥ္ေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္”လို႔ ေရးသားထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.