Premier League

ပရီးမီးယားလိဂ်မှာ ဖြစ်သင့်တဲ့စျေးထက် ပိုပေးခဲ့ရတဲ့ ကစားသမား ၅ ဦး

အင်္ဂလိပ်ပရီးမီးယားလိဂ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဥရောပမှာ အပြောင်းအရွှေ့စျေးကွက်တိုင်းမှာ အကြီးမားဆုံး ငွေကြေးသုံးစွဲတဲ့လိဂ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလအတွင်း အစကနေ နောက်ဆုံးအချိန်အထိ မက်မောလောက်စရာ သဘောတူညီမှုအချို့က အမြဲတမ်းရှိနေခဲ့တာဖြစ်ပြီး အချို့အသင်းတွေဟာ ၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံထားတဲ့အတိုင်း အကျိုးအမြတ်ပြန်ရဖို့ မျှော်လင့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ခြေမပေါ်ဘဲ ပေးခဲ့ရသမျှ သဲထဲရေသွန်ဖြစ်သွားတဲ့ အပြောင်းအရွှေ့တွေလည်း မနည်းတော့ပါဘူး။

ကစားသမားအချို့ဟာဆိုရင် ရှိသင့်တဲ့တန်ကြေးထက် ပိုပေးပြီး ခေါ်ယူခြင်းခံခဲ့ရပြီး အသင်းသစ်မှာ ထင်ထားသလို ဖြစ်မလာခဲ့ကြဘဲ စျေးကွက်ကမောက်ကမဖြစ်စေရုံသက်သက်သာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ကစားသမားတွေထဲကမှ ရှိသင့်တဲ့တန်ဖိုးထက် ပိုပေးခဲ့ရတဲ့ ကစားသမား ၅ ဦးက ဘယ်သူတွေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ဒန်နီ ဒရင့်ဝါးတား- ပေါင် ၂၆.၀၁ သန်း ပိုပေးခဲ့ရ

ပေါင် ၃၄.၁၁ သန်းတန် ကစားသမားတစ်ဦးက အသင်းမှာ ရှိနေပြီး ၄ နှစ်ခွဲအတွင်း ၂၃ ပွဲသာ ပါဝင်ကစားပေးခဲ့ရတာကို နားလည်ရ ခက်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအသင်းဟာ ချဲလ်ဆီးအသင်းဖြစ်ပြီး ၎င်းတို့ဟာ ကြီးမားတဲ့ငွေကြေးသုံးစွဲရတာကို လက်မတွန့်တတ်တဲ့အသင်းဖြစ်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ ဒရင့်ဝါးတားနဲ့အပြောင်းအရွှေ့မှာတော့ အမှားကြီး မှားခဲ့ပါတယ်။ ဒရင့်ဝါးတားရဲ့ အမြင့်မားဆုံး တန်ဖိုးသတ်မှတ်ချက်ဟာ လက်စတာစီးတီးအသင်းမှာ ကစားခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ၈.၁၀ သန်းဖြစ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းက ၃၄.၁၁ သန်းပေးချေပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒရင့်ဝါးတားဟာ ၂၀၁၆ ခုနှစ်မှာ လက်စတာစီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့ပေမယ့် ချဲလ်ဆီးအသင်းက အဲဒီပမာဏလောက်ပေးရလောက်တဲ့အထိတော့ ဘာမှ ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာမျိုး မရှိခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် ၂၀၁၈ ခုနှစ်တုန်းက နောက်ဆုံးကစားပေးခဲ့ပြီး အဲဒီအချိန်ကတည်းက အက်စတန် ဗီလာ၊ ဘန်လေတို့ကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် လက်ရှိမှာတော့ ချန်ပီယံရှစ်အသင်းဖြစ်တဲ့ ရက်ဒင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။

၄။ ဘန် ဝှိုက်- ပေါင် ၂၇.၄၅ သန်း ပိုပေးခဲ့ရ

အာဆင်နယ်ရဲ့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့စျေးကွက်ဟာ အသင်းကို မြင့်မားတဲ့အလားအလာရှိတဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ခံစစ်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ပုံမှန် ပြစ်တင်ဝေဖန်ခံခဲ့ရတာဖြစ်ပြီး အာတီတာဟာ ဒီပြဿနာကို ဆေးမြီးတိုနဲ့ မကုစားချင်ဘဲ အရှင်းပျောက်အောင် ကုစားချင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဘရိုက်တန်နောက်ခံလူ ဘင်ဂျမင် ဝှိုက်ကို ပေါင် ၅၂.၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီပမာဏဟာ အာဆင်နယ်အသင်းသမိုင်းတလျှောက်မှာ နောက်ခံကစားသမားတစ်ဦးအတွက် အများဆုံးပေးချေဖူးတဲ့ပမာဏဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘန် ဝှိုက်ကို ခေါ်ယူခဲ့တဲ့အချိန်တုန်းက ၎င်းရဲ့ စျေးကွက်တန်ဖိုးဟာ ပေါင် ၂၅.၂၀ သန်းသာ ရှိခဲ့ပေမယ့် ဘရိုက်တန်နောက်ခံလူဟောင်းဟာ ခံစစ်မှာ နေရာစုံကစားနိုင်တဲ့ အလွန်အားထားရတဲ့ ဗဟိုခံစစ်ကစားသမားအဖြစ် သက်သေပြသထားနိုင်ခဲ့တာကြောင့် နောက်ထပ် အပို ၂၇.၄၅ သန်းအထိ တိုးပေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ ငွေကြေးသုံးစွဲခဲ့ရမှုက အလဟဿမဖြစ်ခဲ့ဘူးဆိုတာကို လက်ရှိ အသင်းနဲ့အတူ ဘန် ဝှိုက်ပြသနေတဲ့ စွမ်းဆောင်ရည်ကောင်းတွေက သက်သေထူနေပြီဖြစ်ပါတယ်။

၃။ ဟာရီ မက်ဂွိုင်းယား- ပေါင် ၃၃.၃၀ သန်း ပိုပေးခဲ့ရ

မန်ချက်စတာယူနိုက်တက်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်ရင် အကြီးမားဆုံး ပရီးမီးယားလိဂ်ကလပ်ဖြစ်ခဲ့တာ သေချာပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပရိသတ်အခိုင်အမာရှိပြီး အလွန်များပြားတဲ့ ဝင်ငွေပမာဏာကိုလည်း ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး ဖာဂူဆန် ထွက်ခွာပြီးကတည်းက ပရီးမီးယားလိဂ်ဖလားကို မရတော့တာဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်ဟာ မန်စီးတီး၊ လီဗာပူးလ်တို့လို အသင်းတွေနဲ့ ကွာဟချက်ကို ကျဉ်းမြောင်းအောင် ငွေကို ရေလိုသုံးစွဲခဲ့ပြီး လက်စတာစီးတီးနောက်ခံလူ ဟာရီ မက်ဂွိုင်းယားကို ပေါင် ၇၈.၃၀ သန်းနဲ့ စျေးအမြင့်ဆုံးပေးပြီး ဝယ်ယူခဲ့တာဖြစ်ပါတယ်။ မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်ဟာ ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေကြားမှာ အမြင်ကွဲလွဲမှုတွေ ရှိစေခဲ့ပြီး ကစားသမားတစ်ဦးကို ပေါင် ၃၃.၃၀ သန်းလောက် ပိုပေးခဲ့ရတာမျိုးက သိပ်ပြဿနာမရှိပေမယ့် မကြာခဏ စိတ်ပျက်စရာကောင်းတဲ့အမှားတွေ ကျူးလွန်ခဲ့တာက ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်လာခဲ့ပါတယ်။ ဟာရီ မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူခဲ့တဲ့အချိန်မှာ စျေးကွက်တန်ဖိုး ပေါင် ၄၅ သန်းသာ ရှိပြီး လျင်မြန်မှုမရှိတာကြောင့် တစ်ဦးချင်းအခြေအနေမှာ အလွယ်တကူ ကျော်ဖြတ်နိုင်တဲ့ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒါက မက်ဂွိုင်းယားအတွက် အဆိုးရွားဆုံးကိစ္စမဟုတ်ဘဲ ခံစစ်မှာ အချိတ်အဆက်မမိဘဲ အသင်းကို ဦးဆောင်နိုင်စွမ်းလည်း မရှိတာက ပေးရတဲ့စျေးနဲ့ မတန်ဘူးဆိုတာ သိသာစေခဲ့တာဖြစ်ပါတယ်။

၂။ အန်ဒီ ကာရိုးလ်- ပေါင် ၃၄.၆၅ သန်း ပိုပေးခဲ့ရ

လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး အသည်းအသန်လိုချင်ခဲ့တာကြောင့် အမှားတွေ ကျူးလွန်မိခဲ့ပြီး အဲဒီအမှားက အန်ဒီ ကာရိုးလ်ကို ခေါ်ယူမိခဲ့တာဖြစ်ပါတယ်။ ကာရိုးလ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးကစားသမားခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် အမြဲတမ်း မှတ်တမ်းဝင်နေမှာဖြစ်ပြီး ၂၀၁၀-၂၀၁၁ ရာသီမှာ နယူးကာဆယ်လ်အတွက် ၁၉ ပွဲသာ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် လီဗာပူးလ်ဟာ ပေါင် ၂ သန်းလောက်သာ တန်ကြေးရှိတဲ့ ကစားသမားကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၆.၉၀ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အန်ဒီ ကာရိုးလ်ဟာ လီဗာပူးလ်အတွက် ၅၈ ပွဲမှာ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းကို အငှားချပြီးနောက် ခေါ်ယူခဲ့တုန်းက ပြောင်းရွှေ့ကြေးရဲ့တဝက်လောက်နဲ့ အပြီးသတ် ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။

၁။ ဂျက်ခ် ဂရီးလစ်ရှ်- ပေါင် ၄၇.၂၅ သန်း ပိုပေးခဲ့ရ

မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိ အကောင်းဆုံးဖြစ်နေတဲ့ ကစားသမားကို ခေါ်ဖို့ ငွေသုံးကြမ်းတာက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဂရီးလစ်ရှ်ဟာ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ပါရမီအရှိဆုံး အင်္ဂလိပ်ဘောလုံးသမားတွေထဲက တစ်ဦးဆိုတာ သံသယဖြစ်စရာမရှိပေမယ့် ဂွါဒီယိုလာအနေနဲ့ ၎င်းအတွက် ပေါင်သန်း ၁၀၀ ပေးခဲ့ရတာ အလဟဿမဖြစ်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အက်စတန် ဗီလာကြယ်ပွင့်ဟာ ၎င်းရဲ့အသင်းမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး တိုက်စစ်ကို ဦးဆောင်မောင်းနှင်နိုင်ခြင်း၊ ပြစ်ဒဏ်ကျူးလွန်လာအောင် ဆွဲဆောင်နိုင်ခြင်း၊ သွင်းဂိုးတွေ သွင်းယူနိုင်ခြင်း၊ အသင်းဖော်တွေကို ဖန်တီးပေးနိုင်ခြင်း စတဲ့အရည်အချင်းတွေကြောင့် မျက်စိမလွှဲရဲဘဲ စောင့်ကြည့်နေရမှာဖြစ်ပါတယ်။ ဒါပေမယ့် အီတီဟတ်မှာတော့ အရာအားလုံးကို တော်တော်များများ ကွာခြားသွားခဲ့ပြီး ကစားသမားတိုင်းဟာ ထိပ်တန်းအရည်အသွေးရှိသူတွေ ဖြစ်သလို အဲဒီကစားသမားအများစုကလည်း ၎င်းတို့ဟာ ထိပ်တန်းကစားသမားဖြစ်ကြောင်း သက်သေပြသနေကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ဂရီးလစ်ရှ်ရဲ့ မန်စီးတီးကစားသမားဘဝကို သုံးသပ်ဖို့ လက်ရှိအချိန်က စောနေသေးပေမယ့် အက်စတန် ဗီလာမှာ အရမ်းကောင်းခဲ့တာကြောင့် ပေါင် ၅၈.၅၀ သန်းသာ တန်တဲ့ကစားသမားကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ခဲ့တယ်ဆိုတဲ့အချက်ကို မေ့လို့မရပါဘူး။ ဂရီးလစ်ရှ်ဟာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ထားနိုင်သေးပြီး ဂွါဒီယိုလာဟာ အက်စတန် ဗီလာကြယ်ပွင့် ကစားချင်တဲ့ ဘယ်တောင်ပံနေရာမှာ ကစားစေခဲ့တာဖြစ်ပြီး ကစားကွက်စမ်းသပ်တာတွေတောင် မလုပ်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဂရီးလစ်ရှ်သာ လက်ကျန်ရာသီကုန်တဲ့အထိ ပေးရတဲ့စျေးနဲ့တန်တဲ့ ခြေစွမ်းမပြသနိုင်ဘူးဆိုရင် ပရိသတ်တွေနဲ့ မီဒီယာတွေဆီကနေ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို စတင်ခံစားရကောင်း ခံစားရနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဂၤလိပ္ပရီးမီးယားလိဂ္ဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ဥေရာပမွာ အေျပာင္းအေရႊ႕ေစ်းကြက္တိုင္းမွာ အႀကီးမားဆုံး ေငြေၾကးသုံးစြဲတဲ့လိဂ္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

အေျပာင္းအေရႊ႕ကာလအတြင္း အစကေန ေနာက္ဆုံးအခ်ိန္အထိ မက္ေမာေလာက္စရာ သေဘာတူညီမႈအခ်ိဳ႕က အျမဲတမ္းရွိေနခဲ့တာျဖစ္ၿပီး အခ်ိဳ႕အသင္းေတြဟာ ၎တို႔ရဲ့ရင္းႏွီးျမႇုပ္ႏွံထားတဲ့အတိုင္း အက်ိဳးအျမတ္ျပန္ရဖို႔ ေမၽွာ္လင့္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ ေျခမေပၚဘဲ ေပးခဲ့ရသမၽွ သဲထဲေရသြန္ျဖစ္သြားတဲ့ အေျပာင္းအေရႊ႕ေတြလည္း မနည္းေတာ့ပါဘူး။

ကစားသမားအခ်ိဳ႕ဟာဆိုရင္ ရွိသင့္တဲ့တန္ေၾကးထက္ ပိုေပးၿပီး ေခၚယူျခင္းခံခဲ့ရၿပီး အသင္းသစ္မွာ ထင္ထားသလို ျဖစ္မလာခဲ့ၾကဘဲ ေစ်းကြက္ကေမာက္ကမျဖစ္ေစ႐ုံသက္သက္သာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ အဲဒီလို ကစားသမားေတြထဲကမွ ရွိသင့္တဲ့တန္ဖိုးထက္ ပိုေပးခဲ့ရတဲ့ ကစားသမား ၅ ဦးက ဘယ္သူေတြလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ဒန္နီ ဒရင့္ဝါးတား- ေပါင္ ၂၆.၀၁ သန္း ပိုေပးခဲ့ရ

ေပါင္ ၃၄.၁၁ သန္းတန္ ကစားသမားတစ္ဦးက အသင္းမွာ ရွိေနၿပီး ၄ ႏွစ္ခြဲအတြင္း ၂၃ ပြဲသာ ပါဝင္ကစားေပးခဲ့ရတာကို နားလည္ရ ခက္ပါတယ္။ ဒါေပမယ့္လည္း အဲဒီအသင္းဟာ ခ်ဲလ္ဆီးအသင္းျဖစ္ၿပီး ၎တို႔ဟာ ႀကီးမားတဲ့ေငြေၾကးသုံးစြဲရတာကို လက္မတြန႔္တတ္တဲ့အသင္းျဖစ္ခဲ့ေပမယ့္ ၂၀၁၇ ခုႏွစ္မွာ ဒရင့္ဝါးတားနဲ႔အေျပာင္းအေရႊ႕မွာေတာ့ အမွားႀကီး မွားခဲ့ပါတယ္။ ဒရင့္ဝါးတားရဲ့ အျမင့္မားဆုံး တန္ဖိုးသတ္မွတ္ခ်က္ဟာ လက္စတာစီးတီးအသင္းမွာ ကစားခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းက ၈.၁၀ သန္းျဖစ္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းက ၃၄.၁၁ သန္းေပးေခ်ၿပီး ေခၚယူခဲ့တာျဖစ္ပါတယ္။ ဒရင့္ဝါးတားဟာ ၂၀၁၆ ခုႏွစ္မွာ လက္စတာစီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ရရွိခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းက အဲဒီပမာဏေလာက္ေပးရေလာက္တဲ့အထိေတာ့ ဘာမွ ထူးထူးျခားျခား လုပ္ေဆာင္ခဲ့တာမ်ိဳး မရွိခဲ့တာျဖစ္ပါတယ္။ အဂၤလန္ကြင္းလယ္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းအတြက္ ၂၀၁၈ ခုႏွစ္တုန္းက ေနာက္ဆုံးကစားေပးခဲ့ၿပီး အဲဒီအခ်ိန္ကတည္းက အက္စတန္ ဗီလာ၊ ဘန္ေလတို႔ကို အငွားနဲ႔ ေျပာင္းေရႊ႕ကစားခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ ခ်န္ပီယံရွစ္အသင္းျဖစ္တဲ့ ရက္ဒင္းအတြက္ ကစားေပးေနတာျဖစ္ပါတယ္။

၄။ ဘန္ ဝွိုက္- ေပါင္ ၂၇.၄၅ သန္း ပိုေပးခဲ့ရ

အာဆင္နယ္ရဲ့ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္ဟာ အသင္းကို ျမင့္မားတဲ့အလားအလာရွိတဲ့ လူငယ္ကစားသမားေတြကို ေခၚယူဖို႔ ရည္ရြယ္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ရဲ့ ခံစစ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ပုံမွန္ ျပစ္တင္ေဝဖန္ခံခဲ့ရတာျဖစ္ၿပီး အာတီတာဟာ ဒီျပႆနာကို ေဆးၿမီးတိုနဲ႔ မကုစားခ်င္ဘဲ အရွင္းေပ်ာက္ေအာင္ ကုစားခ်င္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ အာဆင္နယ္အသင္းဟာ ဘရိုက္တန္ေနာက္ခံလူ ဘင္ဂ်မင္ ဝွိုက္ကို ေပါင္ ၅၂.၆၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ဒီပမာဏဟာ အာဆင္နယ္အသင္းသမိုင္းတေလၽွာက္မွာ ေနာက္ခံကစားသမားတစ္ဦးအတြက္ အမ်ားဆုံးေပးေခ်ဖူးတဲ့ပမာဏျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ဘန္ ဝွိုက္ကို ေခၚယူခဲ့တဲ့အခ်ိန္တုန္းက ၎ရဲ့ ေစ်းကြက္တန္ဖိုးဟာ ေပါင္ ၂၅.၂၀ သန္းသာ ရွိခဲ့ေပမယ့္ ဘရိုက္တန္ေနာက္ခံလူေဟာင္းဟာ ခံစစ္မွာ ေနရာစုံကစားနိုင္တဲ့ အလြန္အားထားရတဲ့ ဗဟိုခံစစ္ကစားသမားအျဖစ္ သက္ေသျပသထားနိုင္ခဲ့တာေၾကာင့္ ေနာက္ထပ္ အပို ၂၇.၄၅ သန္းအထိ တိုးေပးခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္ရဲ့ ေငြေၾကးသုံးစြဲခဲ့ရမႈက အလဟႆမျဖစ္ခဲ့ဘူးဆိုတာကို လက္ရွိ အသင္းနဲ႔အတူ ဘန္ ဝွိုက္ျပသေနတဲ့ စြမ္းေဆာင္ရည္ေကာင္းေတြက သက္ေသထူေနၿပီျဖစ္ပါတယ္။

၃။ ဟာရီ မက္ဂြိဳင္းယား- ေပါင္ ၃၃.၃၀ သန္း ပိုေပးခဲ့ရ

မန္ခ်က္စတာယူနိုက္တက္ဟာ တကမၻာလုံးအတိုင္းအတာနဲ႔ၾကည့္ရင္ အႀကီးမားဆုံး ပရီးမီးယားလိဂ္ကလပ္ျဖစ္ခဲ့တာ ေသခ်ာပါတယ္။ မန္ခ်က္စတာယူနိုက္တက္ဟာ ပရိသတ္အခိုင္အမာရွိၿပီး အလြန္မ်ားျပားတဲ့ ဝင္ေငြပမာဏာကိုလည္း ပိုင္ဆိုင္ထားခဲ့တာျဖစ္ၿပီး ဖာဂူဆန္ ထြက္ခြာၿပီးကတည္းက ပရီးမီးယားလိဂ္ဖလားကို မရေတာ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ဟာ မန္စီးတီး၊ လီဗာပူးလ္တို႔လို အသင္းေတြနဲ႔ ကြာဟခ်က္ကို က်ဥ္းေျမာင္းေအာင္ ေငြကို ေရလိုသုံးစြဲခဲ့ၿပီး လက္စတာစီးတီးေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားကို ေပါင္ ၇၈.၃၀ သန္းနဲ႔ ေစ်းအျမင့္ဆုံးေပးၿပီး ဝယ္ယူခဲ့တာျဖစ္ပါတယ္။ မက္ဂြိဳင္းယားရဲ့ စြမ္းေဆာင္ရည္ဟာ ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သူေတြၾကားမွာ အျမင္ကြဲလြဲမႈေတြ ရွိေစခဲ့ၿပီး ကစားသမားတစ္ဦးကို ေပါင္ ၃၃.၃၀ သန္းေလာက္ ပိုေပးခဲ့ရတာမ်ိဳးက သိပ္ျပႆနာမရွိေပမယ့္ မၾကာခဏ စိတ္ပ်က္စရာေကာင္းတဲ့အမွားေတြ က်ဴးလြန္ခဲ့တာက ပရိသတ္ေတြအတြက္ ေဒါသထြက္စရာျဖစ္လာခဲ့ပါတယ္။ ဟာရီ မက္ဂြိဳင္းယားဟာ မန္ခ်က္စတာယူနိုက္တက္အသင္းက ေခၚယူခဲ့တဲ့အခ်ိန္မွာ ေစ်းကြက္တန္ဖိုး ေပါင္ ၄၅ သန္းသာ ရွိၿပီး လ်င္ျမန္မႈမရွိတာေၾကာင့္ တစ္ဦးခ်င္းအေျခအေနမွာ အလြယ္တကူ ေက်ာ္ျဖတ္နိုင္တဲ့ကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။ အဲဒါက မက္ဂြိဳင္းယားအတြက္ အဆိုးရြားဆုံးကိစၥမဟုတ္ဘဲ ခံစစ္မွာ အခ်ိတ္အဆက္မမိဘဲ အသင္းကို ဦးေဆာင္နိုင္စြမ္းလည္း မရွိတာက ေပးရတဲ့ေစ်းနဲ႔ မတန္ဘူးဆိုတာ သိသာေစခဲ့တာျဖစ္ပါတယ္။

၂။ အန္ဒီ ကာရိုးလ္- ေပါင္ ၃၄.၆၅ သန္း ပိုေပးခဲ့ရ

လီဗာပူးလ္အသင္းဟာ တိုက္စစ္မႉး အသည္းအသန္လိုခ်င္ခဲ့တာေၾကာင့္ အမွားေတြ က်ဴးလြန္မိခဲ့ၿပီး အဲဒီအမွားက အန္ဒီ ကာရိုးလ္ကို ေခၚယူမိခဲ့တာျဖစ္ပါတယ္။ ကာရိုးလ္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အဆိုးရြားဆုံးကစားသမားေခၚယူမႈေတြထဲက တစ္ခုအျဖစ္ အျမဲတမ္း မွတ္တမ္းဝင္ေနမွာျဖစ္ၿပီး ၂၀၁၀-၂၀၁၁ ရာသီမွာ နယူးကာဆယ္လ္အတြက္ ၁၉ ပြဲသာ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့တာေၾကာင့္ လီဗာပူးလ္ဟာ ေပါင္ ၂ သန္းေလာက္သာ တန္ေၾကးရွိတဲ့ ကစားသမားကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၆.၉၀ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ အန္ဒီ ကာရိုးလ္ဟာ လီဗာပူးလ္အတြက္ ၅၈ ပြဲမွာ ၁၁ ဂိုးသာ သြင္းယူနိုင္ခဲ့ၿပီး ဝက္စ္ဟမ္းအသင္းကို အငွားခ်ၿပီးေနာက္ ေခၚယူခဲ့တုန္းက ေျပာင္းေရႊ႕ေၾကးရဲ့တဝက္ေလာက္နဲ႔ အၿပီးသတ္ ေရာင္းထုတ္ခဲ့တာျဖစ္ပါတယ္။

၁။ ဂ်က္ခ္ ဂရီးလစ္ရွ္- ေပါင္ ၄၇.၂၅ သန္း ပိုေပးခဲ့ရ

မန္ခ်က္စတာစီးတီးအသင္းဟာ လက္ရွိ အေကာင္းဆုံးျဖစ္ေနတဲ့ ကစားသမားကို ေခၚဖို႔ ေငြသုံးၾကမ္းတာက အံ့အားသင့္စရာေတာ့ မဟုတ္ပါဘူး။ ဂရီးလစ္ရွ္ဟာ ပရီးမီးယားလိဂ္မွာ ကစားေနတဲ့ ပါရမီအရွိဆုံး အဂၤလိပ္ေဘာလုံးသမားေတြထဲက တစ္ဦးဆိုတာ သံသယျဖစ္စရာမရွိေပမယ့္ ဂြါဒီယိုလာအေနနဲ႔ ၎အတြက္ ေပါင္သန္း ၁၀၀ ေပးခဲ့ရတာ အလဟႆမျဖစ္ဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက အက္စတန္ ဗီလာၾကယ္ပြင့္ဟာ ၎ရဲ့အသင္းမွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့ၿပီး တိုက္စစ္ကို ဦးေဆာင္ေမာင္းႏွင္နိုင္ျခင္း၊ ျပစ္ဒဏ္က်ဴးလြန္လာေအာင္ ဆြဲေဆာင္နိုင္ျခင္း၊ သြင္းဂိုးေတြ သြင္းယူနိုင္ျခင္း၊ အသင္းေဖာ္ေတြကို ဖန္တီးေပးနိုင္ျခင္း စတဲ့အရည္အခ်င္းေတြေၾကာင့္ မ်က္စိမလႊဲရဲဘဲ ေစာင့္ၾကည့္ေနရမွာျဖစ္ပါတယ္။ ဒါေပမယ့္ အီတီဟတ္မွာေတာ့ အရာအားလုံးကို ေတာ္ေတာ္မ်ားမ်ား ကြာျခားသြားခဲ့ၿပီး ကစားသမားတိုင္းဟာ ထိပ္တန္းအရည္အေသြးရွိသူေတြ ျဖစ္သလို အဲဒီကစားသမားအမ်ားစုကလည္း ၎တို႔ဟာ ထိပ္တန္းကစားသမားျဖစ္ေၾကာင္း သက္ေသျပသေနၾကတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဂရီးလစ္ရွ္ရဲ့ မန္စီးတီးကစားသမားဘဝကို သုံးသပ္ဖို႔ လက္ရွိအခ်ိန္က ေစာေနေသးေပမယ့္ အက္စတန္ ဗီလာမွာ အရမ္းေကာင္းခဲ့တာေၾကာင့္ ေပါင္ ၅၈.၅၀ သန္းသာ တန္တဲ့ကစားသမားကို ေပါင္သန္း ၁၀၀ နဲ႔ ေခၚခဲ့တယ္ဆိုတဲ့အခ်က္ကို ေမ့လို႔မရပါဘူး။ ဂရီးလစ္ရွ္ဟာ မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံ ၂၃ ပြဲမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္သာ ျပဳလုပ္ထားနိုင္ေသးၿပီး ဂြါဒီယိုလာဟာ အက္စတန္ ဗီလာၾကယ္ပြင့္ ကစားခ်င္တဲ့ ဘယ္ေတာင္ပံေနရာမွာ ကစားေစခဲ့တာျဖစ္ၿပီး ကစားကြက္စမ္းသပ္တာေတြေတာင္ မလုပ္ခဲ့တာျဖစ္ပါတယ္။ တကယ္လို႔ ဂရီးလစ္ရွ္သာ လက္က်န္ရာသီကုန္တဲ့အထိ ေပးရတဲ့ေစ်းနဲ႔တန္တဲ့ ေျခစြမ္းမျပသနိုင္ဘူးဆိုရင္ ပရိသတ္ေတြနဲ႔ မီဒီယာေတြဆီကေန ျပင္းထန္တဲ့ ေဝဖန္မႈေတြကို စတင္ခံစားရေကာင္း ခံစားရနိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.