Bundesliga

ဘိုင်ယန်မြူးနစ်ကို ရောက်ပြီးမှ မိန်းမကို ညအိပ်မရအောင် လုပ်ခဲ့တဲ့ နာဂယ်စ်မန်း

ဘိုင်ယန်မြူးနစ်နည်းပြ ဂျူလီယန် နာဂယ်စ်မန်းဟာ အိပ်ပျော်နေတုန်း ကစားသမားနာမည်တွေကို ယောင်အော်နေတာကြောင့် ၎င်းရဲ့ ဇနီးဖြစ်သူဟာ အိပ်မရဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လိုက်ပ်ဇစ်နည်းပြဟောင်းဟာ ပွဲမတိုင်မီ အသေးစိတ် အစီအစဉ်ဆွဲတတ်သူအဖြစ် နာမည်ကြီးသူဖြစ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာတောင် ဘောလုံးနဲ့ပတ်သက်တာတွေကို မေ့ဖျောက်ထားဖို့ ရုန်းကန်နေရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “တစ်ခါတလေ ကျွန်တော် ပွဲအပြီး ညအိပ်တဲ့အခါကျရင် ကျွန်တော့်ကစားသမားတွေရဲ့ နာမည်တွေကိုပါ ယောင်ပြီး အော်နေမိပါတယ်။ ကျွန်တော် ဇနီးက တစ်ခါတုန်းက ကျွန်တော့်ကို အဲဒါကို ပြောပြခဲ့တယ်။ တစ်ခါတရံသူ့ကို ညဘက် အိပ်ကောင်းနေတဲ့အချိန်ကြီး နိုးအောင် လုပ်မိတယ်”

နာဂယ်စ်မန်းဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ ဘိုင်ယန်မြူးနစ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး အဓိကပြိုင်ဘက် ဒေါ့မွန်အသင်းနဲ့ ၆ မှတ်အကွာ ယခုရာသီ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရပ်တည်နိုင်အောင် နည်းပြပေးနိုင်ခဲ့သူဖြစ်ပါတယ်။ နာဂယ်စ်မန်းဟာ ဆောင်းရာသီ အားလပ်ရက်အပြီး လာမယ့် စနေနေ့ညမှာ အသင်းဟောင်း လိုက်ပ်ဇစ်နဲ့ ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

နာဂယ်စ်မန်းဟာ သာမန်မဟုတ်တဲ့ ညအိပ်ရာဝင်အလေ့အကျင့်မျိုးရှိတဲ့ တစ်ဦးတည်းသော နာမည်ကြီး နည်းပြတော့မဟုတ်ဘဲ စပါးစ်နည်းပြ ကွန်တီကလည်း ပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ အိပ်ပျော်ဖို့အတွက် ရုန်းကန်ရတယ်လို့ ဝန်ခံပြောကြားခဲ့ဖူးပြီး အချို့ညတွေမှာဆိုရင် ညလယ်ကြီး အိပ်ရာက ထပြီး ၎င်းအသင်းရဲ့ရှုံးနိမ့်မှုကို ပြန်လည်သုံးသပ်နေမိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ခင်ဗျား အနိုင်ရတဲ့အခါမှာ ခင်ဗျား စတေးခဲ့တာတွေနဲ့ပတ်သက်ပြီး ခင်ဗျားဘာသာ ခင်ဗျား သိပါတယ်။ ခင်ဗျား မအိပ်ခဲ့ရတဲ့ ညတွေအများကြီး ရှိပါတယ်။ အဲဒါက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ဆုဖလားကို ရတဲ့အခါမှာ ခင်ဗျားရဲ့ စိတ်ဝိဉာဉ်ဟာ မြင့်မားတဲ့အဆင့်ကို ရောက်ရှိသွားမှာပါ။ ခင်ဗျား အဲဒီအခိုက်အတန့်ကို ရဖို့အတွက် အရမ်းကို ပြင်းပြင်းထန်ထန် အလုပ်လုပ်ရပါတယ်။ ပွဲမတိုင်ခင်ဆို ပုံမှန်အားဖြင့် ကျွန်တော် အများကြီးမအိပ်နိုင်ပါဘူး။ ၂ နာရီ၊ ၃ နာရီ၊ ၄ နာရီလောက်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ပြီးရင် ကျွန်တော် နိုးလာတဲ့အခါမှာ ပွဲနဲ့ အခြေအနေတွေကို စပြီး စဉ်းစားပါတယ်။ နံနက်ခင်းရဲ့ ပထမဆုံး တစ်နာရီအတွင်းမှာ နည်းဗျူဟာ ရှုထောင့်ပိုင်းနဲ့ပတ်သက်ပြီး မကြာခဏ ကျွန်တော် အကြံကောင်းတွေ ထွက်လေ့ရှိပါတယ်။ ပွဲအပြီးမှာတော့ ကျွန်တော် အနိုင်ရတဲ့အခါ အိပ်ပျော်ဖို့က လွယ်ကူပါတယ်။ ကျွန်တော် အနိုင်မရတဲ့အခါကျရင်တော့ ကျွန်တော့်အတွက် အိပ်ဖို့က အရမ်းခက်ပါတယ်။ ကျွန်တော် ညလယ်ကြီးမှာ နိုးလာတဲ့အခါကျရင် ကျွန်တော် စဉ်းစားတယ်။ ဘာကြောင့်လဲ။ ငါတို့ ဘာအကြောင်းကြောင့် ရှုံးခဲ့တာလဲ”

“ပိုပြီး ခက်ခဲအောင် လုပ်ခဲ့တဲ့ အခြေအနေက ဘာလဲ။ ဘယ်ကစားသမားက ပိုပြီး ခက်ခဲအောင် လုပ်ခဲ့တာလဲ။ ငါတို့ရဲ့ နည်းဗျူဟာအစီအစဉ်က ကောင်းခဲ့ရဲ့လား ဒါမှမဟုတ် မကောင်းခဲ့ဘူးလားပေ့ါ။ ကျွန်တော် လျင်လျင်မြန်မြန်ပဲ ပြန်ချေပနိုင်မယ့် အကြောင်းအရင်းကို ရှာတွေ့ဖို့အတွက် ကြိုးစားဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘိုင္ယန္ျမဴးနစ္နည္းၿပ ဂ်ဴလီယန္ နာဂယ္စ္မန္းဟာ အိပ္ေပ်ာ္ေနတုန္း ကစားသမားနာမည္ေတြကို ေယာင္ေအာ္ေနတာေၾကာင့္ ၎ရဲ့ ဇနီးျဖစ္သူဟာ အိပ္မရျဖစ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

လိုက္ပ္ဇစ္နည္းျပေဟာင္းဟာ ပြဲမတိုင္မီ အေသးစိတ္ အစီအစဥ္ဆြဲတတ္သူအျဖစ္ နာမည္ႀကီးသူျဖစ္ၿပီး အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာေတာင္ ေဘာလုံးနဲ႔ပတ္သက္တာေတြကို ေမ့ေဖ်ာက္ထားဖို႔ ႐ုန္းကန္ေနရတယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။ “တစ္ခါတေလ ကၽြန္ေတာ္ ပြဲအၿပီး ညအိပ္တဲ့အခါက်ရင္ ကၽြန္ေတာ့္ကစားသမားေတြရဲ့ နာမည္ေတြကိုပါ ေယာင္ၿပီး ေအာ္ေနမိပါတယ္။ ကၽြန္ေတာ္ ဇနီးက တစ္ခါတုန္းက ကၽြန္ေတာ့္ကို အဲဒါကို ေျပာျပခဲ့တယ္။ တစ္ခါတရံသူ႔ကို ညဘက္ အိပ္ေကာင္းေနတဲ့အခ်ိန္ႀကီး နိုးေအာင္ လုပ္မိတယ္”

နာဂယ္စ္မန္းဟာ ၿပီးခဲ့တဲ့ဇူလိုင္လမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို တာဝန္ယူကိုင္တြယ္ခဲ့ၿပီး အဓိကၿပိဳင္ဘက္ ေဒါ့မြန္အသင္းနဲ႔ ၆ မွတ္အကြာ ယခုရာသီ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားအဆင့္ ၁ ေနရာမွာ ရပ္တည္နိုင္ေအာင္ နည္းျပေပးနိုင္ခဲ့သူျဖစ္ပါတယ္။ နာဂယ္စ္မန္းဟာ ေဆာင္းရာသီ အားလပ္ရက္အၿပီး လာမယ့္ စေနေန႔ညမွာ အသင္းေဟာင္း လိုက္ပ္ဇစ္နဲ႔ ျပန္လည္ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

နာဂယ္စ္မန္းဟာ သာမန္မဟုတ္တဲ့ ညအိပ္ရာဝင္အေလ့အက်င့္မ်ိဳးရွိတဲ့ တစ္ဦးတည္းေသာ နာမည္ႀကီး နည္းျပေတာ့မဟုတ္ဘဲ စပါးစ္နည္းၿပ ကြန္တီကလည္း ပြဲမတိုင္ခင္နဲ႔ ပြဲအၿပီးမွာ အိပ္ေပ်ာ္ဖို႔အတြက္ ႐ုန္းကန္ရတယ္လို႔ ဝန္ခံေျပာၾကားခဲ့ဖူးၿပီး အခ်ိဳ႕ညေတြမွာဆိုရင္ ညလယ္ႀကီး အိပ္ရာက ထၿပီး ၎အသင္းရဲ့ရႈံးနိမ့္မႈကို ျပန္လည္သုံးသပ္ေနမိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ား အနိုင္ရတဲ့အခါမွာ ခင္ဗ်ား စေတးခဲ့တာေတြနဲ႔ပတ္သက္ၿပီး ခင္ဗ်ားဘာသာ ခင္ဗ်ား သိပါတယ္။ ခင္ဗ်ား မအိပ္ခဲ့ရတဲ့ ညေတြအမ်ားႀကီး ရွိပါတယ္။ အဲဒါက အေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ဆုဖလားကို ရတဲ့အခါမွာ ခင္ဗ်ားရဲ့ စိတ္ဝိဉာဥ္ဟာ ျမင့္မားတဲ့အဆင့္ကို ေရာက္ရွိသြားမွာပါ။ ခင္ဗ်ား အဲဒီအခိုက္အတန႔္ကို ရဖို႔အတြက္ အရမ္းကို ျပင္းျပင္းထန္ထန္ အလုပ္လုပ္ရပါတယ္။ ပြဲမတိုင္ခင္ဆို ပုံမွန္အားျဖင့္ ကၽြန္ေတာ္ အမ်ားႀကီးမအိပ္နိုင္ပါဘူး။ ၂ နာရီ၊ ၃ နာရီ၊ ၄ နာရီေလာက္ပဲ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”

“ၿပီးရင္ ကၽြန္ေတာ္ နိုးလာတဲ့အခါမွာ ပြဲနဲ႔ အေျခအေနေတြကို စၿပီး စဥ္းစားပါတယ္။ နံနက္ခင္းရဲ့ ပထမဆုံး တစ္နာရီအတြင္းမွာ နည္းဗ်ဴဟာ ရႈေထာင့္ပိုင္းနဲ႔ပတ္သက္ၿပီး မၾကာခဏ ကၽြန္ေတာ္ အႀကံေကာင္းေတြ ထြက္ေလ့ရွိပါတယ္။ ပြဲအၿပီးမွာေတာ့ ကၽြန္ေတာ္ အနိုင္ရတဲ့အခါ အိပ္ေပ်ာ္ဖို႔က လြယ္ကူပါတယ္။ ကၽြန္ေတာ္ အနိုင္မရတဲ့အခါက်ရင္ေတာ့ ကၽြန္ေတာ့္အတြက္ အိပ္ဖို႔က အရမ္းခက္ပါတယ္။ ကၽြန္ေတာ္ ညလယ္ႀကီးမွာ နိုးလာတဲ့အခါက်ရင္ ကၽြန္ေတာ္ စဥ္းစားတယ္။ ဘာေၾကာင့္လဲ။ ငါတို႔ ဘာအေၾကာင္းေၾကာင့္ ရႈံးခဲ့တာလဲ”

“ပိုၿပီး ခက္ခဲေအာင္ လုပ္ခဲ့တဲ့ အေျခအေနက ဘာလဲ။ ဘယ္ကစားသမားက ပိုၿပီး ခက္ခဲေအာင္ လုပ္ခဲ့တာလဲ။ ငါတို႔ရဲ့ နည္းဗ်ဴဟာအစီအစဥ္က ေကာင္းခဲ့ရဲ့လား ဒါမွမဟုတ္ မေကာင္းခဲ့ဘူးလားေပ့ါ။ ကၽြန္ေတာ္ လ်င္လ်င္ျမန္ျမန္ပဲ ျပန္ေခ်ပနိုင္မယ့္ အေၾကာင္းအရင္းကို ရွာေတြ႕ဖို႔အတြက္ ႀကိဳးစားဖို႔ လိုအပ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.