Bundesliga

ကမ္ဘာ့ထိပ်တန်းကစားသမား ၃ ဦးထဲမှာ ရော်နယ်လ်ဒိုကို ချန်လှပ်ခဲ့တဲ့ ဟာလန်း

ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ ကာရင် ဘန်ဇီးမားနဲ့ လီယွန်နယ် မက်ဆီတို့ကို ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားလို့ ချီးကျူးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးဟာ ၂၀၂၁ ခုနှစ်ရဲ့ ဖီဖာ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ယခုလအစောပိုင်းမှာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဆာလားနဲ့ မက်ဆီတို့ကို ကျော်ဖြတ်ပြီး ၂ နှစ်ဆက်တိုက် ဆုရရှိခဲ့တာဖြစ်ပါတယ်။ လီဗန်ဒေါ့ဗ်စကီးဟာ ပြက္ခဒိန်တစ်နှစ်အတွင်း ၄၃ ဂိုးသွင်းယူပြီး တစ်ရာသီအတွင်း ဘွန်ဒက်စ်လီဂါသွင်းဂိုးအများဆုံး စံချိန်တင်ထားတဲ့ ဂတ် မူလာရဲ့စံချိန်ကို ရိုက်ချိုးပြီး ၆၉ ဂိုးအထိ အံ့အားသင့်ဖွယ်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ၂၀၂၁ ခုနှစ်အတွင်း သွင်းဂိုး ၄၀ သွင်းယူပေးခဲ့ပြီး လက်ရွေးစင်အသင်းကို ကိုပါအမေရိကဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူး ရရှိခဲ့တာဖြစ်ပါတယ်။ ဘန်ဇီးမားကလည်း ရီးရဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုး ၃၀ အထိ သွင်းယူပေးခဲ့ပြီး အလွန်ထူးခြားတဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့သလို ယခုရာသီမှာလည်း သွင်းဂိုး ၂၈ ဂိုးနဲ့ ဂိုးဖန်တီမှု ၈ ကြိမ်အထိတောင် ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ ထိပ်တန်းကစားသမား ၃ ဦးကို သတ်မှတ်ပေးဖို့ မေးမြန်းခဲ့ရာမှာ ဟာလန်းက Sky Sports ကို “ဒါ မေးခွန်းကောင်းပဲ။ ခင်ဗျား လီဗန်ဒေါ့ဗ်စကီးကို နံပါတ် ၁ လို့ ပြောရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ကျွန်တော့်အမြင်မှာတော့ ဘန်ဇီးမား ရှိမယ်။ သူကလည်း အံ့အားသင့်စရာကောင်းခဲ့တာပါပဲ။ ဒါပေမယ့် မက်ဆီကလည်း အရမ်းကောင်းခဲ့ပါတယ်။ အဲဒီတော့ ဘန်ဇီးမားနဲ့ မက်ဆီတို့က ဒုတိယနဲ့ တတိယနေရာပေါ့”

ဟာလန်းဟာ ပြီးခဲ့တဲ့ ၃ ရာသီစလုံးမှာ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသခဲ့သူဖြစ်ပြီး ဒေါ့မွန်အသင်းအတွက် ၇၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈၀ အထိ အထင်ကြီးဖွယ် သွင်းယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးရဲ့ ဂိုးသွင်းနှုန်းကြောင့် ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ ဘိုင်ယန်မြူးနစ်တို့အပါအဝင် ထိပ်တန်းကလပ်အသင်းအများအပြားရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပေမယ့် ဟာလန်းက ၎င်းရဲ့ ပွဲစဉ်တွေကို ရှုထောင့်တိုင်းကနေ တိုးတက်အောင် လုပ်နိုင်သေးတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အရာအားလုံးအပေါ်မှာ တိုးတက်အောင်လုပ်နိုင်သေးတယ်လို့ ထင်ပါတယ်။ ကျွန်တော်က အဆုံးသတ်ကောင်းတယ်လို့ ခင်ဗျား ပြောမယ်ဆိုရင် ကျွန်တော့်ရဲ့ အဆုံးသတ်နိုင်စွမ်းကို အများကြီး တိုးတက်အောင် လုပ်နိုင်ပါသေးတယ်။ ကျွန်တော် ပိုပြီးတော့ မြန်လာနိုင်တယ်။ အဲဒီတော့ ကျွန်တော် အဲဒါကို တိုးတက်အောင်လုပ်နိုင်တယ်။ ကျွန်တော် ပိုပြီး ကြံ့ခိုင်လာတယ်ဆိုရင် ကျွန်တော် အဲဒါကို တိုးတက်အောင် လုပ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်သာ အရာတစ်ခုအပေါ်မှာ တိုးတက်လာအောင် လုပ်မယ်ဆိုရင် အဲဒါက ဒဏ်ရာမရဖို့ ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒဏ်ရာ မရဘူးဆိုရင် ကျွန်တော် ပွဲတွေ ပိုကစားနိုင်ပြီး ပိုကောင်းအောင်တောင် လုပ်ဆောင်ပေးနိုင်မှာမို့လို့ပါ”

“၂၀၂၂ ခုနှစ်အတွက် ကျွန်တော့်ရဲ့ ပန်းတိုင်ကဘာလဲလို့ ခင်ဗျား မေးမယ်ဆိုရင် အဲဒါက ဒဏ်ရာ မရဖို့ဖြစ်ပြီး ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးအတွက် ရည်မှန်းချက်ကလည်း ဒဏ်ရာမရဖို့ပါ။ အဲဒါက အဓိကကျတဲ့အရာပဲ”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့အပတ်က ဟော့ဖန်ဟိမ်းကို ဒေါ့မွန်က ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့ပေမယ့် ဒဏ်ရာကြောင့် ကာလရှည် အနားယူရနိုင်တယ်ဆိုတဲ့ ကြောက်ရွံ့မှုတွေကို မရေးမကြီးဟန်နဲ့ ပြောကြားခဲ့ပါတယ်။ “အဲဒါက ကောင်းမွန်ပါတယ်။ ကျွန်တော် ကောင်းကောင်း လေ့ကျင့်နေပြီး မကြာခင်မှာ ကျွန်တော် ပြန်လာနိုင်မှာပါ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းဟာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ ကာရင္ ဘန္ဇီးမားနဲ႔ လီယြန္နယ္ မက္ဆီတို႔ကို ကမၻာေပၚက အေကာင္းဆုံးကစားသမားလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးဟာ ၂၀၂၁ ခုႏွစ္ရဲ့ ဖီဖာ အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို ယခုလအေစာပိုင္းမွာ ဆြတ္ခူးနိုင္ခဲ့တာျဖစ္ၿပီး ဆာလားနဲ႔ မက္ဆီတို႔ကို ေက်ာ္ျဖတ္ၿပီး ၂ ႏွစ္ဆက္တိုက္ ဆုရရွိခဲ့တာျဖစ္ပါတယ္။ လီဗန္ေဒါ့ဗ္စကီးဟာ ျပကၡဒိန္တစ္ႏွစ္အတြင္း ၄၃ ဂိုးသြင္းယူၿပီး တစ္ရာသီအတြင္း ဘြန္ဒက္စ္လီဂါသြင္းဂိုးအမ်ားဆုံး စံခ်ိန္တင္ထားတဲ့ ဂတ္ မူလာရဲ့စံခ်ိန္ကို ရိုက္ခ်ိဳးၿပီး ၆၉ ဂိုးအထိ အံ့အားသင့္ဖြယ္သြင္းယူနိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉး မက္ဆီဟာ ၂၀၂၁ ခုႏွစ္အတြင္း သြင္းဂိုး ၄၀ သြင္းယူေပးခဲ့ၿပီး လက္ေရြးစင္အသင္းကို ကိုပါအေမရိကဖလား ရရွိေအာင္ ကူညီေပးနိုင္ခဲ့ၿပီးေနာက္ ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ စံခ်ိန္တင္ ဆြတ္ခူး ရရွိခဲ့တာျဖစ္ပါတယ္။ ဘန္ဇီးမားကလည္း ရီးရဲလ္မက္ဒရစ္အသင္းအတြက္ သြင္းဂိုး ၃၀ အထိ သြင္းယူေပးခဲ့ၿပီး အလြန္ထူးျခားတဲ့ ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့သလို ယခုရာသီမွာလည္း သြင္းဂိုး ၂၈ ဂိုးနဲ႔ ဂိုးဖန္တီမႈ ၈ ႀကိမ္အထိေတာင္ ျပဳလုပ္ထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္ရဲ့ ထိပ္တန္းကစားသမား ၃ ဦးကို သတ္မွတ္ေပးဖို႔ ေမးျမန္းခဲ့ရာမွာ ဟာလန္းက Sky Sports ကို “ဒါ ေမးခြန္းေကာင္းပဲ။ ခင္ဗ်ား လီဗန္ေဒါ့ဗ္စကီးကို နံပါတ္ ၁ လို႔ ေျပာရမယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ၿပီးေတာ့ ကၽြန္ေတာ့္အျမင္မွာေတာ့ ဘန္ဇီးမား ရွိမယ္။ သူကလည္း အံ့အားသင့္စရာေကာင္းခဲ့တာပါပဲ။ ဒါေပမယ့္ မက္ဆီကလည္း အရမ္းေကာင္းခဲ့ပါတယ္။ အဲဒီေတာ့ ဘန္ဇီးမားနဲ႔ မက္ဆီတို႔က ဒုတိယနဲ႔ တတိယေနရာေပါ့”

ဟာလန္းဟာ ၿပီးခဲ့တဲ့ ၃ ရာသီစလုံးမွာ ကမၻာေပၚက အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ေၾကာင္း သက္ေသျပသခဲ့သူျဖစ္ၿပီး ေဒါ့မြန္အသင္းအတြက္ ၇၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၈၀ အထိ အထင္ႀကီးဖြယ္ သြင္းယူထားနိုင္ခဲ့သူျဖစ္ပါတယ္။ ေနာ္ေဝတိုက္စစ္မႉးရဲ့ ဂိုးသြင္းႏႈန္းေၾကာင့္ ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာစီးတီး၊ ဘိုင္ယန္ျမဴးနစ္တို႔အပါအဝင္ ထိပ္တန္းကလပ္အသင္းအမ်ားအျပားရဲ့ အာ႐ုံစိုက္ျခင္းကို ခံခဲ့ရေပမယ့္ ဟာလန္းက ၎ရဲ့ ပြဲစဥ္ေတြကို ရႈေထာင့္တိုင္းကေန တိုးတက္ေအာင္ လုပ္နိုင္ေသးတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ အရာအားလုံးအေပၚမွာ တိုးတက္ေအာင္လုပ္နိုင္ေသးတယ္လို႔ ထင္ပါတယ္။ ကၽြန္ေတာ္က အဆုံးသတ္ေကာင္းတယ္လို႔ ခင္ဗ်ား ေျပာမယ္ဆိုရင္ ကၽြန္ေတာ့္ရဲ့ အဆုံးသတ္နိုင္စြမ္းကို အမ်ားႀကီး တိုးတက္ေအာင္ လုပ္နိုင္ပါေသးတယ္။ ကၽြန္ေတာ္ ပိုၿပီးေတာ့ ျမန္လာနိုင္တယ္။ အဲဒီေတာ့ ကၽြန္ေတာ္ အဲဒါကို တိုးတက္ေအာင္လုပ္နိုင္တယ္။ ကၽြန္ေတာ္ ပိုၿပီး ႀကံ့ခိုင္လာတယ္ဆိုရင္ ကၽြန္ေတာ္ အဲဒါကို တိုးတက္ေအာင္ လုပ္နိုင္တယ္။ ဒါေပမယ့္ ကၽြန္ေတာ္သာ အရာတစ္ခုအေပၚမွာ တိုးတက္လာေအာင္ လုပ္မယ္ဆိုရင္ အဲဒါက ဒဏ္ရာမရဖို႔ ျဖစ္ပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ဒဏ္ရာ မရဘူးဆိုရင္ ကၽြန္ေတာ္ ပြဲေတြ ပိုကစားနိုင္ၿပီး ပိုေကာင္းေအာင္ေတာင္ လုပ္ေဆာင္ေပးနိုင္မွာမို႔လို႔ပါ”

“၂၀၂၂ ခုႏွစ္အတြက္ ကၽြန္ေတာ့္ရဲ့ ပန္းတိုင္ကဘာလဲလို႔ ခင္ဗ်ား ေမးမယ္ဆိုရင္ အဲဒါက ဒဏ္ရာ မရဖို႔ျဖစ္ၿပီး ကၽြန္ေတာ့္ရဲ့ ကစားသမားဘဝတစ္ေလၽွာက္လုံးအတြက္ ရည္မွန္းခ်က္ကလည္း ဒဏ္ရာမရဖို႔ပါ။ အဲဒါက အဓိကက်တဲ့အရာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာ ၿပီးခဲ့တဲ့အပတ္က ေဟာ့ဖန္ဟိမ္းကို ေဒါ့မြန္က ၃-၂ နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဒဏ္ရာ ရရွိခဲ့ေပမယ့္ ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူရနိုင္တယ္ဆိုတဲ့ ေၾကာက္ရြံ့မႈေတြကို မေရးမႀကီးဟန္နဲ႔ ေျပာၾကားခဲ့ပါတယ္။ “အဲဒါက ေကာင္းမြန္ပါတယ္။ ကၽြန္ေတာ္ ေကာင္းေကာင္း ေလ့က်င့္ေနၿပီး မၾကာခင္မွာ ကၽြန္ေတာ္ ျပန္လာနိုင္မွာပါ”လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.