Premier League Transfer News

Feb 1 နောက်ဆုံးရ ဆောင်းရာသီ Deadline Day အပြောင်းအရွှေ့များ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နှစ်နေရာလောက် အနည်းဆုံး လိုအပ်နေခဲ့တဲ့ လူစာရင်းထဲကို ကစားသမားတစ်ယောက်မှ အားဖြည့်နိုင်ခဲ့ခြင်း မရှိဘဲ အသင်းပိုင်ရှင် ခရိုယန်ကီ ပိုင်ဆိုင်တဲ့ ကော်လိုရာဒို ရက်ပစ်အသင်းရဲ့ နောက်ခံလူ အော်စတန် ထရပ်စ်တီကိုပဲ ခေါ်ယူနိုင်ခဲ့ပြီး ရာသီကုန်အထိ အငှားပြန်ချထားခဲ့။

– အသင်းတာဝန်ရှိသူတွေနဲ့ ပြဿနာတက်ထားခဲ့တဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကတော့ ဘာစီလိုနာအသင်းကို နောက်ဆုံး အချိန်မှာ ပြောင်းရွှေ့သွားနိုင်ခဲ့ပြီး အားလုံးထင်မြင်ထားတဲ့ အငှားအဖြစ်ကနေ အပြီးသတ်အဖြစ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လစာ လျှော့ယူပြီး နူးကမ့်ကို ခြေချသွားခဲ့။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဆာဂျီယို အဂွေရိုလက်သစ်လို့ နာမည်ကြီးနေခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ်ကို ရေးဗားပလိတ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး နွေရာသီအထိ အငှားပြန်ချထားခဲ့။

– ဂျူဗင်တပ်စ်အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ ရှိနေချိန်မှာ ပရီးမီးယားလိဂ်အသင်းတချို့ ဝိုင်းလိုက်နေခဲ့ပေမယ့် ကွင်းလယ်လူ အာရွန် ရမ်ဆေးကတော့ အသင်းဟောင်း အာဆင်နယ်နဲ့ ပြန်ရင်ဆိုင်မယ့်အစား စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းကိုပဲ ရွေးချယ်သွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ ဆဲလ်တစ်နဲ့ Old Firm Derby မှာ ပွဲထွက်ဖွယ်ရှိနေ။

– တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ Deadline Day မှာ အလုပ်များခဲ့ပြီး ကွင်းလယ်လူ ဒယ်လီ အယ်လီ၊ တွန်ဂီး အန်ဒွမ်ဘီလီ၊ ဂျိုဗန်နီ လိုဆဲလ်ဆိုနဲ့ ဘရိုင်ယန် ဟေးလ်တို့ကို အဲဗာတန်၊ လီယွန်၊ ဗီလာရီးရဲလ်နဲ့ ဗလင်စီယာအသင်းတွေဆီ အသီးသီး အငှားချသွားခဲ့။

– အသင်းက ရှင်းထုတ်ခဲ့တဲ့ ကစားသမားတွေနေရာမှာ နည်းပြ ကွန်တီအနေနဲ့ ဝှိုက်ဟတ်လိန်းဆီ ဂျူဗင်တပ်စ်ကစားသမားတွေဖြစ်ကြတဲ့ ကွင်းလယ်လူ ရိုဒရီဂို ဘင်တန်ကာကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး တောင်ပံကစားသမား ဒေယန် ကူလူရှက်ဗ်စကီးကိုတော့ အငှားနဲ့ ရယူနိုင်ခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ နေရာမရတဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်အနေနဲ့ နွေရာသီက ပြောင်းဖို့ မအောင်မြင်ခဲ့တဲ့ အဲဗာတန် အသင်းဆီ နည်းပြသစ် ဖရန့် လမ်းပတ်နဲ့ လက်တွဲဖို့ ကြိုးစားပြောင်းရွှေ့နိုင်ခဲ့ပြီး ကျောနံပါတ် ၃၀ အင်္ကျီကို ဝတ်ဆင်မှာဖြစ်ကြောင်း သိရ။

– လီဗာပူးလ်အသင်းအနေနဲ့ လူးဝစ် ဒီယက်ဇ်ကို တိုက်စစ်ပိုင်း အားဖြည့်မှုအဖြစ် ခေါ်ယူခဲ့အပြီးမှာ ဖူလ်ဟမ်တောင်ပံကစားသမား ဖာဘီယို ကာဗာလ်ယိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ညှိနှိုင်းမှုတွေမှာ ကြန့်ကြာခဲ့ပြီး အပြောင်းအရွှေ့ပိတ်ချိန်အမီ အဆုံးမသတ်နိုင်ခဲ့တာကြောင့် လက်လွှတ်ခဲ့ရ။

– နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ပိုင်း အားဖြည့်မှုအတွက် ဘယ်နောက်ခံနဲ့ ဗဟိုခံစစ်နေရာတွေမှာ အသုံးပြုနိုင်တဲ့ ဘရိုက်တန် နောက်ခံလူ အရှည်ကြီး ဒန်ဘန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းနဲ့ စာချုပ်နိုင်ခဲ့ပြီး အက်စတန်ဗီလာ ဘယ်နောက်ခံလူ မတ် တားဂက်ကိုလည်း ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူနိုင်ခဲ့လို့ နည်းပြ အက်ဒီဟောင်းအတွက်တော့ အားတက်ဖို့ ဖြစ်လာ။

– ဘန်လေအသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး ခရစ္စ ဝုဒ်ကို နယူးကာဆယ်လ်အသင်းဆီ ပေါင် ၂၅ သန်းနဲ့ ရောင်းချခဲ့အပြီး ပြန်လည်အစားထိုးမှုအဖြစ် ဝုလ်ဖ်စ်ဘတ်တိုက်စစ်မှူး ဗောက် ဗက်ဂ်ဟော့စ်ကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်အားဖြည့်ခဲ့ပြီး တန်းဆင်းဇုန်ကနေ ရုန်းဖို့ ပြင်ဆင်လာခဲ့။

– အသင်းမှာ အငှားနဲ့ လာရောက်ကစားပြီး ခြေစွမ်းပြနေခဲ့တဲ့ တိုက်စစ်မှူး ယွန်-ဖိလစ် မာတီတာကို ခရစ္စတယ်လ်ပဲလေ့စ်အသင်းက ဘွန်ဒက်စ်လီဂါကလပ် မိုင့်ဇ်အသင်းကနေ အပြီးသတ် ခေါ်ယူလိုက်ပြီဖြစ်ပြီး နည်းပြ ပက်ထရစ် ဗီယာရာရဲ့ ထောက်ခံမှုက အဓိကကျခဲ့။

– နော့ဝစ်ချ်အသင်းမှာ အသင်းကြီးတွေ ကြိုက်တဲ့ ကစားသမားတစ်ယောက်အဖြစ် တောက်ပခဲ့ဖူးပေမယ့် တန်းဆင်းတန်းတက်အချိန်တွေမှာ ခြေစွမ်းပျောက်ဆုံးသွားခဲ့တဲ့ အင်္ဂလန်လူငယ်ကွင်းလယ်လူ တော့ဒ် ကန့်ထ်ဝဲလ်ကို နော့ဝစ်ချ်အသင်းဆီကနေ ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းက ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူ။

– အင်တာမီလန်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားခဲ့ပြီး နှလုံးမှာ စက်တပ်ထားခဲ့ရတဲ့ ဒိန်းမတ်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ကို ဘရန့်ဖို့ဒ်အသင်းက ကာလတို ခြောက်လစာချုပ်နဲ့ စမ်းသပ်ခေါ်ယူလိုက်ပြီး တစ်နိုင်ငံတည်းသားနည်းပြ သောမတ်စ် ဖရန့်ခ်အတွက်တော့ နှစ်ခါပြန် စဉ်းစားစရာမလိုတဲ့ ခေါ်ယူမှုဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ႏွစ္ေနရာေလာက္ အနည္းဆုံး လိုအပ္ေနခဲ့တဲ့ လူစာရင္းထဲကို ကစားသမားတစ္ေယာက္မွ အားျဖည့္ႏိုင္ခဲ့ျခင္း မရွိဘဲ အသင္းပိုင္ရွင္ ခ႐ိုယန္ကီ ပိုင္ဆိုင္တဲ့ ေကာ္လိုရာဒို ရက္ပစ္အသင္းရဲ႕ ေနာက္ခံလူ ေအာ္စတန္ ထရပ္စ္တီကိုပဲ ေခၚယူႏိုင္ခဲ့ၿပီး ရာသီကုန္အထိ အငွားျပန္ခ်ထားခဲ့။

– အသင္းတာဝန္ရွိသူေတြနဲ႔ ျပႆနာတက္ထားခဲ့တဲ့ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကေတာ့ ဘာစီလိုနာအသင္းကို ေနာက္ဆုံး အခ်ိန္မွာ ေျပာင္းေ႐ႊ႕သြားႏိုင္ခဲ့ၿပီး အားလုံးထင္ျမင္ထားတဲ့ အငွားအျဖစ္ကေန အၿပီးသတ္အျဖစ္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာ ေလွ်ာ့ယူၿပီး ႏူးကမ့္ကို ေျခခ်သြားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဆာဂ်ီယို အေဂြ႐ိုလက္သစ္လို႔ နာမည္ႀကီးေနခဲ့တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ အာဂ်င္တီးနားတိုက္စစ္မႉး ဟူလီယန္ အယ္လ္ဗာရက္ဇ္ကို ေရးဗားပလိတ္အသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၄ သန္းနဲ႔ ေခၚယူႏိုင္ခဲ့ၿပီး ေႏြရာသီအထိ အငွားျပန္ခ်ထားခဲ့။

– ဂ်ဴဗင္တပ္စ္အသင္းကေန အငွားနဲ႔ ထြက္ခြာဖို႔ ရွိေနခ်ိန္မွာ ပရီးမီးယားလိဂ္အသင္းတခ်ိဳ႕ ဝိုင္းလိုက္ေနခဲ့ေပမယ့္ ကြင္းလယ္လူ အာ႐ြန္ ရမ္ေဆးကေတာ့ အသင္းေဟာင္း အာဆင္နယ္နဲ႔ ျပန္ရင္ဆိုင္မယ့္အစား စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းကိုပဲ ေ႐ြးခ်ယ္သြားခဲ့ၿပီး ဗုဒၶဟူးေန႔ ဆဲလ္တစ္နဲ႔ Old Firm Derby မွာ ပြဲထြက္ဖြယ္ရွိေန။

– ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ Deadline Day မွာ အလုပ္မ်ားခဲ့ၿပီး ကြင္းလယ္လူ ဒယ္လီ အယ္လီ၊ တြန္ဂီး အန္ဒြမ္ဘီလီ၊ ဂ်ိဳဗန္နီ လိုဆဲလ္ဆိုနဲ႔ ဘ႐ိုင္ယန္ ေဟးလ္တို႔ကို အဲဗာတန္၊ လီယြန္၊ ဗီလာရီးရဲလ္နဲ႔ ဗလင္စီယာအသင္းေတြဆီ အသီးသီး အငွားခ်သြားခဲ့။

– အသင္းက ရွင္းထုတ္ခဲ့တဲ့ ကစားသမားေတြေနရာမွာ နည္းျပ ကြန္တီအေနနဲ႔ ဝႈိက္ဟတ္လိန္းဆီ ဂ်ဴဗင္တပ္စ္ကစားသမားေတြျဖစ္ၾကတဲ့ ကြင္းလယ္လူ ႐ိုဒရီဂို ဘင္တန္ကာကို မေဖာ္ျပတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့ၿပီး ေတာင္ပံကစားသမား ေဒယန္ ကူလူရွက္ဗ္စကီးကိုေတာ့ အငွားနဲ႔ ရယူႏိုင္ခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ေနရာမရတဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္အေနနဲ႔ ေႏြရာသီက ေျပာင္းဖို႔ မေအာင္ျမင္ခဲ့တဲ့ အဲဗာတန္ အသင္းဆီ နည္းျပသစ္ ဖရန႔္ လမ္းပတ္နဲ႔ လက္တြဲဖို႔ ႀကိဳးစားေျပာင္းေ႐ႊ႕ႏိုင္ခဲ့ၿပီး ေက်ာနံပါတ္ ၃၀ အက်ႌကို ဝတ္ဆင္မွာျဖစ္ေၾကာင္း သိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ လူးဝစ္ ဒီယက္ဇ္ကို တိုက္စစ္ပိုင္း အားျဖည့္မႈအျဖစ္ ေခၚယူခဲ့အၿပီးမွာ ဖူလ္ဟမ္ေတာင္ပံကစားသမား ဖာဘီယို ကာဗာလ္ယိုကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ညႇိႏႈိင္းမႈေတြမွာ ၾကန႔္ၾကာခဲ့ၿပီး အေျပာင္းအေ႐ႊ႕ပိတ္ခ်ိန္အမီ အဆုံးမသတ္ႏိုင္ခဲ့တာေၾကာင့္ လက္လႊတ္ခဲ့ရ။

– နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ခံစစ္ပိုင္း အားျဖည့္မႈအတြက္ ဘယ္ေနာက္ခံနဲ႔ ဗဟိုခံစစ္ေနရာေတြမွာ အသုံးျပဳႏိုင္တဲ့ ဘ႐ိုက္တန္ ေနာက္ခံလူ အရွည္ႀကီး ဒန္ဘန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၃ သန္းနဲ႔ စာခ်ဳပ္ႏိုင္ခဲ့ၿပီး အက္စတန္ဗီလာ ဘယ္ေနာက္ခံလူ မတ္ တားဂက္ကိုလည္း ရာသီကုန္အထိ အငွားနဲ႔ ေခၚယူႏိုင္ခဲ့လို႔ နည္းျပ အက္ဒီေဟာင္းအတြက္ေတာ့ အားတက္ဖို႔ ျဖစ္လာ။

– ဘန္ေလအသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး ခရစၥ ဝုဒ္ကို နယူးကာဆယ္လ္အသင္းဆီ ေပါင္ ၂၅ သန္းနဲ႔ ေရာင္းခ်ခဲ့အၿပီး ျပန္လည္အစားထိုးမႈအျဖစ္ ဝုလ္ဖ္စ္ဘတ္တိုက္စစ္မႉး ေဗာက္ ဗက္ဂ္ေဟာ့စ္ကို မေဖာ္ျပတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ျပန္လည္အားျဖည့္ခဲ့ၿပီး တန္းဆင္းဇုန္ကေန ႐ုန္းဖို႔ ျပင္ဆင္လာခဲ့။

– အသင္းမွာ အငွားနဲ႔ လာေရာက္ကစားၿပီး ေျခစြမ္းျပေနခဲ့တဲ့ တိုက္စစ္မႉး ယြန္-ဖိလစ္ မာတီတာကို ခရစၥတယ္လ္ပဲေလ့စ္အသင္းက ဘြန္ဒက္စ္လီဂါကလပ္ မိုင့္ဇ္အသင္းကေန အၿပီးသတ္ ေခၚယူလိုက္ၿပီျဖစ္ၿပီး နည္းျပ ပက္ထရစ္ ဗီယာရာရဲ႕ ေထာက္ခံမႈက အဓိကက်ခဲ့။

– ေနာ့ဝစ္ခ်္အသင္းမွာ အသင္းႀကီးေတြ ႀကိဳက္တဲ့ ကစားသမားတစ္ေယာက္အျဖစ္ ေတာက္ပခဲ့ဖူးေပမယ့္ တန္းဆင္းတန္းတက္အခ်ိန္ေတြမွာ ေျခစြမ္းေပ်ာက္ဆုံးသြားခဲ့တဲ့ အဂၤလန္လူငယ္ကြင္းလယ္လူ ေတာ့ဒ္ ကန႔္ထ္ဝဲလ္ကို ေနာ့ဝစ္ခ်္အသင္းဆီကေန ခ်န္ပီယံရွစ္ကလပ္ ဘုန္းေမာက္အသင္းက ရာသီကုန္အထိ အငွားနဲ႔ ေခၚယူ။

– အင္တာမီလန္အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းထားခဲ့ၿပီး ႏွလုံးမွာ စက္တပ္ထားခဲ့ရတဲ့ ဒိန္းမတ္ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ကို ဘရန႔္ဖို႔ဒ္အသင္းက ကာလတို ေျခာက္လစာခ်ဳပ္နဲ႔ စမ္းသပ္ေခၚယူလိုက္ၿပီး တစ္ႏိုင္ငံတည္းသားနည္းျပ ေသာမတ္စ္ ဖရန႔္ခ္အတြက္ေတာ့ ႏွစ္ခါျပန္ စဥ္းစားစရာမလိုတဲ့ ေခၚယူမႈျဖစ္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.