La Liga

တစ်ယောက်ချင်းအစွမ်းနဲ့ ဘာမှလုပ်လို့မရဘူးလို့ ပီအက်စ်ဂျီကြယ်ပွင့်တွေကို သတိပေးလိုက်တဲ့ ကူတွာ

ရီးရဲလ်မက်ဒရစ်ဂိုးသမား ကူတွာက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မတိုင်ခင် သတိပေးပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ လာမယ့်လမှာ ရှုံးထွက်အဆင့်တွေ ပြန်လည်စတင်တာနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး အဲဒီရှုံးထွက်အဆင့်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက အားကောင်းတဲ့အသင်းအဖြစ် ယူဆခြင်းခံထားရတာဖြစ်ပါတယ်။

Diario AS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကူတွာက ပီအက်စ်ဂျီအသင်းကို အနိုင်ယူနိုင်တဲ့အစွမ်းရှိတယ်လို့ ယုံကြည်နေပြီး အသင်းလိုက်စွမ်းရည်က ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို အလေးပေးပြောဆိုပြီး ကြယ်ပွင့်ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းရည်တွေကို မှီခိုလို့မရနိုင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပီအက်စ်ဂျီအသင်းမှာ မက်ဆီ၊ အမ်ဘာပေ၊ နေမာတို့လို အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် ဒီပွဲက အဲဒါထက်ကို ပိုပါတယ်။ အဲဒါက လုံးဝကို ပြင်းထန်မှာပါ။ သူတို့က နေရာတိုင်းမှာ ပါရမီရှိတဲ့ ကစားသမားတွေရှိပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ဘောလုံးမှာ တစ်ဦးချင်းထက် အသင်းလိုက်စွမ်းရည်က ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ကြောက်ရွံ့မှုတွေ ရှိရင် ရှုပ်ထွေးမှုတွေ ရှိလာနိုင်လို့ပါ”

“ပါရမီရှိတဲ့ ကစားသမားတွေက ဂိုးသွင်းယူနိုင်တယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အသင်းအဖွဲ့တစ်ခုအနေနဲ့ သူတို့ရဲ့ ကောင်းမွန်တဲ့အရည်အသွေးကို တားဆီးဖို့က တစ်ယောက်ထက် ပိုပြီး စိုးရိမ်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဂိုးသမားဟာ ယခုရာသီမှာ ၎င်းတို့ရဲ့ မတည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် ၎င်းရဲ့အသင်းကို ယုံကြည်နိုင်ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း နောက်ထပ်တစ်ဆင့်ကို တက်ရောက်ပြီး ကောင်းမွန်တဲ့ရာသီ ဆက်လက်ပိုင်ဆိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းက ၎င်းတို့အနေနဲ့ တန်ဖိုးကြီး ကစားသမားတွေကို စုဆောင်းထားတာထက် ပိုမိုကြောင်း စပိန်လာလီဂါထိပ်သီးအသင်းကြီးကို သက်သေပြသနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေအားလုံး အတူတကွ အကောင်းဆုံးပုံစံကို ရှာတွေ့ပြီး နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံလိဂ်သရဖူကို ဆောင်းနိုင်မယ့် အနေအထားအထိ ဦးဆောင်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္ဂိုးသမား ကူတြာက ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ပီအက္စ္ဂ်ီအသင္းနဲ႔ပြဲစဥ္မတိုင္ခင္ သတိေပးေျပာၾကားမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ဟာ လာမယ့္လမွာ ရႈံးထြက္အဆင့္ေတြ ျပန္လည္စတင္တာနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ၿပီး အဲဒီရႈံးထြက္အဆင့္ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းက အားေကာင္းတဲ့အသင္းအျဖစ္ ယူဆျခင္းခံထားရတာျဖစ္ပါတယ္။

Diario AS နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ကူတြာက ပီအက္စ္ဂ်ီအသင္းကို အနိုင္ယူနိုင္တဲ့အစြမ္းရွိတယ္လို႔ ယုံၾကည္ေနၿပီး အသင္းလိုက္စြမ္းရည္က ဘယ္ေလာက္အထိ အေရးႀကီးတယ္ဆိုတာကို အေလးေပးေျပာဆိုၿပီး ၾကယ္ပြင့္ကစားသမားေတြရဲ့ တစ္ဦးခ်င္းစြမ္းရည္ေတြကို မွီခိုလို႔မရနိုင္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ပီအက္စ္ဂ်ီအသင္းမွာ မက္ဆီ၊ အမ္ဘာေပ၊ ေနမာတို႔လို အရမ္းေကာင္းတဲ့ ကစားသမားေတြ ရွိပါတယ္။ ဒါေပမယ့္ ဒီပြဲက အဲဒါထက္ကို ပိုပါတယ္။ အဲဒါက လုံးဝကို ျပင္းထန္မွာပါ။ သူတို႔က ေနရာတိုင္းမွာ ပါရမီရွိတဲ့ ကစားသမားေတြရွိပါတယ္။ ဒါေပမယ့္ ဒီေန႔ေခတ္ေဘာလုံးမွာ တစ္ဦးခ်င္းထက္ အသင္းလိုက္စြမ္းရည္က ပိုအေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ေၾကာက္ရြံ့မႈေတြ ရွိရင္ ရႈပ္ေထြးမႈေတြ ရွိလာနိုင္လို႔ပါ”

“ပါရမီရွိတဲ့ ကစားသမားေတြက ဂိုးသြင္းယူနိုင္တယ္ဆိုတာကေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ အသင္းအဖြဲ႕တစ္ခုအေနနဲ႔ သူတို႔ရဲ့ ေကာင္းမြန္တဲ့အရည္အေသြးကို တားဆီးဖို႔က တစ္ေယာက္ထက္ ပိုၿပီး စိုးရိမ္ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ဂိုးသမားဟာ ယခုရာသီမွာ ၎တို႔ရဲ့ မတည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ၎ရဲ့အသင္းကို ယုံၾကည္နိုင္ၿပီ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာလည္း ေနာက္ထပ္တစ္ဆင့္ကို တက္ေရာက္ၿပီး ေကာင္းမြန္တဲ့ရာသီ ဆက္လက္ပိုင္ဆိုင္ဖို႔ ေမၽွာ္လင့္ေနမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းက ၎တို႔အေနနဲ႔ တန္ဖိုးႀကီး ကစားသမားေတြကို စုေဆာင္းထားတာထက္ ပိုမိုေၾကာင္း စပိန္လာလီဂါထိပ္သီးအသင္းႀကီးကို သက္ေသျပသနိုင္ဖို႔ ေမၽွာ္လင့္ေနမွာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ၎တို႔ရဲ့ ၾကယ္ပြင့္ကစားသမားေတြအားလုံး အတူတကြ အေကာင္းဆုံးပုံစံကို ရွာေတြ႕ၿပီး ႏွစ္ေပါင္းမ်ားစြာ ေစာင့္ဆိုင္းခဲ့ရတဲ့ ခ်န္ပီယံလိဂ္သရဖူကို ေဆာင္းနိုင္မယ့္ အေနအထားအထိ ဦးေဆာင္ေပးသြားနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.