La Liga Premier League Transfer News

ဘာစီလိုနာကြယ်ပွင့်နဲ့ ပြောဆိုဆွေးနွေးနေပြီး သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်တဲ့ ချဲလ်ဆီး

ဘာစီလိုနာတောင်ပံကစားသမား အူ့စ်မန် ဒမ်ဘီလီဟာ လာမယ့်အပတ် အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် တစ်နေရာရာကို ပြောင်းရွှေ့မယ်ဆိုရင် ပရီးမီးယားလိဂ်ကလပ်အသင်းကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒမ်ဘီလီဟာ ယခုရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိခဲ့ဘူးဆိုရင် လာမယ့် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာရမှာဖြစ်တာကြောင့် ယခုလမှာ ရောင်းထုတ်ခံရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဒါရိုက်တာ အလယ်မန်က လွန်ခဲ့တဲ့ ၁ ပတ်လောက်ကတည်းက အသင်းရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့တာဖြစ်ပါတယ်။

“ဒမ်ဘီလီက ဘာစီလိုနာနဲ့ ရှေ့ဆက်မသွားချင်ဘူးဆိုတာ ရှင်းပါတယ်။ သူ ကျွန်တော်တို့ရဲ့စီမံကိန်းမှာ တစ်စိတ်တပိုင်းအဖြစ် မပါဝင်ချင်ဘူး။ ကျွန်တော်တို့ ဒမ်ဘီလီကို ချက်ချင်း ထွက်ခွာရမယ်လို့ ပြောခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့မတိုင်မီ သူ့ကို ရောင်းထုတ်ဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Sky Sports ရဲ့ သတင်းအရ ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို အသင်းကနေ ချက်ချင်း ထွက်ခွာစေချင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး တကယ်လို့ အပြောင်းအရွှေ့ဖြစ်ခဲ့တယ်ဆိုရင် ပရီးမီးယားလိဂ်ဟာ ပြင်သစ်တောင်ပံကစားသမား နောက်ထပ်ပြောင်းရွှေ့နိုင်ခြေအရှိဆုံးနေရာဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီရဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်ဖို့ အစီအစဉ်မရှိတာကြောင့် လာမယ့်ရက်အနည်းငယ်အတွင်း ဝယ်ယူမယ့်အသင်းကို မရှာနိုင်ဘူးဆိုရင် ပြောင်းရွှေ့ကြေးတပြားမှ မရဘဲ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီရဲ့ အေးဂျင့်တွေကို အသင်းသစ် ရှာဖွေနိုင်ဖို့အတွက် အကူအညီပေးလိုတဲ့ဆန္ဒရှိမယ့်ပုံပေါ်နေတာဖြစ်ပြီး ဒီအနေအထားအရ စာချုပ်သစ်ချုပ်ဖို့ ၂ ဖက်စလုံးက ရုတ်တရက် စိတ်မပြောင်းနိုင်တော့ဘူးလို့ ယူဆရပါတယ်။

မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ နယူးကာဆယ်လ်တို့ဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပြီး ချဲလ်ဆီးအသင်းက ဘာစီလိုနာတောင်ပံကစားသမားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ရာမှာ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒမ်ဘီလီနဲ့ ညှိနှိုင်းနေပြီး သဘောတူညီမှုတောင် ရပြီးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စပိန်ဂျာနယ်လစ် အယ်လ်ဖရက်ဒို မာတီနက်ဇ် ပြောကြားခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

“အရာအားလုံးက ချဲလ်ဆီးအသင်းက ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ကလပ်အသင်းဖြစ်ပြီး သူတို့တွေ ဒမ်ဘီလီနဲ့ တစ်စုံတရာကို သဘောတူညီမှုတောင် ရရှိပြီးတာဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒမ်ဘီလီရဲ့ အေးဂျင့်ဟာ ၎င်းရဲ့ ကစားသမားအတွက် စုစုပေါင်းလစာ ယူရိုသန်း ၄၀ အပြင် ဆုကြေးငွေ ယူရိုသန်း ၄၀ ထပ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဘာစီလိုနာရဲ့ မူလစာချုပ်ကမ်းလှမ်းမှုဟာ ပိုမိုကောင်းမွန်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် လက်ရှိမှာတော့ ပြင်သစ်တောင်ပံကစားသမားဟာ ၎င်းရဲ့ စာချုပ်ကို သက်တမ်းမတိုးဘဲ လန်ဒန်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဒီသတင်းဟာ သောမတ်စ် တူဟယ်က ၎င်းရဲ့ ဒေါ့မွန်ကြယ်ပွင့်ဟောင်းနဲ့ပတ်သက်ပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရက်အနည်းငယ်မှာ ထွက်လာခဲ့တာဖြစ်ပါတယ်။ “သူက ထိပ်တန်းအဆင့်မှာ ရှိနေတဲ့အချိန်ဆိုရင် အရမ်းကောင်းတဲ့ ကစားသမားပါ။ ဒေါ့မွန်တုန်းက ကျွန်တော် သူ့ကို လေ့ကျင့်ရေးခဲ့ရတာ အရမ်းကံကောင်းပါတယ်။ အဲဒါက တစ်နှစ်တည်းဖြစ်ခဲ့ပြီး အဲဒီထက် ပိုပြီး ကြာခဲ့သင့်ပါတယ်။ ကျွန်တော် စွန့်ခွာဖို့ လိုအပ်ခဲ့ပြီး သူလည်း စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက သတင်းတွေမှာ ဒမ်ဘီလီရဲ့အေးဂျင့်ဟာ အပြောင်းအရွှေ့ပြုလုပ်နိုင်ခြေနဲ့ပတ်သက်ပြီး ချဲလ်ဆီးအသင်းနဲ့ အဆက်အသွယ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းက ဒမ်ဘီလီကို နူးကမ့်ကနေ ထွက်ခွာဖို့ ပြောကြားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တဲ့အတွက် ချဲလ်ဆီးအသင်းအတွက် ပြင်သစ်တောင်ပံကစားသမားကစားသမားကို ခေါ်ယူဖို့အတွက် လမ်းပွင့်သွားခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကလည်း ဒမ်ဘီလီရဲ့ အေးဂျင့်ကို အပြောင်းအရွှေ့ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ဆက်သွယ်ခဲ့တယ်လို့ မကြာသေးမီက သတင်းတွေအရ သိရပြီး ဒီအပြောင်းအရွှေ့ဟာ လက်ရှိမှာတော့ တဖြည်းဖြည်း အပြီးသတ်ဖို့ နီးစပ်လာနေတာကြောင့် မာတီနက်ဇ်က လာမယ့် နွေရာသီအတွက် သဘောတူညီမှု တစ်စုံတရာရရှိခဲ့ပြီးဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာေတာင္ပံကစားသမား အူ႔စ္မန္ ဒမ္ဘီလီဟာ လာမယ့္အပတ္ အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ တစ္ေနရာရာကို ေျပာင္းေရႊ႕မယ္ဆိုရင္ ပရီးမီးယားလိဂ္ကလပ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ျဖစ္နိုင္ေျခအမ်ားဆုံးျဖစ္တယ္လို႔ သိရပါတယ္။

ဒမ္ဘီလီဟာ ယခုရာသီကုန္မွာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ မရရွိခဲ့ဘူးဆိုရင္ လာမယ့္ ေႏြရာသီမွာ အလြတ္နဲ႔ ထြက္ခြာရမွာျဖစ္တာေၾကာင့္ ယခုလမွာ ေရာင္းထုတ္ခံရမွာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဒါရိုက္တာ အလယ္မန္က လြန္ခဲ့တဲ့ ၁ ပတ္ေလာက္ကတည္းက အသင္းရဲ့ ရပ္တည္ခ်က္နဲ႔ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္း ေျပာၾကားထားခဲ့တာျဖစ္ပါတယ္။

“ဒမ္ဘီလီက ဘာစီလိုနာနဲ႔ ေရွ႕ဆက္မသြားခ်င္ဘူးဆိုတာ ရွင္းပါတယ္။ သူ ကၽြန္ေတာ္တို႔ရဲ့စီမံကိန္းမွာ တစ္စိတ္တပိုင္းအျဖစ္ မပါဝင္ခ်င္ဘူး။ ကၽြန္ေတာ္တို႔ ဒမ္ဘီလီကို ခ်က္ခ်င္း ထြက္ခြာရမယ္လို႔ ေျပာခဲ့ပါတယ္။ ဇန္နဝါရီ ၃၁ ရက္ေန႔မတိုင္မီ သူ႔ကို ေရာင္းထုတ္ဖို႔ ကၽြန္ေတာ္တို႔ ေမၽွာ္မွန္းထားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Sky Sports ရဲ့ သတင္းအရ ဘာစီလိုနာအသင္းဟာ ဒမ္ဘီလီကို အသင္းကေန ခ်က္ခ်င္း ထြက္ခြာေစခ်င္ေနတယ္ဆိုတာကို ရွင္းရွင္းလင္းလင္း ေျပာၾကားထားၿပီး တကယ္လို႔ အေျပာင္းအေရႊ႕ျဖစ္ခဲ့တယ္ဆိုရင္ ပရီးမီးယားလိဂ္ဟာ ျပင္သစ္ေတာင္ပံကစားသမား ေနာက္ထပ္ေျပာင္းေရႊ႕နိုင္ေျခအရွိဆုံးေနရာျဖစ္တယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ဒမ္ဘီလီရဲ့ စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈကို တိုးျမႇင့္ဖို႔ အစီအစဥ္မရွိတာေၾကာင့္ လာမယ့္ရက္အနည္းငယ္အတြင္း ဝယ္ယူမယ့္အသင္းကို မရွာနိုင္ဘူးဆိုရင္ ေျပာင္းေရႊ႕ေၾကးတျပားမွ မရဘဲ လက္လႊတ္ရေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာအသင္းဟာ ဒမ္ဘီလီရဲ့ ေအးဂ်င့္ေတြကို အသင္းသစ္ ရွာေဖြနိုင္ဖို႔အတြက္ အကူအညီေပးလိုတဲ့ဆႏၵရွိမယ့္ပုံေပၚေနတာျဖစ္ၿပီး ဒီအေနအထားအရ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ၂ ဖက္စလုံးက ႐ုတ္တရက္ စိတ္မေျပာင္းနိုင္ေတာ့ဘူးလို႔ ယူဆရပါတယ္။

မန္ခ်က္စတာယူနိုက္တက္၊ ခ်ဲလ္ဆီး၊ နယူးကာဆယ္လ္တို႔ဟာ ဒမ္ဘီလီကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနတဲ့ အသင္းေတြထဲမွာ အပါအဝင္ျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းက ဘာစီလိုနာေတာင္ပံကစားသမားနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့ရာမွာ သေဘာတူညီမႈ ရရွိခဲ့ၿပီး ျဖစ္ေကာင္း ျဖစ္နိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ဒမ္ဘီလီနဲ႔ ညႇိႏွိုင္းေနၿပီး သေဘာတူညီမႈေတာင္ ရၿပီးတာ ျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ စပိန္ဂ်ာနယ္လစ္ အယ္လ္ဖရက္ဒို မာတီနက္ဇ္ ေျပာၾကားခဲ့တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

“အရာအားလုံးက ခ်ဲလ္ဆီးအသင္းက ညႇိႏွိုင္းေဆြးေႏြးမႈေတြ ျပဳလုပ္ေနတဲ့ကလပ္အသင္းျဖစ္ၿပီး သူတို႔ေတြ ဒမ္ဘီလီနဲ႔ တစ္စုံတရာကို သေဘာတူညီမႈေတာင္ ရရွိၿပီးတာျဖစ္ေကာင္းျဖစ္နိုင္တယ္ဆိုတာကို ညႊန္ျပေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒမ္ဘီလီရဲ့ ေအးဂ်င့္ဟာ ၎ရဲ့ ကစားသမားအတြက္ စုစုေပါင္းလစာ ယူရိုသန္း ၄၀ အျပင္ ဆုေၾကးေငြ ယူရိုသန္း ၄၀ ထပ္ေပးဖို႔ ေတာင္းဆိုခဲ့ၿပီး ဘာစီလိုနာရဲ့ မူလစာခ်ဳပ္ကမ္းလွမ္းမႈဟာ ပိုမိုေကာင္းမြန္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္ လက္ရွိမွာေတာ့ ျပင္သစ္ေတာင္ပံကစားသမားဟာ ၎ရဲ့ စာခ်ဳပ္ကို သက္တမ္းမတိုးဘဲ လန္ဒန္ကို ေျပာင္းေရႊ႕ဖို႔ ျပင္ဆင္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ဒီသတင္းဟာ ေသာမတ္စ္ တူဟယ္က ၎ရဲ့ ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ရက္အနည္းငယ္မွာ ထြက္လာခဲ့တာျဖစ္ပါတယ္။ “သူက ထိပ္တန္းအဆင့္မွာ ရွိေနတဲ့အခ်ိန္ဆိုရင္ အရမ္းေကာင္းတဲ့ ကစားသမားပါ။ ေဒါ့မြန္တုန္းက ကၽြန္ေတာ္ သူ႔ကို ေလ့က်င့္ေရးခဲ့ရတာ အရမ္းကံေကာင္းပါတယ္။ အဲဒါက တစ္ႏွစ္တည္းျဖစ္ခဲ့ၿပီး အဲဒီထက္ ပိုၿပီး ၾကာခဲ့သင့္ပါတယ္။ ကၽြန္ေတာ္ စြန႔္ခြာဖို႔ လိုအပ္ခဲ့ၿပီး သူလည္း စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လတုန္းက သတင္းေတြမွာ ဒမ္ဘီလီရဲ့ေအးဂ်င့္ဟာ အေျပာင္းအေရႊ႕ျပဳလုပ္နိုင္ေျခနဲ႔ပတ္သက္ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ အဆက္အသြယ္ ျပဳလုပ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းက ဒမ္ဘီလီကို ႏူးကမ့္ကေန ထြက္ခြာဖို႔ ေျပာၾကားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တဲ့အတြက္ ခ်ဲလ္ဆီးအသင္းအတြက္ ျပင္သစ္ေတာင္ပံကစားသမားကစားသမားကို ေခၚယူဖို႔အတြက္ လမ္းပြင့္သြားခဲ့ၿပီျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းကလည္း ဒမ္ဘီလီရဲ့ ေအးဂ်င့္ကို အေျပာင္းအေရႊ႕ျဖစ္နိုင္ေျခနဲ႔ပတ္သက္ၿပီး ဆက္သြယ္ခဲ့တယ္လို႔ မၾကာေသးမီက သတင္းေတြအရ သိရၿပီး ဒီအေျပာင္းအေရႊ႕ဟာ လက္ရွိမွာေတာ့ တျဖည္းျဖည္း အၿပီးသတ္ဖို႔ နီးစပ္လာေနတာေၾကာင့္ မာတီနက္ဇ္က လာမယ့္ ေႏြရာသီအတြက္ သေဘာတူညီမႈ တစ္စုံတရာရရွိခဲ့ၿပီးျဖစ္ေကာင္း ျဖစ္နိုင္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.