La Liga

ရီးရဲလ်မက်ဒရစ်လေ့ကျင့်ရေးကွင်းက ဘေးလ်ရဲ့ပုံစံကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့တဲ့ ပရိသတ်များ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဂါရတ် ဘေးလ်ရဲ့ ကြွက်သားထုထည် ဆုံးရှုံးမှု အခြေအနေကို မြင်တွေ့ခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ ဝေးလ်တောင်ပံကစားသမားရဲ့ ကိုယ်ခန္ဓာပြောင်းလဲမှုကို မယုံနိုင်ဖြစ်ခဲ့ရပါတယ်။

ဂါရတ် ဘေးလ်ဟာ ဒဏ်ရာဆက်တိုက် ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိတော့သူဖြစ်ပြီး ကြာသပတေးနေ့က လေ့ကျင့်ရေး ပြန်လည်ပြုလုပ်နေတဲ့ပုံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ လအတွင်း ဒူး၊ ခြေသလုံးနဲ့ နောက်ကျောဒဏ်ရာတွေ ခံစားခဲ့ရတဲ့ ဘေးလ်ဟာ စက်တင်ဘာလကတည်းက ၁ ပွဲသာ ကစားခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဝေးလ်လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပရိသတ်တွေဟာ ဘေးလ်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေဟာ ပြီးခဲ့တဲ့နွေရာသီမှာ စပါးစ်ကနေ အငှားစာချုပ်ပြည့်လို့ ပြန်လည်ရောက်ရှိလာတုန်းကနဲ့ယှဉ်ရင် လုံးဝကွာခြားသွားတာကြောင့် အံ့အားသင့် တုန်လှုပ်ခဲ့ကြပါတယ်။ ရာသီကြို လေ့ကျင့်ရေးကာလတုန်းက အသင်းဖော်တွေနဲ့ လေ့ကျင့်ရေး ပြုလုပ်ခဲ့တဲ့အချိန်မှာ ဖုထစ်နေတဲ့ လက်မောင်းကြွက်သားတွေနဲ့ ကြီးမားတဲ့ ပေါင်ကြွက်သားတွေနဲ့အတူ မြင်တွေ့ခဲ့ရတာဖြစ်ပေမယ့် ကြာသပတေးနေ့က လေ့ကျင့်ရေး ပြန်ဆင်းနေတဲ့ပုံမှာတော့ အသက် ၃၂ နှစ်အရွယ် တောင်ပံကစားသမားဟာ တော်တော်လေး ပိန်လှီနေခဲ့တာဖြစ်ပါတယ်။

ဘေးလ်ရဲ့ လက်မောင်းကြွက်သားတွေဟာ အများကြီး သေးငယ်နေခဲ့သလို ခြေထောက်ကြွက်သားတွေကလည်း လွန်ခဲ့တဲ့ ၆ လလောက်တုန်းက အနေအထားနဲ့ ဆီနဲ့ရေလို ကွာခြားနေခဲ့တာဖြစ်ပြီး ပရိသတ်တစ်ဦးက ပြီးခဲ့တဲ့နွေရာသီတုန်းက ပုံနဲ့ ဘေးတိုက်ယှဉ်ပြပြီး ၎င်းရဲ့ အံ့အားသင့်မှုကို လူမှုကွန်ရက် တွစ်တာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ “ဘယ်လိုအချိန်မှာ ဘေးလ်က ဒီလောက် ကြွက်သားထုထည်အများကြီး ဆုံးရှုံးသွားခဲ့ရတာလဲ။ ၆ လတည်းမှာပဲ ကွာခြားတာလေ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

စပိန်အားကစားသတင်းဌာန AS ကလည်း လေ့ကျင့်ရေးပြုလုပ်နေတဲ့ ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ဘေးလ်ကို ရည်ရွယ်ပြီး “ဘေးလ်က ဘယ်တုန်းကမှ သူ့ရဲ့ လူမှုကွန်ရက်မှာ ပရိသတ်တွေနဲ့ အရမ်းကြီး နီးစပ်တဲ့ပုံစံမရှိခဲ့ပေမယ့် သူ့ရဲ့ အသင်းအတွက် ပါဝင်ကစားပေးဖို့ ပျက်ကွက်ခဲ့မှုက အားလုံးအတွက် အံ့အားသင့်စရာဖြစ်ခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဝေးလ်ဘောလုံးသမားဟာ နိုဝင်ဘာလလယ်ကတည်းက တရားဝင် ပျက်ကွက်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့သြဂုတ်လကတည်းက ရီးရဲလ်မက်ဒရစ်နဲ့ သက်ဆိုင်တဲ့ဘယ်အရာကိုမှ မျှဝေခဲ့ခြင်းမရှိခဲ့တာ ဒီနေ့အထိပါပဲ”လို့ ရေးသားခဲ့ပါတယ်။

လေ့ကျင့်ရေး ပြန်လည်ပြုလုပ်နေပြီဖြစ်ပေမယ့်လည်း ဘေးလ်ဟာ ပြိုင်ပွဲတွေမှာ ပြန်လည်ကစားပေးနိုင်မယ့် အခြေအနေ မရှိသေးပုံပေါ်ပြီး နည်းပြ ကာလို အန်ဆယ်လော့တီကလည်း ပွဲကစားခွင့် ပြန်ရဖို့ အချိန်ယူကောင်း ယူရနိုင်တယ်လို့ ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။

“ဘေးလ်က ဒဏ်ရာရနေတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူ ကောင်းနေလားဆိုတော့လည်း မဟုတ်ပါဘူး။ သူ ကောင်းမွန်နေတယ်လို့ ခံစားရအောင် ဖြစ်နိုင်သမျှ အရာအားလုံးကို ကျွန်တော်တို့ လုပ်ရမှာပါ။ ခင်ဗျား ကောင်းမွန်နေတယ်လို့ မခံစားရဘူးဆိုရင် ခင်ဗျား ပြဿနာရှိလာမှာကို ကြောက်ရွံ့နေမှာပါ။ ကျွန်တော်တို့ အဲဒါကို ဆန်းစစ်ရပါမယ်”လို့ ယခုလအစောပိုင်းတုန်းက ပြောကြားခဲ့ပါတယ်။

ဘေးလ်ဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာကြောင့် ပွဲပေါင်း ၂၆ ပွဲအထိ လွဲချော်ထားခဲ့ပြီးသူ ဖြစ်ပြီး ၎င်းရဲ့အနာဂတ်ကလည်း လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် မရေရာမသေချာဖြစ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္အသင္းရဲ့ ေလ့က်င့္ေရးကြင္းကို ျပန္လည္ေရာက္ရွိလာခဲ့တဲ့ ဂါရတ္ ေဘးလ္ရဲ့ ႂကြက္သားထုထည္ ဆုံးရႈံးမႈ အေျခအေနကို ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြဟာ ေဝးလ္ေတာင္ပံကစားသမားရဲ့ ကိုယ္ခႏၶာေျပာင္းလဲမႈကို မယုံနိုင္ျဖစ္ခဲ့ရပါတယ္။

ဂါရတ္ ေဘးလ္ဟာ ဒဏ္ရာဆက္တိုက္ ရရွိခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လကတည္းက အသင္းအတြက္ ပါဝင္ကစားေပးရျခင္းမရွိေတာ့သူျဖစ္ၿပီး ၾကာသပေတးေန႔က ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ေနတဲ့ပုံေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၅ လအတြင္း ဒူး၊ ေျခသလုံးနဲ႔ ေနာက္ေက်ာဒဏ္ရာေတြ ခံစားခဲ့ရတဲ့ ေဘးလ္ဟာ စက္တင္ဘာလကတည္းက ၁ ပြဲသာ ကစားခဲ့ရၿပီး ၿပီးခဲ့တဲ့ နိုဝင္ဘာလမွာ ေဝးလ္လက္ေရြးစင္အသင္းအတြက္ ကစားေပးခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ပရိသတ္ေတြဟာ ေဘးလ္ရဲ့ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ စပါးစ္ကေန အငွားစာခ်ဳပ္ျပည့္လို႔ ျပန္လည္ေရာက္ရွိလာတုန္းကနဲ႔ယွဥ္ရင္ လုံးဝကြာျခားသြားတာေၾကာင့္ အံ့အားသင့္ တုန္လႈပ္ခဲ့ၾကပါတယ္။ ရာသီႀကိဳ ေလ့က်င့္ေရးကာလတုန္းက အသင္းေဖာ္ေတြနဲ႔ ေလ့က်င့္ေရး ျပဳလုပ္ခဲ့တဲ့အခ်ိန္မွာ ဖုထစ္ေနတဲ့ လက္ေမာင္းႂကြက္သားေတြနဲ႔ ႀကီးမားတဲ့ ေပါင္ႂကြက္သားေတြနဲ႔အတူ ျမင္ေတြ႕ခဲ့ရတာျဖစ္ေပမယ့္ ၾကာသပေတးေန႔က ေလ့က်င့္ေရး ျပန္ဆင္းေနတဲ့ပုံမွာေတာ့ အသက္ ၃၂ ႏွစ္အရြယ္ ေတာင္ပံကစားသမားဟာ ေတာ္ေတာ္ေလး ပိန္လွီေနခဲ့တာျဖစ္ပါတယ္။

ေဘးလ္ရဲ့ လက္ေမာင္းႂကြက္သားေတြဟာ အမ်ားႀကီး ေသးငယ္ေနခဲ့သလို ေျခေထာက္ႂကြက္သားေတြကလည္း လြန္ခဲ့တဲ့ ၆ လေလာက္တုန္းက အေနအထားနဲ႔ ဆီနဲ႔ေရလို ကြာျခားေနခဲ့တာျဖစ္ၿပီး ပရိသတ္တစ္ဦးက ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ပုံနဲ႔ ေဘးတိုက္ယွဥ္ျပၿပီး ၎ရဲ့ အံ့အားသင့္မႈကို လူမႈကြန္ရက္ တြစ္တာမွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ “ဘယ္လိုအခ်ိန္မွာ ေဘးလ္က ဒီေလာက္ ႂကြက္သားထုထည္အမ်ားႀကီး ဆုံးရႈံးသြားခဲ့ရတာလဲ။ ၆ လတည္းမွာပဲ ကြာျခားတာေလ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

စပိန္အားကစားသတင္းဌာန AS ကလည္း ေလ့က်င့္ေရးျပဳလုပ္ေနတဲ့ ပုံကို လူမႈကြန္ရက္မွာ တင္ခဲ့တဲ့ ေဘးလ္ကို ရည္ရြယ္ၿပီး “ေဘးလ္က ဘယ္တုန္းကမွ သူ႔ရဲ့ လူမႈကြန္ရက္မွာ ပရိသတ္ေတြနဲ႔ အရမ္းႀကီး နီးစပ္တဲ့ပုံစံမရွိခဲ့ေပမယ့္ သူ႔ရဲ့ အသင္းအတြက္ ပါဝင္ကစားေပးဖို႔ ပ်က္ကြက္ခဲ့မႈက အားလုံးအတြက္ အံ့အားသင့္စရာျဖစ္ခဲ့တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ေဝးလ္ေဘာလုံးသမားဟာ နိုဝင္ဘာလလယ္ကတည္းက တရားဝင္ ပ်က္ကြက္ေနခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ၾသဂုတ္လကတည္းက ရီးရဲလ္မက္ဒရစ္နဲ႔ သက္ဆိုင္တဲ့ဘယ္အရာကိုမွ မၽွေဝခဲ့ျခင္းမရွိခဲ့တာ ဒီေန႔အထိပါပဲ”လို႔ ေရးသားခဲ့ပါတယ္။

ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ေနၿပီျဖစ္ေပမယ့္လည္း ေဘးလ္ဟာ ၿပိဳင္ပြဲေတြမွာ ျပန္လည္ကစားေပးနိုင္မယ့္ အေျခအေန မရွိေသးပုံေပၚၿပီး နည္းၿပ ကာလို အန္ဆယ္ေလာ့တီကလည္း ပြဲကစားခြင့္ ျပန္ရဖို႔ အခ်ိန္ယူေကာင္း ယူရနိုင္တယ္လို႔ ေျပာၾကားထားခဲ့ၿပီး ျဖစ္ပါတယ္။

“ေဘးလ္က ဒဏ္ရာရေနတာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း သူ ေကာင္းေနလားဆိုေတာ့လည္း မဟုတ္ပါဘူး။ သူ ေကာင္းမြန္ေနတယ္လို႔ ခံစားရေအာင္ ျဖစ္နိုင္သမၽွ အရာအားလုံးကို ကၽြန္ေတာ္တို႔ လုပ္ရမွာပါ။ ခင္ဗ်ား ေကာင္းမြန္ေနတယ္လို႔ မခံစားရဘူးဆိုရင္ ခင္ဗ်ား ျပႆနာရွိလာမွာကို ေၾကာက္ရြံ့ေနမွာပါ။ ကၽြန္ေတာ္တို႔ အဲဒါကို ဆန္းစစ္ရပါမယ္”လို႔ ယခုလအေစာပိုင္းတုန္းက ေျပာၾကားခဲ့ပါတယ္။

ေဘးလ္ဟာ ယခုရာသီမွာ ဒဏ္ရာျပႆနာေၾကာင့္ ပြဲေပါင္း ၂၆ ပြဲအထိ လြဲေခ်ာ္ထားခဲ့ၿပီးသူ ျဖစ္ၿပီး ၎ရဲ့အနာဂတ္ကလည္း လာမယ့္ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ မေရရာမေသခ်ာျဖစ္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.